Friday, August 20, 2010

နောက်ဆုံးမှာ....

ကြည့်စမ်းပါဦး
ထက်ကောင်းကင်တစ်ခိုမှာ...
မျက်ရည်စ,တွေဟာ... စို့လို့.....။
မကြာခင်ဆို သူငိုတော့မယ်.....
ကျွန်တော်ရှင်သန်ရာ ၀န်းကျင်ငယ်တစ်ခုမှာ...
မိုးစက်များအဖြစ်နဲ့သာ.....။



ဟော.....
မိုးသက်လေတစ်ချက်အဝှေ့...
သစ်ရွက်တွေ လှုပ်ခတ်စွာနဲ့....
အချင်းချင်းတိုးဝှေ့နေခဲ့ကြပြန်ရဲ့....။
သူတို့တွေ ပျော်နေမလား...၊ ငိုနေသလား.....
ကျွန်တော် ဝေခွဲမရဖြစ်နေခဲ့ရင်းနဲ့ပဲ......။

“ကြည့်တတ်သောသူသည် မြင်၏”...တဲ့...။
ဒါဆို.....
အိပ်တန်းပြန်ငှက်ကလေးတွေရဲ့ခြေကျင်းမှာ.....
လင်းချင်းနေခဲ့တဲ့ မျှော်လင့်၊ ယုံကြည်ခြင်းတွေကို.....
ကျွန်တော်....မြင်တွေ့လိုက်ရမိသလိုလို......။

ကဲကွယ်...။
အနားမှာ ဘယ်သူများရှိဦးမလဲ.....?
ရှာဖွေဆဲ ကိုယ့်မျက်လုံးတွေ ကန်းသွားတုန်း
မဆုံးတဲ့ တေးတစ်ပုဒ်ကို ညည်းညူမိပြန်တယ်.....။

