Saturday, March 6, 2010

ဏီလင်းညို ပြန်လာပါပြီ....။



















တစ်ပတ်လောက် ဘလော့ဂ်လေးနဲ့ ဝေးနေခဲ့တဲ့ကျွန်တော် ပြန်လာပါပြီ....။ဒီတစ်ပတ် အတောအတွင်းမှာ ခံစားလိုက်ရတာတော့ အလူးအလဲပါပဲ....။

ဒါပေမယ့် ဘလော့ဂ်မောင်နှမတွေ ၀ိုင်းဝန်းစိတ်ပူ ဆုတောင်းပေးခဲ့တာနဲ့တင် ကျွန်တော်ပြန်လာနိုင်ခဲ့ပါပြီ....။ နေကောင်းစွာနဲ့ပေါ့....း))

အားလုံးကို စိတ်ပူစေခဲ့တဲ့အတွက် အများကြီးဝမ်းနည်းစိတ်မကောင်းဖြစ်မိရပါတယ်....။
နောင်ကို ကျန်းမာရေးဂရုစိုက်ပါတော့မယ်ခင်ဗျာ....း))

++++++++++

ဘလော့ဂ်ပေါ်မှာ အသံချိုချိုလေးနဲ့ သီချင်းဆိုတတ်၊ ကဗျာကောင်းကောင်းလေးတွေရေး
တတ်တဲ့ ညီလေး ခရေတွန်က စိတ်ပူစွာနဲ့ ကျွန်တော့်ကို “ဘယ်သွားမှာလဲတဲ့”...။

ကဗျာနုနုကောင်းကောင်းလေးတွေရေးတတ်တဲ့ အစ်မသီရိကလည်း စိတ်ပူစွာနဲ့ “ဘာတွေ ဖြစ်နေလဲတဲ့”..။

အစ်ကိုလူထွေးကလည်း အားပေးခဲ့သေးတယ်...။ “နေကောင်းတဲ့အခါကျ ပြန်ရေးပေါ့တဲ့”.။

မမေ (မေဓာဝီ)ကလည်း... “အစစအဆင်ပြေပါစေတဲ့”....။

ညီလေး စံလင်းထွန်းကလည်း “မကြာခင်မှာ နေပြန်ကောင်းပြီး စာတွေရေးနိုင်ပါစေတဲ့”...။

ညီမဒဏ္ဍာရီကလည်း... “အမြန်ဆုံးနေပြန်ကောင်းပါစေတဲ့”....။

ညီမ မြတ်မွန်ကလည်း... “ညန်ညန် ပြန်လာနော်”...တဲ့လေ....း))

မကြီးအေး..(ချစ်ကြည်အေး) ကလည်း အမြဲပျော်ပျော်နေတတ်တဲ့ ကျွန်တော် နေမကောင်း
ဖြစ်တာကို “စိတ်မကောင်းဘူး”...တဲ့.။ ဘလော့ဂ်လုံးဝမလည်ရဘူး လို့လည်း ရာဇသံထုတ်
ခဲ့သေးတာ....း))....။ (မကြီးစကားကျွန်တော်နားထောင်တယ်နော်....း))

သိပ်ခင်ရတဲ့ ကိုမိုးကတော့ မိဝေးဖဝေးမှာနေမကောင်းဖြစ်ရတဲ့ ကျွန်တော့်ကို တော်တော် စိတ်ပူသွားပုံပါပဲ....။

သူငယ်ချင်း...ခြင်ကတော့ “အာလောဂျံ ပရမံလာဘံ...၊ ကျန်းမာခြင်းက လက်နှစ်ချောင်းနဲ့ ကီးဘုတ်တစ်လုံး”....တဲ့လေ...။ အားပေးတာ... အဲ့သလို....း))

ညီ ZOXကတော့ ကျွန်တော့်ကို “မျှော်နေမယ်”တဲ့....။

ညီမ မိုးခါးကတော့ “အမြန်ဆုံးဝေဒနာ ပျောက်ကင်းပါစေ”...တဲ့...။ “နေကောင်းရင် အတိုးချ ရေးပေတော့”....တဲ့...။

