Sunday, February 21, 2010

ကိုယ့်အကြိုက်(၁)


















မေးတဲ့သူရှိတော့လည်း...ကြုံတုန်းလေး သွပ်များတို့ အကြိုက်လေးတွေကို ပြောပြရသေးတာပေါ့...။ သွပ်များတို့ရဲ့ အကြိုက်ကတော့ အနုပညာသည်ဘ၀ပေါ့...။ ဟိုး...ချာတိတ်ဘ၀တုန်းကဆို ရုပ်ရှင်မင်းသ မီးတွေဆိုသိပ်ကို အားကျတာ...။ သူတို့လိုမျိုး နာမည်ကြီးချင်ရတာများ အမောပဲလေ...။ မှတ်မိနေသေး တယ်...။ အဲ့ဒီတုန်းက “မောင်”ကားနဲ့ နာမည် ကြီး နေခဲ့တဲ့ “မေသန်းနု”ကို အားကျပြီး ငါလည်းကြီးလာရင် ရုပ်ရှင်မင်းသမီးလုပ်မယ်ပေါ့လေ..။ သူ့ကို အားကျတော့ နာမည်တောင်ကိုယ့်ကိုယ်ကို ကျိတ်ပြီးရွေးထား လိုက်သေးတာ...၊ ဘာတဲ့... “မေသန်းရင့်” လို့...။ ဟုတ်တယ်လေ...ကိုယ်က သူ့လို နုနုနယ်နယ်လေးမှ မ ဟုတ်ခဲ့တာကိုး....။ အသက်တစ်နှစ်ကြီးလာလေ... နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေက ပိုထူလာမှာမို့လို့ ကိုး...။ ဒါမှမဟုတ် “မိုးမိုးမြင့်အောင်” ကိုတုပပြီး “မိုးမိုးမဲမှောင်”လို့ မှည့်ခေါ်ရင်ရော ကောင်းမလားလို့ ကိုယ့် ကိုယ်ကိုယ် စဉ်းစားရတာများ အမောပဲလေ....။ စကားမစပ်ကိုယ့် အသားအရောင်က အနက်နုရောင်လို့ ခေါ်ရင်ကောင်းမလား...၊ ဒါမှမဟုတ် သပိတ်ရောင် ပြေပြေလေးလို့ခေါ်ရရင်ကောင်းမလားလို့ စဉ်းစား နေရတဲ့ အသားအရေနဲ့ကိုး....။ သွပ်များက အဲ့သလို နာမည်ရွေးရင်း ဦးနှောက်ခြောက်နေတာကို အတူတွဲ နေကျဖြစ်တဲ့ သူငယ်ချင်းက မကြည့်ရက်လို့နဲ့ တူပါတယ်...။ သူကလည်း အကြံပေးရှာပါတယ်...။ ဟို သွား တက်က လေးနဲ့ ရယ်လိုက်ရင် သိပ်ဆွဲဆောင်မှုရှိတဲ့ သရုပ်ဆောင်မင်းသမီးလေး.. “မေသဉ္ဇာဦး” နဲ့ ဆင် သွားအောင် “မေသင်္ချာတူး”..လို့ပေးလိုက်ပါလားတဲ့...။ အကြံပေးသလိုလိုနဲ့ နှိမ်တာကို သွပ်များက သိပ်သိ တယ်လေ...။ အဲ့ဒါကြောင့် ပါးကြွပ်ကြွပ်ကျိုးသွားမယ်လို့တောင် သူ့ကို ရန်ထောင်ခဲ့ရသေးတာ...။ ဟုတ် တယ်လေ... သွပ်များတို့က သင်္ချာမှာဆို ချာတူးလန်ထွက် နေတယ်လို့ ပြောလို့ရအောင်ကို ဖျဉ်းရရှာတာ ကိုး...။ တစ်ခါတစ်လေများ ဆယ့်နှစ်ထဲက ခုနှစ်နှုတ်ပြီဟေ့ဆို လက်တွေရော ခြေထောက်တွေရော အငြိမ် မှ မနေရတော့တာ...ခစ်..ခစ် ခစ်.။

ထားပါတော့လေ...။ အဲ့ဒီအကြောင်းတွေကို...။ အဲ့ဒါတွေက သွပ်များငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ တာတွေပဲပေါ့....။ ကြိုက်နှစ်သက်လို့လေ...။ ဘာရယ်တော့ ဟုတ်ပါဘူး....။

~~~~~@@@@@~~~~~

