Monday, March 24, 2014

လိပ်ပြာရောင်စုံ








လေထုထဲတွင် ညနေရီရီ၏ရနံ့များက လူးလွန့်နေခဲ့ကြသည်။ ရပ်ကွက်ထိပ်မှ မြေနီလမ်းမလေးဘေးရှိ သစ်ပင်များအောက်မှ လက်ဖက်ရည်ဆိုင်၊ အသုပ်ဆိုင်၊ ကွမ်းယာဆိုင်၊ အအေးဆိုင် စသည့် ဆိုင်ငယ်လေးများသည် လည်း ညနေခင်းလေး၏ အငွေ့အသက်တို့နှင့်အတူ အစီအရီ သက်ဝင် လှုပ်ရှားစ, ပြုလာခဲ့ကြလေပြီ။

ဗာဒံပင် တစ်ပင်အောက်တွင် ဖွင့်ထားသော လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင်မှာ ကိုတူးတို့ သူငယ်ချင်းတစ်စု ထိုင်နေမိကြ၏။ သူတို့သူငယ်ချင်းအုပ်စုက စုစုပေါင်း သုံးယောက်။ ကိုတူး၊ ချစ်ကိုနှင့် ပိုင်ဖြိုးတို့သာ ဖြစ်၏။ နွေရာသီဖြစ်သောကြောင့် တစ်နေ့ ခင်းလုံး အိမ်ထဲမှာပူလောင်ခဲ့ကြရတာမို့ ညနေခင်းလေးတွင် အသီးသီးအပြင် ထွက်လာကြရင်း လမ်းထိပ်လက်ဖက်ရည်ဆိုင်ေ လးမှာ အချင်းချင်း ဆုံမိနေကြခြင်းသာ။
 
ညနေခင်းလေးထဲတွင် လက်ဖက်ရည်ဆိုင်လေးမှာ သုံးယောက်သားဆုံခိုက် အေးအေးဆေးဆေးဖြင့် စကား တွေ ဖောင်ဖွဲ့နေကြ ဆဲ နွေဦးလေရူးတစ်သုတ်က ခပ်ကြမ်းကြမ်း တိုက်ခတ်လာခဲ့လေ၏။ ထိုအခါ သူတို့လက်ဖက် ရည်ဝိုင်းအနီးရှိ ဗာဒံပင်ပေါ်မှ အ ညှာမခိုင်တော့သော စိမ်းတစ်ဝက်၊ နီတစ်ဝက် ဗာဒံရွက်တစ်ရွက်က လေဒဏ် ကြောင့် ချာလည်ချာလည်ဖြင့် ကြွေကျလာခဲ့ သည်။ ကျသည့်နေရာက ချစ်ကို၏ရှေ့တည့်တည့် စားပွဲပေါ်သို့ပင်။
        
 “အမလေးဗျ၊ သက်မွန်မြင့်နဲ့ ငါနဲ့ရ”
         
ရုတ်တရက်မို့ အလန့်တကြား ထ,ယောင်လိုက်သော ချစ်ကိုကြောင့် ကိုထူးနှင့် ပိုင်ဖြိုးတို့က ထ,ရယ်ကြ၏။ ချစ်ကိုကလည်း သစ် ရွက်ကြွေကျတာကို ယောင်မိသောသူ့အဖြစ်အား ရှက်ကိုးရှက်ကန်းဖြင့် လိုက်ရယ်သည်။ ကိုတူးတို့ ရယ်မိတာက အခြားအေ ကြာင်းကြောင့်တော့ မဟုတ်။ ချစ်ကိုက ကြီးမားသော ခန္ဓာကိုယ်ကြီးနှင့်မလိုက် အသည်းငယ်တတ်လွန်း၊ ယောင်တတ်လွန်းေ သာကြောင့်သာ ဖြစ်သည်။ ပြီးတော့ အမှတ်တမဲ့ဖြင့် သူယောင် တတ်တာတွေက အလန်းတွေချည်းမို့ပင်။ ကြည့်လေ၊ “သက် မွန်မြင့်နဲ့ငါနဲ့ရ”၊ “တေလာဆွစ်ဇ်နဲ့ ငါနဲ့ညား”... စသဖြင့်။ ထို့ကြောင့် ပြောကြစတမ်းဆိုလျှင် ချစ်ကိုယောင်မိသမျှအားလုံးက သူနစ်နာစရာ တစ်ကွက်မှမရှိ။ အားလုံး သော ပြည်တွင်းပြည်ပမှ နာမည်ကြီးမင်းသမီးများ၊ အဆိုတော်များသည် သူနှင့်ဒိုင်ခံ ညားရမည့် အကြောင်းများ ချည်းမို့ပင်တည်း။
          
အားရပါးရ ရယ်ကြပြီးနောက် ကိုတူးက စားပွဲပေါ်မှ ရေနွေးဓာတ်ဘူးကိုမ,ကာ သူ့အကြမ်းပန်းကန်ထဲထည့်ရင်း...
          
“ဒီလိုပဲကွ၊ လူတိုင်းမှာ မြင်နိုင်တဲ့အကျင့်နဲ့ မမြင်နိုင်တဲ့အကျင့်ဆိုပြီး တစ်ယောက်တစ်မျိုးစီတော့ အနည်းဆုံး ကိုယ်စီ ရှိတတ် ကြတယ်”
“ဟုတ်လား”
“ရှင်းစမ်းပါဦး”
          
ပိုင်ဖြိုးနှင့် ချစ်ကိုတို့က စိတ်ဝင်စားသလို ပုံစံမျိုးဖြင့် တစ်ယောက်တစ်ခွန်း မေးလိုက်ကြ၏။ ထို့ကြောင့် ကိုတူးက သူ့မျက်နှာပေါ်မှ ကျွဲကော်ကိုင်းအနက် ပါဝါမျက်မှန်ထူထူကို နှာခေါင်းအထက်သို့ ဟန်ပါပါပင့်တင်လိုက် သည်။ ပြောရမယ်ဆို ဆရာကြီးဂိုက် ဖမ်းလိုက်ခြင်းသာ။
          
“ဒီလိုလေကွာ၊ မြင်နိုင်တဲ့အကျင့်ဆိုတာက ခါးတို့ရင်ယောင်တတ်တာ၊ အိပ်နေရင်းနဲ့ ယောင်ပြောတာ၊ ထပြီးလမ်း လျှောက် တတ်တာ၊ သွားကြိတ်တတ်တာ၊ ဟောက်တတ်တာ။ နောက်ပြီး အမှတ်မထင်တဲ့ ဖြစ်ရပ်တစ်ခုခု နဲ့ကြုံလာခဲ့ရင် ထိတ်လန့်စ ရာပဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ပါးစပ်ကနေပြီး ပေါက်ကရစကားတွေ၊ အာမေဋိတ်သံတွေထွက်ပြီး ယောင်ရမ်းမြည်တမ်းတတ်တာမျိုးေ တွပေါ့ကွာ။ ဥပမာ ခုနတုန်းက သစ်ရွက်ကလေးတစ်ရွက်ကြွေကျတာကို ချစ်ကို ပါးစပ်ကနေပြီး ယောင်ပြောမိတာမျိုးပေါ့”
         
“ခါးတို့ရင် ယောင်တတ်တဲ့ အကျင့်ကတော့ ဆိုးပါတယ်ကွာ၊ ငါကမှ တော်သေးတယ်။ ခါးတို့ရင်လိုက်ပြီး ယောင်တတ်တဲ့ လူေ တွကိုတွေ့တိုင်း ငါတော့ ဦးတရုတ်ကြီးကို သွားသွားပြီး သတိရမိတာပဲ၊ အဟီး”
          
ချစ်ကိုက ပြောရင်း ရယ်ချင်လာပုံရ၏။ ကျန်သော နှစ်ယောက်ကလည်း အသီးသီး ခေါင်းငြိမ့်ရင်း မျက်နှာများက ပြုံးစိစိ ဖြစ်လာ ကြသည်။ ဟုတ်သည်၊ သူတို့လမ်းထဲမှ ဦးတရုတ်ကြီးဆိုသောလူကြီးမှာ ခါးတို့လျှင် အလွန် ယောင်တတ်၏။ နောက်ချင်သည့် သူက သူ့ခါးကိုတို့ပြီး အသံကျယ်ကျယ်နှင့် စေခိုင်းသမျှ ယောင်ယမ်းကာ လိုက်လုပ်တတ်သည်။ လူက အသက်လေးဆယ့်ငါးနှ စ်ကျော် လူပျိုကြီး။ ပျော်ပျော်နေတတ်သူတစ်ယောက်။ ထို့ကြောင့် လူချစ်လူခင်လည်း ပေါလှသည်။ လူချစ်လူခင်ပေါလှတာမို့ သူ့အပေါင်းအသင်းတို့၏ ခါးတို့ပြီး စ,တတ်ကြခြင်းအား မကြာခဏဆိုသလို ခံရတတ်၏။
          
လွန်ခဲ့သောလက မနက်စောစောတစ်ခုတွင် လမ်းထိပ်မှ တိုရှည်သည်ကုလားမကြီး ဒေါ်အမီနာထံမှာ ဦးတရုတ်ကြီးက တိုရှည် သွားဝယ်၏။ ဒေါ်အမီနာက ကလေးငါးယောက်ရှိသော မုဆိုးမကြီးတစ်ဦးဖြစ်သည်။ သူတို့နေ သော လမ်းထိပ်တွင် တဲကလေး ထိုးပြီး မနက်တိုင်း တိုရှည်ရောင်းစားနေခဲ့လေတာ နှစ်ပေါင်း မနည်းလှတော့။
         
ထိုမနက်က တိုရှည်ဆိုင်မှာ ၀ယ်သူများတာမို့ သူ့အလှည့်ရောက်ဖို့ ဦးတရုတ်ကြီး စိတ်ရှည်လက်ရှည် စောင့် နေခဲ့ရ၏။ ထိုစဉ် လက်ဖက်ရည်ဆိုင်ထွက်လာသော သူ့မိတ်ဆွေတစ်ဦးက တိုရှည်သည် ကုလားမကြီးနားမှာ ရပ် ပြီး တိုရှည်စောင့်နေခဲ့သော ဦးတရုတ်ကြီးအား နောက်မှနေ ရုတ်တရက်ဝင်ပြီး ခါးတို့ရင်း အသံကျယ်ကျယ်ဖြင့်...
         
“ကျင်း... ကျင်း... နားပန်ကျင်း”...ဟု ပြောလိုက်၏။ ဦးတရုတ်ကြီးကလည်း ယောင်ကမ်းကမ်းဖြင့် ပါးစပ်မှ လိုက်အော်ရင်း သူ့ အရှေ့တွင် တိုရှည်ထိုင်လုပ်နေသော ဒေါ်အမီနာ၏နားရင်းကို ‘ဖုန်း’ခ,နဲ ဖြတ်အုပ်လိုက်တာများ ‘ဖြောင်း’ခ,နဲ မြည်သံကြီးပင် ထွက်သွားသေးသည်။ ဒေါ်အမီနာကြီး၏ ခေါင်းသည်လည်း အောက်သို့ စိုက်ခ, နဲ ငိုက်ဆင်းသွားရလေတော့၏။
          
ရုတ်တရက်မို့ တိုရှည်စောင့်နေသူအားလုံး ကြက်သေသေသွားကြရသည်။ ချက်ခြင်းဆိုသလို ဒေါ်အမီနာကြီးက နေရာမှ ခုန် ထ,ပြီး ဦးတရုတ်ကြီးအား လက်ညှိုးငေါက်ငေါက်ထိုးရင်း ထမီစွန်တောင်စွဲကာ ရန်တွေ့ပါလေ တော့သည်။
          
“ဟေး... တာလုပ်ကျီး၊ နင်နော် နာ့ဂို နာရင်း အုပ်ဒယ်။ နာနော် အေးဆေး တိုစေရောင်းစာဒယ်။ နင်နော် နာ့ဂို ကိုယ်ထိလဲေ ရာက် ချော်ဂါးဒယ်။ နာနော် မိုးဆိုးမဘ၀နဲ့ နာ့ခလေးဒွေဂို ရိုးရိုးတားတား ရှာကျွေးနေဒယ်။ နင်နော် နာ့ဂို အများဂျီး နှောက်စက် ဒယ်။ နာနော် ငြိမ်မခံဘူး။ မီးခင်နဲ့ ခလေး စောင်းစောက်ရေးအသင်းဂိုနော်၊ နာသွား တိုင်မယ်။ ကုလားမနော်၊ အများဂျီး သားတိ စိဒယ်”
          
ထိုအခါ ဦးတရုတ်ကြီးမှာ ချွေးပြန်မတတ်ပင် ဒေါ်အမီနာကြီးအား တောင်းပန်ရလေတော့သည်။ ဦးတရုတ်ကြီးတင်မက စလိုက်ေ သာ သူ့မိတ်ဆွေ၊ နောက်ပြီး တိုရှည်စောင့်နေသူများထဲမှ ဦးတရုတ်ကြီးအကြောင်းအား သိ နေသည့် လူအချို့ကလည်း ဒေါ်အမီ နာကြီးအား ပြေရာပြေကြောင်း ၀င်တောင်းပန်ပေးကြ၏။ ထို့ကြောင့် ဒေါ်အမီနာကြီးက ခွင့်လွှတ်ကြေအေးပေးခဲ့သည်။ သို့သော် ဦးတရုတ်ကြီးအဖြစ်က တစ်ရပ်ကွက်လုံး ခုထိ ပြောစမှတ်ဖြစ် နေတုန်း၊ ပြောမိတိုင်းလည်း ရယ်ချင်နေကြတုန်း။
         
ခုလည်း ဦးတရုတ်ကြီး၏အကြောင်းအား စကားစပ်ကာ ပြန်သတိရမိရင်း ကိုတူးတို့သုံးယောက်သား ရယ်ချင်လာမိပြန်ပါသည်။
          
“အဲ့ဒီလို နောက်တတ်တာမျိုးက မကောင်းဘူး။ ၀ဋ်လိုက်တတ်တယ်တဲ့၊ ငါ့အမေပြောတာ။ ကဲ... ထားပါ တော့။ မမြင်နိုင်တဲ့အ ကျင့်ကရော ဘာတွေများလဲ ကိုတူးရ”
         
ချစ်ကိုက စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်ရင်း မေး၏။ ပိုင်ဖြိုးကလည်း ပြောစေချင်သည့် အမူအယာဖြင့် ခေါင်းငြိမ့်ပြသည်။ ကိုထူးက လည်ချောင်းတစ်ချက်ကို ဟန်ပါပါရှင်းရင်း...
           
