Friday, February 26, 2010

အိမ်ပြန်မရောက်နိုင်သေးသူ....


တစ်ကယ်ပါ...။

ဘ၀လမ်း... ခပ်ကြမ်းကြမ်းပေါ်က...
လောကဓံ အနိမ့်အမြင့် လှိုင်းလုံးတွေထက်...
အလိုက်သင့် ဖြတ်သန်းစီးမျောနေခဲ့ရတဲ့
ယုံကြည်ချက်တစ်ခုနဲ့ ကျွန်တော်ရယ်လေ....။

တစ်ခါတလေများ....
ရက်စက်လွန်းတဲ့ ထိုးနှက်ချက်တွေနဲ့ကြုံရတိုင်း...
ဟိုးတုန်းကလိုမျိုး....
မေမေ့ရဲ့ ရင်ခွင်အိုအိုထက်....
ခပ်တိုးတိုး မျက်နှာဝှက်ရင်း...
ရင်ထဲက ကျွန်တော့် သောကမီးတွေကို...
မျက်ရည်စို အငိုတချို့နဲ့...
နွမ်းလျစွာ ဖြေသိမ့်ခွင့်မျိုးရချင်မိခဲ့တယ်....။

လက်ထဲက အိပ်မက်တစ်ခုကို
အသက်သွင်းဖို့ ကြိုးစားနေဆဲခဏ...
ဒီရင်ဘတ်တစ်ခိုမှာ....
နာကျင်မှုတွေပဲ ပိုပို များလာခဲ့ရသလိုလို....။

ဒါပေမယ့်လည်း....
ဒဏ်ရာ အစုံအလင်နဲ့ ခြေစုံရပ်ရင်း....
စိတ်အာရုံမှာ အခါခါမြင်ယောင်မိတတ်တဲ့
ကျွန်တော့်ရဲ့အမြဲစိမ်းတောအုပ်ငယ်လေးဟာ...
ထာဝရ အေးမြလန်းဆန်းနေခဲ့မှာမှန်ပေမယ့်....
အခုထက်ထိတော့.... ကျွန်တော်လေ....
အိမ်ပြန်မရောက်နိုင်သေးဘူး...မေမေ....။ ။

=============================
ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ....။
=============================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

27 comments:

အဖြူရောင်နတ်သမီး said...

“မေမေ့ရဲ့ ရင်ခွင်အိုအိုထက်....
ခပ်တိုးတိုး မျက်နှာဝှက်ရင်း...
ရင်ထဲက ကျွန်တော့် သောကမီးတွေကို...
မျက်ရည်စို အငိုတချို့နဲ့...
နွမ်းလျစွာ ဖြေသိမ့်ခွင့်မျိုးရချင်မိခဲ့တယ်....။”..

နတ်သမီးမှာတော့ မျက်နှာဝှက်ဖို့ မေမေရှိတော့ဘူး...
(((((((((((းးးးးးးးးးးးးး

what is good things said...

အချိန်တန်အိမ်ပြန်ရမှာပေါ့ ဏီလင်းညိုရေ။ အိမ်ပြန်တဲ့အခါ အမေကိုတွေ့ရမှာပဲ။ အဖြူရောင် နတ်သမီးက ပိုပြီးသနားဖို့ကောင်းပါတယ်။ အမေမရှိတော့ဘူးဆိုတော့............

SHWE ZIN U said...

အချိန်မြန်မြန်တန်လို့ အိမ်ပြန်ရောက်ပြီး မေမေ နဲ့ မြန်မြန်တွေ့နိုင်ပါစေဗျာ

ဆောင်းနှင်းရွက် said...

ရေးထားတာ လေး
တော်တော် ကောင်းတယ် ..

ဝမ်းမနည်းပါ နဲ့ ဗျာ ..
လောကကြီးမှာ
ဘယ်အရာမှ အမြဲ
ဆန္ဒနဲ့ ထပ်တူ မကျနိုင်ပါဘူးးး..
ခွဲခွာနေပေမယ့်
မိဘကို အမြဲ သတိရ၊ တောင့်တနေလို့
အစစ အရာရာ
အဆင်ပြေမှာပါ ..

အမြန်ဆုံး တွေ့နိုင်ပါစေလို့
ဆုတောင်းပေးသွားပါတယ် ..