ဘာပဲဖြစ်ဖြစ်.....
နောက်ဆုံးမှာ ကျွန်တော်သူ့ကိုလွမ်းတယ်.....။         ။

~~~~~@@@~~~~~


ပုံလေးကိုဒီနေရာကယူသုံးပါတယ်ဗျာ....။
=================================================
စာတွေမရေးနိုင်သေးလို့ ကဗျာလေးရေးမိပါတယ်....။
သာမန်ကဗျာလေးတစ်ပုဒ်အဖြစ်နဲ့ ခံစားဖတ်ရှုပေးပါလို့ ခွင့်ပန်ပါရစေခင်ဗျာ.....။
=================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

27 comments:

ကိုရီး{ကိုကြီး} said...

“ကြည့်တတ်သောသူသည် မြင်၏”...တဲ့...။
ဒါဆို.....
အိပ်တန်းပြန်ငှက်ကလေးတွေရဲ့ခြေကျင်းမှာ.....
လင်းချင်းနေခဲ့တဲ့ မျှော်လင့်၊ ယုံကြည်ခြင်းတွေကို.....
ကျွန်တော်....မြင်တွေ့လိုက်ရမိသလိုလို......။


ကိုဏီ

ကဗျာရေးသူရဲ့ နှလုံးသား လှစ်ဟနေတာကို မြင်သွားခဲ့ပါတယ်
ဒီရက်ပိုင်း အလွမ်းကဗျာတွေ တော်တော်များများ ဖတ်နေရတော့ ကျနော်ပါ လွမ်းသွားတယ်ဗျာ
(အဖော်ရတာပေါ့ နော့)
ကျန်းမာရွှင်လန်းပါစေဗျာ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

ahphyulay said...

အင်း ...
အလွမ်းဓါတ်ခံ ရှိသူချင်း ဝင်တိုက် မိကြ တော့ တာပဲဗျာ..။
တစ်စိုစို နဲ့  လွမ်း နေတော့ တာကိုး ...၊
အင်း လေ .. လွမ်း တတ်မှ ရေးတတ်မှာကိုး..၊
ကဲ .. ဆက် လွမ်းကြ ပါစို့ ဗျာ..။

Anonymous said...

လွမ်းပါ လွမ်းပါ

လွမ်းမယ့်သူရှိသေးတာ တော်သေးတာပေါ့ဗျး)

မောင်မျိုး

မိုးစက်အိမ် said...

ကိုဏီရေ နေမကောင်းတဲ့ကြားက လွမ်းချင်းတွေဖွဲ့ သီနေ
တယ်ဆိုပါတော့ဗျာ . . . ကျန်းမာရေးဂရုစိုက်အုံးနော့် 
ခံစားနေရတဲ့ဝေဒနာလည်းအမြန်သက်သာပျောက်ကင်းပါစေဗျာ

TYZ said...

ကိုဏီလင်းညို အလွမ်းတွေကြားမှာ မြန်မြန်ကျန်းမာပါစေနော်။ ကဗျာလေးကို နှစ်သက်ပါတယ်။ နောက်ဆုံးတော့လဲ သူ့ကိုပဲ လွမ်းမိတာပဲလေ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျောက်နေတယ် အောက်မေ့တာ အလွမ်းရေလျဉ်ကြောမှာ မျှောနေတာကိုး.. နေမကောင်းရက်နဲ့ လွမ်းနေတယ် ဆိုပါတော့..
အနှစ်နှစ်အလလရဲ့ ခံစားချက်တွေစုပြီး လွမ်းနေပုံရတယ်.. လွမ်းစေ.. လွမ်းစေ..
မျက်ရည်တော့ မကျစေနဲ့...

*****Zue***** said...

ဇူးလည်း ကူလွမ်းပေးသွားပါတယ်.. ကိုဏီရေ...း)

မြစ်ကျိုးအင်း said...

လွမ်းတာလည်း လွမ်းပေါ့။ ပေးထားတဲ့ဆေးလည်း မှန်မှန်သောက်အုံး...။ ညီအကိုတွေ ကျန်းမာရေးမကောင်းဘူး ကြားရတာ စိတ်ညစ်စရာ..။

blackroze said...

လွမ်းစေ...ကိုဏီကြီးရေ...
လွမ်းလဲလွမ်း..ကျန်းမာရေးလဲဂရုစိုက်ဦးနော်
နေကောင်းတယ်မဟုတ်လား..

ဆောင်းနှင်းရွက် said...

မိုးရွာတော့ ပိုလွမ်းတယ် လား ... :D

လင်းခေတ်ဒီနို said...

အနားမှာ ဘယ်သူများရှိဦးမလဲ.....?
ရှာဖွေဆဲ ကိုယ့်မျက်လုံးတွေ ကန်းသွားတုန်း
မဆုံးတဲ့ တေးတစ်ပုဒ်ကို ညည်းညူမိပြန်တယ်.....။

ဘာပဲဖြစ်ဖြစ်.....
နောက်ဆုံးမှာ ကျွန်တော်သူ့ကိုလွမ်းတယ်.....။ ။


ကျွန်တော်လည်း လွမ်းသွားတယ် တော်ပီး ကဗျာပဲသွားပြန်ရေးတော့မယ် သူ့ကို လွမ်းတယ်ကွယ်း))))

Anonymous said...

ကိုဏီ ရေ

ကဗျာလေးက ချစ်ဖို့ကောင်းလိုက်တာ ကျနော် လည်း ချစ်ချစ်ကြိးကို လွမ်းသွားပြီ

ရွှေစင်ဦး

သဒ္ဓါလှိုင်း said...

နေမကောင်းရင်ပိုလွမ်းတတ်ကြတယ်ဆိုတာမှန်မယ်နော်..။
ကိုဏီလင်းကခုပိုလွမ်းနေပြီထင်တယ်..