“မမြင်နိုင်တဲ့ အကျင့်တွေကတော့ ရှင်းပါတယ်ကွာ။ သူများတစ်ကာ ကိုယ့်ထက်သာရင် ကျိတ်ပြီး မနာလို ၀န်တို ဖြစ်တတ်တာ မျိုး၊ ကိုယ်မလုပ်နိုင်တဲ့ကိစ္စကို သူများလုပ်တာ၊ လုပ်နိုင်တာကို အားကျနေလျှက်နဲ့ ရှုံ့ချတတ်တာမျိုး၊ သူတစ်ပါးကို မကောင်းပြော တတ်တာမျိုး၊ သနားကြင်နာတတ်တာမျိုး၊ ကူညီဖေးမတတ်တာမျိုး စတာ တွေပေါ့ကွာ။ အဲ့ဒီအမျိုးအစားတွေက ရုတ်တရက်ဆို မမြင်နိုင်ဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် ပေါင်းကြည့် မှသာ သေချာသိနိုင်တာမျိုးမို့လို့ပဲကွ”
“အေးကွ၊ ဟုတ်တယ်နော်”
“အမှန်ပဲ”
       
ချစ်ကိုနှင့် ပိုင်ဖြိုးတို့က တစ်ယောက်တစ်ခွန်းစီ အားတတ်သရောထောက်ခံကြ၏။ ထို့ကြောင့် ကိုတူးက မျက်မှန်ကို လျှောမကျပါ ပဲ နှာခေါင်းအထက်သို့ ဟန်ပါပါပင့်တင်လိုက် ပြန်လေသည်။ ဒါကိုကြည့်ပြီး ပိုင်ဖြိုးက....
          
“ကျန်သေးတယ်ကွ၊ နောက်ထပ် အကျင့်တစ်ခု”
 “ဘာအကျင့်တုန်းကွ၊ အကျင့်တွေက အများကြီးပဲလေ။ ပြောရင် ကုန်မှာတောင် မဟုတ်ဘူး”
         
ပြန်မေးလိုက်သော ကိုတူးစကားကြောင့် ပိုင်ဖြိုးက ချစ်ကိုအား ပြုံးစေ့စေ့ဖြင့် တစ်ချက်လှမ်းကြည့်ရင်း...
         
“သိသမျှ တတ်သမျှ၊ ဖတ်ဖူးသမျှလေးတွေနဲ့ လူတစ်ကာကိုလိုက်ပြီး ဆရာကြီးလုပ်ချင်တတ်တဲ့ အကျင့် လေ”
          
ဒါ သူ့ကိုစောင်းပြောမှန်းသိလိုက်တာမို့ ကိုတူးက ပါးစပ်လှုပ်ပြီး ပိုင်ဖြိုးအား ခပ်ကြိတ်ကြိတ် လှမ်းဆဲလိုက်၏။ ပိုင်ဖြိုးက ပခုံးအစုံ ကို ဟန်ပါပါတစ်ချက်တွန့်ရင်း မမှုသည့်ပုံစံဖြင့် မျက်လုံးပြူးကာ ပြုံးစေ့စေ့အမူအယာပြန် လုပ်ပြသည်။ ချစ်ကိုကတော့ နှစ်ေ ယာက်ကြားမှာ ရယ်လျှက်။ ကိုထူးက ပိုင်ဖြိုးကို ရုပ်တည်ကြီးနှင့်ကြည့်ကာ....
         
“မင်းအကျင့်လည်း ဘာထူးလည်းကွ။ တွေ့သမျှ မိန်းကလေးတွေကို လိုက်ကြိုက်တာ၊ အသည်းအသန် ခဲ မှန်တတ်တာ”
          
“ဒီမှာ ကိုထူး။ မင်းမသိရင်မှတ်ထား၊ အဲ့ဒါ မေတ္တာတရားကို ကမ္ဘာမြေကြီးပေါ် ကျဲဖြန့်နေတာကွ၊ နားလည် လား”
         
“အောင်မာ၊ ခွေးပါးစပ်က နတ်စပီကင်ထွက်လို့၊ လာလာချည်သေးရဲ့။ ကြောင်ရင် ကြောင်တယ်မပြောဘူး။ မေတ္တာတရားေ တွ ဖြန့်ကျက်သလေး ဘာလေးနဲ့”
         
ပိဿလေးနှင့်ဘေးပစ်သလို ပြောလိုက်သော ကိုတူးစကားကြောင့် ချစ်ကိုက ပိုင်ဖြိုးကိုကြည့်ကာ ရယ်ပြန်၏။ သို့သော် ပိုင်ဖြိုး ကတော့ မဖြုံရေးချမဖြုံ။ ရည်စားများများ ထားတတ်ချင်သော သူ့အတွက် ဒီသူငယ်ချင်းတွေ ကြားထဲမှာ ခဏခဏဆိုသ လို နှိပ်ကွပ်ခံနေရစမြဲမို့ပင်။ ပြောရမယ်ဆို အရေထူနေခဲ့ပြီ။
         
ချစ်ကိုက သူ့ခွက်ထဲသို့ ရေနွေးကြမ်းငှဲ့ထည့်ရင်း မနေနိုင်သလို ၀င်ဖွ၏။
         
“ကိုတူးကလည်းကွာ၊ ပိုင်ဖြိုးက ကြောင်တာ မဟုတ်ပါဘူးကွ။ ဟိုလေ သူ့အဖြစ်က ထွန်းအိန္ဒြာဗိုလ်ဆိုထားတဲ့ သီချင်းလေးလို မျိုးပါကွာ။ ဘာတဲ့ ...‘မချစ်ရင် မနေနိုင်တာကလွဲလို့’ ဆိုတာမျိုးပါကွာ။ ဟား ဟား”
          
သူတို့အားလုံး ၀ိုင်းရယ်မိကြပြန်သည်။ သူတို့၏ရယ်သံ ကျယ်ကျယ်လောင်လောင်ကြောင့် ဗာဒံပင်ထက်မှ အိပ်တန်းပြန်စော သည့် ငှက်ကလေးများပင် လန့်သွားကြမည်ထင်ရ၏။ ကိုထူးက..
         
“မချစ်ရင် မနေနိုင်တာကလွဲလို့ ဆိုတာနဲ့ မင်းတို့ကို ငါတစ်ခုမေးစရာရှိနေသေးတာ သတိရသွားပြန်ပြီကွ”
“လာပြန်ပြီ”
         
ပိုင်ဖြိုးက နားမထောင်ချင်သလို ပုံစံဖြင့်ပြော၏။ ကိုတူးက နှုတ်ခမ်းလှုပ်ရုံ ထပ်ဆဲလိုက်တော့....
          
“အလကားနောက်တာပါ ကိုတူးရာ၊ ငါတို့က မင်းလို စာသိပ်မဖတ်တော့ တချို့ဟာတွေဆို နှံ့နှံ့စပ်စပ်မရှိ ဘူးကွ။ မင်းပြောမှ သိရ၊ စဉ်းစားမိရတာတွေက ခပ်များများရယ်။ မေးပါကွ ဘာလဲဆိုတာ၊ နော့် ချစ်ကို”
          
ပိုင်ဖြိုးက ကိုတူးအား မျက်နှာချိုသွေးရင်း ချစ်ကိုဘက်သို့လှည့်ကာ စစ်ကူတောင်းသလိုလို၊ အဖော်ညှိသလို ပြောလိုက်သည်။ ချစ်ကိုကလည်း ပြီးပြီးရောဆိုသည့် သဘောလားမသိ။ ခေါင်းငြိမ့်ပြ၏။ ထိုအခါမှ ကိုတူးက ကျေနပ်သွားသလို တစ်ချက်ပြုံး ရင်း....
          
“ဒီလိုလေကွာ၊ မင်းတို့ ရာမဇာတ်တော်အကြောင်း သိတယ်မှတ်လားကွ”
         
ပိုင်ဖြိုးတို့က ကိုတူးအား ပြိုင်တူ ခေါင်းငြိမ့်ပြကြ၏။
         
 “အေး၊ အဲ့ဒီရာမဇာတ်တော်ထဲမှာပါတဲ့ ဒဿဂီရိကို မယ်သီတာက ဘာဖြစ်လို့ ပြန်မချစ်တာလဲဆိုတာ မင်း တို့ စဉ်းစားမိရဲ့လား”
          
ကိုတူးက စိန်ခေါ်သလိုမေး၏။ ချစ်ကိုက....
         
“မမုန်းရင် မနေနိုင်တာကလွဲလို့ နေမှာပေါ့ကွ၊ ဟား ဟား”
          
အားလုံးဝိုင်းရယ်ကြပြန်လေသည်။ ကိုတူးက ချစ်ကို၏အဖြေကို ခေါင်းယမ်းကာပယ်ချလိုက်ပြီး ပိုင်ဖြိုးအား မေးပြန်သည်။
         
“ပိုင်ဖြိုး မင်းကရော ဘာ့ကြောင့်လို့ထင်လဲ”
          
သူ့ကို အရေးအရာလုပ်ပြီး လာမေးနေသော ကိုတူးအား ပိုင်ဖြိုးက မျက်လုံးမှေးစင်းပြီး ခပ်စွေစွေကြည့်၏။ နောက် ဒူးတနန့်နန့် လုပ်ပြီး ဖြေ၏။
         
“အင်း၊ ငါ့စိတ်ထင်အရ ပြောရမယ်ဆိုရင်တော့ ဒဿဂီရိက ဟိုးအရင်ဘ၀တုန်းက ငါ့လိုမျိုးမေတ္တာတရား ဖြန့်ကျဲခဲ့မှုမှာ အတော် အားနည်းခဲ့လို့ပဲလို့ ထင်တာပါပဲ။ အဲ့ဒါကြောင့် မယ်သီတာက ခါးခါးသီးသီးနဲ့ ပြန်မချစ်တာ နေမှာပေါ့”.....
         
ပိုင်ဖြိုး၏အဖြေကြောင့် ကိုတူးက ဆဲပြန်သည်။ ဒါကို ပိုင်ဖြိုးက မဖြုံပဲ သူ့အဖြေအား သူပြန်သဘောကျကာ တဟီးဟီး ရယ်နေေ လ၏။ ချစ်ကိုလည်း ပါးစပ်မစေ့နိုင်တော့။ မေးသော ကိုတူးလည်း ပြုံးစေ့စေ့ဖြစ်လာရင်း...
          
