နှင်းစက်လေးတွေ...
လင်းလက်မယ်ကြံရုံရှိသေး...
မင်း...အပြေးရောက်ခဲ့ပြီပေါ့...
နွေ...။
မင်းလာရာလမ်းတစ်လျှောက်...
ရွက်ခြောက်တွေက
ကြိုလင့်ကြသလို..
ရွက်သစ်တွေကလည်း
ပျိုမျစ်ကြသတဲ့လား...?
ကိုယ်
မသိချင်ပါဘူး... နွေ...။
ဥသြငှက်လေးတွေ...
တေးဆိုတဲ့နွေ...
ကျောင်းတံခါးပိတ်လို့
ချစ်သူတွေ ဝေးတဲ့နွေ...
ရှေးရှေးက
စာဆိုကြီးတွေ ကဗျာသီခဲ့ကြတဲ့နွေ...
“ရိုးတံကျဲကျဲ...
ပင်အိုတို့ အလှချင်းဖွဲ့ပြိုင်”...ရယ်လို့ ဖွဲ့နွဲ့သီဆိုခဲ့ကြတဲ့နွေ...
သြော်...
နွေ... နွေ... နွေ။
ဘာတွေပဲ
ဖြစ်ဖြစ်
ဘယ်သူတွေ
ချစ်ချစ်
ဘယ်သူတွေ
လွမ်းလွမ်း...
ဘယ်သူတွေ
စွမ်းစွမ်းတမံ သရုပ်ဖော်ကြစမ်းပါစေ...
ကိုယ်ကတော့....
မင်းလာပြီဆိုရင်...
ပူလောင်ခြင်း
လက်တံတွေနဲ့ကုတ်ခြစ်ကြလို့...
နေ့ဘက်ဆို
ချွေးထွက်၊ ပျာလောင်ခတ်...
ညဘက်ဆို...
အအိပ်ပျက်၊ အနေခက်လှသမို့...
တစ်ခွန်းတည်းပဲ
ပြောလိုက်ချင်တယ်...
မုန်း...
လိုက်... တာ... နွေ... ရယ်...။
။
--------------------------------------------------------------------------
ချစ်ခြင်းအားဖြင့်....
~ဏီလင်းညို~
၂၅၊
၀၂၊ ၂၀၁၃
တနင်္လာနေ့
နံနက်(၀၀း
၂၉)
(ရန်ကုန်-
မြန်မာပြည်)
နွေညည်းချင်း
15 comments:
နွေအတွက် ပီပီပြင်ပြင် သရုပ်ဖော်ထားတဲ့ ခံစားချက် ကဗျာလေး အားပေးသွားတယ် ဏီလင်းညိုရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
နှင်းစက်လေးတွေ လင်းလက်မယ်ကြံရုံရှိသေးတဲ့
နွေကဗျာကို ဥသြနဲ့အတူ လွမ်းမိပါသေးတယ်
အော်
ကဗျာမဆန် ကာရံတွေပျက်
ချွေးထွက်အောင် ပူတဲ့နွေပါလားနော်း)
ဒါနဲ့ ခြင်ကိုက်တာလေးလည်း ထည့်ရေးဦးလေ ကိုဏီ :P
ဝင်ရောက်လာပြီဖြစ်တဲ့ နွေနဲ့အတူ နွေညည်းချင်းလေးနဲ့
တေးသီဆိုနေတဲ့ ဥသြလေးကို တမ်းတမိသလိုလို...
ခင်မင်လျက်
သဒ္ဓါ
နွေ ဆို လွမ်းလွမ်းဆွေးဆွေး သီကျူးတတ်တဲ့ "ဥသြ" ရယ် .. ခြောက်သွေ့ရော်ဝါ မြေခကြွေကျနေတဲ့ သစ်ရွက်ခြောက်လေးတွေရယ်နဲ့ ..
တဖြူးဖြူး တိုက်ခတ်နေတဲ့ "နွေလအရူး" ဒါတွေရှိရတယ်နော် ... ဒါကြောင့်လည်း နွေဟာ ပူတာကိုး ... :) :) :)
(ထပ်ဆင့် ခံစားသွားပါတယ်ရှင်)
အစ်ကိုရေ "နွေညည်းချင်း"လေးဖတ်ပြီး ဆွေးသွားသလိုပဲ။
အင်း ... ဘာလိုလိုနဲ့ နွေရောက်တော့မှာပေါ့နော် ... ဥသြသံတွေရဲ့ကြား အလွမ်းတွေစာဖွဲ့လို့မကုန်နိုင်အောင် ဆွေးရပြန်ပေအုံးမပေါ့ ...
တူတယ်ဗျ..နွေကို မကြိုက်တာ..ပူလွန်းလို့ ..အဲ နွေမှာ ကျရောက်တယ့် သင်္ကြန်ရယ်၊ ပိတောက်က လွဲရင် နွေကို မကြိုက်..း)
နွေဦးက အပူတွေမြူးပြီး နှိပ်စက်နေတာ ခံနေရတယ် ကိုဏီရေ..
ပူလိုက်တာကိုဏီး ရာ
ခင်မင်လျှက်
ချစ်သူမောင်
တစ်ခွန်းတည်းပဲ ပြောလိုက်ချင်တယ်...
မုန်း... လိုက်... တာ... နွေ... ရယ်...။
ဒီအဆုံးသက်ပိုဒ်ကလေးကို ပိုသဘောကျတယ်.
ကဗျာလေးရဲ့ ဒီနေရာလေးကို ဖတ်ပြီးမှ နွေကိုသီထားတဲ့ ကဗျာလေးပိုပြီး ရုပ်လုံးကြွလာသလို ခံစားရတယ်။
ဆရာ့ နွေကို မမုန်းပါနဲ့ ။ နွေလို ပွင့်လင်းမှု အပြည့်အဝ ရှိ တဲ့ သူကို သူ့ ရဲ့အားနဲချက်လေးတွေ အတွက်နဲ့ တော့ မမုန်ပါနဲ့ နော်။
အစ်ကိုရဲ့ရင်ခွင်မှာ နွေကတော့ အထီကျန်နေပြီ ထင်ပါ့
ပူပြင်းကြမ်းရှစမ်းပါစေ အဲဒီနွေမှာ တစ်ခါလောက်ဖြစ်ဖြစ်
နေချင်တယ်ဗျာ ။
တစ်ကယ်တော့နွေမှာ ခြေရာလှလှလေးတွေထင်ကျန်ကြည့်လိုက်ရင် အရာရာဟာ သ လျှ စွဲ လမ်း စရာတွေရှိနေပါသေးတယ် ကိုညို ....
နွေ
ထိမိတယ်ကိုဏီ
Post a Comment