Saturday, March 20, 2010

ကိုယ့်အကြိုက်(၂)

“လူတစ်ကိုယ် အကြိုက်တစ်မျိုးစီ”... လို့ဆိုကြတာကို ကျွန်တော်ကြားဖူးပါတယ်။ အခုကျွန်တော်ကြိုက် နှစ်သက်တဲ့ အရာလေးတွေကို “ကိုယ့်အကြိုက်(၂)” ဆိုတဲ့ခေါင်းစဉ်လေးနဲ့ရေး လိုက်မိပါပြီခင်ဗျာ.....။ (စိတ် ရှည်ရှည်ထားပြီးတော့သာ ဖတ်ပေးကြပါတော့ခင်ဗျ။ :D...)


~~~~@@@~~~~

အိပ်ယာ

ကျွန်တော်တို့နေရတဲ့ လူ့သက်တမ်းကာလတစ်လျှောက်မှာ အိပ်စက်ခြင်းဆိုတဲ့ အရာအတွက်အချိန်တော် တော်များများကို ပေးအပ်ခဲ့ကြရပါတယ်...။ အဲ့ဒီအိပ်စက်ခြင်းကို အပြည့် အ၀ရရှိစေအောင်လို့ အထောက် အကူပေးတဲ့အရာက အိပ်ယာလေးတွေပါပဲ...။

အပေါ်ကပုံလေးကတော့ ပြည်ပကဒီနိုင်ငံလေးမှာလက်ရှိ ကျွန်တော်အိပ်စက်အနားယူ နေရဆဲဖြစ်တဲ့ အိပ်ယာလေးပါပဲ။ အိမ်မှာအတူနေကြတဲ့ သူငယ်ချင်းတွေအကုန်လုံး သံကု တင်လေးတွေနဲ့အိပ်ကြပေမယ့် ကျွန်တော်ကတော့ ကြမ်းပြင်ပေါ်မှာဒီအတိုင်းပဲမွေ့ယာလေး ခင်းပြီးအိပ်ပါတယ်...။

ပြည်ပမှာ တစ်ယောက်တည်းရုန်းကန်လှုပ်ရှားနေခဲ့၊ နေဆဲဖြစ်တဲ့ကျွန်တော့်အတွက် အလုပ်ထဲမှာ၊ အပြင်မှာ ပျော်ရွှင် အောင်မြင်လာခဲ့ရင်ပဲဖြစ်ဖြစ်၊ ၀မ်းနည်း ရှုံးနိမ့်လာခဲ့ရင်ပဲဖြစ်ဖြစ်....

နောက်ပြီး လိမ်လိမ်မာမာနဲ့ ဘုရားရှစ်ခိုးပြီးတော့၊ ဒါမှမဟုတ် ဆိုးဆိုးသွမ်းသွမ်းနဲ့ အရက်တွေဘာ တွေသောက်ပြီးတော့ အိပ်ရင်ပဲဖြစ်ဖြစ်.... ကျွန်တော့်ကို အမြဲတမ်းတိတ်တစ်ဆိတ်လေးနဲ့ နွေးထွေးနှစ် သိမ့်စွာ အိပ်စက်ခွင့်ပေးခဲ့တဲ့နေရာလေးတစ်ခုမို့ အကြိုက်ဆုံးပါပဲ....။

နောက်ပြီး အဲ့ဒီအိပ်ယာလေးပေါ်မှာပဲ ၀မ်းလျားမှောက်ရင်း၊ ထိုင်ရင်းနဲ့ ၀ါသနာပါတဲ့စာတွေရေး၊ စာတွေဖတ် စတာတွေကိုအချိန်တော်တော်များများကုန်စေခဲ့ရတာမို့ ဒီအိပ်ယာလေးကို ကျွန်တော်ကြိုက်နှစ်သက် မိခဲ့တာ မလွန်လောက်ပါဘူးနော်ဗျ....။

~~~~@@@~~~~

ပိုက်ဆံ


တချို့တချို့သော လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းဖို့၊ ပြည့်ဝစေနိုင်ဖို့အတွက် ကျွန်တော်တို့တွေပိုက်ဆံ ရှာကြရပါတယ်....။ ရရှိလာတဲ့ပိုက်ဆံနဲ့ ကိုယ့်လိုအပ်ချက်၊ သူ့လိုအပ်ချက်တွေ အတော်များများကို ဖြည့် ဆည်းပေးနိုင်တာကြောင့် ကျွန်တော်ပိုက်ဆံကိုလည်း ကြိုက်နှစ်သက်မိပါတယ်...။ (ဒါပေမယ့် လိုအပ် ချက်တွေကြောင့် ရှာရတဲ့ပိုက်ဆံတွေကို အများကြီးမမက်မောမိစေဖို့ ကျွန်တော့်ကိုယ်ကျွန်တော် အတတ် နိုင်ဆုံး ထိမ်းချုပ်နေဆဲပါပဲ။) “ရှာနေခဲ့တာ သုံးဖို့၊ ဖြုန်းဖို့မဟုတ်ဘူး...။ သုံးသင့်သုံးထိုက်တာမှန်သမျှ အား လုံးကို သုံးပါ” လို့ ကျွန်တော့်ရဲ့ ဖေဖေရော မေမေကပါ အမြဲတမ်းပြောလေ့ရှိပါတယ်...။

အပေါ်မှာရိုက်ပြထားတဲ့ ပုံလေးထဲက ပိုက်ဆံလေးတွေကတော့ ဒီနိုင်ငံထဲမှာကျွန်တော်တို့ သုံးနေရတဲ့ ပိုက်ဆံလေးတွေပါပဲ...။ ရင်းဂစ်မလေးရှား (Ringget Malaysia) RM လို့ခေါ် ကြပါတယ်...။ တစ်ကျပ်၊ နှစ်ကျပ်၊ ငါးကျပ်၊ တစ်ဆယ်၊ ငါးဆယ်၊ တစ်ရာတန်များရှိပါတယ် ...။ ဒီပုံလေးကိုရိုက်ချိန်မှာတော့ တစ် ရာတန်နဲ့ နှစ်ကျပ်တန်မရှိလို့ ထည့်မရိုက်ရပါဘူး။ အကြွေစေ့တွေကိုလည်း သုံးကြပါတယ်၊ ၁ပြား၊ ၅ပြား၊ ၁၀ပြား၊ ပြား၂၀၊ ပြား၅၀၊ တစ်ကျပ်အ ထိရှိပါတယ်...။ ပုံထဲမှာပါတဲ့ အကြွေစေ့လေးတွေကတော့ ၁၀ပြားစေ့ နှစ်စေ့နဲ့ ပြား၅၀စေ့ တစ်စေ့ပါပဲ...။ ဒီပုံလေးကို အလုပ်လုပ်ရင်းရိုက်ထားတာပါ...။ ပုံလည်းရိုက်ပြီးရော အဲ့ဒီထဲ ကပြား၆၀ဆယ်နဲ့ ကင်(န်)တင်း ဆင်းပြီးကော်ဖီစက်မှာထည့်ပြီး ကိုယ့်ကိုယ်ကိုယ် ကော်ဖီ တစ်ခွက် ပြန်ဝယ်တိုက်ပစ်လိုက်ပါတယ်....း))