အဲ့သလိုနဲ့ သွပ်များတို့လည်း လူပျိုဖြန်းဖြစ်လာရော အသက်ဆယ့်ဆစ်နှစ်လောက်မှာ (မှတ်ချက်= ဆယ့် ရှစ်နှစ်ဟု ဖတ်ပါရန်။) ဟော... မော်ဒယ်လ် ဆိုတာတွေ ခေတ်စားလာပါ လေရောလား...။ အဲ့ဒီမှာ မော် ဒယ်လ်လည်းလုပ်၊ သရုပ်ဆောင်လည်းလုပ်တဲ့ “နန္ဒာလှိုင်၊ ခိုင်သင်းကြည်၊ လှအဉ္ဇလီတင့်”တို့ကို အားကျပြီး ကိုယ့်ကိုယ်ကို “လန်ဒါ..လှိုင်၊ ယိုင်သင်းကြည်(သွပ်များက မခိုင်ပဲ ခပ်ယိုင်ယိုင်ကိုး...)၊ လှမယ်ဇလီညွန့်” စ တဲ့ နာမည်အမိုက်စားလေးတွေ တွေးပြီးပေးကြည့်ရတာများ တယ်ပျော်စရာကောင်း ခဲ့တာ...။ ဘယ်နာမည်လေးကများ ငါနဲ့ အလိုက်ဆုံးဖြစ်မလဲ.. ဆိုတဲ့ အတွေးလေးနဲ့မို့လေ....ဟင်း..ဟင်း...။

ဟော.. နောက်ကျတော့ မော်ဒယ်လ်သီးသန့်ပဲ ဖြစ်ချင်လာပြန်ရော...။ ဘာဖြစ်လို့လည်းဆိုတော့ မင်းသမီး လုပ်ရင် အဖက်ခံရမှာစိုးလို့ပဲလေ...။ တော်ကြာနေ ကိုယ်နဲ့တွဲရိုက်တဲ့ မင်းသားက ချိုင်းချွေးနံ့တွေ ဘာတွေ နံနေရင်ဘယ့်နှယ်လုပ်ကြမတုန်းနော်...။ အဲ့ဒါနဲ့ မော်ဒယ်လ်လုပ်မယ်ပေါ့...။ ကြိုက်လို့ စိတ်ကူးမိတာလေ..။ အဲ့ဒါနဲ့ မော်ဒယ်လ်သင်တန်းတက်ဖို့ကို လည်း စုံစမ်းရတော့တာပေါ့...။ အဲ့ဒီမှာ မော်ဒယ်လ်သင်တန်းမ တက်သေးခင်၊ မအပ်ရသေးခင် လျှမ်းလျှမ်းတောက် နာမည်ကြီးနေတဲ့ “နှင်းဝတ်ရည်သောင်းနဲ့ အေးဝတ် ရည်သောင်း” တို့ကို အားကျတုပပြီး ကိုယ့်ကိုယ်ကို “နှင်းတွတ်ပီသောင်း” လို့ မှည့်ရရင်ကောင်းမလား၊ “အေးတွတ်ပီသောင်း” လို့ မှည့်ရင်ကောင်းမလား စဉ်းစားမိသေးတယ်...။ အဲ့ဒီလိုဖြစ်နေတော့ စောစောက ပြောပြတဲ့သူငယ်ချင်းကပဲ အချွန်နဲ့ဝင်မပြန်သေးတယ်...။ ဟို “စမိုင်းလ်” ဆိုတဲ့ မော်ဒယ်လ်မလေးနဲ့တူသွား အောင် နင်လည်း “ခရိုင်း(န်)” လို့မှည့်လိုက်ပါလားတဲ့...။

သွပ်များတို့ရဲ့သူငယ်ချင်းတွေများ ပြောပါတယ်...၊ အဲ့သလိုမျိုး အားကိုးရတာလေ...။

အဲ့ဒါနဲ့ သွပ်များလည်း မော်ဒယ်လ်သင်တန်းတက်ဖို့သွားစုံစမ်းတာပေါ့...။ အဲ့ဒီမှာ မြန်မာပြည်ထဲမှာ နာမည် ကြီးနေတဲ့ မော်ဒယ်လ်သင်တန်း နှစ်ခု၊ သုံးခုလောက်ကို သွားစုံစမ်းခဲ့မိ လိုက်တော့ အဆင်ပြေပါတယ်...။ ဖော်ဖော်ရွေရွေပါပဲ ကြိုဆိုခဲ့ကြပါတယ်...။ မော်ဒယ်လ် တစ်ယောက်ဖြစ်ဖို့ကဘာတွေလိုအပ်တယ်ဆိုတဲ့ အ ချက်အလက်တွေကိုလည်းအကြံပေးခဲ့ ကြပါတယ်...။ ဒါပေမယ့် အဲ့ဒီမှာစတွေ့တာပဲလို့ပြောရမှာပဲလေ...။ မော်ဒယ်လ်ကောင်း တစ်ယောက်အဖြစ် စင်ပေါ်မှာ မားမား၊ မားမားနဲ့ ကြောင်လျှောက်လျှောက်နိုင်ဖို့က မြင့်မားတဲ့ အရပ်အမောင်းရှိမှကိုး...။ ဒီကဖြင့် ငါးပေစွန်းစွန်းလေးလောက်ပဲရှိတဲ့ အရပ်အမောင်းလေးနဲ့ ဆိုတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း...။ အဲ့ဒါနဲ့ သွပ်များလည်း... စိတ်နှစ်ခြမ်းပိန် သွားတာပေါ့...။ ဖြစ်နိုင်ဖို့ က ဝေးသွားတာကိုး...။ ဒါပေမယ့် သင်တန်းက ဆရာမတွေက အားပေးကြပါတယ်...၊ ဖြစ်နိုင်ပါတယ်ပေါ့။ (သူတို့သင်တန်းမတက်ပဲ လွတ်သွားမှာစိုးလို့ တော့ မဟုတ်လောက်ပါဘူးနော်...။)

