Thursday, March 11, 2010

အသွား... အပြန်


စိမ်းမှောင်မှောင်အရောင်အဆင်းရှိသော ဆီအုန်းပင်များ၊ အမျိုးအစားမခွဲခြားတတ်ခဲ့သော သစ်ပင်များ၊ အရောင်စုံပွင့်နေတတ်သော ပန်းပင်များ၊ တစ်ခါတစ်ခါ မြင်ရတတ်သော ကုန်း ပြင်မြင့်မြင့်များ၊ နောက် မြေနီနီဖြစ်နေတတ်သော ကုန်းမြင့်စောင်းများ၊ ဖြတ်သွားဖြတ်လာ ကားကြီးကားငယ်များ......စ သည့်မြင်ကွင်းများက သူ့ရဲ့မျက်ဝန်းထဲတွင် တစ်ရိပ်ရိပ်ဖြစ်ခါ ကျန်ရစ်နေခဲ့၏။ သူနေသော မလက္ကာမြို့လေး(melaka)  မှ ကွာလာလမ်ပူမြို့   (kuala lumpur)              သို့ဦးတည်နေလေခဲ့သော အဝေးပြေးကားပေါ်တွင်တိတ်တစ်ဆိတ်ထိုင်ကာ လိုက်ပါခဲ့နေမိသော်လည်း သူ့စိတ်တို့က ဟိုဒီလွင့်ပျံ့လျှက်ရှိသည်။ အရှေ့ခုံတွေတွင်ထိုင်နေကြသော သူငယ်ချင်းများကတော့ သူ့အဖြစ်ကို သိမည်မထင်ပါ....။

နောက်ဆုံးတန်း၊ ထောင့်ဆုံးခုံတွင် လက်တံတောင်ဆစ်ဖြင့်မေးထောက်ရင်း အလုံပိတ်ကား မှန်ပြတင်းဝမှ မြင်နေရသော အဝေးပြေးလမ်းမနံဘေးရှုခင်းများကို ကြည့်သာကြည့်နေမိခဲ့၏။ သူ့အာရုံထဲတွင် ဘာဆို ဘာမှ မခံစားရမိ...။ စာရေးဖို့ တွေးကြည့်မိသော်လည်း ခေါင်းထဲမှာ ဘာမှတွေးလို့မရ...။ စက်ကလေး ကလည်း မလက္ကာမြို့လေးရှိ သူနေသောအိပ်ခန်းလေးထဲတွင် ကျန်ရစ်နေခဲ့တာတစ်ကြောင်း၊ နောက်...သူ သွားကာ လုပ်ရမည့်၊ ဆောင်ရွက်ရမည့်ကိစ္စတစ်ခုကြောင့် စိတ်တွေမငြိမ်မသက် ဖြစ်နေခဲ့ရတာတစ် ကြောင်းမို့ပဲ ဖြစ်ပါသည်။ အချိန်မှီမပြီးမှာစိုးတာကြောင့်ပင်....။

သူကိုင်သောဖုန်းလေးထဲမှ အမ်ပီသရီးသီချင်းလေးများကိုနားထောင်ဖို့ စိတ်ကူးရလာသည်။ သို့သော်... နား ကျပ်ကပါမလာခဲ့။ ဒီအတိုင်းဖွင့်ကာနားထောင်ပြန်လျှင်လည်း တိတ်ဆိတ်နေလေခဲ့သော ကားအတွင်း တစ် ခြားလူများကို အနှောက်အယှက်ဖြစ်မှာစိုးမိရသည်။ စိတ်ကူးသာရသည်။ နားထောင်လျှင်လည်း သူ့အာရုံ ကိုသိပ်ကြိုက်ခဲ့သော သီချင်းများက ဖမ်းစားနိုင်မည်မထင်ပါ....။