“လာသေးတယ် ပိုင်ဖြိုးရာ။ မင်းကများ ရာမဇာတ်တော်ထဲမှာ အသားဝင်ယူချင်နေရသေးတယ်လို့။ တကယ်တော့ ငါစဉ်းစား မိတာက ဒီလိုကွ”
         
ကိုတူးစကားကြောင့် ကျန်နှစ်ယောက်၏ခေါင်းများက ရှေ့သို့ တိုးလာကြသည်။ မျက်နှာအသီးသီးပေါ်တွင်လည်း စိတ်ဝင်စားဟန် များက အထင်းသား။ ပြောမယ့်သာ ပြောရသည်။ သူတို့တစ်အုပ်စုလုံးတွင် ကိုတူးက တကယ့်ကို စာဂျပိုးမို့ ဘာမဆို တီးမိခေါက် မိ အတော်ရှိတတ်သူဖြစ်၏။
         
“ဒီလိုလေကွာ၊ ဒဿဂီရိမှာ ခေါင်းဆယ်လုံးရှိတယ်မှတ်လား။ အေး၊ အဲ့ဒီတော့ မျက်နှာဆယ်ခု၊ မျက်စိလည်း ဆယ်စုံရှိမှာပေါ့ကွာ။ မင်းတို့ပဲ စဉ်းစားကြည့်လေကွာ၊ လူတစ်ယောက်ရဲ့ မျက်လုံးတစ်စုံနဲ့ မျက်စိဒေါက် ထောက်ကြည့်တာကိုတောင်မှ ခံရတာမ သက်သာတာ။ မျက်စိဆယ်စုံနဲ့ တစ်ယောက်တည်းကနေ ဒေါက်ထောက် ကြည့်တာကို နေ့စဉ်နဲ့အမျှခံရမယ်ဆိုရင် သေရောေ ပါ့ကွာ...
          
အဲ့ဒီတော့ မယ်သီတာ့ခမြာ စဉ်းစားရတော့မှာပေါ့။ အံမာလေး ဒီ ဒဿဂီရိသာ မျက်စိဒေါက်ထောက်ကြည့်တတ်တဲ့ အကျင့်ရှိရင် ငါတော့မလွယ်ဘူး။ တကယ်လို့များ သူနဲ့သာ အကြောင်းပါခဲ့ပြီးလို့ရှိရင် အဲ့ဒီမျက်စိဒေါက် ထောက်ကြည့်တတ်တဲ့ အကျင့်ကြောင့် ငါ့မှာသေရချည်ရဲ့။ ၀မ်းဆက်ချုပ် ချုပ်ပြန်ပြီ၊ စကပ်ဝတ် ၀တ်ပြန်ပြီ၊ ဂျင်း ဘောင်ဘီဝတ် ၀တ်ပြန်ပြီ၊ ဆံပင်ဖြောင့် ဖြောင့်ပြ န်ပြီ၊ ကောက်ရင်လည်း ကောက်ပြန်ပြီ၊ မျက်ခုံးမွှေးဆွဲ ဆွဲပြန်ပြီ၊ မျက်နှာပေါင်းတင်ရင် တင်ပြန်ပြီ၊ နှုတ်ခမ်းနီဆိုး ဆိုးပြန်ပြီနဲ့ ငါတော့ မိန်းကလေးအဖြစ်ကနေ ရှုံးရချည်ရဲ့ဆိုပြီး မ ချစ်နိုင်ပါဘူးရယ်လို့ တူးတူးခါးခါးငြင်းခဲ့တာပဲ ဖြစ်ရမယ်”
          
ကိုတူး၏ ရှည်ရှည်လျှားလျှား အဖြေစကားအဆုံးတွင် အဟုတ်မှတ်ပြီးနားထောင်နေခဲ့မိသော ချစ်ကိုနှင့် ပိုင်ဖြိုးတို့က အာထိလျှာ ထိပင် ၀ိုင်းဆဲလိုက်ကြလေတော့သည်။ ပြီးတော့ အားလုံးပြိုင်တူရယ်လိုက်မိကြသည်မှာ တော်တော်နှင့်မရပ်နိုင်ခဲ့ကြ။
          