နောက်ပြီး သင်တန်းကအပြန် အတူပါတဲ့ သူငယ်ချင်းကလည်းအားပေးပါတယ်...။ မော်ဒယ်လ်တစ်ကယ် ဖြစ်ချင်လို့ အရပ်ရှည်ချင်ရင် သူကူညီမယ်တဲ့လေ...။ အဲ့ဒီစကားကိုလည်း ကြားရရော သွပ်များဖြင့် ၀မ်းသာ လိုက်တာလေ... မပြောပါနဲ့တော့...။ အဲ့ဒါနဲ့ သူ့ကို “နင်က ဘယ်လိုကူညီမှာလည်း... ငါကဖြစ်နိုင်ရင် အမြန် ဆုံးနည်းနဲ့ အရပ်ရှည်ချင်တာ”လို့ ပြောခဲ့တော့ သူငယ်ချင်းက သွပ်များကို ခေါင်းငြိမ့်ပြတယ်...။ ပြီးတော့ “စိတ်ချ.. ရှည်ကို ရှည်လာ စေရမယ်”...တဲ့လေ...။ အဲ့ဒါနဲ့ ဈေးတစ်ခုထဲကိုဝင်ပြီး အရပ်ရှည်ဖို့အတွက် အထောက်အကူပြုပစ္စည်းကိုဝင်ဝယ်ကြတယ်...။ ပြီးတာနဲ့ သူငယ်ချင်းပြောသလို လုပ်ဖို့ အိမ်ကို အမြန် ဆုံနည်းနဲ့ ပန်းကန်လုံးစီးပြီး ပြန်လာခဲ့လိုက်တယ်...။ ဟုတ်တယ်လေ... အိမ်ရောက်မှ သူငယ်ချင်းပြော လိုက်တဲ့နည်းအတိုင်း အမြန်အရပ်ရှည်နည်းကို စမ်းကြည့်နိုင်မှာကိုး...။ သွပ်များက ဖြစ်နိုင်ရင် ချက်ခြင်း လက်ငင်းအရပ်ရှည်ထွက်ချင်နေတာကိုး...။ မော်ဒယ်လ်ဆိုတာ ကလည်း ဖြစ်ချင်နေလှပြီလေ...။ ထွန့်ထွန့် ကိုလူးနေခဲ့တာ....။

အဲ့ဒါနဲ့ အိမ်လည်းရောက်ရော... သူငယ်ချင်းရှာဝယ်ပေးလိုက်တဲ့ အလုံးခပ်တုတ်တုတ်ကြိုး ရှည်ရှည်ရဲ့ အစ တစ်ဖက်ကို ထုတ်တန်းမှာ သေချာခိုင်နေအောင်ချည်...။ နောက်တစ်ဖက်ကိုတော့ ကွင်းလျှောလုပ်ပြီး သူ ငယ်ချင်းမှာလိုက်သလို လည်ပင်းကို ကွင်းထဲဝင်စွပ်ပြီး တက်ရပ်နေတဲ့ ခုံကို ကန်ချဖို့ ပြင်ခါနီး မေမေက အော်ဟစ် ဘုရားတပြီးအနားကိုရောက် လာပါလေရော...။ အဲ့ဒါနဲ့ သွပ်များလည်း မလုပ်ဖြစ်သေးပဲ “မေ မေ့ကို ဘာဖြစ်လို့လည်း ဒီမှာ သွပ်များ အရပ်ရှည်နည်းလေ့ကျင့်ခန်းလုပ်မလို့”...ဆိုပြီးပြောတော့ မေမေက “အဲ့သလို လည်ပင်းကိုကြိုးကွင်းစွပ်ပြီးခုန်ချတာကို ဆွဲကြိုးချသေတယ်”လို့ ခေါ်တယ်ဆိုပြီး ပြောပြပါလေ ရော...။ အဲ့ဒါနဲ့ သွပ်များလည်း... ခုံပေါ်က ကမန်းကတန်းဆင်း၊ ပြီးတော့ ကြိုးကို ကပြာကယာသိမ်းပြီး စောစောက အခါတော်ပေးလုပ်လိုက်တဲ့ သူငယ်ချင်းအိမ်ရှေ့သွားပြီး ပုဆိုးစွန်တောင်ဆွဲမပြီး...ရှစ်သံ ချည်အော်ဟစ်ပြီးရန်တွေ့တာပေါ့...။ ပြောရမယ်ဆို အဲ့ဒီထဲက အနုပညာသည်ဘ၀ကို နည်းနည်းစိတ် ကုန်သွားတယ်...။ နောက်ပြီးသူငယ်ချင်းတစ်ယောက်ကလည်း ပြောသေးတယ်လေ...။ “အနုပညာ သည်တစ်ယောက်ရဲ့ ဘ၀ကို နင်က လွယ်လွယ်နဲ့ မှတ်လို့လားတဲ့”...၊ အဆက်အသွယ်၊ ဘာဘက်ဂ ရောင်းမှ မရှိပဲ ဒီအတိုင်းဘလိုင်းကြီးဝင်သွားရင် နင်‘အေးချမ်းမေ’ ဖြစ်သွားလိမ့်မယ်”တဲ့...။