ညီမလေးကတော့ “မြန်မြန်နေကောင်းပါစေ”.... တဲ့...။

ညီမ အင်ကြင်းကတော့ “ငါ့အစ်ကိုကြီး မြန်မြန်ပြန်နေကောင်းပါစေ”... တဲ့လေ...။

ကျွန်တော်သိပ်ကို ခင်မင်စွာလေးစားရတဲ့ ကိုဆောင်း (အစ်ကိုဆောင်းယွန်းလ)က “ကျန်းမာရေးကို ဂရုစိုက်ပါ ညီလေးရေ”... တဲ့လေ....။

ခေါင်းမူးတဲ့ ဝေဒနာကို ခံစားဖူးလို့ ကိုယ်ချင်းစာတယ်...လို့ပြောခဲ့တဲ့... ညီမ ရွှေပြည်သူ...။
သူက “အမြန်ဆုံး ကျန်းမာရွှင်လန်းပါစေ”... လို့ ဆုတောင်ပေးခဲ့သေးတယ်လေ...။

ကဗျာရေးကောင်းတဲ့ ညီဗညားရှိန်က “ဟိဟိ... ဆက်လည်ပါ... ဆက်လည်ပါ”..တဲ့လေ...။ (ချစ်တာ... အဲ့သလို...း))

ကျွန်တော် သိပ်ခင်တဲ့ ကိုကြီးကျောက်ကလည်း.... ကျွန်တော့်ကို မေတ္တာပို့ခဲ့သေးတယ်ခင် ဗျ....။ (သူ့မေတ္တာကို ရိုးရိုးကြီးခံယူပါတဲ့လေ....။)

ဒေါက်တာ ကွိကွိစ်က (ကျွန်တော်က အဲ့သလိုခေါ်ရတာ အရမ်းကြိုက်လို့...) ပေတေမနေနဲ့ ဦးတဲ့လေ....။
အဲ့ဒီစကားလေးကြောင့် ကျွန်တော် ဆေးခန်းသွားခဲ့တာ....း))

မကြီး ခရေညိုကတော့ “ဆေးခန်းပြဖို့ မပျင်းနဲ့တဲ့”....။ (ကျွန်တော်က တစ်ကယ်ပျင်းတယ်..၊ ဒါပေမယ့် အစ်မတွေပြောတော့ သွားခဲ့တာ...။)

ညီမ သဒ္ဒါလှိုင်းကတော့ “ဒါဆို အခြေအနေမကောင်းဘူး ထင်တယ်တဲ့”...း))...။ မြန်မြန်နေ ကောင်းဖို့လည်း ဆုတောင်းပေးခဲ့သေးတယ်.....။

မကြီးရွှေစင်ဦးက ကျွန်တော်နေမကောင်းဖြစ်ရင် စိတ်ပူရမဲ့သူတွေအများကြီးပဲတဲ့...။ “မြန် မြန်နေကောင်းပါစေ”...တဲ့လေ...။ (ကျွန်တော် တစ်ကယ်ကြိုးစားခဲ့တာ....း))

ကျွန်တော်စာသွားသွားဖတ်တတ်တဲ့ ညီမလေးရဲ့ဘလော့ဂ်မှာ ကဗျာကောင်းလေးတွေရေး တတ်တဲ့
ကူးလွေ့က “အမြန်ဆုံးပြန်လည် နေကောင်းပါစေ”တဲ့လေ....။ ကျေးဇူး....။

ကိုဘကြိုင်ကတော့ ကျွန်တော့်ကို ဘယ်လောက်တောင်စိတ်ပူသလဲမသိဘူး...။ KL မှာရှိတဲ့ ဆေးခန်းတောင်သွားခိုင်းသေးတာ....။

ညီမ သံယောဇဉ်ကလည်း...“ မြန်မြန်နေကောင်းပါစေ”... တဲ့...။

ကိုတိုးကြီးကလည်း... ကျွန်တော်နေကောင်းလာအောင် မေတ္တာပို့ခဲ့သေးတယ်.....။

ကိုဇော့်ရဲ့ စကားလေးထဲမှာလည်း.. စိတ်ပူတဲ့ အရိပ်အငွေ့လေးကို ကျွန်တော်ခံစားမိခဲ့ လိုက်သေးတယ်..။ “လေလှိုင်းထဲကပဲ စိတ်ပူနိုင်တာ”... ပါတဲ့လေ....။