ပုံထဲမှာပါတဲ့ ရောင်စုံပိုက်ဆံလေးတွေကို ကြိုက်နှစ်သက်နေဆဲမို့ အခုထက်ထိပြည်ပမှာ ကျွန်တော် ရုန်းကန်နေရဆဲပါပဲ.....။

~~~~@@@~~~~

စာအုပ်


“စာအုပ် စာပေ လူ့မိတ်ဆွေ”....ဆိုတဲ့စကားလေးကို အကုန်ကြားဖူးကြမှာပါပဲ။ တစ်ကယ့်ကိုလည်း ကျွန် တော့်အတွက်မိတ်ဆွေကောင်းအဖြစ် ယနေ့တိုင်ရပ်တည်ပေးနေကြဆဲပါပဲ။ မလိမ်ညာစတမ်းဝန်ခံ စွာပြောရရင် ကွန်ပျူတာနဲ့စာဖတ်ရတာထက် စာအုပ်လေးတွေကိုပဲ လက်ကကိုင်ပြီး တစ်ရွက်ခြင်း လှန်ဖတ် ရတာကို ကျွန်တော်ပိုနှစ်သက်မိပါတယ်...။

အပေါ်ကပုံလေးကတော့ အခုကျွန်တော်နေတဲ့အိပ်ခန်းလေးထဲက ကိုယ်ပိုင်စာအုပ်စင်လေးပါပဲ။ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကျော်လောက်တုန်းက မြန်မာပြည်ခဏပြန်ဖြစ်ခဲ့ပြီး အဲ့ဒီတုန်းက ဒီကိုအပြန်မှာ ခရီးဆောင် သေတ္တာကြီးထဲ အ၀တ်နှစ်စုံ၊ အသုံးအဆောင်အနည်းငယ်က လွဲပြီး ကျန်တာစာအုပ်ချည်းပဲထည့်သယ် လာမိခဲ့ပါတယ်...။ ဒါပေမယ့် အခုပုံလေးမှာတွေရ တဲ့ (အရှေ့တစ်ထပ်၊ အနောက်တစ်ထပ်) စာအုပ်လေး တွေပဲ ကျွန်တော့်မှာရှိပါတော့တယ်။ ဖတ်ချင်လို့ တစ်ခြားအခန်းတွေက သူငယ်ချင်းတွေလာလာငှားကြပြီး တစ်ယောက်နဲ့ တစ်ယောက်လက်ဆင့်ကမ်းကြရင်းနဲ့ ကျွန်တော့်စာအုပ်စင်လေးဆီကို ပြန်မရောက်နိုင်တော့ တဲ့ စာအုပ်လေးတွေအများကြီးမှ တစ်ကယ့်ကို အများကြီးပါပဲ။ ဒါပေမယ့် ကျွန်တော်အမှတ်မရှိပါဘူး၊ အခုထက်ထိ ဖတ်ချင်တယ်ဆိုပြီးလာတောင်းရင် ငှားနေမိဆဲပါပဲ။

စာရေးဆရာပေါင်းစုံရဲ့ ရသစာအုပ်တွေဟာ ကျွန်တော်အကြိုက်ဆုံးတွေထဲက တစ်ခုပါပဲဗျ။

~~~~@@@~~~~

စာရေးကိရိယာ


ကျောင်းနေရတော့တဲ့အရွယ်၊ ကျောင်းတက်နေခဲ့ရတော့တာ မဟုတ်ပေမယ့်လည်း စာရေးရတာကို ၀ါသ နာပါမိတဲ့ကျွန်တော့်အတွက် စာရေးကိရိယာတွေနဲ့ ဝေးမနေခဲ့ပါဘူး။ များသောအားဖြင့် စာတွေကိုအ လုပ်ထဲမှာ (ကင်(န်)တင်းဆင်းချိန်တွေမှာ) စာအုပ်နဲ့ ခဲတံ၊ ဘောပင်စတာတွေနဲ့ ရေးနေရဆဲမို့လို့ပါပဲ....။

ရှော့ပင်း(န်)စင်တာတွေကို ရောက်တိုင်း ၀ယ်တာမ၀ယ်တာ အသာထား၊ အဖုံးထူထူနဲ့ စာရေးကောင်းမဲ့ စာအုပ်ဆိုက်ဒ် အလတ်စားလေးတွေ၊ ခဲတံ၊ ဘောပင်စတာတွေကို ခဏတော့ ကိုင်ကြည့်၊ ငေးကြည့်နေမိ တတ်တဲ့အထိ ကျွန်တော် ကြိုက်တတ်ပါတယ်...။

