Monday, August 9, 2010

ခုနှစ်စဉ်ကြယ်


ညီလေးဗညား(လင်းခေတ်ဒီနို)ရဲ့ စိတ်ကူးလေးပါ.....။
ခုနှစ်စဉ်ကြယ်  လို့အမည်ရပါတယ်.....။
စုစုပေါင်း သူငယ်ချင်းမောင်နှမ ခုနှစ်ယောက်ပါဝင်ရေးသားကြမယ့် ဆိုဒ်အသစ်လေးပါ.....။
ရေးဖော်ရေးဖက် အခြားမောင်နှမတွေနဲ့ လင့်ခ်ချိတ်ပေးချင်တဲ့ သူငယ်ချင်းတွေအားလုံးကို အသိပေးပါတယ်......။
စာရေးနှေးတတ်တဲ့ ကျွန်တော့်ကို ခင်မင်စွာနဲ့ ၀င်ရေးဖို့ဖိတ်ခေါ်ခဲ့တဲ့ ညီလေးဗညားနဲ့ နေ၀သန်ကို ကျေးဇူးပါ......။
ခုနှစ်စဉ်ကြယ်ဆိုတဲ့ ကြယ်စုတန်းထဲမှာ ကြယ်တစ်ပွင့်အဖြစ် လင်းလက်ခွင့်ပေးခဲ့တဲ့ အားလုံး......အားလုံးကို ကျေးဇူးပါ....။ ကူညီခဲ့သူ အားလုံးကိုလည်း.....ကျေးဇူးအထူးပါ.....။
မကြာခင် အစွမ်းကုန်လင်းလက်ဖို့ အရှိန်ယူနေပြီဖြစ်ကြောင်း သူငယ်ချင်းမောင်နှမတွေနဲ့ စာဖတ်ပေးတဲ့ သူငယ်ချင်းတွေအားလုံးကို အသိပေးကြေငြာလိုက်ပါတယ်........။
(ကျွန်တော်ကတော့ လောလောဆယ် ဖြည်းဖြည်းပဲရေးဖြစ်နေမှာပါ......။ ဆရာဝန်တွေက စက်သိပ်မသုံးခိုင်းထားလို့ပါ......။ ရက်ရှည်၊ လရှည်ဆေးသောက်နေရဦးမှာဖြစ်ကြောင်းလည်း စိတ်ပူနေမယ့် မောင်နှမတွေ၊ သူငယ်ချင်းတွေအားလုံးကို အသိပေးပါတယ်.....။ မကြာခင် ကျန်းမာလာတော့မှာပါ......။ အားလုံးကိုလည်း သတိရနေပါတယ်........း))

~~~~~@@@~~~~~

==============================
ပုံကလေးကို ဒီက ယူသုံးခဲ့ပါတယ်......။
==============================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

21 comments:

ယွန်း said...

ကိုဏီးရေ..လင့်ခ်ယူသွားပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

လင့်ခ် ချိတ်ပြီးပါကြောင်း
အော်.. သူက တော်တော် အချိန်ပိုပုံရပြီး ကျန်းမာရေးဒေါင်ဒေါင်မြည်နေပုံရတယ်.. ဘလော့တစ်ခုတင်မက ၂ခုတောင် ရေးဦးမတဲ့...
ဟိ...
ဒီတစ်ခါတော့ မူးရင် လူနာသတင်းလာမမေးတော့ဘူး..
ဒါဗြဲ....

မေဓာဝီ said...

ဏီလင်းဆီ အမလဲ မရောက်တာကြာပြီ။ ခုနစ်စဉ်ကြယ် နာမည်လေး လှတယ်။ စိတ်ကူးလေးလဲ ကောင်းတယ်။ စာရေးတာလဲ ရေးပါ၊ ကျန်းမာရေးတော့ ဂရုစိုက်နော်။ ကျန်းမာရေးက အဓိက။

မိုးယံ said...

နာ့အစ်ကိုရေ လင့်ခ်ရှိတ်ထားလိုက်တယ်နော်။ ညံညံလာဘ်(အာရောဂျမရမာလာဘာ)ရပါစေဂျာ။

အဖြူရောင်နတ်သမီး said...

ဟုတ်ပ...
ဒီကတော့ စိတ်တွေပူလိုက်ရတာ...
ငါ့အကို နေမှကောင်းရဲ့လားလို့...
သူကတော့ မူးမူးနဲ့ မြေအောက်လှုပ်ရှားမှုတွေလုပ်နေတာကိုး...
ကောင်းပါတယ်..ကောင်းပါတယ်...
နေကောင်းရင်ပြီးတာပါပဲ.ဝမ်းသာပါတယ်...
ရဲဘော်...ဆက်လုပ်...း)

SHWE ZIN U said...

ကိုဏီ ရေ

ကျမ်းမာရေး ဂရုစိုက်ပါ စာဖတ်တာ ထက် စာရေးတာ က ခေါင်းပိုပူတယ် သတိထားပါ ဆေးမှန်မှန် သောက်ပါ လင့်ခ်လေး လည်း ယူသွားပါမယ်

ခင်မင်တဲ့
မကြီး ရွှေစင်

ကိုကိုးအိမ်(မန္တလေး) said...

