Friday, April 9, 2010

ကျွန်တော်ဆိုမိတဲ့သီချင်းလေး တစ်ပုဒ်



နေ့ညနေတုန်းက အိမ်ကညီလေးတစ်ယောက် မြန်မာပြည်အပြီးပြန်တော့မှာမို့ သူ့အတွက် လက် ဆောင်ပစ္စည်းတချို့ လိုက်ဝယ်ပေးရင်းနဲ့ ထုံးစံအတိုင်း ကွန်ပျူတာပစ္စည်းတွေရောင်း တဲ့ဆိုင်မှာ သွားငေး ရင်း မိုက်တစ်စုံဝယ်လာလိုက်ရော....။ (မရှိသေးလို့လေ...း))

အိမ်လည်းရောက်ရော..... အဲ့ဒီမိုက်တစ်ခုနဲ့ သောင်းကျန်းကြည့်လိုက်တယ်လေ.....း))

စာအရှည်ကြီးတွေနဲ့ နှိပ်စက်ရတာ အားမရသေးလို့ အခု အသံနဲ့နှိပ်စက်လိုက်ပါတယ် ခင်ဗျာ....။

sing for you မှာ သီချင်းလေးတစ်ပုဒ်သွားအော်ဆိုထားတာ.... နားထောင်ကြည့်ပေးပါဦး။

ဖိုးကာရဲ့ သိမ်းထားမှာလား...ဆိုတဲ့ သီချင်းလေးပါခင်ဗျာ....။

ပျော်ရွှင်စရာ သင်္ကြန်ပိတ်ရက်တွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ....။


 
========================
ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

46 comments:

ဂျပန်ကောင်လေး said...

အားပေးခဲ့ပြီးပြီ... အပြည့်ကိုပဲ....း))... အသံဒီလောက်ကောင်းတာဗျာ.....

ဇောင်း said...

လောလောဆယ် ကွန်မကောင်းသေးလို့ ကြည့်လို့ နားထောင်လို့ရသေးဝူးးးးးး၊ ကွန်ကောင်းတဲ့အချိန် ကိုလင်းညိုကြီးရဲ့ အသံကို လာနားထောင်မယ်နော် :) ၊ အိုခေတယ်ဆိုရင် စီးရီးထုတ်မယ် :P

ZaunG

သဒ္ဓါလှိုင်း said...

သီချင်းနားထောင်သွားပါတယ်။ စာရေးကောင်းသလိုသီချင်းအဆိုကောင်းမှန်းလည်းသိသွားပြီ။ `....´ကျရင် သီချင်းလာဆိုပေးရမယ်နော်။ ခုထဲကစရန်ရိုက်ထားပြီ...။
သင်္ကြန်မှာပျော်ရွှင်ပါစေ။သီချင်းတွေလည်းဆိုနိုင်ပါစေနော်..။
ခင်တဲ့
သဒ္ဓါ

Anonymous said...

အသံကောင်းလိုက်တာ.... ဖိုးကာထက်တောင်ကောင်းတယ်
ဝါသနာပါရင် အခွေထုတ်ပါလား... အားပေးမှာနော်..

မြတ်မွန် said...

ဟဲဟဲ အမှတ်တစ်မှတ် လျှော့ပါတယ် ရှင်။
စာသားတွေ နဲ့ ဆိုတာ လွဲနေလို့ပါ။ :P
အသံကောင်းလို့ အမှတ်ပြန်တိုး လိုက်ပါတယ် ရှင်။
ဒါကြောင့် မောင်လေး ဒီပြိုင်ပွဲမှာ မောင်လေး ပထမရပါတယ် ကွယ်။ ဟိဟိ
ကိုဏီး အသံကောင်းတယ်တော့်။

sosegado said...

သီချင်းနားထောင်သွားပါတယ်။ အောင်နိုင်၊ သားထွေး၊ ဖိုးကာတို့ နီးပါးကောင်းပါတယ်၊ ခံစားချက်ပါလို့ နေမှာပါ၊

မေဓာဝီ said...

ဏီလင်းဆိုတာ ဖိုးကာအတိုင်းပါပဲလား။ မသိရင် ဖိုးကာလို့ပဲ ထင်ရတယ်။
ခုတော့ မိုက်ခဲလေး ဏီလင်းညို ဖြစ်နေပြီပေါ့။ ကိုမိုက်ခဲ သင်္ကြန်သီချင်းတွေ ဟဲအုံးလေ။ :)

မိုးခါး said...

ဖြောင်းဖြောင်းဖြောင်း .... အားပေးသွားတယ်ဗျို့း)))

မိုးခါး said...