အပေါ်ကပုံလေးထဲက ပစ္စည်းလေးတွေကတော့ ကျွန်တော်အလုပ်သွားတိုင်း လွယ်သွားတတ်တဲ့ အိတ်စုတ် စုတ်လေးထဲမှာ အမြဲယီးလေးခိုပြီး လိုက်ပါနေကျ စာရေးတဲ့စာအုပ်လေးတွေနဲ့ ခဲတံ၊ ဘောပင်တွေထည့်တဲ့ ကွန်ပါဘူးလေးပါပဲ...။ စာအုပ်လေးတွေကတော့ ခင်နေတဲ့ ဒီနိုင်ငံသားသူငယ်ချင်းတွေ လက်ဆောင်ပေး ထားတာပါ။ ကွန်ပါဘူးကတော့ ကိုယ့်ဘာသာကိုယ် ၀ယ်ထားတာပါ။ (၀ယ်တုန်းက အထဲမှာ ခဲသားဘော ပင်သုံးချောင်းရယ်၊ ခဲဆံတစ်ဘူးရယ်၊ နောက် ခဲဖျက်တစ်တုံးရယ်ပါသေးတယ်။ ရင်းဂစ် ၁ကျပ်နဲ့ ပြား၉၀ ပေးရခဲ့ရပါတယ်......း))

~~~~@@@~~~~

သစ်ပင်


ကျွန်တော်ကြိုက်နှစ်သက်တဲ့ အထဲမှာ သစ်ပင်အားလုံးလည်းပါသေးပါတယ်။ ပန်းပွင့်တဲ့အပင်ဖြစ်ဖြစ်၊ ပန်းမ ပွင့်တဲ့အပင်ပဲဖြစ်ဖြစ် အပင်ကြီး၊ အပင်လတ်၊ အပင်ပု၊ ခြုံပင်အားလုံးပါပဲ။ တစ်ခါတစ်ခါ သစ်ပင်တွေကို ဘာ မှမတွေးပဲနဲ့ တိတ်တိတ်လေးထိုင်ကြည့်နေရတာ ကျွန်တော့်အတွက်တော့ ဘာနဲ့မှမလဲနိုင်ခဲ့ရတဲ့ ခံစားမှု တစ်ခုပါပဲ။

ပုံလေးထဲက နွယ်ပင်လေးကတော့ ဂမုန်းမျိုးနွယ်ဝင် အပင်လေးနဲ့တူပါတယ်။ ကျွန်တော့်ရဲ့ အိပ်ယာခြေရင်း အခန်းထောင့်လေးမှာထားပါတယ်...။ သူငယ်ချင်းအစ်ကိုတစ်ယောက် မြန်မာပြည်အပြီးပြန်ခါနီး (သူ့ကို ကျွန်တော်လက်ဆောင်ဝယ်ပေးဖို့) အတူတူရှော့ပင်း(န်)ထွက်ရင်း အမှတ်တမဲ့ရခဲ့တာပါ။ အဲ့ဒီမှာ.... သူက လည်း ကျွန်တော့်ကိုလက်ဆောင်ပြန်အဖြစ်ပြန်ဝယ်ပေးချင်တယ်..၊ ဘာလိုချင်သလဲလို့ ကျွန်တော့်ကို မေးတော့ လက်သန်းလောက်ပဲရှိသေးတဲ့ အဲ့ဒီအပင်ပေါက်အိုးလေးကိုပဲ လက်ဆောင်အဖြစ် သူ့ကို ကျွန်တော့်အတွက်ပြန် ၀ယ်ပေးခဲ့ခိုင်းမိလိုက်ပါတယ်......။ သူငယ်ချင်းကတောင် အံ့သြနေခဲ့ပါသေး တယ်....။

ဒါပေမယ့် အခုသူမရှိတော့ပေမယ့် ဒီအပင်လေးကိုရေလောင်းရင်း၊ မြင်ရတိုင်း ကျွန်တော် သူ့ကို ရံဖန်ရံ ခါသတိရနေမိတတ်တာ သူသိခဲ့ရင် ၀မ်းသာနေမှာပါပဲ.....။ အခုဆို အဲ့ဒီအပင်လေးက သုံးနှစ်လောက်ရှိ တော့မယ်။ ဒါပေမယ့် သိပ်မထွားပါဘူး။ သူဝယ်ပေးတုန်းက ရင်းဂစ် ၁ကျပ်နဲ့ ၉၉ပြားလားမသိဘူးပေးရ ပေမယ့် ကျွန်တော့်အတွက်တော့ အနှစ်သက်ဆုံးအပင်လေးပါပဲ....။

~~~~@@@~~~~

သီချင်းခွေများ


ဒီနိုင်ငံမှာရှိတဲ့ ရှော့ပင်း(န်)စင်(န်)တာတွေမှာထဲက သီချင်းခွေရောင်းတဲ့ဆိုင်တွေကိုရောက်တိုင်း ဟိုဟာ ငေး၊ ဒီဟာရွေးနဲ့ သီချင်းခွေအခွေတစ်ခွေဝယ်ဖို့ သိပ်ကြာတတ်တဲ့ ကျွန်တော့်ကို သူငယ်ချင်းအားလုံးက အမြဲတမ်းစိတ်ရှည်ရှည်နဲ့ စောင့်ပေးတတ်ကြပါတယ်။ (တချို့ဆိုရင်ဆိုင်အပြင်မှာ ရပ်ရင်းစောင့်ပေးကြတာ ဆိုင်ရှင်ကို အားနာလို့နဲ့တူပါရဲ့ဗျာ...။)

မညာစတမ်းပြောရရင် မြန်မာ သီချင်းတွေထက် ဘိုသီချင်းတွေကို ကျွန်တော်ပိုနားထောင် မိတတ်ပါတယ်။ တစ်ခါတလေ သီချင်းတစ်ပုဒ်လုံးကို လုံးစေ့ပတ်စေ့ နားမလည်ပေမယ့် သူတို့တွေရဲ့ ဆိုဟန်၊ vocal စွမ်း အားတွေနဲ့ အသံ အရှိုက်၊ အဆွဲ၊ အငင်၊ အတက်အကျ၊ အနိမ့်အမြင့် နဲ့အတူ music arrangement တွေ၊ အသံဖမ်းစနစ်၊ အသံထပ် စံနစ်တွေကိုကြိုက်လွန်းလို့ နားထောင်မိတတ်ပါတယ်....။ တစ်ကယ့်ကို တင်း ပြည့်ကျပ်ပြည့် ခံစားရတယ်လို့လည်း ထင်မိတာလည်းပါပါတယ်....။

ပုံလေးထဲက သီချင်းခွေတွေကတော့ အခုဒီမှာရှိနေတဲ့ ကျွန်တော့်ရဲ့သီချင်းခွေထဲကတချို့ပါပဲ....။ အရင် ရှိခဲ့တာတွေကတော့ အိမ်ပြန်တုန်းက အိမ်မှာထားခဲ့မိလို့ပုံထဲမပါနိုင်တော့ပါဘူး........း)) သီချင်းခွေတွေက လည်း ကျွန်တော့်အကြိုက်ပါပဲခင်ဗျာ.....။