ကျန်းမာရေးလည်းဂရုစိုက်အုံးနော်..
ခင်တဲ့
သဒ္ဓါ

ဆောင်းယွန်းလ said...

ကည့်စမ်းပါဦး
ထက်ကောင်းကင်တစ်ခိုမှာ...
မျက်ရည်စ,တွေဟာ... စို့လို့.....။
မကြာခင်ဆို သူငိုတော့မယ်.....
ကျွန်တော်ရှင်သန်ရာ ၀န်းကျင်ငယ်တစ်ခုမှာ...
မိုးစက်များအဖြစ်နဲ့သာ.....

ကဗျာလေးကြိုက်တယ်ညီလေးရေ....လွမ်းလောက်အောင်လှပါတယ်

အဖြူရောင်နတ်သမီး said...

လွမ်းနေတယ်ပေါ့လေ...
နွယ်....ဆိုလား..
သံယောဇဉ်ဆိုတာ..
နွယ်ပင်လိုမျိုးလား...လို့ပြောတာပါ...
း)
အလွမ်းတွေ ပြေပျောက်ပါစေ..
နေကောင်းလည်း အမြန်ပျောက်ပါစေ...

ညလင်းအိမ် said...

“ကြည့်တတ်သောသူသည် မြင်၏”...တဲ့...။
ဒါဆို.....
အိပ်တန်းပြန်ငှက်ကလေးတွေရဲ့ခြေကျင်းမှာ.....
လင်းချင်းနေခဲ့တဲ့ မျှော်လင့်၊ ယုံကြည်ခြင်းတွေကို.....
ကျွန်တော်....မြင်တွေ့လိုက်ရမိသလိုလို......။


မိုက်တယ်ဗျာ ..
ဒါလား သာမန်ကဗျာ တစ်ပုဒ်
လွမ်းချင်းတွေ ညစ်ထုတ်ထားတာ
ဘယ်သူမသိလည်း
ကိုယ်တိုင်သိတယ် ...

လင်းချင်းတဲ့ မျှော်လင့်ချက်တွေ
ပွတ်တိုက်ကြီစယ်ရုံလေးပဲဖြစ်ဖြစ်
ဒီမျက်ရည်စိုစိုကို သုတ်ပေးခဲ့ကြပါ ...
ကျွန်တော့်မျက်ဝန်းမှာ
အလွမ်းတွေ တွဲအိကျမလာစေဖို့ ...။


ခင်မင်စွာဖြင့်
ညလင်းအိမ်

သော်ဇင်စိုး said...

ကြည့်စမ်းပါဦး
ထက်ကောင်းကင်တစ်ခိုမှာ...
မျက်ရည်စ,တွေဟာ... စို့လို့.....။
မကြာခင်ဆို သူငိုတော့မယ်.....
ကျွန်တော်ရှင်သန်ရာ ၀န်းကျင်ငယ်တစ်ခုမှာ...
မိုးစက်များအဖြစ်နဲ့သာ.


ရင်ထဲ အလွမ်းကို ဒီနေခြည် ထိုးလိုက်ပြန်ပါပြီ..
အကိုဏီရေ..
ခုတော့.. အငွေ့..
ပြန်လို့......................

အင်ကြင်းသန့် said...

အင်း....လွမ်း...လွမ်း...အစ်ကိုဂျီးရေ....အားရအောင်သာလွမ်း....
အလွမ်းတွေပြေပျောက်ဖို့ မြန်မြန်ဆုံဆည်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါ၏။ ကျန်းမာရေးလည်း ဂရုစိုက်ပါဦး။

ညီမလေး
အင်ဂျင်း

မြတ်မွန် said...

ကိုဏီးရေ..
နေမကောင်းလို့ လွမ်းနေတာလားဟင်..
ကျန်းမာပျော်ရွှင်ပါစေ..။
လေးစားတဲ့
မွန်

Cameron said...

နေမကောင်းတဲ့ကြားက အလွမ်းဓါတ်ခံကမနေဘူးဆို ဒါပဲ...
ကဗျာတစ်ပုဒ်ဖြစ်တယ်...ဒါလဲကောင်းတာပဲ...မဟုတ်ရင် အာရုံက အဲဒီနေမကောင်းတဲ့ဆီပဲရောက်နေမှာ....ဏီဏီအမြန်ဆုံးနေကောင်းပါစေဗျာ

ခင်တဲ့
မိုးငွေ့

စိတ်၏ဖြေရာ said...

နေကောင်းသွားပြီလားကိုဏီရေ။
လွမ်းရခြင်းမှကင်းဝေးပါစေနော်။

ပန်းနုနှင်းဆီ said...

အလွမ်းကဗျာလေးဖတ်ပြီး ကိုယ်တိုင်တောင် လွမ်းသွားမိသေးတယ်
အလွမ်းဆိုတာလည်း ရင်ခွင်ကို တိုက်စားတဲ့ ဒီရေ တစ်ခုလိုပါဘဲလေ
လွမ်းရခြင်းတွေနဲ့ အမြန်ဆုံးကင်းဝေးပါစေရှင်။

sosegado said...

လွမ်းတာကို ခံစားသွားပါတယ်၊

မောင်သီဟ said...

ကိုဏီရေ လွမ်းလဲလွမ်းဗျ မတ်ကန်းလဲ မတ်ကန်းနော်
ကျန်းမာရေးလဲ hati hati ဗျ ဒါမှဘလော့ဂင်းနိုင်မှာ
ကဗျာကို ခံစားသွားတယ်ခင်ဗျာ့း)

ယွန်း said...

ကိုဏီးးးးးးးးးးးလွမ်းတာလဲလွမ်းပေါ့ ..ကျန်းမာရေးလဲ ဂရုစိုက်...
ခင်မင်တဲ့
ယွန်း

Anonymous said...

Wow this is a great resource.. I’m enjoying it.. good article

မိုးဇက် said...

အိပ်တန်းပြန်ငှက်ကလေးတွေရဲ့ ခြေကျင်းမှာ...
လင်းချင်းနေခဲ့တဲ့ မျှော်လင့်၊ ယုံကြည်ခြင်းတွေကို
..........
သိပ်လှတဲ့ စကားလုံးဖွဲ့မှုပဲ