မတည်ငြိမ်နိုင်လွန်းသော စိတ်ကိုဖမ်းဖို့ကြိုးစားရင်းဖြင့်.......။

~~~~~@@@@~~~~~

သူ ကွာလာလမ်ပူမြို့လေးကို ရောက်ခဲ့လေတော့ နေ့လည်ဆယ့်နှစ်နာရီပင်ထိုးလုလုရှိနေခဲ့ပြီ....။ ထိုကွာလာလမ်ပူမြို့တွင်နေသည့် သူငယ်ချင်းတစ်ယောက်က ချိန်းထားသောနေရာမြန်မာဆိုင်တစ်ဆိုင်တွင် အသင့်စောင့်နေတာမို့ သူ့စိတ်နည်းနည်းအေးသွားသည်။ မြန်မာဆိုင်ကလေးထဲတွင် သူနှင့်အတူပါ လာသော သူငယ်ချင်းများက မြန်မာထမင်းဟင်းများကိုမှာယူပြီး မြိန်ယှက်စွာစားနေကြတာကို သူအားကျ စွာတစ်ချက်ကြည့်ရင်း စားဖို့လွယ်ကူသည့် မုန့်ဟင်းခါးတစ်ပွဲကိုသာမှာစားမိသည်။ ထမင်းစားလျှင်လည်း ၀င်မှာမဟုတ်တာကြောင့်မို့ပင်..။

သူစားပြီးသောအခါ...သူငယ်ချင်းက...

“ပြီးပြီလား.... ဒါဆို သွားကြမယ်လေကွာ”...ဟု လောဆော်လေတော့၏။

သူခေါင်းငြိမ့်ပြလိုက်မိသည်။

ထို့နောက် သူတို့ ရဲ့ ဦးတည်ရာက မြန်မာသံရုံးရှိရာဆီသို့ ပင်ဖြစ်နေခဲ့လေတော့သည်။

~~~~@@@@~~~~

က္ကစီတစ်စီးပေါ်မှ တစ်စီးပြောင်းရင်း သူတို့ရဲ့ခြေလှမ်းများက ခပ်သွက်သွက်ဖြစ်နေခဲ့ရ၏။ နောက် ဆုံးတော့လည်း ကြန့်ကြာမှုတစ်ခုတစ်လေမှ မရှိခဲ့ရပဲ မြန်မာသံရုံးတွင် သူ့ရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ စာအုပ်လေးကို သက်တမ်းတိုးခြင်းကိစ္စတစ်ခု လွယ်ကူချောမောစွာ ပြီးဆုံးခဲ့ရလေပြီ....။

~~~~@@@@~~~~

ကွာလာလမ်ပူမှသူနေသော မလက္ကာမြို့လေးဆီသို့ပြန်လည်ထွက်ခွာလာခဲ့သော ဘတ်(စ်)ကား ပေါ်တွင် (ထုံးစံအတိုင်း) နောက်ဆုံးခုံ ထောင့်ဆုံးနေရာလေးမှ သူထိုင်ရင်းလိုက်ပါလာခဲ့မိ၏။ ထုံးစံအတိုင်း လက်တံတောင်ဆစ်ဖြင့် မေးကိုပြန်ထောက်ကာထိုင်ရင်း သူလိုက်ပါခဲ့မိပြန်သည်။

မှန်အလုံပိတ်ထားလေသော ကားပြတင်းဝမှ သူမြင်တွေ့နေခဲ့ရလေသော ရှုခင်းများက အလာတုန်းကနှင့် အတူတူပင်...။ သို့သော်လည်း....သူ့စိတ်ထဲတွင် အခုတော့ပိုပြီး ကြည်နူးစရာကောင်းနေခဲ့ရသလိုလိုပင်...။ နေညိုချိန် တိမ်တောက်နေပုံက ပိုလှနေသလိုလို.......၊ နောက် လမ်းနံဘေးမှ သစ်ပင်များ၊ ပန်းပွင့်များကပဲ ပိုပြီး မွှေးမြလန်းဆန်းနေခဲ့လေသလိုပင်....။

~~~~@@@@~~~~

တူညီသော ခရီးအကွာအဝေးတစ်ခုကို နေ့ချင်းပြန်သွားခဲ့ရသော ခရီးစဉ်တစ်ခုတွင် သူ့ရဲ့စိတ်ခံစားမှု အခြေအနေက အသွားနှင့် အပြန်လုံးဝကိုမတူတော့ပါ...။