လူငယ်သဘာဝ လူငယ်တို့ရဲ့ညနေခင်းလေးက အပြစ်ကင်းလွန်းလှ၏။ သူတို့ပတ်ဝန်းကျင်မှ  ကောင်းကင်တွင် နေ့အလင်းေ ရာင်မရှိတော့။ ညနေညိုညိုသည် အတော့်ကို အိုမင်းစ,ပြုလာခဲ့လေပြီ။ သို့သော် လက်ဖက်ရည်ဆိုင်လေးကမူ အခုမှ ပိုမိုနုပျို လန်းဆန်းလာခဲ့ရသလိုပင်။                 
~~~@~~~
          
ကတ္တရာလမ်းမအနက်ရောင်သည် ညဦးကာလ၏အမှောင်ရိပ်ကြောင့် ပိုမည်းမှောင်နေခဲ့သည် ထင်ရ၏။ သို့သော် လမ်းမီးတိုင် များဆီမှ အလင်းစက်များ ယိုစိမ့်နေသောနေရာများတွင်မူ ကတ္တရာလမ်းမ၏ မျက်နှာပြင်ကို ရှင်းလင်းစွာမြင်တွေ့နေကြရသည်။ လမ်းဘေးမှ ပင်အို၊ ပင်ပျိုတို့ကတော့ ခေါင်းငိုက်စိုက်ချလျှက် အိပ်စက်အနား ယူနေနှင့်ခဲ့ကြပြီ။
          
“မြန်မြန်လျှောက်ကြပါကွ... မင်းတို့ကလဲ”
        
ပိုင်ဖြိုး၏လောဆော်သံက ကတ္တရာလမ်းမလေးထက်တွင် စိတ်မရှည်ဟန်အတိုင်းသားဖြင့် ပေါ်ထွက်လာ၏။
          
“ဟေ့ကောင်၊ ယောက္ခမသေခါနီးမှာအမွေရဖို့ အသက်မှီအောင် သွားနေရတာမဟုတ်ဘူး၊ ခုသွားနေတာ အခွေငှားဖို့ အခွေဆိုင် ကို။ အေးဆေးပေါ့”
          
ကတ္တရာလမ်းပေါ်တွင် ဖိနပ်ကိုလျှပ်တိုက်ကာလျှောက်ရင်း ကိုတူးက စိတ်မရှည်သံနှင့် ပြော၏။ ချစ်ကိုကလည်း ‘အေးလေ’... ဟု သံယောင်လိုက်သည်။ ကိုတူးတို့နှစ်ယောက် အတိုင်အဖောက်ညီစွာဖြင့် ပိုင်ဖြိုးအား ကန့် လန့်တိုက်ကာ ပြန်ပြောလိုက်ခြင်းမှာ အခြားအကြောင်းကြောင့် မဟုတ်။
         
ညတိုင်းသူတို့အုပ်စု အခွေငှားကြည့်နေကျ ဗီဒီယိုအခွေငှားဆိုင်လေးမှ အလုပ်ဝင်တာ သိပ်မကြာသေး သော စာရေးမအသ စ်လေးတစ်ယောက်အား ခုတစ်လော ပိုင်ဖြိုးအဖြစ်သည်းနေပြန်သောကြောင့်ပင် ဖြစ်ပါသည်။ ထိုကောင်မလေးကလည်း ပိုင်ဖြိုး မျက်စိကျမည်ဆို ကျချင်စရာလေးဖြစ်၏။ အသားလေးက ညိုစိမ့်စိမ့်၊ နှာတံလုံးလုံး၊ မျက်ဝန်းဝိုင်းဝိုင်းလေးများနှင့်အတူ ဆံပင်ရှည် ရှည်လေးများက အမြဲလိုလို ကပိုကရိုနှင့်။
          
ကိုတူးတို့နှစ်ယောက်စကားကြောင့် ပိုင်ဖြိုးက အမှတ်မရှိသလိုရယ်ရင်း....
          
“မင်းတို့ကလည်းကွာ၊ ဒါဆိုရင်လည်း ငါ့ကို တစ်ချက်လောက်ကြည့်ပေးစမ်းပါဦးကွ။ ငါ့ဒီဇိုင်းက လန်းရဲ့ လားလို့။ စောနတုန်းက လက်ဖက်ရည်ဆိုင်ကအပြန် ခွေဆိုင်သွားဖို့ စိတ်လောနေတာနဲ့ အိမ်မှာ သေချာမသ,ခဲ့ ရဘူးကွ”
“မင်းဘယ်လောက်ပြင်ပြင် မင်းရုပ်က ဒီပုံပါပဲကွာ။ ဘာမှမထူးပါဘူး ငကြောင်ရဲ့”
         
သေချာတောင်မကြည့်ပဲနှင့် ကိုတူးကပင် အမြင်ကတ်သလို ပက်ခ,နဲပြောလိုက်ပြန်၏။ ပိုင်ဖြိုးမျက်နှာရှုံ့မဲ့သွားရင်း ချစ်ကိုအား စစ်ကူတောင်းသလို လှည့်ကြည့်မိတော့ ချစ်ကိုက ပြုံးစေ့စေ့လုပ်ရင်းပြောသည်။
         
“ဒီကောင်က ငကြောင်မဟုတ်ပါဘူးကွာ။ ညနေတုန်းက လဖက်ရည်ဆိုင်မှာငါပြောခဲ့သလိုမျိုး ‘မချစ်ရင် မနေနိုင်တာကလွဲလို့’ ဆို တဲ့ ကောင်မျိုးလေ”
         
ပြိုင်တူ ရယ်မိကြပြန်၏။ ညဦးပိုင်းပင်ရှိသေးသော်လည်း တိတ်ဆိတ်နေသော ကတ္တရာလမ်းလေးထက်တွင် သူတို့ခြေသံများနှင့် အတူ ရယ်သံများက အရောရောအနှောနှောဖြစ်ကာ လေထုထဲတွင်ပျံ့နှံ့သွားခဲ့သည်။ ပြောရမည်ဆိုလျှင် သူတို့သုံးယောက်က တစ်ယောက်နှင့်တစ်ယောက် ပြောမနာဆိုမနာ သူငယ်ချင်းများဖြစ်ကြပါသည်။ 

ထို့ကြောင့်လည်း ပါးစပ်က ဘယ်လောက်ပြော ပြော ကိုတူးတို့နှစ်ယောက်က ညနေ လက်ဖက်ရည်ဆိုင်မှ အိမ်ခဏပြန်၊ ရေချိုး၊ အ၀တ်အစားလဲပြီး ပိုင်ဖြိုးေ ကြာင်ချင်သော ကောင်မလေးရှိရာ ဗီဒီယိုခွေငှားဆိုင်သို့ အဖေါ် လိုက်ပေးခဲ့ကြခြင်းသာပင်။
          
သူတို့လျှောက်နေခဲ့သော လမ်းသွယ်လေးမှထွက်ပြီး လမ်းမကြီးပေါ်ကိုရောက်ခဲ့ကြတော့ ပတ်ဝန်းကျင်က တစ်ခြားစီလိုဖြစ်သွား ၏။ လမ်းသွယ်လေးထဲတွင် တိတ်ဆိတ် ငြိမ်သက်နေခဲ့သလောက် လမ်းမကြီးပေါ်တွင်တော့ အရာရာက စည်ကားစွာ၊ ဆူညံ စွာဖြင့် အသက်ဝင် လှုပ်ရှားနေခဲ့ပြန်လေသည်။
          
ဘာအမိုးအကာမှမရှိပဲ သစ်ပင်တစ်ပင်ကိုသာ နေရာအဖြစ်သတ်မှတ်ထားသော ဘတ်(စ်) ကားမှတ်တိုင် တစ်ခုကိုလွန်ခဲ့တော့ သူတို့ဦးတည်ရာဖြစ်သည့် ဗီဒီယိုအခွေငှားဆိုင်လေးရှေ့ကို ရောက်လာခဲ့ကြ၏။
          
ညရှစ်နာရီဝန်းကျင်မို့ ခွေဆိုင်လေး၏ရှေ့တွင် အတော့်ကို လူစည်ကားနေခဲ့လေသည်။ တချို့က ဆိုင်အ ရှေ့မျက်နှာစာတွင် ချိတ်ဆွဲထား၊ ကပ်ထားသော ပိုစတာများကို တစ်မေ့တစ်မောဖြင့် မော့ကြည့်နေကြ၏။ တချို့ က လူရှုပ်နေသောကောင်တာဆီမှ အယ်လ်ဘမ်စာအုပ်များကို အပြင်သို့ယူလာကြပြီး တဖျပ်ဖျပ်လှန်လှောရင်း ကောင်းနိုးရာရာအခွေကိုငှားဖို့ အချင်းချင်းတိုင်ပင် ကြ၊ ရွေးနေကြလေပြန်သည်။ တချို့က ကောင်တာတွင် အခွေ ပြန်အပ်နေခဲ့ကြသလို တချို့ကလည်း အခွေငှားရန် စာရင်းမှတ် သည်ကို စောင့်နေကြပြန်လေ၏။ တချို့ကတော့ ဆိုင်ကောင်တာတွင်မှီရပ်ရင်း စာရေးမများအား ‘ဒီနေ့ ဘာကားအသစ် ထွက် သလဲ၊ ဘာညာ’ စသဖြင့် မေးမြန်း နေခဲ့ကြသည်။
         
ကောင်တာရှေ့တွင် လူအတော်များနေတာမို့ အပြင်မှလှမ်းကြည့်လျှင်ပင် ကောင်တာမှ စာရေးမများကို မ မြင်ရနိုင်ပါ။ အတင်း တိုးဝှေ့ပြီး ၀င်သွားရမှာလည်း အားနာစရာမို့ သူတို့အားလုံး ဆိုင်ရှေ့မှာပင် အရင်ဆုံးခဏ ရပ် နေလိုက်ကြ၏။ ရှေ့တွင်ရှိနေသော လူအုပ်ကိုကျော်ပြီး ခြေဖျားထောက်ကာ ကောင်တာဆီသို့လှမ်းမျှော်ကြည့် ရင်း ပိုင်ဖြိုးကပြောသည်။
         
“သူကလေးနဲ့ တွေ့ရတော့မှာမို့ ရင်တွေခုန်တာတောင် ပိုမြန်လာသလိုပဲကွာ။ လာ... နားထောင်ကြည့်စမ်း ချစ်ကို”
          
ပြောပြောဆိုဆိုဖြင့် ပိုင်ဖြိုးက ချစ်ကို၏ခေါင်းအား အတင်းဆွဲကာ သူ့ရင်ဘတ်နားကပ်စေပြီး အတင်းနား ထောင်ခိုင်းလိုက်၏။ အငိုက်မိသွားတာမို့ ချစ်ကိုခမြာ နားထောင်လိုက်ရသလို ဖြစ်သွားရသည်။ နောက် ရှုံ့မဲ့ကာ..
         
“အေးကွ၊ ဒီကောင့်ရင်ဘတ်ထဲမှာ ရင်ခုန်နေတာ ဒိန်းတပ်တပ်၊ ဒိန်းတပ်တပ်နဲ့။ ကုလားမသာ ချလာသ လိုပဲ”
         
အရယ်တစ်ဝက်နှင့် ပြောလိုက်သော ချစ်ကိုစကားကြောင့် ကိုတူးက ပိုင်ဖြိုးအား လှောင်ရယ်ရယ်၏။ ပိုင်ဖြိုးက နှစ်ယောက်လုံး ကို ဂြိုလ်ကြည့်ကြည့်ကာ ခပ်ကြိတ်ကြိတ် လှမ်းဆဲလိုက်ရင်း...
          
“မင်းဘိုးအေကြီး ကုလားမသာချသလိုပဲလားကွ။ ကဗျာမဆန်လိုက်တာများကွာ။ မသိရင်မှတ်ထား အဲ့ဒါ ကို ‘အချစ်နတ်ဘုရားရဲ့ ဖမ်းစားမှုကြောင့်ဖြစ်ပေါ်လာတဲ့ စည်းချက်မမှန် ရင်ခုန်သံမြန်မြန်’ လို့ ခေါ်တယ်ကွ”
        
“လုပ်ပြီ လုပ်ပြီ လုပ်ပြန်ပြီ။ ခွေးပါးစပ်က နတ်စပီကင် ထွက်ပြန်ပြီ”
          
ကိုတူးက နားကြားပြင်းကပ်သလို  ၀င်ဆော်ပြန်လေတော့ ပိုင်ဖြိုးတို့နှစ်ယောက် ထပ်ရယ်မိကြပြန်တော့သည်။ လူအများကြီး ကြားမှာမို့ အကျယ်ကြီး မရယ်မိကြသော်လည်း ဘေးနားမှလူတချို့က သူတို့လေးယောက်ကို အကဲခတ်သလို လှည့်ကြည့်လာ ကြ၏။ ထို့ကြောင့် အားလုံး မျက်နှာပိုးသတ်လိုက်ကြရသည်။ ထိုစဉ် ညကြီးမင်းကြီး တစ်ကိုယ်လုံး အပျံစား ၀တ်စားပြင်ဆင်ထား ကာ၊ ရေမွှေးနံ့ တထောင်းထောင်းထနေသော လူငယ်တစ်ဦးက သူတို့ရှေ့မှဖြတ်ပြီး ကောင်တာဆီသို့ လူများအားရှောင်ရှားရင်း တိုးဝင်သွားတာကို တွေ့လိုက်ကြရသည်။ နောက် ကောင်တာနား မရောက်သေးခင်လှမ်းပြီး ‘အစ်မ၊ ဒီနေ့ ‘နေတိုး’ကားအသစ် ထွက်သေးလား’ဟု မေးလိုက်သံကိုပါ ကြားလိုက်ကြရပြန်၏။
          
“အဲ့ဒါ ဟိုဘက်ရပ်ကွက်ကကောင်လေကွာ။ သူ့ကိုယ်သူ နေတိုးနဲ့တူတယ်ဆိုပြီး မာန်တက်နေတာ”
          
သတင်းစုံသိသော ချစ်ကိုက အသံခပ်အုပ်အုပ်ဖြင့် အားလုံးကြားအောင်ပြောလိုက်သည်။ ပိုင်ဖြိုးက...
          
“အေး၊ ငါလည်း ကြားတော့ ကြားဖူးတယ်။ ဒါပေမယ့်  ခုမှမြင်ဖူးတာကွ”
“အလကားပါကွာ၊ ဒီအဆင်နဲ့ ဟိုအဆင် တူကိုမတူတာ အသိသာကြီးပါ။ ဒါပေမယ့် သူတို့ရပ်ကွက်ထဲက ကောင်မလေးတွေက ၀ိုင်းပင့်တာနဲ့  ဘလိုင်းကြီးမာန်တက်ပြီး နေတိုးကားတွေဆို ထွက်သမျှမလွတ်တမ်းကြည့်၊ နေတိုးဝတ်သလို ဒီဇိုင်းတွေ လိုက်တု ပြီးဝတ်၊ နေတိုးပြောပုံဆိုပုံတွေကို အတုခိုးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတော့တာပဲ လေ၊ ကြည့်ပါလား။ နောက်ပြီး ငါထပ်ကြားမိသေး တာကတော့ သူ့နာမည်အရင်း ‘မောင်မြင့်သောင်း’ ကနေပြီး တော့ ‘နေတိုး’ နဲ့ ပိုဆင်သွားအောင် ‘လတိုး’... လို့ပြောင်းပစ်ဦးမယ် ဆိုပဲကွ”
         
မျက်မှောင်တကုပ်ကုပ်နှင့် အသံကိုခပ်တိုးတိုးလုပ်ကာ ဖောက်သည်ချနေသော ချစ်ကို၏စကားအဆုံးတွင် ကျန်နှစ်ယောက် ပါး စပ်အဟောင်းသားဖြစ်သွားရသည်။ ချက်ခြင်း ကိုတူးက ခေါင်းတယမ်းယမ်းလုပ်ရင်း ပြော၏။
         
“ဒီကောင့်အကျင့်ကလည်း တစ်မျိုးပါလား။ ဒါပေမယ့် နေတိုးကိုအားကျလို့ နေလိုပဲအလင်းပေးတဲ့ ‘လ’ဆို တာကိုယူပြီး ‘လတိုး’ လို့မှည့်ရင်တော့ လ,တိုးဆိုတာ ကြာတတ်တယ်လေ။ တစ်လမှ တစ်ခါအတိုးရတာကိုး။ အေး ငွေမြှုပ်နိုင်လို့ ကြာကြာစောင့်နိုင် ရင်တော့ ‘နှစ်တိုး’ လို့သာမှည့်ခိုင်းလိုက်ကွာ။ အဲ...ဒီ့ထက်ပိုမြန်ချင်ရင်တော့ ‘နေ့ ပြန်တိုး’ဆိုတဲ့ နာမည်က အကောင်းဆုံးပဲ”
         
ပေါက်ပေါက်ရှာရှာတွေးကာ ကြံကြံဖန်ဖန်ပြောလိုက်သော ကိုတူးစကားကြောင့် ကျန်နှစ်ယောက်ခမြာ လူကြားထဲတွင်ဟန်မေ ဆာင်နိုင်ကြတော့ပေ။ သို့သော် ထိန်းသည့်အနေဖြင့် ပါးစပ်ကိုလက်ဖြင့်အုပ်ကာ အားရပါးရ တခွိခွိရယ်မိကြလေတော့သည်။ ကိုတူးကလည်း သူ့စကားကိုသူပြန်သဘောကျစွာဖြင့် ရယ်ပြန်လေ၏။
        
အားရအောင်ရယ်ပြီးနောက် သုံးယောက်သား ကောင်တာရှိရာဆီသို့ တိုးတိုးဝှေ့ဝှေ့ ၀င်သွားလိုက်ကြသည်။ ထိုအခိုက် ခုန က နေတိုးကိုယ်ပွား မောင်မြင့်သောင်းက သူတို့အနားမှဖြတ်ကာ အပြင်သို့ ပြန်ထွက်လာ၏။ လူချင်းခဏတာ နီးကပ်သွား ရသော ချစ်ကိုက အသံခပ်အုပ်အုပ်ဖြင့် တိုးတိုးပြောသည်။
         
“မွှေးလိုက်တာကွာ၊ နတ်ကတော်ကျနေတာပဲ”
“အေးလေ၊ မွှေးလွန်းတော့ နံဆိုသလို ဒီကောင့်ကိုယ်က ကြောင်သေးနံ့တောင် ပါနေသလိုပဲ”
          
ကိုတူးက မဲ့ရွဲ့ကာ ချစ်ကိုစကားကို ထောက်ခံသော်လည်း ပိုင်ဖြိုးကတော့ မထောက်ခံ။ အခြားကြောင့် တော့ဖြင့် မဟုတ်၊ ကောင် တာတွင် ကိုယ်စီအလုပ်ရှုပ်နေကြသော စာရေးမလေးများကြားထဲမှာ သူ့ကောင်မလေးအား မတွေ့ရတာမို့ ဂဏှာမငြိမ်သော မျက် လုံးများဖြင့် အသည်းအသန် လိုက်ရှာနေရတာမို့ပင် ဖြစ်၏။ ခါတိုင်း ခွေဆိုင်လာတိုင်း မသိမသာဖြင့် မျက်လုံးချင်းဆုံ၊ ရင်ခုန်နေ ကျမို့ ဒီနေ့မတွေ့ရတော့ ပိုင်ဖြိုး၏ရင်ထဲမှာ ဟာတာတာ ဖြင့်။
          
ထို့ကြောင့် ကောင်တာပေါ်မှ အခွေအယ်လ်ဘမ်တစ်အုပ်အား ဆွဲယူကာ စိတ်မပါလက်မပါ လှန်ကြည့်ရင်း ပိုင်ဖြိုးက ခပ်တိုး တိုး ပြော၏။
        
“သူလေး ဘယ်ရောက်နေလဲမသိဘူး”
“မေးကြည့်လိုက်ပါလားကွ”
          
အနားမှ ချစ်ကိုက တိုက်တွန်းသလို ပြောသည်။ ကိုတူးကလည်း ခေါင်းငြိမ့် ထောက်ခံ၏။
“ငါ... မမေးရဲဘူးကွ”
“မမေးရဲရင်လဲ နေပေါ့ကွာ။ ငါတို့က အနေသာကြီး”
         
တွေသမျှမိန်းကလေးတိုင်းအား ကြောင်ချင်သလောက် ကြောက်တတ်သော ပိုင်ဖြိုးကို အမြင်ကတ်သလို မျက်စောင်းခဲကြည့်ရင်း ကိုတူးက ခပ်တိုးတိုး ပြောလိုက်သည်။ ချစ်ကိုကတော့ ပိုင်ဖြိုးအား စာနာသလိုကြည့်ရင်း
         
“ငါမေးပေးပါ့မယ်ကွာ”
“၀မ်းသာလိုက်တာကွာ၊ ခွေဆိုင်ကပြန်ရင် မင်းကို ငါလက်ဖက်ရည်တိုက်မယ် ချစ်ကို။ ပြီးတော့ ဒီနေ့မင်း အခွေတွေ ကြိုက်သေ လာက်ငှား။ အားလုံး ငါပေးမယ်”
          
ပိုင်ဖြိုးက အားတက်သရော လေသံဖြင့်ပြော၏။ ထို့ကြောင့် ချစ်ကိုက ကယ်တင်ရှင်ကြီးဒီဇိုင်းဖမ်းလျှက် ခေါင်းကိုမော့၊ ရင်ကိုေ ကာ့ကာ ကောင်တာမှ မျက်မှန်းတန်းမိနေပြီဖြစ်သော အသက်ခပ်ကြီးကြီး စာရေးမ အစ်မ ကြီးတစ်ယောက်ကို မေးလိုက်၏။
         
 “အစ်မ...ဟိုလေ”
“ဘာကားလဲ မောင်လေး”
“ဟိုကောင်မလေး ဘယ်မှာလဲ”
“အဲ့ဒီကားက မထွက်သေးဘူးမောင်လေးရဲ့၊ ဘာလဲ... မဂ္ဂဇင်းတွေထဲမှာ ကြော်ငြာထားတဲ့ ကားသစ်လား။ ဘယ်သူတွေပါလဲ၊ အစ်မတို့တောင် မသိသေးဘူး”
          
ချစ်ကိုက ခေါင်းကို ကုပ်ရင်း...
         
“ဟာ.. ရှုပ်ကုန်ပြီ။ ကျွန်တော်ပြောတာ ဗီဒီရိုကားနာမည် မဟုတ်ဘူးအစ်မရဲ့။ ဒီဆိုင်က အစ်မတို့နဲ့အတူတူ အလုပ်လုပ်နေတဲ့ အသားညိုညို၊ ဆံပင်ရှည်ရှည်နဲ့ ကောင်မလေး ဒီနေ့အလုပ်မဆင်းဘူးလားလို့မေးတာ၊ မနေ့က တောင် တွေ့သေးတယ်လေ”
          
ပိုင်ဖြိုးနှင့် ကိုတူးတို့ကလည်း ချစ်ကိုစကားအား ၀ိုင်းထောက်ခံစွာဖြင့် အလုအယက် ၀င်ပြီး ခေါင်းငြိမ့်ပြကြ ၏။ ထိုအခါ အစ်မကြီး က မျက်နှာကို မဲ့ရှုံ့၊ ဆေးဆိုးထားသော နှုတ်ခမ်းကိုတွန့်လိမ်ကာ အသံကျယ်ကြီးဖြင့်...
         
“အော်... မေသစ္စာကို ပြောတာလား။ အဲ့ဒီကောင်မလေးကို ဆိုင်က ပိုက်ဆံတွေခိုးလို့ ဆိုင်ရှင်က အလုပ် ဖြုတ်ပစ်လိုက်ပြီဟဲ့။ ငါတို့ဆိုင်မှာ ပိုက်ဆံတွေ ပျောက်ပျောက်နေတာ၊ စာရင်းတွေ ခဏခဏကွာနေတာ တစ်လ လောက်ရှိပြီလေ။ ငါတို့လည်း အရ င်တုန်းက မသိတော့ စိတ်ညစ်ရတာ အရမ်းပဲ။ ဆိုင်ရှင်ကလည်းကြိမ်း၊ ပြီးတော့ တို့အချင်းချင်းလည်း သူလိုလို ငါလိုလိုနဲ့မို့လို့။ မနေ့ကတော့ သူခိုးနေတုန်း ဆိုင်ရှင်နဲ့ ပက်ပင်းကိုမိတော့တာ။ ခုမှ ပဲ အလုပ်ကို စိတ်အေးအေး လုပ်ရတော့တယ်။ သူ့ကြည့် လိုက်ရင်တော့ ရုပ်ကလေးက ရိုးပုံရိုးလက်နဲ့ရယ်။ ဆိုင်ရှင်က ခုမှစုံစမ်းကြည့်တော့ သူတို့က ဆင်းတောင့်ဆင်းရဲထဲကလည်း မဟုတ်ပဲနဲ့ သူကိုက အဲ့ဒီလို လက်ဆော့ တတ်တဲ့ အကျင့်ရှိတာတဲ့လေ။ တကတည်း လူတွေများခက်တယ်”...