သူငယ်ချင်းက နားထောင်ပြီးပြောတယ် .. မျက်လုံးကြီးမှိတ်ပြီး ဆိုနေလား မသိဘူးတဲ့ .. စာသားတွေ မှားတဲ့နေရာမှားလို့ .. :P
အသံကောင်းတယ်ဗျို့း)

အိမ့်ချမ်းမြေ့ said...

MM font ma shi buu pyit nay lo.. burglish lo yaye kwit pyu bar shinn.

I don't think your readers would be able to sleep tonight :D

Kidding..
kaung tal my bro..
Bravo!

သမီးကြီး said...

ကိုဏီလင်းညို ကအသံလည်း ကောင်းတယ်နော်။

Angel Shaper said...

အားးးးးးးးးးပါးးးးးးးးးးးးးးပါးးးးးးးးးးး ခေသူမဟုတ်ပါလားးး အကိုကြီးကြီးရ
မိုက်ခဲအဖွဲ့လေးတော့ ပိုစည်တော့မယ်။ ခစ်ခစ်
မိုက်ခဲ ဥက္ကဌ ဦးတည်(ATTO)၊ မိုက်ခဲဂေါပက ဦးနီ (ရဲရင့်နီ)၊
အဖွဲ့ဝင် Craton၊ Angel Shaper.....
အခု ဦးနီက စလုံးရောက်နေလို့အားငယ်နေတာ...
ခုတော့ ကိုကြီးညိုကို ဂေါပက ခန့်လိုက်ပြီ။
ဦးတည်ကပြောတယ်....သူ့ကားဘီးလဲပြီးရင် ကိုကြီးညိုဆီကို သွားကြမယ်တဲ့။ ဒါပဲနော်... ကြိုတင်အကြောင်းကြားတာ...
ပြင်ဆင်စရာရှိတာပြင်ဆင်ထားရအောင်ပါ။ ဟဲဟဲ

အဖြူရောင်နတ်သမီး said...

ကိုဏီတို့က သင်္ကြန်အမှီ ...“ထ”ဟစ်လိုက်တာကိုး...
“ဘလော့ကာ သင်္ကြန်”...ခွေထုတ်ပါဗျို့........
အသံကောင်း...အရေးကောင်း..တဲ့ ကိုဏီကြီး နှစ်သစ်မှာ ပျော်ရွှင်ပါစေကြောင်း ........

Ree Noe Mann said...

လာ အားပေးသွားတယ်ဗျ အသံကောင်းတယ်။

မြသွေးနီ said...

သြော်.. အဆိုတော်ပါလုပ်ဖို့ရည်ရွယ်ချက်ရှိတယ်ပေါ့။
ကွန်နက်ရှင်မကောင်းလို့ ဒေါင်းလို့မရဖြစ်နေတယ်။
အပေါ်မှာ မန့်ထားပုံအရ အပီဟဲမယ့်သဘောရှိတယ်။
ဘာပဲဖြစ်ဖြစ် သီချင်းဆိုကောင်းသူတွေကို လေးစားပါတယ်။
သင်္ကြန်နှစ်ဦးမှာ ပျော်ရွှင်ပါစေရှင်..။

Cameron said...

အယ်...အသံကကောင်းလိုက်တာတော့...။ လုံးဝမထင်ထားဘူးဏီဏီသိပ်တော်တယ်သိလား...။ မြန်မာပြည်ပြန်လာရင်တာ့ သီချင်းဆိုပြခိုင်းရမယ်...။
နှစ်သစ်မှာ စိတ်ချမ်းသာပျော်ရွှင်ပါစေဗျာ...။

ခင်မင်စွာဖြင့်
မိုးငွေ့

ဒဏ္ဍာရီ said...

ကိုဏီးက စာရေးတော်သလို သီချင်းဆိုလည်း ကောင်းတယ်နော်။ ဒီနှစ်သင်္ကြန်မှာ မောင်နှမတွေကို သီချင်းဆိုပြလိုက်တာပေါ့လေ...။

နှစ်သစ်အတာသင်္ကြန်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ ကိုဏီးရေ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

မိုးခေတ် said...

အစအဆုံး နားထောင်သွားပါတယ်..ကိုဏီ..
အသံကောင်းတယ်ဗျ....ချိုချိုနုနုလေး.. :D

အင်ကြင်းသန့် said...

အင်း...ဖိုးကာ ကြားရင်တော့ ငိုတော့မယ်...


(သြော်...ငါ့အစ်ကိုကြီး အသံက ဖိုးကာထက် ပိုကောင်းလို့ သူကငိုမယ်လို့ ပြောတာပါ...:D )

နားနှစ်ဖက်ပိတ်ပြီးတော့ကို အပြတ်အားပေးသွားပါတယ်...အရမ်း အရမ်းကောင်းပါတယ်... :)))
Bravo!!!!!