တစ်ခါတစ်ခါ စာလာလာဖတ်တတ်တဲ့ မနောဖြူကလည်း ကျွန်တော် နေကောင်းဖို့ “ဆန္ဒပြု နေပေးပါတယ်”... တဲ့လေ....။

ဘလော့ဂ်စရေးကာစထဲက ခင်မင်ခဲ့ရတဲ့ စိတ်၏ဖြေရာက “နောင်ကေး အေနောင်နော်”... တဲ့လေ...။ (ရှမ်းဇဂါးလားမတိဘာဘူး....း))

ညီဝေလင်းလေးကလည်း “မြန်မြန်နေကောင်းအောင် လုပ်တဲ”့လေ....။ (လူကြီးလေသံနဲ့...း))

အဖြူရောင် နတ်သမီးကတော့ “ဖြစ်မှဖြစ်ရလေ... ကိုဏီရယ်”....၊ (နတ်သံနှောပြီး ပြောခဲ့သလားမသိ....း)) ...။ ဆုတောင်းပေးတာက မြန်မြန် နေကောင်းပါစေတဲ့....။

ကိုမြစ် (မြစ်ကျိုးအင်း)က “ဂရုတစ်စိုက်နဲ့ ကျန်းမာအောင်နေပါ”...တဲ့...။

မမြသွေးနီကလည်း.... “မြန်မြန်နေကောင်းပါစေ”....တဲ့....။

စီဗုံးမှာ ကြက်ပေါင်းရည် လာတိုက်တဲ့...ချော....(အစိမ်းရောင်လွင်ပြင်)...။

နေမကောင်းတာကို ဇွတ်ပဲ... KL လာခိုင်းနေတဲ့ ကိုအေအေတူ...း))

တိုကောင်းစာလေးတွေ တင်တတ်တဲ့ လိုင်ကလည်း... “ဂရုစိုက်ပါ”....တဲ့...။

ဒီစာတင်ခါနီးလေးမှာ လာဖတ်တဲ့ မအနမ်းကလည်း “ဆေးမှန်မှန်သောက်”တဲ့...။ ဆေးတွေ ကုန်ပြီဗျ...း))

မေးလ်နဲ့ မေးပြီးစိတ်ပူပေးတဲ့ မလေး(အိမ့်ချမ်းမြေ့)၊ ညီဆိုးလေး ကိုတူး(ညရဲ့ကောင်းကင်)၊ စီဗုံးမှာ ခေါက်ဆွဲလာကျွေးတဲ့ ညီလေး ကိုဖြိုး၊ ညီမဇူး၊ မကေ၊ အဖြူလေး၊ ညီလေး ဇာဏီ၊ ညီ sta၊ ညီမလေး သံယောဇဉ်...၊ မမိုး....။ (ကျန်ခဲ့တဲ့ မောင်နှမတွေရှိရင် လာရန်တွေ့ပါနော်....း))

မအားလို့...၊ မသိလို့ မမေးဖြစ်တဲ့ မောင်နှမတွေ....။

နောက် တိတ်တိတ်လေးစာလာဖတ်ခဲ့ပေးတဲ့ သူငယ်ချင်း မောင်နှမတွေအကုန်လုံး....၊ အားလုံး...အားလုံးကို ကျွန်တော်ရင်ထဲက တစ်ကယ်ကိုကျေးဇူးတင်နေမိပါတယ်...။