~~~@~~~
       
ပြန်လမ်းတွင် ပိုင်ဖြိုးတစ်ယောက် စကားမပြောနိုင်တော့ရှာ။ ကြက်ကြီးလည်လိမ်ထားသလို ဖြစ်နေတာမို့ ကိုတူးက အရင်လို ချိုးချိုးဖဲ့ဖဲ့ မပြောတော့ပဲ စာနာစွာဖြင့်...
          
“ဒီလိုပါပဲ ပိုင်ဖြိုးရာ။ လူတိုင်းမှာ အကျင့်တစ်မျိုးစီ ရှိကြတာပဲမဟုတ်လား။ သူလည်း သူ့အတိတ်ကံရဲ့ အ ကြောင်းကြောင့် ခုလို အကျင့်ပါပြီး လက်ဆော့တတ်တာ နေမှာပါကွာ”
“အေးပါကွာ၊ ငါလက်ခံပါတယ်”
“ဘာကို လက်ခံတာလဲကွ၊ သူ့အပြစ်ဆိုးတွေကို လက်ခံပြီး ၀ိုင်းစုခိုင်သိန်းသီချင်းထဲကလို အပြစ်မမြင်ပါဘူး၊ ချစ်ချင်တာပဲ သိတဲ့ေ နာက်... ဆိုတဲ့ ဇာတ်လမ်းမျိုးလေး ဆက်ဦးမလို့လား”
          
ချစ်ကိုက ပိုင်ဖြိုးစိတ်ပြေလက်ပျောက်ဖြစ်သွားစေရန် အရယ်တစ်ဝက်ဖြင့် မေးလိုက်၏။ ပိုင်ဖြိုးက စပ်ဖြဲဖြဲ ပြန်ဖြစ်လာရင်း ပခုံး ကိုတွန့်ကာ...
          
“အဲ့ဒါမျိုးတော့ ကြောက်ပါတယ်ကွာ၊ လူတစ်ယောက်မှ အရေးကြီးဆုံးက စာရိတ္တပဲမဟုတ်လား။ ပြီးတော့ ငါကလည်း သူ့ကို ဒီလောက်ကြီးစွဲလန်းနေတာလဲ မဟုတ်ပါဘူး။ ငါ့အကျင့်အတိုင်း”...
        
“မင်းလည်း အဲ့ဒီအကျင့်ကိုဖျောက် ပိုင်ဖြိုး။ တွေ့ကရာမိန်းကလေးတွေကို သဘောကျတတ်တာမျိုးဟာလည်း ယောက်ျားေ ကာင်းတွေ ရှောင်ကျဉ်သင့်တဲ့ အကျင့်ဆိုးပဲကွ”
          
ကိုတူးက လေးလေးနက်နက်ပြော၏။ ပိုင်ဖြိုးက ခေါင်းမငြိမ့်သလို ခေါင်းလည်း မခါ။ အကြာကြီးစွဲနေခဲ့လေ သော သူ့အကျင့်ကို အပြီးအပိုင် ဖျောက်ဖျက်ပစ်ဖို့ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားနေခဲ့ရတာမို့ပင်။ ချစ်ကိုက ၀င်ပြော၏။
         
“ဟုတ်တယ်ကွ ပိုင်ဖြိုးရ၊ မင်းအကျင့်ကိုဖျောက်။ ကိုတူးဆိုကြည့်ပါလား၊ တွေ့ရာမိန်းကလေးတွေသဘော မကျဘူး။ သစ္စာရှိလိုက် တာမှ တစ်ယောက်ဆိုတစ်ယောက်၊ ပိတောက်ဆို ပိတောက်၊ အခြောက်ဆို အခြောက်ပဲ”
          
ဒီတစ်ခါတော့ ကိုတူးမျက်နှာမှာ ရှုံ့မဲ့သွားရလေတော့သည်။ သူတို့လမ်းထိပ်အလှပြင်ဆိုင်မှ သူ့အားတွေ့တာနှင့် “မောင်ရေ”ဟု သံရှည်ဆွဲကာ ခေါ်ပြီး စ,တတ်လေသော အလှဖန်တီးရှင် ခင်ရတနာမို့မို့တင်၏ ဆေးရောင် စုံမျက်နှာကြီးကိုလည်း တစ်ဆက် တည်းလိုလို မြင်ယောင်လာမိ၏။ ကြည့်စမ်း၊ သူ့မှာဖြင့် စဉ်းစားတတ်လွန်းသော အကျင့်ကြီးကြောင့် ခုထိရည်းစားဆိုလို့ ဟုတ်တိ ပတ်တိ မထားဖြစ်သေးရသည့်အထဲ ဘုန်းကညာတစ်ပါး လုံးရာ ကပြားသူနှင့် စွပ်စွဲခံလိုက်ရလေခြင်း။ ထို့ကြောင့် ပါးစပ်မှ အမျိုး စုံ၊ ကြိုးခုန်ကာဆဲရင်း ချစ်ကိုအား ခြေထောက်ဖြင့် လိုက်ကန်လေတော့သည်။
          
ချစ်ကိုက ရယ်ရင်း ပိုင်ဖြိုးကို အလယ်မှာထား၍ ကိုတူးအား ပတ်ရှောင်ပြေးသည်။ ပိုင်ဖြိုးကလည်း ကြားထဲမှနေ သူ့ကို လာထိမှာ စိုးပြီး လက်ကာ၊ ခြေကာဖြင့်။ ပါးစပ်ကတော့ တစ်ချိန်လုံးဆရာကြီးလုပ်ချင်သော ကိုတူး အား ရယ်ချင်စွာဖြင့် တဟိဟိ။ စောစော က ခွေဆိုင်မှကောင်မလေးကြောင့် ငုပ်သွားသော ဖီးလ်တွေပင် ဘယ်ဆီ ရောက်သွားမှန်း မသိနိုင်တော့။
         
မိုးချုပ်ခဲ့ပြီဖြစ်သော ညဦးပိုင်းကောင်းကင်တစ်ခုအောက်မှ အနက်ရောင် ကတ္တရာလမ်းမထက်တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေ ခဲ့ကြသော သူတို့သူငယ်ချင်းသုံးဦး၏ရယ်သံများက လွင့်ပျံနေခဲ့ကြလေတော့သည်။      

------------------------------------------------------- 
ချစ်ခြင်းအားဖြင့်......
~ဏီလင်းညို~
(လိပ်ပြာရောင်စုံ)
 ၂၈၊ ဧပြီ၊ ၂၀၁၃။

Friday, March 14, 2014

တစ်ဖက်သတ်...




ရာသီဥတုကလည်းဟယ်၊ အခုတစ်လော ဘယ်လိုများဖြစ်နေတာလည်းမသိပါဘူး။ မိုးတွင်းသာဆိုရတယ်။ နေကဖြင့် နေ့ တိုင်းနေ့တိုင်း ပြဲလန်အောင်ပူနေတာ ဘယ်နှစ်ရက်လောက်တောင်မှ ရှိနေပြီလဲ။ မိုးက တစ်စက်ဆို တစ်စက်လေးမှတောင် မရွာဘူး။ အဲ့ဒီတော့ ရန်ကုန်မြို့ကြီးဆိုတာ တစ်မြို့လုံးနီးပါး အုန်းအုန်းကျွတ်ကျွတ် နဲ့ ပူလွန်းအားကြီးလွန်းလို့ တစ်ခါတစ်ခါဆို ဒီက သေချင်စိတ်တောင် ပေါက်မိတယ်... အဟုတ်။

အခုလိုမျိုး ညနေစောင်းတဲ့အချိန်မှာ ထိုးတဲ့နေရောင်များဆို သာတောင်ဆိုးသေးတယ်။ လည်ဂုတ်နေရာကို တည့်တည့်များသာ အထိုးခံလိုက်ရရင်တော့ ပူဆင်းသွားတတ်တာ တစ်ကိုယ်လုံးပဲ။ အမလေး... တွေးရင်းနဲ့ တောင်မှ စိတ်ထဲပိုပူလာသလိုပဲ။ ကားမှတ်တိုင်ရောက်အောင် မြန်မြန်လေးလျှောက်မှပါ။

အင်း... ရှေ့နားမှာရှိတဲ့ ‘ကုန်သည်ကြီးများဟိုတယ်(လ်)’ နားကဖြတ်ရင်တော့ အဲ့ဒီမှာကာထားတဲ့ မှန်ချပ်တွေထဲမှာ ငါ့မျက်နှာေ လးကို တစ်ချက်လောက်တော့ ပြန်ခိုးကြည့်ဦးမှ။ ကုမ္မဏီမှာ အလုပ်မဆင်းခင် အိမ်သာထဲ ၀င်ပြီး မွမ်းမံ၊ အလှဆင်ထားခဲ့ရတဲ့ ငါ့မျက်နှာလေးတော့ ချွေးတွေ၊ အဆီတွေပျံနေလောက်ပြီထင်ပါရဲ့။