လင်းခေတ်ဒီနို said...

ဟာာာာာ တို့ ကိုဏီကြီး အသံကောင်းတယ်ဂျ မိုက်တယ်ကွာ . . . .

ဗြောင်းဗြောင်းဗြောင်း . . . အယ် ဟုတ်ပါဘူး ဖျောင်းဖျောင်းဖျောင်း . . . .ဟဲဟဲ

rose of sharon said...

သီချင်းကလည်းကောင်း... အသံကလည်းကောင်း... နားထောင်လို့အရမ်းကောင်း

Anonymous said...

စစချင်း နားထောင်တာ ဖိုးကာ အောင်းမေ့လို့ ဗျ... ဖိုးကာ ထက် အသံပိုကောင်းတယ် ... လုပ်ပါဦး နောက် တပုဒ် ........

ညလင်းအိမ် said...

အစ်ကို့ အသံကောင်းတယ်ဗျာ ...
ကျွန်တော်ကတော့ အစ်ကို ဂစ်တာတီးပြီး ဆိုထားတဲ့ သီချင်းတွေကို နားထောင်ချင်သေးတယ် ...
ဒါဗြဲ ...း)

ကေသရီ said...

သီချင်းနားထောင်သွားတယ်ကိုဏီ။

ကိုဇော် said...

မိညိုရေ. . .
ညည်းအသံနဲ့ဆို ရှောက်သီးဆေးပြား တော်တော် ရောင်းရမှာပဲတော့. . . .
လုပ်ပါဦး. . . ဘုရားဖူးတွေ လာတုန်း . . .သွပ်သွပ်သွပ်...

ရွှေရတုမှတ်တမ်း said...

သာမီးက မံမီတို့ ခေတ်က ဇာဇာရတနာ လို အဆိုကလဲကောင်း ရုပ်ကလဲချော....မှိုမတက်ခင် အမြန်ပေးစားမှ...

မောင်မိုး said...

မနေ့က ၂ ခေါက်ရောက်တယ်။ ကွန်နက်ရှင်မကောင်းလို့ မန့်လို့လည်းမရ ဒေါင်းလို့လည်းမရ။ ဒီနေ့တော့ အဲဒီ ၂ ခုစလုံး လုပ်သွားပြီ။ ပြီးရင် အိမ်သာထဲမှာ သွားနားထောင်လိုက်ဦးမယ်။ ငှင်း...ငှင်းး

SHWE ZIN U said...

နားတော့ ထောင်ချင်ပါတယ်..
ကွန်မကောင်းလို့ မရပါ..
သက်သာသွားတယ် လို့ ထင်ပါတယ်..
စတာနော်

Anonymous said...

ငါ့အကိုအသံလေး ကောင်းသားကလား။ တူတူဟဲရအောင်.. ခွိခွိ..း)))

စံလင်းထွန်း said...

အပေါ်ကစာသာမဖတ်မိရင် ဖိုးကားဆိုတယ်ပဲ ထင်သွားမိမှာ အသေအချာပဲ...။

တီးလုံးသံမြုပ်နေတာလေးတစ်ခုကလွဲလို့ အားနည်းချက်သိပ်မရှိဘူးခင်ဗျ။

(ကဗျာတွေစာတွေ မရေးနိုင်သေးပေမယ့် သီချင်းလေးတော့ နားထောင်နိုင်သေးလို့ အသေအချာနားထောင်သွားပါတယ်ဗျာ...)

မြစ်ကျိုးအင်း said...

အညိုတို့ ဒါမျိုးလည်း ရတယ်ပေါ့။ ကောင်းပါ့ကွာ။
မိဇော်နဲ့ တိုင်ပင်ပြီး ငါတို့လည်း လေ့ကျင့်လိုက်အုံးမယ် ။

သုခုမလေဒီ said...

သူများအလှည့်မှာ နက်မကောင်းလို့ အသံထွက်မလာဘူးဗျို့ တကပ်..ကပ်ဖြစ်နေတယ်း)))
နောက်မှ ထပ်လာ နားထောင်တော့မယ် ။

မိုးစက်အိမ် said...

လုပ်လိုက်တော့ ကိုဏီ နှစ်ယောက်ပေါင်းထုတ်ကြမယ်
ဇီးသီးပြောတာပါ အသံကတော့ အင်းးးးးးးးးး ကျွန်တော့်
နီးနီးလောက် ဟီးးးးးးးးးး ကောင်းတယ်ပြောတာပါဗျာ :)

ချစ်ကြည်အေး said...