စကားမစပ်ပြောပြရရင် မြန်မာသီချင်းခွေတွေကို ၀ယ်မသိမ်းဖြစ်တာ နှစ်တွေအများကြီးကြာခဲ့ပါပြီ....။ အခုလောလောဆယ်တော့ ဘိုသီချင်းရော၊ ကြိုက်ခဲ့ဖူးတဲ့ မြန်မာသီချင်းဟောင်း တချို့ကိုရော နက်ထဲက ခိုးပြီး(ဒေါင်းပြီး) နားထောင်နေခဲ့တာမို့ပါပဲ...။ အခုနောက်ထွက်တဲ့ မြန်မာအဆိုတော်အသစ်တွေရဲ့ အသံကို လုံးဝနားထောင်လို့ မရလို့ပါ။ (တစ်ခါတလေဆို အိမ်မှာအတူနေတဲ့ ညီလေးတွေဖွင့်တဲ့ သီချင်းတွေကိုကြား ရတိုင်း ကျွန်တော်တို့ ညီသေးသေးလေးခရေတွန် ဆိုသလောက်တောင်မှ မကောင်းဘူးလို့ ထင်မိတတ်တာ အမှန်ပါပဲ။)

~~~~@@@~~~~

ဂစ်တာ.....


တူရိယာပစ္စည်းတွေထဲမှာ ကျွန်တော်အနှစ်သက်ဆုံကတော့ “ဂစ်တာနဲ့ တယော”ပါပဲ...။ ဂစ်တာကိုတော့ သီချင်းဆိုလို့ရရုံ မတောက်တစ်ခေါက်တီးတတ်ပေမယ့်၊ တယောကိုတော့ ဒီနေ့ ဒီအချိန်အထိမြင်ဖူး ရုံကလွဲပြီး တီးဖို့နေနေသာသာ ပခုံးပေါ်တောင်မတင်ကြည့်မိခဲ့ရသေးပါဘူး။ ဘာပိုင်ဆိုင်မှုမှမရှိခဲ့ရဖူးတဲ့ လက်လုပ်လက်စားဆင်းရဲသား ကျွန်တော့်အတွက် တယောတီးသင်ဖို့ အခွင့်အရေးလုံးဝမရခဲ့ဖူးပါဘူး။ ဖြစ်နိုင်ရင်တော့ တီးတတ်ချင်မိပါသေးပါသေးတယ်.....။ ထိုးတတ်ရုံလေးပဲဖြစ်ဖြစ် တီးတတ်ခဲ့ရင် တယော ပြားလေးကို ပခုံးပေါ်တင်ပြီး မေးစေ့လေးနဲ့ အသာမှေးထောက်ရင်း လက်တစ်ဖက်က ဘိုးတံနဲ့ပွတ်ဆွဲရင် ထွက်လာမယ့် (ကျွန်တော်ကိုယ်တိုင်ကြိုးတွေပေါ် ပွတ်ဆွဲလိုက်ရင်ထွက်လာမယ့်) တယောသံစဉ်ကလေး တွေကို ကိုယ်တိုင် ဖန်တီးမိချင်ပါသေးတယ်.......။

ပုံထဲက ဂစ်တာလေးကတော့ ကျွန်တော်ကြိုက်နှစ်သက်တဲ့ ကျွန်တော်တီးနေဆဲ ဂစ်တာလေးပါပဲ.....။ ဘ လော့ဂ်မရေးဖြစ်ခင်တုန်းက ပုံမှန်တီးဖြစ်ခဲ့ပေမယ့် အခုတော့ မတီးနိုင်ခဲ့ရတော့ပါဘူး။ (အလုပ်ထဲမှာလည်း အလုပ်တွေပိုလာလွန်းလို့ပါ။) ရက်ခြားလောက်ပဲ ကျွန်တော်တီးနိုင်တော့ပါတယ်.....။ ပုံလေးကို သေချာ ကြည့်ကြည့်ပါ။ နံပါတ် တစ်ကြိုးပြတ်နေတာတောင်မှ ကျွန်တော်ခုထိ မလဲနိုင်ခဲ့ရသေးပါဘူး.........း))

ဂစ်တာလေးရဲ့အောက်က ကျွန်တော်ခြုံတဲ့ ပရက်စ်စလေပုံပါတဲ့ စောင်ခံပြီးရိုက်ထားတာပါ....။

~~~~@@@@~~~~

ဒါတွေကတော့ နောက်ထပ် ကျွန်တော်ကြိုက်နှစ်သက်နေဆဲ ပိုင်ဆိုင်ထားမိတဲ့ ရုပ်ဝတ္တုပစ္စည်းလေးတွေ ပါပဲ....။
PHILIPS တံဆိပ် မီနီဟုမ်းသီရေတာလေးပါ....။ (အိပ်ခါနီးရင် သီချင်းတိုးတိုးလေးဖွင့်နားထောင်ရတာ သိပ်ကို ကြိုက်တတ်တဲ့ကျွန်တော့်ရဲ့ အကြိုက်တစ်ခုပေါ့.....း))





စာရေး....စာဖတ်ရတာကြိုက်နှစ်သက်လွန်းတဲ့ ကျွန်တော့်ရဲ့ စာတွေရေးနိုင် ဖတ်နိုင်စေတဲ့ acer တံဆိပ် aspire 4937 ကွန်ပျူတာလေးပါ။ သူ့ကိုလည်း ကျွန်တော်နှစ်သက်ပါတယ်.....။


 
သီချင်းနားထောင်ရတာသိပ်ကြိုက်တဲ့၊ ရောက်ရာအရပ်မှာတွေ့ရာကို ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက်တတ်ချင်တဲ့ ကျွန်တော့်ရဲ့ အဖော်မွန် nokia N95- 8GB ကလေးကို ၀ယ်သုံးတာ နှစ်နှစ်လောက်ရှိနေခဲ့ပေမယ့် အခု ထက်ထိကျွန်တော် ကြိုက်နှစ်သက်နေမိဆဲပါပဲ....။ ဒီဖုန်းပုံလေးက လွဲရင် ကျန်တဲ့ပုံတွေရော အရင် ဘလော့ဂ်မှာတင်ဖူးခဲ့တဲ့ ပုံတွေပါ ဒီဖုန်းလေးနဲ့ပဲရိုက်ထားခဲ့တာပါပဲခင်ဗျာ....။


~~~~@@@~~~~

နောက်ဆုံးမှ ရေးပေမယ့် နောက်ဆုံမဟုတ်တဲ့ကျွန်တော့်ရဲ့အကြိုက်ဆုံးတစ်ခု ရှိပါခဲ့ပါသေးတယ်....။ အဲ့ဒါကတော့ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ဘလော့ဂ်ရေးနေကြတဲ့ သူငယ်ချင်း ညီအစ် ကိုမောင်နှမတွေနဲ့ ဘလော့ဂ်ရေးရင်ခင်မင်ခဲ့ရတာကိုပါပဲ......။

ဘလော့ဂ်စာမျက်နှာတွေနောက်ကွယ်မှာရှိတဲ့ဘလော့ဂ်ရေးတဲ့မောင်နှမတွေရဲ့ ဆင်းရဲခြင်း ၊ ချမ်းသာခြင်း၊ ရုပ်ဆိုးခြင်း၊ ရုပ်ချောခြင်း၊ အဆင့်အတန်း အလုပ်အကိုင်ရာထူးမြင့်ခြင်းနဲ့ နိမ့်ကျခြင်း၊ ရာထူးဂုဏ်အရှိန်အ၀ါ ရှိခြင်း၊ မရှိခြင်း... စတာတွေလုံးဝမပါပဲနဲ့ စာမျက်နှာလေး တွေအပေါ်က စာရေးသူရဲ့ အရေးအသားလေး တွေသက်သက်အပေါ်မှာ ခင်မင်ရင်းနှီးရခဲ့ရတာလည်း တစ်ကယ့်ကို ကျွန်တော်အကြိုက်ဆုံးတစ်ခုပါပဲ.....။ (ဘလော့ဂ်မရေးတဲ့ မောင်နှမတွေရောပါပါတယ်......။)