အဲ့... ‘ကုန်သည်ကြီးများဟိုတယ်(လ်)’ ဘေးတော့ရောက်လာပြီ။ ဘေးနားက ဖြတ်သွားဖြတ်လာလူတွေလစ်တုန်း မှန်ထဲခိုးကြည့် ဦးမှ။ ဟင်း... ကာထားတဲ့မှန်တွေက အကြည်တွေဆိုတော့ သိပ်ပြီး သဲသဲကွဲကွဲလည်း မမြင်ရဘူး။ ဒါပေမယ့်လည်း ငါ့ မျက်နှာလေးက သိပ်ပြီးအခြေအနေဆိုးမယ့်ပုံ မရှိလောက်သေးဘူးထင်ပါရဲ့။ ငါက နဂိုကတည်းက ရုပ်ရှိပြီးသားပဲဟာကို။ ကုမ္ပ ဏီမှာဆို ငါ့လောက်တောင်မှ ပုံမလာတဲ့ဟာတွေများ တစ်ပုံကြီးပဲ။ ငါက ရိုးရိုးစာရေးမဆိုပေမယ့် ဟိုဘော့(စ်)ရဲ့ စက္ကထရီမထက် ရုပ်ကအပြတ်အသတ်သာနေတာ ကုမ္ပဏီတစ်ခုလုံးသိပါ့။ အဲ့ဒီ့ကောင်မကလည်း ငါ့ကိုမနာလိုတာများ သူ့မျက်နှာမှာပေါ်နေ တာပဲ။ အံမယ် သူကပဲ ပြောရတယ်ရှိသေးတယ် သိလား...။ ငါ့ကိုများ “ကျီးအာသီးမ”... တဲ့လေ...ဟွန်း။ ဒါပေမယ့်လည်း ငါက ဂရုစိုက်ပါဘူး။ ကိုယ်က စင်ပေါ်ကပဲဟာကိုနော့်။ သူ့ကိုလည်း ငါတို့အုပ်စုက တိတ်တိတ်လေးကျိတ်ပြီး ပြန်ပေးထားတဲ့ နာမည် ၀ှက်ရှိတာကို သူလည်းမသိသေးလို့ပါ။ သူ့ကိုယ်သူ ‘စက္ကထရီမ’ ဆိုပြီး မာန်တက်နေတဲ့ အဲ့ဒီဟာမကို သူ့ကွယ်ရာမှာ “စက်ကတ် ကျည်းမ”လို့ ခေါ်ရတာများ သိပ်အရသာရှိတာသိလား၊ အဟင်း...။

ဟော.. ရှေ့မှာ ‘ဆူးလေမီးပွိုင့်’ တောင်ရောက်တော့မှာပါလား။ ဟယ်..မီးစိမ်းနေတုန်း သူများတွေနဲ့အတူရောပြီး လမ်းမြန်မြ န်ဖြတ်ကူးမှ။ အမလေး.. အရေးအကြောင်းဆို ဒီကုမ္ပဏီကပေးတဲ့ ယူနီဖောင်း ကိုယ်ကျပ်စကပ်အရှည်က ဒုက္ခပေးပြီကြည့်၊ သူ များတွေလို မြန်မြန်လျှောက်လို့ကိုမရဘူး။ ဒါတောင်မှ အနောက်ဘက်က ဒူး ခေါက်ခွက်နေရာနားလောက်မှာ ခွဲကြောင်းထားပေး လို့ တော်သေးတာ။ နို့မို့ အရေးအကြောင်းဆို ဟို.. တရုပ် သရဲကားတွေထဲက သရဲတွေလို ခုန်ဆွ ခုန်ဆွနဲ့ပြေးရမယ့်ကိန်း။ ဒါပေ မယ့်လည်းလေ.. အထက်အောက်နက် ပြာရောင်ဒီလိုစကပ်ရှည်မျိုးနဲ့ အပေါ်ကမိန်းမ၀တ်ကုတ်အင်္ကျီပုံစံယူနီဖောင်းသုံးစုံကို ကုမ္ပ ဏီကထုတ်ပေးထား လို့ တော်သေးတယ်ဆိုရမယ်။ နို့မို့ဆိုရင် အ၀တ်အစားဖိုးနဲ့တင် မွဲရချည်ရဲ့။

အင်း... အ၀တ်အစားဆိုလို့ လကုန်ရင်တော့ ယုဇနပလာဇာဖြစ်ဖြစ် ဒဂုံစင်တာကိုဖြစ်ဖြစ် သွားဦးမှပါ။ ပြီးခဲ့တဲ့ အပတ်တုန်းက Channel 7 မှာလာတဲ့ စလဗျစ်တီပရိုဖိုင်မှာ အဆိုတော် “မိဂန္ဓီ”၀တ်ထားတဲ့ အင်္ကျီလေးက အရမ်းလန်းတာပဲ။ မျက်တောင်အတု ကြီးကလည်း ကော့လို့။ ဟုတ်ပြီ... ဟုတ်ပြီ၊ ဒီလတော့ မျက်တောင်အတုနဲ့ မိဂန္ဓီဝတ်တဲ့ အင်္ကျီမျိုးလေးကိုရှာပြီး ၀ယ်ဖြစ်အောင် ၀ယ်ရမယ်၊ ကြည့်နေ...။ အိမ်ကိုတော့ ကိုယ့်လစာ တွေ မအပ်နိုင်ပါဘူး။ ကိုယ်ရှာတာ ကိုယ်သုံးမှာပဲ။ ဟုတ်တယ်လေ၊ “လူမှာအ၀တ် တောင်းမှာအကွပ်” ဆိုတဲ့ စကားပုံကို ဒီခေတ်ကြီးထဲ ချောင်မှာသွားထိုးထားလို့ ဘယ်ဖြစ်မလဲ။ အင်ပရက်ရှင်ေ ဒါင်းမှာပေါ့၊ မြောင်းထဲ ရောက်သွားမှာပေါ့။

ပြီးတော့ အင်္ကျီအသစ်ဝယ်ပြီးသွားရင်လည်း ငါ့ဗီရိုထဲမှာ သေသေချာချာ သော့ခတ်ပြီး သိမ်းထားဦးမှ။ နို့မို့ဆို အငယ်မကယူပြီး အသုံးတော် ခံနေဦးမယ်။ ပြောလို့ပြောတာမဟုတ်ဘူး၊ အဲ့ဒီ အငယ်မကို ကိုယ့်ရဲ့ တစ်ဦးတည်းသော ညီမဆိုပေမယ့် တစ်စက်ေ လးမှ ကြည့်မရဘူး။ အလကား.. သူ့ကိုယ်သူ စာတော်တယ်ဆိုပြီး အ ဖေနဲ့အမေက ပ,စားပေးထားတိုင်း မဏ္ဍပ်တိုင် တက်ပြချင်နေတဲ့ဟာမ။ ညညဆို မအိပ်ပဲ သူ့ရည်းစားနဲ့ ဖုန်း ခိုးပြောပြောနေတာကို ငါက ပြန်မထောင်ချင်လို့ ကြည့်နေတာ ဒင်းက အကောင်းမှတ်နေသေးတယ်...ဟွန်း။

ဟဲ့...ဟဲ့ အံမလေးနော်၊ ဒီကားတွေကလည်း သူတို့ထွက်ဖို့ မီးအချက်ပြလိုက်တာနဲ့ စွတ်စက်မောင်းတော့တာ ပါပဲလား။ အဲ့ဒါတွေကြောင့်မို့လို့ ကိုယ်ပိုင်ကားစီးနိုင်တဲ့လူတချို့တွေကို ငါသိပ်မုန်းတာ။ ဟုတ်တယ်..သူတို့က ကားပေါ်ရောက်သွားပြီဆိုတာနဲ့ လမ်းပေါ်ကလူတွေကို လူလို့ထင်ချင်ကြတာ မဟုတ်တော့ဘူး။ ခုခေတ်ဆို ပို ဆိုးတာပေါ့။ ကားတစ်စီးကို သိန်းတစ်ရာလောက်နဲ့ ၀ယ်လို့ရနေပြီဆိုတော့ ပိုက်ဆံရှိတွေရော၊ မရှိတရှိတွေ ရော ၀ယ်စီးကြတာ သည်းသည်းလှုပ်မို့ ရန်ကုန်တစ်မြို့လုံး ကားတွေနဲ့ကို ပြည့်ကြပ်နေတော့တာပဲ။ ကုမ္ပဏီ ကို အသွားအပြန်ဆို လမ်းကမီးပွိုင့်တွေမှာ ကားတွေ ခဏခဏပိတ်လို့ အချိန်တွေပုပ်ရတာများ သိပ်မုန်းဖို့ ကောင်းတာပဲ။

သြော်.. ပြောရမယ်ဆိုရင်တော့ ငါကလည်းငါပါပဲလေ။ ကားမှတ်တိုင်ဆီကိုသွားတာ ကားတွေသွားတဲ့ ပလက် ဖောင်း ဘေးနားကကပ်ပြီးတော့ “ပဲ”နည်းနည်းများရင်း လျှောက်နေမိခဲ့တာကိုး၊ ခံရုံပဲရှိတော့တာပေါ့။ အင်း... စိတ်ကသာ ကိုယ့်ကိုယ်ကို ခံရုံပေါ့လို့ ကြိတ်ဖြေနိုင်ပေမယ့် မနက်မနက်ဆို စောစောထ,ထပြီး ဖြောင့်စက်နဲ့ သေသေချာချာ ဆွဲဆန့်ထားခဲ့ရတဲ့ ငါ့ဆံပင်လေးတွေတော့ ကားတွေကနေ လေဟပ်သွားလို့ နည်းနည်းပွ သွားလောက်ပြီ ထင်တယ်။ မသိမသာနဲ့ အသာလေး ပြန်သပ်ပေးဦးမှ၊ နို့မို့ဆို စတိုင်(လ်)ပျက်တယ်။

ဒီဆံပင်ကလည်း နောက်တစ်လလောက်ဆို ပုံပြောင်းဖို့တော့သင့်နေပြီ။ ငါ့မှာတော့လေ.. လွန်ခဲ့တဲ့ လေး၊ ငါး၊ ခြောက်လလောက်တုန်းကဆို နှစ်လလောက်မုန့်အငတ်ခံပြီးစုထားတဲ့ ရှိစုမဲ့စုပိုက်ဆံလေးနဲ့ ဆိုင်မှာသွားပြီး တော့ ဖြောင့်ထားလိုက်ရတာ။ ဟော... အခုကျတော့ ကြည့်ဦး၊ မိန်းကလေးတိုင်းလိုလို သူတို့ရဲ့ဆံပင်တွေကို ပြန်ကောက်ကုန်ကြပြီ။ အဲ့ဒီတော့ ငါလည်းငါ့ဆံပင်တွေကို ကောက်ဖို့ပိုက်ဆံစုဦးမှပါ။ နို့မို့ဆို  ဆံပင်ကောက် ကောက်စတိုင်(လ်)တွေ ပြန်ခေတ်စားလာနေတဲ့ အခုလိုအချိန်မျိုးမှာ သူများလုပ်သလို ကိုယ်ကလိုက် မလုပ် နိုင်ရင် အရမ်းဖီး(လ်)ငုပ်တယ်။ မုန့်အငတ်ခံရတာက ပြဿနာမရှိဘူး။

ဟယ်တော့... ကားမှတ်တိုင်မှာကလည်း လူတွေမနည်းပါလား၊ သေချင်လိုက်တာနော်။ ညည်းနေရုံနဲ့လဲ မပြီး သေးပါဘူး၊ ငါစီးရမယ့် ကားကိုရှာဦးမှပါပဲ။ အဲ့... ဟိုဘက်နား သွားရှာမှ။ ဟယ်... ကြည့်စမ်း ဟိုမှာ အခုလေး တင်ထွက်သွားတာ ငါစီးရမယ့် ဘတ်(စ်)ကားမှတ်လား။ ဒုက္ခပါပဲဟယ်၊ နောက်တစ်စီး စောင့်ရဦးမယ်။

တကယ်လို့ အိမ်အပြန်နောက်ကျရင်တော့ ဒီည ခုနှစ်နာရီမှာလာမယ့် ကိုရီးယားဇာတ်လမ်းတွဲကို လက်လွှတ် ရတော့မှာပဲ။ နေပါဦး..၊ ခုဘယ်နှစ်နာရီ ထိုးပြီလဲ မသိဘူး။ နာရီ ကြည့်ဦးမှပါ။ သြော် ငါးနာရီခွဲပဲ ရှိသေးတယ်။ တော်သေးတာပေါ့။ ဒါဆို မီပါတယ်။ အမလေး.. အဲ့ဒီကားက အရမ်းဂွတ်ဒ်ရှယ်တာ သိလား။ လက်လွှတ်ခံလို့ လုံးဝမဖြစ်ဘူး။ ပြီးတော့ ဒီညလာမယ့်အခန်းကရှယ်ပဲ။ ဇာတ်လမ်းတစ်ခုလုံးရဲ့ အထွဋ်အထိပ်လို့တောင် ပြော လို့ရတယ်။ မနေ့ညက ဇာတ်လမ်းအပြီးမှာပြလိုက်တဲ့ ထွေလာအတိုလေးအတိုင်းဆိုရင် ဒီညလာမယ့် အခန်း တွေမှာ ဟိုမယားငယ်မကို မယားကြီးက သူ့ယောက်ျားနဲ့ ချိန်းတွေ့နေတုန်း ပက်ပင်းမိအောင်ဖမ်းပြီး ပါးရှစ်စိပ် ကွဲအောင် ရိုက်တော့မှာ။ ကောင်းတယ်၊ အဲ့သလိုချမှ အဲ့ဒီအငယ်မ မှတ်မှာ။ ခိုးစရာရှားလို့ သူများယောက်ျား ကိုမှ အမိဖမ်းရသလားနော်။ ကိုရီးယားမတွေများ ရုပ်ကလေးတွေက သနားကမားနဲ့ သူများယောက်ျားခိုးတာ အင်မတန် ၀ါသနာပါပုံရတယ်။ လာလိုက်ရင် ဆယ်ကားမှာ ကိုးကားက သူများတကာယောက်ျားကို ကြာကူ လီရိုက်တဲ့ ကားတွေချည်းပဲ...ဟွန်း။