ပျော်ရွှင်နိုင်ပါစေ ..

အင်ကြင်းသန့် said...

ကိုဏီး...
အမြဲစိမ်းတောအုပ်လေးကို မြန်မြန်ပြန်ရောက်နိုင်ပါစေလို့... :(

လိုင် said...

ကဗျာလေးဖတ်ပြီး မျက်ရည်ဝဲမိတယ်

ဂျပန်ကောင်လေး said...

အိမ်ကို တနေ့နေ့တော့ ပြန်ရောက်မှာပါ မာမီဏီးရေ.... ဟိုပြန် အလှပြင်ဆိုင်ဖွင့်ပေါ့... ဟီးဟီး.... အလွမ်းကဗျာလေးမှာ ဟာသတွေ လာလုပ်နေတယ်....း)))

မမသီရိ said...

မေမေ ကလဲ လွမ်းနေမှာပါ ကွယ်
မေမေ့ ကိုချစ်ရင် မေမေ့ ကျေးဇူးမမေ့ ရင် မေမေ ပျော်မှာပါ

ဒဏ္ဍာရီ said...

ကိုဏီးရေ........ ကဗျာလေး ဖတ်ပြီး စိတ်မကောင်းဘူး။ ညီမဆိုရင် သားသမီးနေရာရော၊ မိဘနေရာမှာပါ ဖြစ်နေတော့ အဲဒီခံစားချက်တွေကို ထပ်တူခံစားနိုင်ပါတယ်။
အမြန်ဆုံး အေးမြတဲ့မေမေ့ရဲ့ ရင်ခွင်နွေးထဲကို ပြန်နိုင်ပါစေအကိုရယ်...

ခင်မင်လေးစားလျှက်

မိုးခါး said...

ငိုချင်ရက် လက်တို့ပါလားဗျို့
ဝမ်းနည်းသလိုကြီး ဖြစ်သွားတယ်း(

မောင်သီဟ said...

ကိုဏီးရေ....ခံစားရပါတယ်ဗျာ
ကိုယ်ချင်းစာတယ် ဝမ်းနည်းသွားတယ် ပျော်ပါစေ
အိမ်အမြန်ပြန်ချင်ပါစေဗျာ

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ...
ကဗျာလေးကိုဖတ်ရင်းနဲ့ အမြဲစိမ်းတောအုပ်လေးဆီကိုလည်း အလည်ရောက်ဖတ်ဖြစ်ခဲ့ပါတယ်.။ အလွမ်းဓါတ်ခံရှိတဲ့သူအနေနဲ့မျက်ရည်မ၀ဲပဲမနေနိုင်တော့ဘူး။ အိမ်ပြန်ဖို့မျှော်လင့်ချက်ရှိတဲ့သူတွေကအများကြီးကံကောင်း
ပါသေးတယ်ကိုဏီလင်း.။ မိသားစုနဲ့အမြန်ပြန်ဆုံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ခင်တဲ့
သဒ္ဓါ

ချစ်ကြည်အေး said...

မောင်လေး ဏီလင်းရေ...လူတိုင်းရဲ့ အမြဲစိမ်းတောအုပ်လေးတွေ ကျန်းမာကြပါစေ...။ ဏီလင်းလည်း အမြဲစိမ်းတောအုပ်လေး ရဲ့ ရင်ခွင် အမြန်ဆုံး ခိုဝင် နိုင်ပါစေကွယ်...:)

Anonymous said...

ဘဝတူဒွေဘာ...........

kiki said...

အချိန်တန်တော့လည်း အိမ်ပြန်ရမှာပါ ဏလည ရေ..
အမြဲစိမ်းတောအုပ်လေး ဆီ ပျော်ရွှင်စွာနဲ့  ပြန်ပြီး အပန်းဖြေနိုင်ပါစေ.
ခုလောလောဆယ်တော့ အားတင်းပြီး လုပ်စရာတွေ လုပ်သင့်တာတွေ လုပ်နေပေါ့ ။

rose of sharon said...

နားလည်ခံစားသွားပါတယ်

မောင်မိုး said...