~~~~@@@~~~~~

ရေးပြီးမှ ပြန်ကြည့်မိတာကတော့ ကျွန်တော့်အကြိုက်လေးတွေက များနေသလိုပါပဲဗျာ...း)

ပြီးတော့ ကိုယ်ကြိုက်တဲ့ အရာလေးတွေက ကိုယ့်ကိုပျော်ရွှင်စေတတ်တာပဲမို့ ပြီးခဲ့တဲ့ နှစ်တုန်းကတည်းက စီဘောက်မှာ လာမေးသွားတဲ့ ညီမလေးအကီနိုရဲ့ သင့်ကိုပျော်ရွှင်စေခဲ့သောအရာများဆိုတဲ့ အမေး လေးကိုလည်း ကိုမိုးရဲ့ တက်ဂ်လေးနဲ့ ရောပြီး သူငယ်ချင်းခြင် ရဲ့ ဒီဇိုင်းနဲ့ တူးအင်ဝမ်းတက်ပို့စ်လေး ရေးလိုက်မိပါတယ်.....။

ကိုမိုးရော......၊ နောက် ညီမလေးအကီနိုရော ကျေနပ်မယ်လို့ မျှော်လင့်မိပါတယ်...။

~~~~@@@~~~~

ထုံးစံအတိုင်း ဆက်တက်ဂ်ချင်တဲ့ ညီချစ်ကလေးတွေနဲ့ သူငယ်ချင်းတွေကတော့....

(၁) ညီလေး ခရေတွန်

(၂) ညီလေး ဗညားရှိန်

(၃) ညီလေး ဝေလင်း

(၄) ညီလေး ကိုဖြိုး

(၅) ညီလေး သော်ဇင်စိုး

(၆) သူငယ်ချင်း ကိုဇော်

(၇) သူငယ်ချင်း ကိုခိုင်

(၈) ညီ ဇောင်း

(၉) ညီ zox

(၁၀) ညီလေး ဇာဏီ တို့ပါပဲ.....။

ဒုက္ခပေးတယ်မထင်ကြပါနဲ့ဗျာ.....။ အားရင် ရေးပေးကြပါဦးခင်ဗျ.......။

========================================

ချစ်ခြင်းအားဖြင့်......

ဏီလင်းညို

40 comments:

ချစ်ကြည်အေး said...

အိမ်မှာ အိပ်ရာခင်းတွေဝယ်လွန်းလို့ ဆူခံနေရပြီ၊ အိပ်ရာကို ကြိုက်တယ်။ အိပ်ရတာကို မကြိုက်။ ပိုက်ဆံမကိုင်ချင် လိုတာရ ပြီးရော။ စာအုပ် ငှားဖတ်ချင်တယ်၊ ဒိုင်ယာရီ ရေးလေ့မရှိ၊ သစ်ပင် ကြိုက်တာချင်းတူ။ ဆလင်းဒီယွန် နဲ့ ရှာနီယာသွင် အမ မှာလဲရှိ။ ဂစ်တာ ရွာမှာ ထားခဲ့ လက်ကွက်တွေ အတော်မေ့ကုန်။ ကျန်တာတွေလည်း တူတူပဲ....။ ဒါ့ကြောင့် ဘလော့ဂ်ဂါဖြစ်တော့သကိုး....:)

မောင်မိုး said...

ရေးပေးတဲ့ ကျေးဇူးပါကိုဏီရေ.. ကိုဏီရေးတဲ့အထဲမှာ ကျွန်တော်ကြိုက်တာလေးတွေပါတယ်။ ဂစ်တာလေးရယ်...စာရေးကိရိယာတွေလည်း ကျွန်တော့် ခရေဇီပဲဗျာ။ နောက်ထပ် မရရှိသေး၊ မပိုင်ဆိုင်ရသေးတဲ့ အကြိုက်ဆုံးသက်ရှိ၊သက်မဲ့တွေကိုလည်း အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့ပါတယ်ဗျာ။

ခြင် said...

ဟေး အကြိုက်ခြင်းတူ ရန်သူတဲ့နော်... ဂွီးးး ဂရား... ဂရား..... ၀ုတ်ဝုတ်...

အဲထဲက ဟာတွေ အားလုံးကြိုက်... ဘိုင်ဒဝေးး နာ့တငယ်ချင်လူပျိုကြီးက စည်းကမ်းတကယ် ရှိတယ်ကွာ..... နင်နဲ့ရတဲ့ မိန်းကလေးတော့ မိန်းမပီသမှ ရမယ်ဟေ့.... အဲလဗစ် စောင်ကြီးခြုံလို့ ဟားဟား..
နာ့ကို တဂ်ပို့ထဲဆွဲမထည့်တာ.. ကျော်ထှာနော်.... ဟိ..

ကိုဇော် said...

1) အိပ်ယာခင်းနဲ့ မအိပ်တတ်...ခါးနာသောကြောင့် ၊ ထို့ကြောင့် ကုတင်ပေါ်မှာ သစ်သားပြားခင်းအိပ်...သို့သော် ...စပရင် ဆိုဖာဆိုရင်တော့ အိပ်တတ်...
2) ပိုက်ဆံဆိုတာ ရှိထားသင့်....
3) စာအုပ်ကိုတော့ ပြောဖို့ မလို ၊ အရင်က တလ ၇ သောင်းကျော်ဖိုးလောက် ဝယ်ဖို့လို အမြဲ အဆူခံရ...
4)ဒိုင်ယာရီ မရေးဖြစ်တော့ . .သို့သော် မှတ်ချက်ရေးထားသော စာအုပ်များစွာ...
5) သစ်ပင်စိုက်ထားတယ်...စက်ရုံထဲမှာတင်. .ဒီအတွက် ပို့စ်ရေးဦးမှာ..
6) ဂီတ ဆိုတာ လူ့စိတ်ကို နူးညံစေတယ်. . ဒါကြောင့်..ကြိုက်စ်...
7) ဂစ်တာကို ဗုံလိုသာတီးတတ်...
8) သံစဉ် ၊ ရုပ်ပုံ ၊ ဗီဒီယို အားလုံး ကွန်ပျူတာဖြင့်သာ ကြည့်ပါတယ်..
ဒါကြောင့် ဒါတွေ မရှိ...
9) ဒါကြောင့် ကွန်ပျူတာက အိမ်မှာနဲ့ အပြင်သွား ၂ လုံးဖြစ်နေ...