မကြာခင်မှာ စာတွေပြန်ရေးပါတော့မယ်ခင်ဗျာ.....။


+++++++++


ဏီလင်းညို ပြန်လာပါပြီ.....။

~~~~~~@@@~~~~~~

===========================
ပုံလေးကို ဒီနေရာလေး မှ ယူသုံးပါတယ်ခင်ဗျာ...။
===========================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

34 comments:

အဖြူရောင်နတ်သမီး said...

ဟေးးးးးးးးးးးးးးးးး
ကိုဏီကြီး နေကောင်းသွားပြီတဲ့.....
ပျော်တယ်ဝေ့....
Welcome back ပါ ကိုဏီရေ....

သိင်္ဂါကျော် said...

နေမကောင်းလို့ အိမ်ပြန်နေတာလား.. မသိလိုက်ဘူး..
နေကောင်းသွားပြီဆိုတော့ ဝမ်းသာပါတယ်..
တစ်ယောက်တည်း နေရတဲ့ နေရာမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ပါနော..

ရွှေရတုမှတ်တမ်း said...

ပြန်လာပြီဆိုပြီး...ချိုင်းထောက်လဲမပါပါ့လား...

ကိုလူထွေး said...

နေမကောင်းလို့နားတာက တပတ်ပါ...
အခုက ဆံပင်တွေရှည်ပြီး ပြန်လာတယ်...

းဝ)

ကိုဇော် said...

ဟုတ်ဘူး..ဟုတ်ဘူး...
ပြန်လာတာလဲ ဟုတ်ဘူး...ဝါး...ဝါး...( ငိုတာနော်.. အာဝါးပေးတယ် မှတ်နေဦးမယ်။ )
တူက ဟိုဘက်ကြီး ထွက်သွားတယ်...ဒီဘက်ကို လာ..

ကိုမြစ် က သင်္ဘောစီးဖို့ ခေါ်နေပြီ သင်္ဘောပေါ်ရောက်မှပဲ ဆက်ဖျားတော့. .

ပျော်ရွှင်ပါစေ
ကိုဇော်

ဇောင်း said...

ဪ........ ကိုလင်းညိုကြီးက ဖျားနေတာကိုး၊ ဘယ်မှသိပ်မရောက်တော့ မသိလိုက်ဘူးဗျာ၊ တစ်ယောက်တည်းဆိုရင်တော့ ဂရုစိုက်ဗျ၊ ဆေးတော့ပုံမှန်သောက် :)

:::Take Care ပါ ကိုလင်းညို:::

ZaunG

Anonymous said...

ညီသေးသေးလေးကို ထိပ်ဆုံးကနေ ရေးပေးလို့ ကျေနပ်၏..
ကြော်ငြာကလည်း ပါသေးတယ်။
တကယ်မုန့်ဝယ်ကျွေးမှာပါ။ ပူနဲ့ :D
နေကောင်းသွားသူများကို အားကျပါသည်။
နောက်ကို ဂရုစိုက်ပါ။
Welcome back!

စံလင်းထွန်း said...

ကြိုဆိုပါတယ် ကိုဏီးရေ ...။

ဝါသနာပါတဲ့စာရေးခြင်းနဲ့ နောက်အသစ်အသစ်စာတွေ များစွား ဆက်လက်မွေးဖွားနိုင်ပါစေလို့ ...။

ခြင် said...

ဟေး.... ပျံလာပြီလား.... ဒီမှာ လောက်လေးဂွ နဲ့စောင့်နေတယ်လေ.... လောက်စာလုံးလုံးနေတုန်း မမြင်လိုက်ဘူး.... အဟီး...

မြစ်ကျိုးအင်း said...

နေကောင်းမယ့်အချိန်ကို တွက်ပြီး ပင်လယ်ထဲ လွှတ်ထားတာ ကိုယ့်လူမှ မသိတာကိုးးးး ။
ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုနေတယ် သူငယ်ချင်းရေ

စိတ်၏ဖြေရာ said...

နေကောင်းသွားပြီမို့စာတွေပြန်ရေးနိုင်မဲ့အချိန်မျှော်နေပါတယ်။
နောင်ကေး..နေကောင်း၊အေနောင်...အောင်နေ..နော်။
ခင်မင်စွာဖြင့်