သေချာတာတစ်ခုကတော့ သူထမ်းဆောင်ရမည့်ဝတ္တရားတစ်ခုအား အဆင်ပြေချောမွေ့စွာ ဆောင် ရွက်နိုင်ခဲ့သောကြောင့်သာထင်ပါသည်။

~~~~@@@@~~~~

ကွာလာလမ်ပူမြို့ရဲ့ ဆူညံသောအသံများ၊ မျှော်လင့်ချက် တောက်ပနေသော၊ ကင်းမဲ့နေခဲ့သော မျက်နှာများ၊ မြင့်မားသော တိုက်တာ အဆောက်အဦးများ၊ သိပ်ချစ်ခင်နေမိဆဲဖြစ်ရသော သူမသိသည့်၊ မရင်းနှီးသည့် မြန်မာလူမျိုးများရဲ့ မျက်နှာများသည် ခပ်ဝါးဝါးအရိပ် တစ်ခုအဖြစ် ကွာလာလမ်ပူမြို့နှင့်အတူ သူ၏နောက်ကွယ်တွင် ခပ်ရေးရေးဖြင့် မှေးမှိန်စွာ ကျန်ရစ်ခဲ့ရလေပြီ....။ ။

~~~~@@@@~~~~


(ပုံလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ.....။)
=============================================================
စာကြွင်း........ ဒီနေ့ ကွာလာလမ်ပူကိုရောက်ခဲ့ပေမယ့် အဲ့ဒီမှာနေတဲ့ ညီသေးသေးလေးခရေတွန်၊ ညီမသေး သေးလေး အိန်ဂျယ်လ်၊ ညီမလေးသဇင်ဏီ၊ ခင်မင်ရတဲ့ ကိုဇော်၊ နောက်ပြီး... (ကျွန်တော့်အခေါ်)ကိုအေအေတူ(AATO) တို့ကို လုံးဝအသိမပေးပဲ တိတ်တိတ်လေး ပြန်သွားခဲ့ပါတယ်...။ လာတွေ့ကြရမှာကို၊ အလုပ်တွေအကိုင်တွေ ပျက်ကြမှာကို အားနာလွန်းသောကြောင့်ပါပဲခင်ဗျာ....း))
==============================================================

ချစ်ခြင်းအားဖြင့်.......

ဏီလင်းညို

23 comments:

Angel Shaper said...

ဟင်...
ကိုကြီးညို...... ရက်စက်လှချေလားဗျ။
ဖုန်းလေးတစ်ချက်တို့လိုက်တာမဟုတ်ဘူး။
ဒီနေ့ မောင်သေးသေးနဲ့ မြန်မာဆိုင်မှာ ချိန်းထားသေးတယ်။
ကိုကြီးညိုကို တကယ်ကွေးပါတယ်။ တကယ်ကောက်ပါတယ်။
KL ကိုတစ်ခေါက်ပြန်လာပြီး မုန့်အဝမကျွေးမချင်း ပြန်မခေါ်ပါဘူး။
တွန်ကြီးရေ.....ဟုတ်တယ်နော်။ ဟွန်းးးးးးးးးးးး
(မျက်စောင်းလေးထိုး၊ နှုတ်ခမ်းလေးဆူပြီးပြောခြင်းဖြစ်သည်)

Angel Shaper said...

ကိစ္စလေးတွေ အထမြောက်သွားတယ်ဆိုလို့ ဝမ်းသာပါတယ် မာမီညို။
အာ....ဘာပဲပြောပြော....
ညီသေးသေးလေးနဲ့ ညီမသေးသေးလေး ကွေးနေတာ မမေ့လေနဲ့နော်။

ခြင် said...

ဏီဏီရေ.... ဒ..ဒဒဒ.ဒဒဒတ်ပုံ ဘလူရိုက်ပေးလဲဝေ.... (ငှီးငှီး)

ahphyulay said...

ဘတ်(စ) ကား ရဲ့ နောက်ဆုံး ဒေါင့်  ခုံမှာ ထိုင်ရင်း
ပတ်ဝန်းကျင် ကို ငေးကြည့် ရင်း ပါလာတဲ့ ရေးကွက်ကလေး
ကိုပဲကွက်ပြီးခံစား မိလိုက်ပါတယ် သီချင်းလေး နားထောင်ရင်း
နဲ့ လို့ ..။ မိသားစုနဲ့ ဝေး ပြီး မိုးနဲ့ မြေ လို ကွာ လွန်းတဲ့ 
ဒီလို နေရာမှာ အကြာကြီး နေ နေရသူ တွေအတွက်လေ...။

အင်ကြင်းသန့် said...