အင်း... နောက်ကားစောင့်ရမယ့်အတူတူ မထူးတော့ပါဘူး။ မှတ်တိုင်ဟိုဘက်အစွန်းမှာရှိတဲ့ နေရာလေးကနေ ပြီးတော့ပဲ သွားစောင့်နေလိုက်တော့မယ်။ ပြောရမယ်ဆို ဒီနားက လူနည်းနည်း ရှုပ်တယ်။ တော်ကြာကျရင် လူရှုပ်ရှုပ်တွေကြားမှာ ရပ်နေလို့ ငါ့အလှအပတွေကို လူတွေ သတိမထားမိပဲ ဖြစ်နေဦးမယ်။ သွားမှ..သွားမှ။

ဟုတ်ပြီ...၊ ဒီနားလေးက လူနည်းနည်း ရှင်းတယ်။ ဒီနားမှာပဲ ရှိုးစမိုးလေးနဲ့ ရပ်မှ။ ဟယ်...ငါ့ဘေးနားက ဒီ ခေါင်းလျှော်ရည်ကြော်ငြာပိုစတာက လူပြောင်းသွားပြန်ပြီလား။ ပြီးခဲ့တဲ့ လတုန်းက “ခွန်ဆာဝင့်ကျော်”ပုံလေး နဲ့ပါ။ အခုတော့ ကြည့်စမ်း၊ “ယွန်းအီတလီလွင်မိုး” ပုံနဲ့ ဖြစ်သွားပြန်ပြီ။ တော်တော် ပိုက်ဆံပေါတဲ့ ကုမ္ပဏီပဲ ထင်ပါရဲ့ဟယ်။ ကြော်ငြာများ တစ်လတစ်ခါ လူပြောင်းနေတော့တာပဲ။ သူတို့တွေများ ချမ်းသာလိုက်ကြတာ။ ငါတို့ကျတော့လည်း တစ်လမှ ကိုးသောင်းလောက်ပဲရတာကို ဟန်မပျက်လေး သုံးနေရတာ။ ဟွန်း... သိပ်ကို မနာလိုဖြစ်စရာ ကောင်းတယ်။

ဘတ်စ်ကားစောင့်ရင် ဖုန်းခဏဖွင့်ပြီး အွန်လိုင်းတက်ရင် ကောင်းမလား။ ဖေ့စ်ဘွတ်ခ် ခဏ၀င်ကြည့်ရင် အ ပျင်းပြေမယ်နဲ့တူတယ်။ အို... မဖြစ်သေးပါဘူးလေ။ ကားလွတ်သွားဦးမယ်။ ပြီးတော့ ဖုန်းဘေလ်လည်း ကုန် သွားလိမ့်မယ်။ ဒီနေ့တစ်နေ့လုံး ရုံးက ကွန်ပျူတာနဲ့ ခိုးသုံးခဲ့တာပဲ။ တော်ရောပေါ့။

အင်း... တော်ရောပေါ့လို့ စိတ်ဖြေရပေမယ့် အဲ့ဒီဖေ့စ်ဘွတ်ခ်ကို သိပ်စွဲလန်းရတာပဲ။ ငါစွဲလန်းရတာကတော့ တစ်ခြားကြောင့် မဟုတ်ပါဘူး။ ငါ့ရဲ့ အလှအပတွေကို ဓာတ်ပုံလှလှလေးတွေရိုက်ပြီး သူများတွေကို မသိမ သာလေး ကြွားခွင့်ရလို့ပဲ။ အံမယ်... ဓာတ်ပုံတင်တာ ဘာရှက်စရာလိုလဲ။ ကိုယ်က မဟုတ်တရုတ်ဝတ်စားပြီး တင်တာမှ မဟုတ်တာ။ ဒီလိုပဲ သူသူကိုယ်ကိုယ် ဓာတ်ပုံတွေ တင်နေကြတာပဲဥစ္စာ။

ဒါပေမယ့်လည်း တချို့ကောင်မတွေက လွန်လွန်းပါတယ်။ ၀တ်တာစားတာတွေက လန်ပျံထွက်နေကြတာပဲ။ ပြီးတော့ ဓာတ်ပုံတွေကို ဟောတစ်ပုံ၊ ဟောတစ်ပုံ တင်ကြတာ။ နောက်ပြီး တချို့တွေဆို ဘာလေးဝယ်လာ တယ်၊ ညာလေးဝယ်လာတယ်၊ ဘာချက်စားတယ်၊ ညာချက်စားတယ်၊ ဘယ်မှာ သွားစားတယ်၊ စားကြပါဦး လား၊  ဘယ်ကိုသွားတော့မယ်၊ ဘယ်ကိုရောက်တုန်းက၊ နာမည်ကြီးဘယ်သူနဲ့တွေ့ခဲ့တယ်၊ ဘာညာနဲ့တောင် ဓာတ်ပုံတွေတင်ပြီး မသိမသာ ကြွားကြသေးတဲ့ဟာ။ ကြွားချက်က 9လောက်ရှိလို့ တစ်ခါတစ်ခါ ကြည့်ရတာ သိပ်စိတ်မြင်ကတ်တာပဲ။ ဒါပေမယ့်လည်း ငါနဲ့ကသူငယ်ချင်းတွေဆိုတော့ အားနာပါးနာနဲ့Likeလုပ်ပေး၊ ကော် မန့် ရေးပေးရတာပေါ့။ အဲ့ဒီလိုမှ ငါက မလုပ်ပေးရင် ငါတင်တဲ့ပုံတွေကိုလည်း သူတို့က Likeတွေ၊ ကော်မန့် တွေ ပေးကြတော့မှာ မဟုတ်ဘူး။

အင်း... အဲ့ဒီဟာမျိုးတွေနဲ့ယှဉ်လိုက်ရင် ရိုက်ထားတဲ့ အလှဓာတ်ပုံလေးတွေကိုပဲ နှစ်ရက်တစ်ခါလောက်တင် ပြီး ကြိုက်တဲ့ statusလေးတွေရှယ်နေတဲ့ငါက သူတို့ထက် အများကြီးတော်ပါသေးတယ်။ ဒီကြားထဲမှာ ဖေ့စ် ဘွတ်ခ်ပေါ်က စာရေးဆရာယောင်ယောင်၊ နိုင်ငံရေးသမားယောင်ယောင်၊ ဗော်လွန်တီယာယောင်ယောင်၊ စ လယ်ဗျစ်တီယောင်ယောင်တွေက တစ်မှောင့်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ သူတို့ဟာနဲ့ သူတို့ ဟုတ်နေကြတာ ပဲ။ ပြီးတော့ တစ်ခုခုဆို ဖေ့စ်ဘွတ်ခ်ပေါ်မှာ လက်သီးလက်မောင်းတန်းပြီး သတ္တိရှိကြတာ၊ သွေးရဲကြတာတွေ က “ထွန်းဂိန်ဗရာဘို” ဆိုထားတဲ့ သီချင်းဟောင်းတစ်ပုဒ်ရဲ့ ခေါင်းစဉ်တစ်ခုအတိုင်းပဲ။ ဘာသီချင်း ဖြစ်ရမှာ တုန်း၊ “နှစ်ယောက်မရှိဘူး” ဆိုတဲ့ သီချင်းပေါ့။ ဟွန်း... သူတို့တွေကို မြင်ရတာ အုန်းသိပ်စားတယ်..တကယ်။

ဟယ်တော့... မုန့်ဟင်းခါးနံ့လေးက မွှေးနေတာပဲ၊ စားချင်လိုက်တာနော်။ ဒါပေမယ့် ငါ့အိတ်ထဲမှာ ရေသိပ်မ လျှံတော့ဘူး။ လကုန်ဖို့ကလည်း တစ်ပတ်လောက် လိုသေးတယ်ဆိုတော့ ချွေတာမှပါ။ တစ်လတစ်လ ကုမ္ပ ဏီကရတဲ့ လစာကိုးသောင်းကလည်း လမ်းစရိတ်၊ ဖုန်းဖိုး၊ မုန့်ဖိုး၊ အ၀တ်အစားဖိုးနဲ့ လမကုန်ခင် ပြောင်ချင် နေပြီ။ အိမ်ကနေပြန်ပြီး တောင်းရင်လည်း “ကိုယ်ရတဲ့လစာတွေကို အိမ်ပြန်မပေးပဲ တစ်ယောက်တည်း သုံး နေတာတောင် ညည်းက မလောက်ငနိုင်သေးဘူးလား” ဆိုပြီး မားသားကြီးက ပွမ်နေဦးမှာ။ စားလို့မဖြစ်သေး ပါဘူး။ အိမ်ကျမှပဲ ထမင်းကို အပြတ်ကြိတ်ပစ်လိုက်တော့မယ်။ အံမလေး... တွေးရင်းနဲ့ ဗိုက်တောင် ပိုဆာ လာသလိုပဲဟယ်။ နေစမ်းပါဦး၊ အနံ့လာတဲ့နေရာကို ခန့်မှန်းကြည့်ရရင် ဒီမုန့်ဟင်းခါးဆိုင်ဟာ ငါ့နောက်ကျော ဘက် မျက်စောင်းထိုးနေရာကများလား မသိဘူး။ အနံ့ရတာ တော်တော်စားကောင်းမယ့်ပုံပါပဲလား။ တစ်ချက် လောက်တော့ လှည့်ကြည့်ပြီး ဆိုင်ကို မှတ်ထားဦးမှ။ လစာထုတ်ရင် သူငယ်ချင်းတွေနဲ့ အတူတူ လာအုပ်ဖို့။

ကြည့်စမ်း... မုန့်ဟင်းခါးသည်မက ငါ့ကို ပြူးပြဲပြီး ကြည့်နေပါလား။ ဘယ်အချိန်ကတည်းက ရှိုးနေတာလဲ မ သိဘူး။ ကြည့်နေလိုက်တာများ မျက်လုံးတောင် ကျွတ်ကျတော့မယ်။ ဟင်း... ဧကန္တတော့ ငါ့ကို မနာလိုလို့ပဲ ဖြစ်မှာ။ ဟွန်း... လမ်းဘေးဈေးသည်ကများ ငါ့ကို လာယှဉ်နေချင်သေးတယ် ထင်တယ်။ မောသွားမှာပေါ့။ မ ဖြစ်သေးပါဘူးလေ။ မသိသလိုပုံစံမျိုးနဲ့ မျက်နှာလွှဲလိုက်မှပါ။ သူနဲ့ ပြိုင်ရအောင်လို့ ကလပ်စ်ခြင်းက တူတာမှ မဟုတ်တာ။ ငါက အွန်သယ်အဲလီဖန့်ပဲ၊ စင်ပေါ်ကပဲ။ ဟုတ်တယ်လေ... သူက လမ်းဘေးဈေးသည်၊ ငါက အ ဝေးသင်နဲ့ ကျောင်းပြီးထားတဲ့ ပညာတတ်။ ပြီးတော့ အလုပ်ကလည်း နာမည်ရှိတဲ့ ကုမ္ပဏီက စာရေးမပဲဟာ။

အောင်မာ ဟိုဘက်နားက အကောင်နှစ်ကောင်က ငါ့ကိုကြည့်ပြီး ပကျိပကျိနဲ့ ဘာတွေ တီးတိုးသဖန်းပိုးနေကြ သလဲ မသိဘူး။ ဒင်းတို့ပါးစပ်တွေက လှုပ်စိ လှုပ်စိနဲ့။ မျက်နှာကြောကို နည်းနည်းတင်းထားဦးမှ။ ဟွန်း... ကြည့်ပါလား၊ ရုပ်တွေကိုက ဘောင်းဘီကျပ်ကျပ်တွေဝတ်ပြီး၊ အောလ်စတားဖိနပ်တွေနဲ့။ ဆံပင်တွေကလည်း အီမိုကေတွေနဲ့။ အဲ့ဒီအီမိုကေတွေများ သိပ်မျက်စိနောက်တာပဲ။ ဆံပင်ဖုတ်သိုက်ကြီးကို မျက်နှာရှေ့တစ်ခြမ်း အုပ်ထားကြတာ သူတို့တွေ မအိုက်ကြဘူးလားမသိဘူး။ ဟင်း... သူတို့ကိုယ်သူတို့ ဘာတွေများ မှတ်နေကြ သလဲ မသိဘူး။ မြင်တာနဲ့တင် သိသာပါတယ်။ ရုပ်တွေကိုက မိဘလုပ်စာထိုင်စားပြီး ပေါ့ပေါ့နေ ပေါ့ပေါ့စား ဘော်ကြော့တွေမှန်း။ လက်မှာလည်း ဘာကွင်းတွေ ၀တ်ထားမှန်းမသိဘူး။ အလကား အပေအတေ၊ လမ်းသ ရဲ တေလေဂျပိုးတွေ။ လက်ကြော တင်းမယ့်ကောင်တွေ၊ သစ္စာရှိမယ့်ကောင်တွေမဟုတ်ဘူး။ ဒါမျိုးတွေတော့ ငါက အထင်မကြီးပါဘူး။