10) RM 99 တန် နိုကီယာ ဖုန်းသာ ကိုင်လာတာ ၂ နှစ်ကျော်... ဒီဖုန်းတောင်မှ ပိုက်ဆံမထည့်လို့ ကဒ်က ခဏခဏ သေနေတယ်... ဟော ပြောရင်းတောင်မှ အခုလည်း သေနေ...

ဘဝမှာ အလိုချင်ဆုံးကတော့ အေးချမ်းသာယာသော မိသားစု ဘဝလေး တစ်ခုရယ်သာ...

ပျော်ရွှင်ပါစေ
ကိုဇော်

Anonymous said...

ခွိ.. ပို့စ်ထဲ တားတားနာမည်ကြီးပါလာလို့ လန့်တွားပါဒယ်...
တကယ်တော့ ကိုဏီကြီးစ်စ်က မုန့်စားချင်လို့ကိုးးး :P မက်လကားကိုလာရင် ကျွေးပါမည်။ အကြွေးမှတ်ထားလိုက်။

ရင်းဂစ်စာလုံးပေါင်းမှားနေ၏.. တစ်ရာတန်တောင် အလွယ်တကူဆောင်မထားဘူးလားဗျ.. တားတားမှာဆို ပိုက်ဆံအိတ်ထဲ ဆိုက်ဇ်ဆုံအကုန်ရှိ.. ဟိဟိ။

အကြိုက်တော်တော်များများတူနေတယ်။ အဲ့ရောက်ရင် သီချင်းခွေလာငှါးမည်..။း)

သစ်ပင်၊ စာအုပ်၊ စာရေးကိရိယာ.... ဝါသနာတွေတူ၏။
နေတာထိုင်တာ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်မို့ သဘောကျသွား၏။

ထိပ်ဆုံးကတက်ဂ်ထားတဲ့အတွက် ရေးရပေဦးမည်။
ဒီနေ့တော့ ကံခေတာလားကံမြင့်တာလားမပြောတတ် တက်ဂ်နှစ်ခုဆက်တိုက်ထိသည်။
လာမည်ကြာမည်နော်.. ခွိခွိ... ဘွားဇ်

ဒဏ္ဍာရီ said...

ကိုဏီး ........ ကြိုက်တာလေးတွေက ကောင်းလိုက်တာနော်။ အိပ်ယာလည်း ကြိုက်တယ်. ပိုက်ဆံကတော့ ဘ၀မှာ အသင့်အတင့် လိုအပ်တဲ့ အရာပဲလေ။ စာအုပ်တွေလည်း ကြိုက်တယ်။ ဖတ်လည်း ဖတ်ဖြစ်တယ် ဘာသာပြန်တွေ ပိုဖတ်ဖြစ်တယ်။ သစ်ပင်ကို အိမ်ထဲမှာ စိုက်ရတာ ၀ါသနာပါတယ်။ Celine Dion နဲ့ Shaina Twain က ညီမရဲ့ crazy တွေပဲ ကိုဏီး။ One Heart ကတော့ အသည်းစွဲပေါ့။း)
ကွန်ပျူတာလေးကလည်း မရှိမဖြစ်မိုးလေ။ ..... တော်ပြီ ကိုဏီးရာ.. အတက်မခံရပေမယ့် ကြိုက်တာတွေ တော်တော်တူလို့ ရေးလိုက်ပါတယ်။

ခင်မင်လေးစားလျှက်

စန္ဒကူး said...

ကို ဏီလင်းညိုရှိတဲ့ဟာတွေ အကုန်ရှိနေတယ်..
စာရေးကရိယာနဲ့ DVD တွေတော့ တစ်နှစ်တစ်ခါတောင်မသုံးဖြစ်ဘူး..
မီးဖိုချောင်လေးတစ်ခုလဲရှိသေးတယ်..း)
အိမ်အသစ်တစ်ခုရောက်တိုင်းမီးဖိုချောင်နဲ့ ရေချိုးခန်း ကိုယ်ကြိုက်မှ နေဖြစ်တယ်။း)

Anonymous said...

ရောက်၏ ၊၊ သန့်ရှင်းသပ်ရပ်နေတက်၏ ၊၊


မင်းအိမ်ဖြူ

မောင်သီဟ said...

ကိုဏီကြိုက်တာတွေ အနော်လည်းကြိုက်တယ်ဗျ
း)ပေးပါလားဟင် ခွိ
း) ကိုဏီက ကိုကိုကျောက်ကို တဂ်ရမှာ သူ့အကြိုက်လည်းရေးချင်မှာပေါ့ဂျ
သူကြိုက်တာက မာမီ တဲ့ ဟိဟိ
ကိုမိုးတဂ်အရင်က တဂ်ထားဖူးတယ် မသိချင်မေ့ချင်ယောင်ဆောင်နေလိုက် တာအခုထိပဲ နောက် ကိုဏီးအကြိုက်တခုတိုးလာအုံးမယ်နော်
သက်ရှိပေါ့း)

ကိုခိုင် said...

လာလည်ပါသည်။
သပ်သပ်ရပ်ရပ်လေးနဲ့
ရှင်းရှင်းလေး။
ကြိုးစားပြီးရေးပါမည်။း)

ကိုခိုင်

မိုးခေတ် said...

ကိုဏီရေ...
ကြိုက်တာတွေကတော့ တော်တော်များများတူတယ်ဗျ...
တခြားဟာတွေက တော်တော်များများကြိုက်ကြတာချင်းတူနိုင်ပေမယ့်...
စာရေးကိရိယာလေးတွေကြိုက်တာတော့ ကျွန်တော်နဲ့လာတူနေတယ်....
ကျွန်တော်လဲ အဲဒီလိုပဲ... အဲဒီပစ္စည်းလေးတွေတွေ့ရင် မနေနိုင်ဘူး....မ၀ယ်ဖြစ်တောင် ကိုင်ကြည့် သွားရည်ယိုပြီးပြန်လာတာ ချည်းပဲ.....
အထူးသဖြင့် စာအုပ်လှလှလေးတွေရယ် ၊ ဘောင်ပင်ရောင်စုံလေးတွေရယ်ပေါ့.....
အကြိုက်တွေကို မျှဝေခံစားသွားပါတယ်...။

အင်ကြင်းသန့် said...

ဟုတ်ပ...ငါ့အစ်ကိုကြီးက ပစ္စည်းလေးတွေကို ထားထားလိုက်တာများ သန့်ရှင်းသပ်ရပ်နေတာပဲ...တော်ပါပေ၏။