ဟုတ်ပ...မမခြင်လေးပြောသလိုပဲ...ဓါတ်ပုံ ဘယ်သူရိုက်ပေးတာလဲဟင်...တကယ်ကိုခန့်ခန့်ကြီးပါလား ကိုဏီးရ...နေမကောင်းတုန်းက ဆံပင်မွေးတွေကျွတ်ကုန်တယ်ထင်ပ...ထိပ်ပေါ်မှာ ၂ချောင်းပဲကျန်တော့တယ် :)))

ခင်မင်လေးစားစွာဖြင့်
ညီမလေး
အင်ကြင်း

Nge Naing said...

စာလာဖတ်သွားပါတယ်။ ဘလော့ဂ်ကိုလာလည်တာ ကျေးဇူးတင်တယ်နော့်။ ကွာလာလမ်ပူက AATO တို့အိမ်မှာ ဘလော့ဂါတွေ စုပြီး တနေ့ကပဲ ပွဲခံနေတာ Facebook မှာ တွေ့ရတာ ပျော်စရာကြီးပဲ။ ဘာဖြစ်လို့ မသွားခဲ့တာလဲ။

ကိုဇော် said...

ဟုတ်ပ..သူ့မှာ ဂလိုပုံကြီး ဖြစ်သွားလို့ မျက်နှာမပြရဲတာ ဖြစ်မယ် ထင်တယ်။ ရပါတယ်ဗျာ..ကျုပ်တို့ကလည်း သရဲပြီးပါတယ်။
( မပြီးလို့လည်း မရဘူးလေ။ ကိုယ့်ကြောက်တာ သရဲပဲ ရှိတယ်။ )

ကျနော်က ညဆိုင်းပါဗျ...ဖုန်းဆက်လိုက်ရင် တတ်လာလို့ ရပါတယ်။
နောက်ပေါ့ဗျာ။ ကျန်းမာရေး ဂရစိုက်ဗျို့..နောက်တစ်ခါကျွတ်ဖို့ ပင်ပင်တွေ
ရှိတော့ဘူးလေ.။

ပျော်ရွှင်ပါစေ
ကိုဇော်

မနောဖြူ said...

ကိုလင်းရေ အ၇မ်းအတွေးမလွန်နဲ.နော်။ ဆံပင်တွေ ထပ်ကျွတ်ကုန်ရင် ခန်.ချောကြီးမဖြစ်ပဲနေတော.မယ် နော.း)

ဒဏ္ဍာရီ said...

ကိုဏီးရေ..... ကွန်မန့်တွေမှာတော့ ၀ိုင်းပြောနေကြပြီ။ အဟုတ်ကို အဲဂလို ပုံကြီး ဖြစ်သွားတာလား။း))
ဘာပဲ ဖြစ်ဖြစ် သက်တမ်းသွားတိုးတာ ချောချောမောမော အဆင်ပြေတာ သိရလို့ ၀မ်းသာပါတယ်။ ဒီမှာတော့ တနေကုန်လို့ ဖတ်ဖတ်မောတဲ့ အထိ စောင့်ရပါတယ်။း)

ခင်မင်လေးစားလျှက်

~ဏီလင်းညို~ said...

ဟုတ်ပေါင်ဗျာ......
ကိုဏီးတို့က ချောမှချော...
(ငါးရှဥ့်ထက်တောင် ပိုသေးရဲ့....း))
မနာလိုသူတွေ ပြောတာ ယုံကြပါနဲ့နော်ဗျ....ဟီးးးးး
မောင်နှမတွေမြင်သွားရင် အတင်းဂုတ်ကနေဆွဲပြီး မင်းသားတင်ရိုက်မှာစိုးလို့လေ....း))
(ခုံပေါ်တင်ပြီး နှစ်တစ်နဲ့ စိန်ပြေနပြေရိုက်မှကို ပြောတာနော်.....ဟိဟိ....း))

အားလုံးကို ခင်မင်နေတဲ့
ဏီလင်းညို

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
မနွယ်တို့အင်ကြင်းတို့ချီးမွန်းလို့ဓါတ်ပုံကိုသေချာပြန်ကြည့်ရတယ်။
နေကောင်းခါစဆိုတော့ဒီလောက်တော့ရှိမှာပေါ့နော်။ အဆင်ပြေလို့ဝမ်းသာပါတယ်။
ခင်တဲ့
သဒ္ဓါ

ကိုခိုင် said...