ကိုဏီ...အမှန်အတိုင်းပြောရရင် ကဗျာကို ပြီးအောင်မဖတ်ဖြစ်ခဲ့ဘူး.။ ကျွန်တော် ဆက်မဖတ်နိုင်တော့ဘူးဗျာ.။ ကျွန်တော်လည်း ကိုဏီ့လို ခံစားရတယ်။ အမေ့ကို အမြန်တွေ့ချင်ပြီ။ ဒါပေမဲ့ ကျွန်တော့်အတွက် ဒီတစ်သက်ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ အမေရှိနေသေးပေမယ့် အမေ့ကို တွေ့ခွင့်မရတော့ပါဘူးဗျာ..။

ကိုလူထွေး said...

ကဗျာဖတ်ပြီး အဆုံးသတ်မှာ ရင်ထဲ နင့်သွားတယ်...

မြစ်ကျိုးအင်း said...

နေမကောင်းလို့ အားငယ်ရင်း အမေ့ကို သတိရနေတာနဲ့တူတယ်
ဘဝတူတွေအများကြီးဆိုတာတော့ မမေ့ပါနဲ့ဗျာ။
အကြောင်းကိစ္စတခုခု ကြုံတိုင်း ကျနော်တို့လည်း အမေနဲ့ အိမ်ကို သတိတရ ရှိနေကြပါတယ်။ မကြာခင်မှာ ပြန်ဆုံနိင်ကြမယ်လို့ မျှော်လင့်ထားပါတယ်ဗျာ။

ကိုဇော် said...

အဝေးရောက်သူတွေရဲ့ ခံစားမှုကို အဝေးရောက်တွေပဲ တကယ် နားလည်နိုင်ကြတယ်ဗျာ။
အိမ်နဲ့ ပတ်သတ်ပြီး ကျနော်ကလည်း ခံစားချက်များစွာ ရှိတော့ ကဗျာတွေ ၊ စာတွေ တော်တော် ရေးမိပါတယ်။ မတင်ဖြစ်တာသာ ရှိမယ်။
ဘာပဲပြောပြော အချိန်တန် အိမ်ပြန်ရမှာပေါ့ဗျာ..။

ပျော်ရွှင်ပါစေ
ကိုဇော်

Khyl said...

သူငယ်ချင်းရေ ၀မ်းနည်းတယ်...

စိတ်၏ဖြေရာ said...

ွ့အိမ်မပြန်နိုင်သေးတဲ့ကိုဏီရေ..
တစ်ချိန်မှာအိမ်ကိုပြန်ပြီးအမေ့ကိုတွေ့နိုင်တာ
အိမ်မပြန်နိုင်တော့တဲ့သူတွေ၊တွေ့ဖို့အမေမရှိသူတွေ
ထက်အများကြီးကံကောင်းပါတယ်။
အိမ်ပြန်ပြီးငြိမ်းချမ်းတဲ့အမေ့ရင်ခွင်မှာဘ၀အမောတွေ
ဖြေနိုင်ပါစေလို့ဆုတောင်းလိုက်ပါတယ်။

ရွှေရတုမှတ်တမ်း said...

မျက်စေ့လည်နေသလား..သာမီးရယ်..မာမီလာခေါ်မှာပေါ့..ဖုန်းဆက်လိုက်..ဖုန်းဖုန်းနဲ့ဆက်လိုက်ခိုင်းတာမဟုတ်ဖူးနော်

Anonymous said...

ကိုဏီးခံစားချက်ကို နားလည်ပါတယ်..
တစ်ချိန်ချိန်တော့ ပြန်ဆုံနိုင်မှာပါ..
ကိုဏီးရေ..အားတင်းထားပါ..
ခင်မင်လေးစားတဲ့
မြတ်မွန်

မြသွေးနီ said...

ကိုဏီရေ...
အိမ်ပြန်လာမယ့် သားတော်မောင် အတွက်
အမေ့ရင်ခွင်က အသင့်ကြိုနေပြီးသားပါ။
သြော်.. ဒီကလေး နေမကောင်းချိန် အမေကိုလွမ်းနေပြီပေါ့။
ကိုရီးယားကားတွေထဲကလို အားပေးမယ်..
Aja Aja Fighting !

ချမ်းလင်းနေ said...

ကိုဏီရေ တို့တွေကပဲ အိမ်ပြန်မရောက် သေးတာပါပဲ။

မိုးဇက် said...

Like ....