ကြုံကြိုက်မှ သီချင်းခွေနဲ့ စာအုပ်တွေငှားရဦးမယ်...(အပေါ်မှာ မြှောက်ထားပြီးမှ အချေးအငှား ကိစ္စပြောတာနော်... :)))

(ဒါနဲ့ စကားမစပ်...ကလေးမဟုတ် သူငယ်မဟုတ် ကွန်ပါဗူးကြီးနဲ့...အဟဲ)

ခင်မင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း

ဇာဏီ said...

အစ်ကို့ရဲ့အကြိုက်တွေက နည်းနည်းတော့များသားဟီး
ကျွန်တော့်အကြိုက်နဲ့တူတာက ပိုက်ဆံ ပဲ
ကျွန်တော် ပိုက်ဆံကို မက်မောတာတော့မဟုတ်ဘူး
နှစ်သက်တာပါ

ကျွန်တော်လည်း တဂ်ပို့(စ်)လေးကို ရေးသားပြီး ဖြစ်ပါတယ်အစ်ကိုရေ..

Anonymous said...

အောင်မြတ်လေးဗျာ ချစ်ကိုကြီးရယ် . . . . အနော်မှာ ရေးချင်ပေမဲ့ အသပြာ ထောင်ထုပ် တောင်စမုတ်ကလဲ ထွတ်မလာတော့ ဓာတ်ပုံရယ် ရိုက်ချင်ပေမဲ့ လကုန်တောင်မသေချာသေးပါဘူး ပူတဲ့ ကြွေးတွေ . . . ခင်မင်တာ သေချာခဲ့တာမို့ ဒီရင်မှာ ပေါ်လာမယ့်ဟာ မှန်သမျှ ပုံမပါ စာတွေချည်းသာနဲ့ ရေးပေးပါ့မပေါ့ ကျွန်တော် ချစ်တဲ့ ဏီတဲ့ လင်းတဲ့ ညိုတဲ့ အရောင်မျိုးစုံထွတ်နေတဲ့ ကိုဏီလင်းညို . . . .

ကိုလူထွေး said...

အမှတ်မရှိဘူးဆိုလို့ စာအုပ်လာငှားပါတယ်...
အဆင်ပြေရင် အောက်ဆုံးက ရုပ်ဝတ္ထုပစ္စည်းတွေလည်း တခုပြီးတခု ဆက်ဆက်ပြီး လာငှားချင်ပါသေးတယ်...

းဝ)

Anonymous said...

အကြိုက်တွေ အကြိုက်တွေ များမှ များပဲ :D


မိုးခါး

သဒ္ဓါလှိုင်း said...

ဟုတ်တယ်ကိုဏီလင်းရေ..
သဒ္ဓါလည်းခုထိ စာရေးကိရိယာနဲ့ပက်သက်ရင်crazy ဖြစ်တုန်းပဲ။ အိပ်ထဲမှာ
အမြဲဆောင်ထားတတ်တယ်။ စာအုပ်လည်းကြိုက်တယ်။ အပင်လေးတွေလည်း ကြိုက်တယ်။ သီချင်းလည်းကြိုက်တယ်။

ခင်တဲ့
သဒ္ဓါ

Unknown said...

ကြိုက်တာတွေများလွန်းလှချီလား
ကျွန်တော်တို့ကတော့ စာအုပ်ပထမ ဘဲ
လူတွေဘာလို့ အဲဒီလောက် အကြိုက်ချင်းတူနေကြပါလိမ့်နော်

ဆောင်းနှင်းရွက် said...

အို ...

ကြိုက်တာတွေ ကလည်း
များ မှ များပါ လားးးး ...

ကိုယ့် အကြိုက် ၃
ဆက်ဖတ်မယ် ဗျို့ ...!

သဇင်ဏီ said...

ဖတ်သွားပါတယ်..း)

Angel Shaper said...

အားးးးးးးပါးးးးးးးးးး လန်းလိုက်တာ... မာမီညိုရာ... အဲလေ..
ကိုကြီးညိုရာ.... ပစ္စည်းလေးတွေကို သေသေသပ်သပ် နဲ့ ရိုရိုသေသေ စည်းကမ်းရှိရှိ သိမ်းတတ်ပါ့။ အကြိုက်ကလေးတွေ တော်တော်များများတူ၏။ အဲဒီကိုရောက်ရင်တော့ သီချင်းခွေတွေနဲ့ စာအုပ်တွေကို အရင်ဆုံးဖွမယ်။(ငှားလဲငှားပါမည်) ဟဲဟဲ...
ဂစ်တာကြီးကိုလဲ နှိပ်စက်ပြီး ဟုမ်းသီရေတာလေးနဲ့ အသံသွင်း ပတ်ဝန်းကျင်ကို နှိပ်စက်ပစ်မယ်။ မှတ်ကရော...ခစ်ခစ်
ကျန်သေးတယ်...ရောင်စုံငွေစက္ကူလေးတွေကို အိမ်ပြန်မုန့်ဖိုး တောင်းသွားဦးမှာ အကြွေစေ့မပါ... အဟဲ...
လန့်မသွားနဲ့ဦး ကိုကြီးညို...
အဲလိုလာလုပ်ဖို့...မောင်သေးသေးလေးနဲ့ တိုင်ပင်နေတယ်။ အဟက်
ခံနိုင်ရည်သာ ရှိအောင်သာနေဗျာ...အဲလေ...
အဆင်ပြေပျော်ရွှင်ပါစေဗျာ....

mysterysnow said...

ကိုဏီရေ

ဒိုင်ယာရီစာအုပ်ထဲကစာတွေ
ဘလော့ပေါ်တင်ပါဗျို့....

နှင်းနဲ့မာယာ

ZOX said...

အစ်ကိုရေ... အစ်ကိုက စည်းကမ်းတော်တော် ရှိတာပဲဗျ။ ပစ္စည်းတွေ ကြည့်တာနဲ့သိတယ်။ မိုက်တယ်ဗျာ။ ဂုဏ်ယူပါတယ်။ ကျွန်တော် ရေးနေပါတယ် အစ်ကို။ ခဏလေးပါ။ ပြီးတာနဲ့ အကြောင်းပြန်ပါ့မယ်။

Anonymous said...

ဝုတ်တယ် ၀ုတ်တယ်....