ရေးထားတာလေးကောင်းတယ်။

ကိုခိုင်

Craton said...

ဘာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ................
ဘယ်လို...........................
လာသွားတယ် ဟုတ်လားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးခနာ်...
ကေအယ်လ်ကို တစ်ခေါက်ပြန်ထပ်လာပီး မုန့်အ၀မကျွေးမချင်း ပြန်မခေါ်ပါ
(မျက်စောင်းကြီးခဲသွားပြီးးးးးးးးးးးးးးးးးးးးးး ခြေထောက်နှစ်ချောင်းဆောင့်ပြီး ပြန်သွားသည်............ ဒါဘဲ ..ဆဲတာဟုတ်ဝူးနော်.. ခွိ)

SHWE ZIN U said...

ကိုဏီရေ

အဆင်ပြေသွားတဲ့ အတွက် ဝမ်းသာပါတယ် ဝမ်းသာတဲ့ အထိမ်းအမှတ် အတွက် ဂလု (အောင်ပွဲ)

ခင်တဲ့
ရွှေစင်

ချစ်ကြည်အေး said...

ဏီလင်းရေ အဲလိုလုပ်တတ်တယ် ဟုတ်လား အသည်းယားထာ...မလ္လက္ကာကို လာအုံးမှာ လက်စားချေတဲ့အနေနဲ့ ပြောကို မပြောဘူး တိတ်တိတ်လေးလာမှာ ဟွင်းးး

ညရဲ့ကောင်းကင် said...

အစ်ကိုရေ အမြဲအဆင်ပြေပါစေဗျာ.... အရာရာတိုင်းမှာ ...

အစ်ကို့ရဲ့ ညီဆိုးလေး
ကိုတူး

မြတ်မွန် said...

မမဒဏ္ဍာရီ နဲ့ ဂျင်း တို့ရေ..နှစ်ပင်ထဲ ဟုတ်ပါဘူး ကွာ..
အုံလိုက်ကြီး ကျန်ပါသေးတယ်..။
ဘေးနှစ်ဖက်မှာလေ..ဟိဟိ:P

ကိုဏီး အာခြင် ပြေပါစေ ယို့...

ရွှေရတုမှတ်တမ်း said...

ဪ....ဏီးဏီး ဒီလိုပုံဖြစ်သွား တာ မံမီမသိလိုက်ရပါလားကွယ်

မြစ်ကျိုးအင်း said...

ကုန်စရာရှိတာ ကုန်သွားတော့လည်း စိတ်ပေါ့သွားတာနေမှာ
မကုန်ခင်ကတော့ စားလို့လဲ မဝင်တဲ့ သဘောလေ

ဒါနဲ့စကားမစပ် အညိုထိပ်ပြောင်တာက နဂို ပြောင်ကြီးလားဟင်

မြသွေးနီ said...

ကိုဏီရေ...
အလုပ်တွေပိနေလို့ ခုမှလာလည်ဖြစ်တယ်။
ပုံလေးတွေ့တော့ စိတ်တောင်မကောင်းဘူး။
ဘာဘဲဖြစ်ဖြစ် ခေါင်းမဖြီးရလည်း နည်းနည်းနောနော
သက်သာတာမဟုတ်ဘူးနော်..။ :)

ဇာဏီ said...

မလေးရှားမှာ မြန်မာတွေတော်တော်များနေပြီထင်တယ်နော်
နွေးနွေးရှိလှတယ်ထင်တယ်..ဗျာ..

စိတ်၏ဖြေရာ said...

သံရုံးမှာအဆင်ပြေတယ်ဆိုလို့ဝမ်းသာပါတယ်ကိုဏီရေ။
ကျွန်မကတော့သံရုံးသွားရမှာကြောက်နေပြီ။
စောင့်ရလွန်းလို့လေ။

ညီမလေး said...

ကုန်မှကို ဖြစ်မှာ ကုန်စမ်းဘာစေလေ ... နော့ ကိုကိုပြောင် အဲ့လေ မှားလို့ ကိုလင်းညိုးD