ခေတ်မိန်းကလေးဆိုပေမယ့် ဘ၀အတွက်တော့ အများကြီး စဉ်းစားတတ်သေးတယ်။ အဲ့ဒီလိုကောင်တွေများ ငါက စိတ်ကူးထဲတောင် မထည့်ဘူးမှတ်။ သူတို့ထက်စာရင် သူတို့ရဲ့ဘေးဘက်က တစ်ယောက်ကမှ ကြည့်ရ တာ အဆင်ပြေသေးတယ်။ ကြည့်လေ...၊ ရှပ်အင်္ကျီအဖြူ၊ ယောပုဆိုးအနက်ရောင် အဆင်နုပ်နုပ်လေးတွေနဲ့ များ ဘယ်လောက်တောင် တည်ငြိမ်လိုက်သလဲ။ မြင်လိုက်ရတာနဲ့တင် တည်ကြည်ခန့်ငြားပြီး အားကိုးလိုက် ချင်စရာ။ ဟယ်.. ငါဘာတွေ လျှောက်တွေးနေမိပါလိမ့်။ စင်္ကာပူမှာ စားပွဲထိုးသွားလုပ်နေတဲ့ ငါ့ချစ်ချစ်နဲ့တော့ သူ့ကို မလဲနိုင်ပေါင်။ နောက်နှစ် ငါ့ချစ်ချစ်ပြန်လာရင် သူနဲ့ မင်္ဂလာဆောင်ရမယ်။ လက်ထပ်ပြီးရင်တော့လေ.. ယောက်ျားအားကိုးနဲ့ ဒီ့ထက်ပိုပြီး လန်းသွားအောင် ၀တ်ပစ်၊ စားပစ်လိုက်ဦးမှာ...ဟိဟိ။

ဟော... ဟိုမှာ ငါတို့ ရန်ကင်းဘက်ကိုသွားမယ့် ဘတ်စ်ကားတောင် လာနေပြီ။ ဒီတစ်ခါတော့ ခုနကလို မ ကျန်ခဲ့ရအောင် အမြန်ပြေးတက်မှ။

~~~@~~~

အင်း... ဒီပုံအတိုင်းဆိုရင် ညရှစ်နာရီလောက်မှ ငါ့မုန့်ဟင်းခါးတွေ ပြတ်မယ်ထင်တယ်။ ဒီ့ထက်စောစော ကုန်ပါစေဟယ်။ အဲ့ဒါမှ ငါအိမ်ကို စောစောပြန်ရမှာ။ အမေက နေသိပ်ကောင်းတာ မဟုတ်ဘူး။ အိမ်ပြန်ရင် အမေ့အတွက် ဘာဝယ်သွားရင် ကောင်းမလဲ။ ညီမလေးနဲ့ အဖေ့အတွက်ကရော။ ဘာပဲဖြစ်ဖြစ် အားလုံးစား လို့ရမယ့်ဟာ တစ်ခုခုဝယ်သွားရမယ်။ တော်ကြာ တစ်ယောက် တစ်မျိုးနဲ့ ပိုက်ဆံအပို ကုန်နေမှာစိုးလို့။ ဟုတ် တယ်။ ညီမလေးက နောက်နှစ်ဆို ဆယ်တန်းတက်ရတော့မှာမို့ သူ့ကျောင်းစရိတ်၊ ကျူရှင်စရိတ်တွေအတွက် ငါပိုက်ဆံ ကြိုစုထားရမယ်။ နို့မို့ဆို ငါ့ညီမလေး သူများတွေကြား မျက်နှာငယ်နေရရှာမှာ။

အဖေနဲ့အမေလည်း အသက်ကြီးပြီ။ အမေဆို ငါတို့ညီအစ်မနှစ်ယောက်ကို နေပူမရှောင် မိုးရွာမရှောင် လုပ် ကြွေးခဲ့ရလို့ ခုဆို တရှောင်ရှောင်နဲ့။ တော်သေးတယ်... အဖေက ကျန်းမာရေးကောင်းပြီး ငါဈေးထွက်နိုင်ဖို့ အိမ်ကကိစ္စတွေ လုပ်ပေးနေနိုင်သေးလို့။ သားယောက်ျားလေးမရှိလို့ အဖေနဲ့အမေက ငါ့ကိုပဲ အားကိုးနေကြ ရတာ ကြာလာတော့ အားနာလာကြတယ်နဲ့တူပါရဲ့။ အိမ်မှာဆို ဘာပဲဖြစ်ဖြစ် သမီးကြီးသဘော ဆိုတာချည်း ပဲ။ ဒါပေမဲ့လည်း ငါကတော့ မိဘတွေကျေးဇူးကို စောစောစီးစီး တတ်နိုင်သလောက်ဆပ်ခွင့်ရလို့ ၀မ်းသာမိပါ ရဲ့။ ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီး ရန်ကုန်မြို့လယ်ခေါင်မှာ မုန့်ဟင်းခါးကို ဆိုင်းထမ်းနဲ့ရောင်းစားနေရပေ မယ့် အဲ့ဒီလိုတွေးလိုက်တိုင်း ငါ့အမောတွေ ပျောက်ပျောက်သွားရတာ။ ဘာပဲဖြစ်ဖြစ် ငါ့ဘ၀က ငါ့ညီမလေးနဲ့ အဖေတို့ အမေတို့အတွက်ပဲ ဖြစ်စေရမယ်။ ငါဒီ့ထက်ပိုပြီး ကြိုးစားရမယ်။

ဟင်... ငါအတွေးလွန်နေတာနဲ့ ဟင်းရည်အိုးအောက်က မီးဖိုမှာ မီးနည်းနေတာ သတိမထားမိလိုက်ပါလား။ မဖြစ်ပါဘူး။ မီးသွေး နည်းနည်းထည့်ပြီး ယပ်လေးဘာလေး ခတ်ပေးဦးမှပါ။ တော်ကြာ ဟင်းရည်တွေ အေး သွားကုန်ရင် ခက်မယ်။ မုန့်ဟင်းခါးဆိုတာ ဟင်းရည်ပူပူလေးနဲ့မှ။ အေးစက်စက်နဲ့ဆို သူများမပြာနဲ့ ကိုယ်တိုင် တောင် မစားချင်ဘူး။ “ဘာပဲလုပ်လုပ် ကိုယ်ချင်းစာတရားနဲ့လုပ်” ဆိုတဲ့ အဖေ့စကားအတိုင်း ဟင်းရည်လေး အပူမလျှော့သွားအောင် လုပ်ဦးမှ။

ဟော... ဟိုနားက ခေါင်းလျှော်ရည်ကြော်ငြာဘုတ်နားမှာရပ်နေတဲ့ နက်ပြာရောင်ကုမ္ပဏီဝတ်စုံနဲ့ ညီမလှလှ လေး ဘတ်စ်ကားပေါ် ပြေးတက်သွားပါလား။ ဖြည်းဖြည်းသွားပါလား ညီမလေးရယ်။ ကားက မှတ်တိုင်မှာ ရပ်ဦးမှာပါ။ ဟုတ်တယ်။ တော်ကြာကျရင် ညီမလေးရဲ့ အလှတွေ ပျက်ကုန်မှာ စိုးရတယ်။

တကယ်ပြောတာ...။ အဲ့ဒီညီမလေးက လှတယ်။ နက်ပြာရောင် ကုမ္ပဏီဝတ်စုံလေးနဲ့ သူ့အသားဖြူဖြူလေး နဲ့က သိပ်လိုက်တာပဲ။ ဆံပင်လေးတွေကလည်း ကျောလည်လောက်ရှည်ပြီး ဖြောင့်ဖြောင့် စင်းစင်းလေးတွေ။ အရပ်လေးကလည်း ခပ်မြင့်မြင့်နဲ့။ ကြည့်ရတာ ပိုက်ဆံရှိမယ့်ပုံ၊ ပညာတွေ တတ်မယ့်ပုံ၊ သဘောကောင်းမယ့် ပုံပါပဲ။ စောစောက ငါကြည့်နေတာကို မြင်သွားတော့ ပြုံးတောင် ပြလိုက်သေးသလားလို့။

သြော်... သူများတွေကျတော့ ကံကောင်းလိုက်တာနော်။ ကံကောင်းကြပါစေလေ။ အဲ့ဒီလိုလေးတွေမြင်ရရင် သူတို့လို ငါက မချမ်းသာပေမယ့်၊ မလှပေမယ့် မြင်ရတွေ့ရတာ တကယ်ပဲ စိတ်ချမ်းသာမိပါရဲ့။

အလို... မှတ်တိုင်နားမှာ ယောပုဆိုးအနက်၊ ရှပ်အင်္ကျီအဖြူနဲ့ရပ်နေတာ ဘယ်သူလဲလို့။ လတ်စသတ်တော့ ငါတို့ရပ်ကွက်ထဲက ပွဲစားဒေါ်စိန်တင့်ကြီးနဲ့ ဘာလိုလိုဖြစ်နေတဲ့ အကောင်ပါလား။ ဒင်း ဘယ်သွားမလို့ပါလိမ့်၊ ဧကန္တတော့ ဒေါ်စိန်တင့်ကြီးဆီက ဘယ်လောက်ချူခဲ့ပြီလည်း မသိဘူး။ အခုခေတ်မှာ တချို့ယောက်ျားလေး တွေများ သိပ်ခက်တာပဲ။ ကိုယ့်အမေ အရွယ်လောက်ရှိတဲ့ မုဆိုးမကြီးကို ကြာကူလီရိုက်ပြီး ချူစားတတ်ကြ တာ။ ဒင်းရုပ်နဲ့ အကြောင်းမသိတဲ့သူဆိုရင် ယုံချင်စရာတောင်မကောင်းဘူး။ ကြည့်ပါလား၊ ရုပ်ကြည့်တော့ တည်တည်ကြည်ကြည်လိုလို ဘာလိုလိုနဲ့။ အလကား ရုပ်ကလေးဗန်းပြပြီး ချူစားတတ်တဲ့ ယောက်ျားပိုင်းလုံး ကောင်။ အဲ့ဒီလိုယောက်ျားတွေများ သိပ်ရွံစရာ ကောင်းတာပဲ။

ဟော... အစ်မတို့ ဘာကြော်နဲ့စားကြမလဲ။ ဘူးသီးကြော်နဲ့လား။ ဘယ်နှစ်ပွဲလည်း။ သြော်... သုံးပွဲလား။ တစ် ပွဲက ညှပ်နဲ့နော်... ဟုတ်လား။ ဟုတ်ကဲ့... ရမယ် အစ်မ၊ ခဏလေးနော်။

အင်း... ဒီအစ်မတွေ စားပြီးသွားရင်... ဆိုင်မှာ လူပါးတုန်း ဟိုဘက်နားမှာ ရောင်းနေတဲ့ ပန်းသီးသည်ဆီက ပန်းသီးလေး နှစ်လုံး၊ သုံးလုံးလောက်တော့ အမေနဲ့အဖေ့အတွက် သွားဝယ်ထားဦးမှပါ။ တော်ကြာ ဆိုင်သိမ်း သွားရင် ခက်မယ်။ ပန်းသီးသွားဝယ်တုန်း ဆိုင်ကိုခဏကြည့်ထားပေးဖို့ ဘေးဆိုင်က ၀က်သားတုတ်ထိုးသည် ဦးကျော်ကြီးကို ပြောထားရဦးမယ်...။     

~~~@~~~
-------------------------------------------------------------------------------------------------------------------------------
၂၀၁၃၊ သြဂုတ်လ လောက်တုန်းက ရွှေဒေါင်းတောင် အွန်လိုင်းမဂဇင်းမှာ ရေးခဲ့တဲ့ ၀တ္ထုတိုလေးပါ။ ဖတ်ဖူးသားမိတ်ဆွေတွေ ရှိတာသိပေမယ့်လည်း ဘလော့ဂ်မှာ ပြန်သိမ်းထားချင်လို့ပါဗျာ။
အောက်က မူရင်းတင်ထားတဲ့ လင့်ခ်လေးပါဗျာ။။ 
http://www.shwedaungtaung.com/short-story/156-2013-08-10-13-44-24.html
---------------------------------------------------------------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
(တစ်ဖက်သတ်...)