သိတယ်မှတ်လား...။ သူငယ်ချင်းကအဲ့သလိုပြောတော့ သွပ်များတို့က နည်းနည်းဝေးတယ်လေ...။ သိပ်နား မလည်ဘူး..။ ဘာ“အေးချမ်းမေ” ဖြစ်သွားမှာလဲလို့မေးတော့ “တစ်စစီကျိုး ပဲ့သွားမှာ”ကို ပြောတာတဲ့လေ..။ ပြောမပြောချင်ဘူး...။ ပြီးတော့ သူကပဲဆက်ပြောခဲ့သေးတာက သူငယ်ချင်းရယ်တဲ့... အနုပညာလောက ထဲကိုများ “ခြေစုံပစ်ဝင်ဖို့” မကြိုးစားပါနဲ့တဲ့လေ...။ အဲ့ဒီတော့ သွပ်များက အထွန့်တက်ပြီး ခြေစုံပစ်ဝင် တော့ ဘာဖြစ်မှာလဲလို့ ပြန်မေးခဲ့လိုက်တော့ အဲ့ဒီသူငယ်ချင်းက သွပ်များကို ခပ်မာမာကြည့်ပြီး သ ဟောက်သဟာ လေသံနဲ့ ပြောပါလေရော...။

“ဖင်ထိုင်ရက် ပြုတ်ကျမှာ စိုးလို့”...တဲ့လေ...။

~~~~~@@@@@~~~~~

အဲ့ဒါနဲ့ သွပ်များလည်း... ရှိတာလေးကိုစုဆောင်းပြီး ဖြစ်ချင်တဲ့ အနုပညာသည်ဘ၀ကို ခဏခေါက် သိမ်းပြီး ဟောဒီနိုင်ငံလေးကိုထွက်လာခဲ့တော့တာပဲ...။ ဟော...ဒီမှာနေရင်း ရရ စားစားနဲ့ နေလာလိုက်တာ နောက်ပိုင်းကျတော့လည်း အဲ့ဒီ အနုပညာပိုးက ပြန်ထ,လာပြန် ပါလေရော...။ ဒါပေမယ့် ဒီနိုင်ငံမှာတော့ သရုပ်ဆောင်လုပ်ဖို့ စိတ်မကူးရဲတော့ ရှိစုမဲ့စု ပိုက် ပိုက်လေးနဲ့ နုတ်ဘွတ်(ခ်)လေးတစ်လုံးဝယ်...။ နောက် ပြီး အင်တာနက်လိုင်းလေးတစ်ခုကို ချိတ်ပြီး အင်တာနက်ထဲမှာ သွပ်များအကြိုက် ပေါက်ကရ မတောက် တစ်ခေါက်စာတွေ ရေး နေတော့တာပါပဲ...။ ဘလော့ဂ်တစ်ခု ဆောက်ပြီးတော့ပေါ့လေ...။

ဒါပေမယ့်လည်း...အဲ့သလို ကိုယ့်အကြိုက်ကလေးတွေကို ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ရဲ့ ပိုက်ပိုက်ကို ကိုယ် သုံးပြီး ၀ါသနာအရ ဘယ်သူ့ကိုမှ မထိခိုက်စေတဲ့ စာတွေရေးနေတော့လည်း.. အေးအေးဆေးဆေး မနေရ ပါဘူး...။ မမြင်ရတဲ့ ရန်တွေကိုလည်း... ကြောက်နေရသေးတာ...။ ဟုတ်ပ...။ သွပ်များနဲ့ သိနေ၊ ခင်နေတဲ့ ဘလော့ဂ်ရေးတဲ့ ညီမတွေဆို စီဗုံးမှာ ယောက်ျားတန်မဲ့ ပက်ပက်စက်စက်၊ ရိုင်းရိုင်းစိုင်းစိုင်း လာပြောတာကို ခံရလို့ စီဗုံးလေးတွေ တောင်မှ ဖြုတ်ထားလိုက်ရရှာကြတယ်လေ...။ ကြားရတာများ...တစ်ကယ့်ကို စိတ် တွေ မကောင်းဘူးဖြစ်ရတာ...