အို...တွန်တွန် ပြီး နောက်တယောက် ....၊ စူ့ထက်စူ လူစွမ်းကောင်းတွေ ချည်းပါလား တရုတ်ကား ကြည့်နေရသလို ပါလားဟေ့...ဘရာဗို ပါ မိညိုရေ...

Unknown said...

ခင်ညားကြီး ရန်ကုန်ပြန်ရောက်မှ သီချင်းတွေ အတွဲလိုက် ဆိုခို်င်းဦးမယ်။ သတိသာထားပေတော့။ အဟေးဟေး။။။။

Phyo Evergreen said...

အပင့်အရှိုက်တွေ ဖီလင်တွေအပြည့်နဲ့ဆိုသွားပါလား... မာမီ... အဲ.. ကိုဏီ..။ အသံက Lလွန်းဝါသီချင်းတွေနဲ့ ဆိုရင်ပိုလိုက်မယ်ထင်တယ်..။

ဆောင်းနှင်းရွက် said...

ကွန်နက်ရှင်ကျနေလို့
သီချင်းသေချာ နားထောင်လို့ မရ ဖြစ်နေတယ် ...
နောက် တစ်ခေါက် ပြန်လာလှည့်မယ် ..!!!

တဂ်လည်း ရေးပေးမယ် ...
ခုရက်ပိုင်း မအားသေးလို့ပါ ..
တဂ်ထားတာ ပြီးမှ
နောက် အပုဒ်တွေ ဆက်ရေးပါ့မယ် ..
တဂယ် ..
တဂယ် ..
ဂယ် ပြောတာ .. :)

ကူးလွေ့ said...

သီချင်း ကို ထပ်ခံစားဖို့ ရောက်ပါတယ်။ အတာ တန်ခူးမှာ ရွှင်မြူးလို့ ပျော်ရွှင်အေးချမ်းပါစေဗျာ။ သင်္ကြန်ရေအေးအေး နဲ့ စိတ်ကြည်လင်လန်းဆန်းရုံလေး ဖျန်းပက်သွားပါတယ်။ အေးမြငြိမ်းချမ်းပါစေခင်ဗျား။

စိုင်းစိုင်းမွန်း said...

ဟိုက်ရှာလပတ်ရေ...............
စွယ်စုံပဲနော့ ကိုလင်းညိုက..............

နှစ်သစ်ခါတော်၊ ပိတောက်ပေါ်ဖူး
နွေဆော်မြူးသည်၊ ချစ်ရွှေရည်သာ
ဝေစည်သင့်ထူး၊ ခါတန်ခူးမို့
ရင့်စူးကြွေးသီ၊ ကိုလင်းဏီသို့
ဝေသီကောင်းခြင်းဖြာစေသောဝ်...........။

မတောက်တခေါက် ကလောင်နဲ့ လာထောက်ပီး ရေလောင်းသွားပါတယ်..

ကိုရင်နော် said...

သီချင်းဆိုကောင်းတယ်ဗျာ... မိုက်စ်စ်စ်

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ..

kiki said...

ဖိုးကာ က ကာ ..ကာ .. ထား တော့ ဏလည ရုပ်ကို မမြင်ရဘူုးတော့.. အသံ ကတော့ ဟုတ်နေတာပဲ .. ( သင်္ကြန် အမှီ တိုက်ဆောက် လို့ ရပြီ .. ဂဲမလောက်တီးဝိုင်းက မြူးဇစ် အသံဘာမှ မကြားရတာ မို့ လေ ) ..ဟေးဟေး..
ရေ ပါ တခါတည်း ပက်သွားတယ်နော်..
..
နှစ်သစ် မှာ ပျော်ရွှင်ချမ်းမြေ့ ပါစေ..

ခင်တဲ့
မကိ

athida said...

လုပ်ပါဦး နောက် တပုဒ် ........:-)

ကိုရီး{ကိုကြီး} said...

ဟာ.... ကိုဏီ အသံကောင်းတယ်ဗျို့
ကျနော်လည်း ဒီသီချင်းလေးကို ကြိုက်လို့ ပိုစ့်တင်ထားမိသေးတယ်
http://k0gyi.multiply.com/video/item/26
အဖြစ်ချင်းတော့ မတူစေချင်ပါဘူး ညီရေ။

ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}

သော်ဇင်စိုး said...

သီချင်းဆိုလို့ လာနားထောင်တာ. မိုက်တယ်ဗျာ.. ဆိုသွားတာအရမ်းကောင်းတယ်ဗျာ.. အသက်ရှုသံကိုတောင် ရှာလို့မတွေ့ဘူး... မိုက်တယ်ဗျာ.. ဒါပဲ... :))))))

Anonymous said...

good

Anonymous said...

ကောင်းတယ်ဗျ တော်ပါပေတယ်မောင် မင်း