အကိုရေ ခုနှစ်စင်ကြယ်က လုပ်တာကြာသေးဘူးပေါ့... အဟီး နေ့လည်ကတောင်မဖိတ်ပဲရောက်သေးတယ်.. အိမ်တက်မုန့်လေး ဘာလေး ကျွေးဦးလေ လာကြည့်တာ ပလိန်းကြီး.. ဟဲဟဲ

ခင်မင်လျှက်
ိကိုကိုးအိမ်

ချစ်ကြည်အေး said...

ဟိုမှာလဲ ရေးအုံးမယ်ပေါ့ ကောင်းပါလေ့...ဖတ်ဖို့ ပြင်ထားလိုက်ပြီ ၊ ကျန်းမာရေးလည်း ဂရုစိုက်အုံး ဏီလင်းရေ....

မိုးစက်အိမ် said...

ကိုဏီရေ ခုနစ်စင်ကြယ်ဆီကို သွားလည်ပြီးသွာပါပြီ
အားပေးလျက်ပါဗျာ :)

Anonymous said...

ကျန်းမာရေး ဂရုစိုက်အစ်ကို နေကောင်းပါစေ အချိန်ရရင် သွားလည်လိုက်မယ် ခုနှစ်စင်ကြယ်ကိုး)


မောင်မျိုး

ကိုဇော် said...

ဟုတ်ကဲ့ လာဖတ်ပါ့မယ် :P :)

TYZ said...

link ချိတ်ထားလိုက်ပြီ။ စာတွေအများကြီးရေးနိုင်အောင် ဆေးမှန်မှန်သောက်နော်။ အားပေးလျှက်....

အင်ကြင်းသန့် said...

ကိုဏီးရေ....ညီမလေး လင့်ခ်ယူသွားပြီနော်။
မကြာခင် အစွမ်းကုန်လင်းလက်ဖို့ အရှိန်ယူနေပြီဖြစ်ကြောင်း အသိပေးကြေငြာပါသည်လို့ ဆိုထားတဲ့ အတွက် ၀မ်းသာမိပါဂျောင်း....
ဆေးမှန်မှန်သောက်ပြီး လုံးဝပြန်လည်ကျန်းမာလာသည်အထိ ဂရုစိုက်ပါဦးဟု ထပ်လောင်း ပြောကြားသွားပါဂျောင်း....

ညီမလေး
အင်ဂျင်း

နွေဆူးလင်္ကာ said...

ခုနှစ်စဉ်ကြယ် အမြီးထောင်တာ ကြည့်ရတော့မယ်ပေါ့ ...

ညလင်းအိမ် said...

စိတ်ချ အကိုရေ လာအားပေးမယ် .... :P :P
ခုနစ်စင်ကြယ်တဲ့ နာမည်လေး လှတယ်နော် ..း)

ကိုရီး{ကိုကြီး} said...

ရေးနိုင်စွမ်းတွေကို အားကျလျှက်။


ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

အိမ့်ချမ်းမြေ့ said...

လင့်ခ်ချိတ်ထားလိုက်ပါတယ်..

လင်းခေတ်ဒီနို said...

ဟုတ် အကို ကျွန်တော် ဆက်ဆက်လာအားပေးပါ့မယ်အကို အယ် ဒါနဲ့ ရုံဝင်ခက ဘယ်လောက်လဲအကိုး)))ဟိဟိ

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
မနေ့က၀င်ကြည့်ဖြစ်တယ်..။
ခုနှစ်စင်ကြယ်တဲ့..နာမည်လေးကိုကလှနေပြီးသားပဲနော်..
ကျန်းမာရေးလည်းဂရုစိုက်ပါအုံး...

ခင်တဲ့
သဒ္ဓါ

ahphyulay said...

ဇာတ် က သိပ် နာ တာပဲ ဗျာ....
နေမကောင်းရက် နဲ့  တောင် ရေး နိုင်တယ် ၊
လေးစား ပါတယ်ဗျာ၊
လင့် ချိတ်ထား လို့  လာဖတ်မယ်လေ၊
ကျွန်တော် တော့  မအား သေး လို့  မရေး နိုင်သေး ပါ၊

blackroze said...

ကိုဏီ..သူများတွေကလင့်တွေချိတ်ပြီးကုန်ပြီ
ညီမအခုထိလင့်ကိုမတွေ့သေးဘူး
လုပ်ပါဦး..လင့်လာပေးပါဦး..
ဘယ်နားကနေယူရမှာလဲ
တကယ်ပြောတာနော်ကိုဏီ
နောက်နေတာမဟုတ်ဘူး...
ခုနှစ်စဉ်ကြယ်ကိုဘယ်နားကနေဝင်ရမလဲမသိဘူး
လာပြောပါဦးကိုဏီ