။ တစ်ကယ်တော့ စီဗုံးဆိုတာ... တစ်ယောက်နဲ့ တစ်ယောက် နှုတ်ဆက်ဖို့၊ အ သိပေးဖို့၊ ဆိုတာအတွက်ပဲ ရည်ရွယ်ပြီးထားကြတာ များပါတယ်...။ နောက်ပြီး ပြည်တွင်းက သူငယ်ချင်း တွေက ကျော်ဝင်ရတတ်လို့ မန့်လို့မရတာတွေဘာတွေရှိတတ်ရင် ရောက်ကြောင်းပြောသွားနိုင်တဲ့ နေရာ လေးတစ်ခုပါပဲ...။ ဒါပေမယ့် တစ်လွဲဆံပင် ကောင်းစွာနဲ့ မဟုတ်မဟတ်တွေရေးတတ်တဲ့သူတွေရဲ့ ရန်ကို ကြောက်လို့ သူတို့ခမြာများဖြုတ်ပြီး သိမ်းထားလိုက်ကြရရှာတယ်လေ...။ သွပ်များဖြင့် တွေးလိုက်တိုင်း စိတ်ကို မကောင်းပါဘူးလေ...တစ်ကယ်...။ အယောင်ဆောင်ရေးတယ်ဆိုလား...ဘာလားပါပဲ...။ အဲ့ဒီတော့ သွပ်များလည်း တစ်ကယ်ကို ကြောက်ရတော့တာပေါ့...။ ဘလော့ဂ်ကို ကြိုက်နှစ်သက်လို့ ရေး နေခဲ့ပေမယ့် မတော်လို့ သွပ်များနာမည်ကြီးသုံးပြီး...သွပ်များမသိတဲ့နေရာမှာ သွားဆဲထားခဲ့ရင် ဘယ့် နှယ်လုပ်မလဲနော်...။ ဟင်း...ဟင်း...တွေးတာနဲ့ တောင်ကျောချမ်းမိပါရဲ့..။

ဟယ်... ကိုယ့်အကြိုက်ရေးနေရင်းကနေ ဘယ်ကိုရောက်သွားတယ် မသိပါဘူး...အဟစ်..။ ပြန်ပြောရရင် အနုပညာသည်ဘ၀ကိုတော့ အခုထက်ထိ ကြိုက်နေတုန်းပါပဲ...။ ဒီအသက် အရွယ်ကြီးရောက်နေတဲ့ အထိ လေ...။ ဘယ်လောက်တောင်များလည်းဆို ပြီးခဲ့တဲ့နှစ်က လန်ဒန်မှာ သီချင်းဆိုရင်း အကကောင်းခဲ့တဲ့ “မိုးဟေကို” လေးကိုအားကျပြီး ဒီတစ်ခါ မြန်မာပြည်အပြီးပြန်ဖြစ်ခဲ့ရင် “ဆောင်းဟေကို”..ဆိုတဲ့နာမည် လေးနဲ့ အနုပညာလောကထဲမှာ လှုပ်ရှားဦးမလားလို့....။ ။

~~~~~@@@@@~~~~~

ပုံလေးကိုဒီနေရာ လေးက ယူသုံးပါတယ်ခင်ဗျာ...။
=============================================================
ဒီတက်ဂ်ပို့စ်လေးကကိုကြီးကျောက်ဆီက စ,လိုက်တာပါ...။ သူကနေတစ်ဆင့် ကိုမိုးကို တက်ဂ်လိုက်တာ ကျွန်တော့်ဆီပြန်ရောက်လာလို့ အမှတ်တရအနေနဲ့ ကိုကြီးကျောက်ရဲ့ လေသံလေး နည်းနည်းပါအောင် ရေးလိုက်ပါတယ်....း))

(အဲ့ဒီနေ့ကနေစပြီး ကျွန်တော်ရယ်...၊ ကိုကြီးကျောက်ရယ်...၊ ကိုမိုးရယ်ကြားမှာ မန်မီဆိုတဲ့ အခေါ်အဝေါ် တွေ ခေတ်စားကုန်တော့တာပဲ...။ ကြည့်လေ...ဟိုတစ်ခါ စီဗုံးမှာ လာပြီး ကိုကြီးကျောက် အော်သွားတာ ကို..။ “သမီးကို မာမီသတိရလို့ လာလည်တာတဲ့လေ”....း))

ကိုမိုးတက်ဂ်ထားတဲ့ တစ်ကယ်နှစ်သက်တဲ့ ရုပ်ဝတ္တုပစ္စည်းလေးတွေကို နောက်တစ်ခါ အတည်ရေး ပေးဦးမှာပါ...။ အဲ့ဒီအခါကျရင်ကျွန်တော့်ရဲ့ညီလေးတွေကို တက်ဂ်ပါတော့မယ်...။ ညီလေးတွေ သတိကျပ် ကျပ်ထားနေကြပါခင်ဗျာ....း))
=============================================================

ချစ်ခြင်းအားဖြင့်.....