စိတ်၏ဖြေရာ

ချစ်ကြည်အေး said...

နေကောင်းသွားပြီပေါ့...စာတွေမျှော်နေမယ် ဏီလင်းရေ...ဒါပေမဲ့ ညဥ့်နက်အောင်တော့ ဘလော့ဂ် မရေးနဲ့အုံး၊ မလည်နဲ့အုံးနော်၊ ဂရုစိုက်ပါ...:)

မောင်မိုး said...

Warmly Welcome Back ပါ ကိုဏီ..ကိုဘကြိုင်ဆီမှာ ထန်းရေသွားသောက်လိုက်ပါဦး... ၀မ်းမှန်သွားအောင်။ :D

အင်ကြင်းသန့် said...

မင်္ဂလာသတင်းကောင်း ဖြစ်ကြောင်းပါ...အစ်ကိုဂျီးရေ...၀မ်းသာပါဒယ်...

ဒဏ္ဍာရီ said...

ဒီလောက် မောင်နှမတွေ အားလုံးက တမ်းတမ်းတတနဲ့ ၀ိုင်းပြီး ဆုတောင်းပေးတာ ဒီရေဂါ ဘယ်နေနိုင်မလဲ ပြေးပြီပေါ့နော်။း)
နေကောင်းသွားပြီဆိုလို့ ၀မ်းသာပါတယ် ကိုဏီးရေ..။ စာတွေ ပြန်ရေးတော့နော်။

ခင်မင်လေးစားလျှက်

what is good things said...

ဏီဏီလေးပြန်လာဘီလား။ ပုံထဲမှာ ကလေးလေးဖြစ်သွားတယ်နော်း))
ဘာဆေးတွေသောက်လိုက်လဲဟင် ။

ဘလော့ပိုစ့်တွေများများရေးနိုင်ပါစေ။ အဆင်ပြေပျော်ရွှင်ပါစေ။

မြသွေးနီ said...

တော်သေးတာပေါ့...
ခုလို အမြန်ပြန်ကောင်းလာတာ..
ရေးစရာလေးတွေ ရေးထားဦးနော်...
ဟီး..နေကောင်းကောင်းချင်း ပြောရတာ အားနာလိုက်တာ..:)

Unknown said...

ဟီး... :( အစ်ကိုမကောင်းဘူး... မဟုတ်ဘူး အစ်ကိုက ကောင်းသွားပြီ ကျွန်တော်က မကောင်းတော့တာ ( နေ.. နေ) နေမကောင်းတော့ဘူးလို့ပြောတာ
တော်ပြီ. ခေါင်းလည်းမူးတယ် ချောင်းလ်းဆိုးတယ်.. နှာလည်းစေးတယ် တကိုယ်လုံးလည်း ညောင်းတယ် အစ်ကို ပြန်လာပြီဆိုလို့သာ လာကြိုရတာ.။

zox.netmaze said...

ဟိုက်.. ပြန်လာပြီလဲ ဆိုသေး။ ဘယ်ကို ထွက်သွားတာတုန်းဗျ။ ထွက်သွားတဲ့ ပုံပဲတွေ့တယ်။ ဧကန္တတော့ ကောင်မလေးဆီ အရင်သွားတွေ့ပုံပဲ။ အနောက်လေး ဘာလေးလဲ လှည့်ကြည့်ပါဦး အစ်ကိုရေ။ ရထားလာတာ မသိပဲနေဦးမယ်။ (ကောင်မလေးကို တွေ့ချင်ဇောကြောင့်)း)

မိုးခါး said...

ဟွန်
ဆားချက် ချက်တယ်ပေါ့ကွယ်
အခုပေးတဲ့ ကောမန့်တွေနဲ့လဲ နောက်ပို့စ်တပုဒ် မလုပ်နဲ့ဦးနော် .. :P
(နောက်ပြောင်ခြင်း သည်းခံပါ :D) ဆိုလိုတာက ရှေ့ပဲ ပြောင်ချင်ပြောင် :P
နေကောင်းပြီဆိုလို့ ၀မ်းသာပါတယ် ..း)) ပျော်ရွှင် ချမ်းမြေ့ပါစေ ..း)

ရွှေပြည်သူ (ShwePyiThu) said...

ပြန်နေကောင်းသွားပြီဆိုလို့ ဝမ်းသာပါတယ် ကိုဏီလင်းညိုရေ... Welcome Back ပါး)

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

ပျောက်သွားပြီး ပြန်လာလို့ 
ဝမ်းသာမိပါ၏
နလန်ထ အနားယူလိုက်ပါဦးလား

ကိုခိုင် said...

ကျမ်းမာပါစေ။
လာလည်သွားတာကျေးဇူးပါ။
ရေးထားတာလေးကောင်းတယ်။

ကိုခိုင်