ကိုယ့်အစ်မ Angel Shaper ပြောသွားသမျှ အကုန့်အကုန် လုံးဝကို ခြွင်းချက်မရှိ ထောက်ခံပါသည်....
ချစ်သောကိုဏီ... ခေါင်းကျိန်းဖို့သာပြင်ထားပါလေ.... ခွိ..ခွိ

စိတ်၏ဖြေရာ said...

ကြိုက်တာတွေများမှများပါလားကိုဏီရေ။

ရွှေရတုမှတ်တမ်း said...

သာမီးဏီးဏီးက မံမီနဲ့ တူတာဆိုလို့ ပိုက်ပိုက်ကြိုက်ကြိုက်ပဲတူတယ်..
မံမီအိပ်ယာက ထမနဲထိုးထားသလို စောင်ရောအိပ်ယာခင်းရော ခေါင်းအုန်းရောသမနေတာ...အဲ..စာအုပ်ကြိုက်တာတူပေမဲ့ တနေရာပြီးတနေရာ ပြောင်းတတ်လို့ စာအုပ်တွေလဲ ဘယ်ပျောက်ကုန်မှန်းလဲ မသိတော့ဘူး အခူတော့ onlineမှာတင်တာတွေပဲဖတ်နေရတယ်..သီချင်းကတော့ ကားမောင်းရင်း မငိုက်အောင် ပဲနားထောင်ဖြစ်တော့တယ်..
နောက်ဆုံအကြိုက်ကတော့ မံမီလဲအကြိုက်ဆုံးပဲ...ဏီးဏီးကို အမြဲသတိရတတ်ပါတယ်ကွယ်..
ပုံ
မံမီကျောက်

rose of sharon said...

အကြိုက်လေးတွေလာကြည့်သွားတယ်... ကြိုက်ချင်စရာတွေဘဲကိုး...

ရီမိုးပြည့်  said...

ကိုဏီ ရေ...
အရောက်လာပြီး အကြိုက်တွေကို လာဖတ်သွားပါတယ်။

Nge Naing said...

အကြိုက်တွေက စုံနေတာပဲနော့်။ သစ်ပင်အိုးလေးနဲ့ စာအုပ်စဉ်လေးကို ပိုကြိုက်တယ်။

မြစ်ကျိုးအင်း said...

အညို့အကြိုက်တွေက များပါ့။
ဓါတ်ပုံရိုက်ဖို့ ငှားထားတဲ့ ငါ့ဖုန်းလေးလည်း ပြန်ပေးအုံးလေး)

ညလင်းအိမ် said...

တို့ အစ်ကို အကြိုက်တွေကလည်း အများကြီးပါပဲလား ...
အဲဒီဂစ်တာလေး လိုချင်တယ်ဗျ.. ပေးမှာလား...

သိင်္ဂါကျော် said...

အကြိုက်တွေ တော်တော်များများက တူနေကြတယ်.. ဒါကြောင့်လည်း ဘလော့ဂါတွေ ဖြစ်တာကိုး..:)
စာအုပ်တွေလည်း ကြိုက်၊ အပင်တွေလည်းကြိုက်၊ သီချင်းနားထောင်ရတာလည်းကြိုက်၊ ဂစ်တာကတော့ တီးချင်ပေမယ့် မတီးတတ်ဘူး၊ laptop တောင်မှ acer ချင်း တူနေသေးတယ်..။

Cameron said...

အကြိုက်ဆုံးက အိပ်ယာ၊ စာအုပ်စင်၊ စာရေးကိရိယာ၊ Mp4၊ သီချင်းခွေတွေနဲ့ လက်တော့ ...ဟဲဟဲ ကုန်ပြီလားမသိဘူး ကြိုက်တဲ့ပစ္စည်းတွေက..။

ခင်မင်စွာဖြင့်
မိုးငွေ့

ဇောင်း said...

ကိုဏီးရဲ့ အကြိုက်တွေကတော့ သန့်ပျံ့နေ၏...
=---------------------------------------------=

ZaunG

မေဓာဝီ said...

ဏီလင်းနဲ့ အမ အကြိုက်ချင်း တော်တော်များများတူတယ်။ သို့သော် အမက ပိုက်ဆံ မကြိုက်ပါ။ လူမိုက်နဲ့ငွေ အတူမနေဆိုတဲ့ စကားအတိုင်းပေါ့။ မရှိလို့ မကြိုက်တာ ဖြစ်ရမယ်။ :P
ကျန်တာအားလုံးတူတယ်။ အိပ်ရာ စာအုပ် အပင် သီချင်း ဂစ်တာ ကွန်ပျူတာ ... တူတူပဲ။ ဒါပေမဲ့ အမက ပရက်စလေကိုတော့ မခြုံဘူး။ :D

ပေါ့ဆိမ့် said...

ပို့စ်ရှည်လည်း အိပ်ယာကစ လို့ nokia N95 အောက်ဆုံးနားထိဖတ်လိုက်ပါ၏...

မြသွေးနီ said...

အမယ်လေး
သန့်ရှင်းသပ်ရပ်နေလိုက်တာ...
ဏီဏီ့ အခန်းလို့မပြောရဘူး..။

what is good things said...

ပစ္စည်းတွေ ဓါးမြလာတိုက်ရင်ကောင်းမလားလို့း))

စံလင်းထွန်း said...

ကိုဏီရေ ..
ဒီနေ့တော့ မပြန်ဖြစ်ဘူးဗျာ ...။
ရောက်နေတာကြာပြီ ..။
စာတွေလည်းလာဖတ်တယ်။
ကွန်မန့်ပေးသွားတာတွေ့တယ်ခင်ဗျ။

ခင်မင်လေးစားလျက်
စံလင်းထွန်း

Unknown said...

အစ်ကိုရေ.. ကျွန်တော်က တဂ်ခံရရင် ပြောတဲ့ကောင်ဗျ..။
ဒါပေမယ့် ဒီတစ်ခါတော့ ချက်ချင်း အချိန်ပေးပြီးမရေးနိုင်လို့ စိတ်မကောင်းဘူး။ ဒါပေမယ့် ရေးမှာပါအစ်ကို စိတ်ရှည်ရှည်နဲ့တော့ စောင့်ပေး။ ဟီး..
အစ်ကို့ညီက ဒီရက်ပိုင်း စိတ်လေနေလို့