ဏီလင်းညို

32 comments:

ဆောင်းနှင်းရွက် said...

ခွိခွိ ..
မိုက်တယ် .. မိုက်တယ် ..
သွပ်များးး ..
သွပ်များးး ..
ရယ် လိုက်ရတာ .. မောတောင် မောတယ် ..
ထပ်ထပ်ဝတ် ၊
တတ်မွန်မျှစ် ၊
ကြည်နဲ့နဲ့ဥ ၊ etc .... !
သူတို့ကို ရော မကြိုက်ဘူး လားး သွပ်များ ရယ် .. !!!

ဒဏ္ဍာရီ said...

ကိုဏီးရယ်.... ဖတ်ရင်းနဲ့ ဘာတွေ ဖြစ်လာမှန်းတောင် မသိတော့ဘူး။
ွူသွပ်ပြားတွေရော၊ ခွိခွိတွေရော.. စုံနေတာပဲ.
ဒါပေမယ့် အကိုရေ... ကြိုက်တဲ့ဟာတွေ များတဲ့ အကိုရဲ့ ပိုစ့်လေးကတော့ ကောင်းလိုက်တာ။ cbox အကြောင်းလေး ရေးပေးလိုက်တာလည်း ကျေးဇူးပါ။

ခင်မင်လေးစားလျှက်

ချစ်ကြည်အေး said...

သွပ်များကလည်း...အဆိုတော်ရော ဖြစ်ချင်ဘူးလားလို့...သာမီးအသံနဲ့ဆို မာမီ ချစ်ကြည် ပြောပေးမယ်လေ...ဒေဝါလီ ဓါတ်ပြားတိုက်က လူပြန်တော် တီးဝိုင်းနဲ့...ကဲ ရှိုချင်...အဲ ဆိုချင်ဘူးလားလို့...:))

ခရေညို said...

အမလေး နောက်ဆုံးကျမှပဲဇာတ်ရည်လည်တော့တယ် ။ မိန်းကလေးမှတ်လို့ သူကမာမီကျောက်စတိုင်ခိုးထားတာကိုး။ ဆင်ဆာဖြတ်တယ်
ကော်ပီမို့လို့

မောင်မိုး said...

မာမီတို့ကတော့ လန်ထွက်နေတာပဲ..။ ဘဲတွေတော့ ရင်ခုန်နေလောက်ပြီ။ နာမည်ကြီးချင်ရင် ချိုင်းပတ်စော်နံတာလဲ ခံနိုင်ရမယ်။ အာပုတ်နံ့ကိုလည်း ကြာညိုနံ့ထင်ရမယ်။ ဗိုက်ပူကိုလည်း အာနိုးထက်သာတယ်လို့တွေးရမယ်။ ပါးရေတွန့်တာကိုလည်း အော်..သူ့ခမျာ..ကား ၁၀ စီးလောက်ပိုင်တာပဲလို့လည်း စဥ်းစားတတ်ရမယ်။ ကြားလား မာမီ။ ဒါဆိုရင် မာမီတော့ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံပြီ။

ရွှေရတုမှတ်တမ်း said...

သမီးလဲမာမီနဲ့တူလာပြီ...
တခုပဲကျန်တော့တယ်...မာမီတို့က..
ဘယ်သူကကြိုက်တယ်ပြောပြော..ခေါင်းညိမ့်ပလိုက်တာပဲ

welcome said...

လန်ထွက်တယ် ..
အကောင်းဆုံးစတိုင်လ်နဲ့ ဖတ်သွားတယ်

ခင်မင်တဲ့

Khyl said...

မွေးမေလေ့... ကဘာကြီး ဘာတွေဖစ်ကုန်တာလဲ..... ဘူးထွားဟားဟားဟား....

အင်ကြင်းသန့် said...

အဲတော့...အဲဒီလိုကြီးလား...အစကတည်းက ထင်တော့ထင်သား မာမီဆောင်းဟေကိုရယ်...မာမီ့စာကိုဖတ်ပြီး သာမီးတခွိခွိဖြစ်နေတာနဲ့ ရုံးကလူတွေက ဘာဖြစ်တာပါလိမ့်လို့ ၀ိုင်းလာလို့ အမြန်ဘရိတ်အုပ်လိုက်ရတယ် မာမီရေ...(မြန်မြန်ပိတ်လိုက်မှ တော်ကြာရုံးကဘိုးတော်တွေက မာမီနဲ့မိတ်ဆက်ပေးခိုင်းနေမှ မအားရတဲ့ကြားထဲ အလုပ်တွေရှုပ်နေမှာစိုးလို့.... :)))))))))

သာမီး
အင်ကြင်း

သဒ္ဓါလှိုင်း said...