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
နေကောင်းသွားပြီဆိုလို့ဝမ်းသာပါတယ်။ ဒါမှသဘောင်္ကြီးနဲ့ခရီးထွက်တာပျော်စရာကောင်းမှာ...။
နေကောင်းခါစဆိုတော့နားနားနေနေ နေပါအုံး။နာလန်ထစဆိုတော့ဘာစားချင်လဲပြော........
ခင်တဲ့
သဒ္ဓါ

မြတ်မွန် said...

အတောင်စုံသွားလို့ ခြေစုံကန်တယ်ပေါ့လေ..
ဟီး ဘာမှလဲ ဆိုင်ဘူးနော်..
ဆိုင်သလားလို့..:P
ပျံလာပြီပေါ့ ..
ဘလော့ အသိုက်လေးက အမြဲတမ်း ကြိုဆိုလျှက်ပါရှင် ..
ကိုဏီး( နလန်ထ):P

မနောဖြူ said...

နေကောင်းသွားပြီလို.သိရတဲ. အတွက် ၀မ်းသာပါတယ်။ ပို.ဒ်အသစ်တွေကို
မျှော်နေမယ်နော်။ ပျော်ရွှင်ချမ်းမြေ.ပါစေရှင်။

မောင်သီဟ said...

ဝမ်းသာပါတယ်ဗျာ တကယ်စိတ်ပူနေကြတာ အားလုံးက
နိုင်ငံရပ်ခြားဆို ကိုယ်ချင်းစာတယ် နေထိုင်မကောင်းရင် ရေလည်အီတာဗျ
း) အခုတော့စိတ်အေးပါပြီ စာတွေရေးတော့ အချိန်လဲအားပါစေး)

လိုင် said...

ပြန်လည်ကျန်းမာလာသည့်အတွက် ဝမ်းမြောက်ပါ၏
ပြန်လည်ဘလောက်ဂင်းနိုင်လို့ ကြိုဆိုပါ၏

မေဓာဝီ said...

ဝမ်းသာတယ် ဏီလင်းရေ
welcome back :)

ခရေညို said...

ဏီလင်း ရေ အမလည်းအလုပ်တွေရှုပ်နေလို့ အခုမှပဲလာဖြစ်တယ် နေကောင်းခါစဆိုတော့ အားရှိအောင်အိပ်ရေးဝဝအိပ်နော် အစားများများလည်း
စားအုန်း။ ဆေးပတ်လည်အောင်လည်းသောက်အုန်းနော်။

သီဟသစ် said...

ကိုဏီလင်းရေ
ကျွန်တော်လည်း ခရီးထွက်နေတာနဲ့ ဘလော့မလည်ဖြစ်တာ ကိုဏီလင်း နေမကောင်းတာ မသိလိုက်ရဘူး..

ခုနေကောင်းသွားပြီ ဆိုတော့ တော်ပါသေးရဲ့ဗျ။ ကျန်းမာရေးကလည်း ဂရုစိုက်နိုင်မှ တော်ကာကျသဗျ။ ကိုယ်ဂရုမစိုက်နိုင်ရင် ကိုယ့်ကိုဂရုစိုက်မယ့်သူရှာထားပါ :)

ခင်မင်စွာဖြင့်
သီဟသစ်

Angel Shaper said...

အယ်...ကိုကြီးညိုရေ... ညီမသေးသေးလေး တောင်းပန်တယ် စကောလဲပန်တယ်နော်။ နီးနီးနဲ့ဝေးဆိုတာ ဒါပြောတာ။
ကိုကြီး နေမကောင်းတာ မသိလိုက်ဘူး ပြန်လာတာလဲခုမှသိတယ်။ ခစ်ခစ်
ကဲလေ...အဝေးကြီးမသွားပါနဲ့ ကေအယ်လ်လာခဲ့ပါဆို...
နေမကောင်းမဖြစ်တော့ဘူးနော်။
နေကောင်းသွားလို့ ဝမ်းသာပါတယ်။ ကျန်းမာရေးဂရုစိုက်ပြီး စာတွေမှန်မှန်ရေးပေါ့နော့်။ အဟဲ
ကေအလ်လာရင် မုန့်အများကြီးးးးးးးးးးးးးးးး ဝယ်ကျွေးနော်... ဟိဟိ

ဆောင်းယွန်းလ said...

ခုလိုဘလော့ပေါ်မှာပြန်တွေ့ရတာ မင်္ဂလာပါညီလေးရေ
ကျန်းမာခြင်းရဲ့တန်ဖိုးကို ကိုယ်တိုင်မကျန်းမမာဖြစ်မှသိနိုင်တာမဟုတ်လား
ဘာလုပ်လုပ် ဂရုစိုက်ဆင်ခြင်ပေါ့ညီလေးရေ

အကိုဆောင်းယွန်းလ

သော်ဇင်စိုး said...

အကိုကြီးအား ပြေးဖက်ကြိုလိုက်ပါတယ်...:P