အနုပညာပိုးရှိတာသိလိုက်ရပါပြီနော်..။ ကိုဏီလင်းက စာရေးကောင်းတယ်။
ဘာလဲ... ၀ါသနာကို ချုပ်တည်းထားရတာပေါ့လေ..။
ဖတ်ရင်းနဲ့ ပြုံးသွားပါတယ်...

ခင်တဲ့
သဒ္ဓါ

မေဓာဝီ said...

ရယ်လိုက်ရတာ ...
မေသင်္ချာတူး အေးတွတ်ပီသောင်း :) နာမည်တွေက ရှယ်တွေချည်းပဲ။ ရေးတတ်လိုက်တာ လွန်ရော .. ။

ရီမိုးပြည့်  said...

တော်သေးတာပေါ့ ... သွပ်များ ကနေ သွပ်ပြားတွေမဖြစ်ကုန်လို့ ... ခိခိ.. စာလာဖတ်ပြီး ရီသွားတယ်...

Angel Shaper said...

ဟဟဟားးးးးးးးးးးးးးးးးးးးးးး
ဟိုးးးးးးဟိုးးးးးးးဟိုးးးးးးးးးးးးးးး
ဟိဟိဟိ...ဟဲဟဲဟဲ
ဝိုးးဝိုးးဝိုးးးးးးးး
ခိခိခိ...ခစ်ခစ်ခစ်....တတ်သမျှ မှတ်သမျှရယ်သံလေးတွေနဲ့
အားပေးသွားတယ် မာမီညိုရေ.... ခစ်ခစ်....
အနုပညာသည်ဖြစ်ဖို့က နုနေရမယ်လေ။ အဟဲ
ဆက်လက်ကြိုးစားပါ။ တစ်နေ့တော့ ဖြစ်လာမှာပေါ့ မာမီရဲ့ ဟုတ်ဖူးလား။
တကယ် အားရပါးရ ရယ်လိုက်ရလို့ အမှန်အကန်ကို ကျေးဇူးတင်တယ် မာမီညိုရေ.......

မီးလေး
အိန်ဂျယ် (ခစ်ခစ်)

အဖြူရောင်နတ်သမီး said...

ကိုဏီ...
အဲ..မှားလို့...
မာမီဏီ....
းးးး)))))
စာတွေဖတ်သွားတယ်လို့ပြောတာပါ..ဟီး...
မာမီဏီ....နေကောင်းပါစေ....

kiki said...

အို .. ပပက အထက်ဆင် နဲ့ ဏညလ အသက်ငင် ..အဲ့လေ ..ဏလည အသက်ဝင် နေပြီပေါ့ ..ညလေး ဏလည ရေ ..မမတို့  တတွေ တူတူတွဲပြီး ဆူဆူကဲ လိုက်ရရင်တော့ ခိခိ ခိခိ နဲ့ ကွိစိ ကွိစိ နေမှာ ပဲ တော့..
မာမီကျောက် တို့ ခြေရာ ..လက်ရာ .. ဗွက်ရာ နင်းနိုင်ပါပေတယ်..ဟိဟိ ဟိဟိ ..

ahphyulay said...

ရေ တွေ လည် သွားအောင် မိုက်တယ်ဗျို့  ......

Khyl said...

နှစ်ခေါက်မြောက်လာဖတ်ပြီး အော်ရီသွားတယ် မာမီလေးရေ.... အဲတာမျိုးက အသက်ရှည်တယ် ဟစ်ဟစ်....

ခုတလော ကိကိရယ် နင်ရယ်... ကလူထွေးရယ် ကို အရမ်းကျေးဇူးတင်နေရတယ်ဝေး...

Anonymous said...

သွပ်များလည်း.. အဲ အဲ.. ညီသေးသေးလေးလည်း ဖတ်ပြီး ခွိခွိလိုက်သေးတာ။
ဒါမယ့် အဆုံးသတ်မှာ ခြိမ်းခြောက်ထားသေးတော့ ကြောက်လိုက်တာကလားးးး။

ချစ်သူမောင် said...

ဟီး မနာလိုတောင်ဖြစ်မိတယ် (မာမီဖြစ်ချင်လို့မဟုတ်ဘူးနော်)
သွပ်များ အဲယောင်လို့ သူများ စာရေးဖို့မထွက်တဲ့အချိန်မှာ
သူကရေးလို့ထွက်နေတယ် ဖတ်ပြီးရယ်သွားတယ် မာမီ ဏီ

ခင်တဲ့
ချစ်သူမောင်

shwezinu said...

တီတီဏီတို့ကတော့ လုပ်ချလိုက်ပြန်ပြီ
ဒီတိုင်း တော့ အသိအမှတ်မပြုနိုင်ဘူးဗျ.. ဟို တီတီ တယောက်ဘလော့လေး လို လုပ်ပြထားမှ

ခင်တဲ့
တီတီဇင်

ညလင်းအိမ် said...

အစ်ကိုဟ ဘယ်လိုဖြစ်တာလဲဗျ..
အဟီး တော်တော်ရီရတယ်..ရေးလည်းရေးတတ်ပါပေတယ်ဗျာ..

အစ်ကိုကတော့ စွယ်စုံပဲနော်... လေးစားပါတယ်...မာမီဏီး...း)

နေ၀သန် said...

အားပါး... ရေးတတ်ပါပေါ့ မာမီဏီးရယ်... တူလိုက်တာ... ဟီးဟီး.....

မြစ်ကျိုးအင်း said...

တကယ်များလားအေ ဖတ်ရင်းနဲ့ ဖလန်းဖလန်းထလာတယ်။
သတိကြပ်ကြပ်ထားနော် အကိတ်တွေ အဝုန်းတွေနဲ့တွေ့နေမယ်။
(စာဖတ်ရင်းနဲ့ ဓါတ်ကူးသွားရော)
း)

what is good things said...

ဖစ်မှဖစ်ရလေ သွပ်များတဲ့း))
ဘယ်တုန်းက မာမီဏီဖြစ်သွားပါလိမ့် ???

ကိုဇော် said...

မာမီဏီက သူ့အဖြစ်မှန် အစစ်ကို ရေးထားတာပါလား။
ဂွတ်ထ. . .ဂွတ်ထ. . .

သြော်...သူက ငယ်ကျိုးငယ်နာတွေ ဖော်နေတာပေါ့လေ...
သွပ်များက ဒါမျိုးဆို မခံဘူး . .
သူပဲ KLCC မှာ ရှိုးပွဲလုပ်မယ် ဆိုလို့ သွပ်ပြားက ပြင်ထားလိုက်ရတာ . . .အခုတော့ . . သူက ဘလော့မှာ ချရေးတယ်. . .မာမီဘူ ( တစ် ကိုး ကင်း ) နဲ့ တိုင်မယ် ။

သွပ်ပြားကတော့ သွပ်ပြားနာမည်ကို....
အိမ်သာကျော်ဆင်း ၊ ချစ်သူဝေးးးးး ကနေ တဆင့်မှ မလျော့ဘူး။

သွပ်ပြားတို့ ဒီမှာ ကုန်ကြမ်းရှာရအောင် KL တတ်ခဲ့ပါလားလို့...

ပျော်ရွှင်ပါစေ
ကိုဇော်

Unknown said...

အယ်တော့ မာမီဏီရေ...ဖွင့်ချပစ်လိုက်ပြီလားတော်
ဘာပြောပြောတော်ရေ မာမီကြိုင်တို့ကတော့ ရပ်ကွက်ထဲက ပေါက်လွတ်ပဲ စားတွေကိုကြိုက်ဖူးရယ် ဖော်ရိန်းမှ ဖော်ရိန်းပဲတော်ရေ....
မာမီရေးထားတာ အူနာလိုက်တာမာမီရယ်

အိမ့်ချမ်းမြေ့ said...

အဲသလို ဟာသ သိပ်ရေးတတ်ချင်တာပဲ။

အဲ.....
ဟာသလား တစ်ကယ်လား...

တစ်ကယ့်အဖြစ်ဆိုရင်... လုံးဝ မထင်ရဘူးလို့ ပြောမလို့ပါ.. မာမီရယ်

အဲလေ..
ကိုဏီရယ်

Anonymous said...

အော်..ဖြစ်ရလေ ကိုဏီးရယ်..ဒွတ်ခ..:P
မြတ်မွန်

ရွှေပြည်သူ (ShwePyiThu) said...

ဖတ်ပြီးရယ်လိုက်ရတာ... ကိုဏီလင်းညိုက ဒါမျိုးလည်း ရတယ်တော့း))

မြသွေးနီ said...

ဏီဏီးရေ...
ညည်းနဲ့အေ..ရေးတတ်ပါပေ့..။
ထင်ကိုမထင်ရဘူး..။
:P

ရွှေနတ်သား said...

ဟယ်..သူလည်းတို့ လို့  ပါလား...
အစင်လေးးပေါ့လေ...ခိခိခ..ခွိခွိခွိ

pandora said...

ခုမှ ဖတ်ဖြစ်တယ်။
အရေးအသားမိုက်ပ... ရယ်လိုက်ရတား)