Saturday, February 13, 2010

valentine's လက်ဆောင်




 
နှုတ်ဆက်တော့မယ့် နှင်းစ,တွေနဲ့အတူ....
မင်းရောက်လာခဲ့တယ်....။
ချစ်တတ်သူတွေအတွက်....
ချစ်တတ်သူတွေ သတ်မှတ်ခဲ့ကြတဲ့....
“ဖေဖော်ဝါရီ ၁၄” ရေ....
မင်းနာမည်က Valentine's day တဲ့လားကွယ်....။

မျှော်နေသူတွေ မျှော်ဆဲ...
အနားနား ရောက်ရှိလာခဲ့ချိန်မှာ....
နွေးထွေးမှု အသင်္ချေနဲ့သာ....
မင်း.... ပွေ့ဖက်လိုက်ပါတော့....။


ဒါဆို....
ချစ်လျှက်နဲ့ ဝေးနေရသူတွေ....
နီးလျှက်နဲ့ ဆွေးရမှာ စိုးနေတဲ့သူတွေ အားလုံးအတွက်....
အေးစက်စက် ဆောင်းညရဲ့ရိုက်ပုတ်မှုဒဏ်ကို....
အနည်းနဲ့ အများ ခံနိုင်ရည် ရှိသွားကြလိမ့်မယ်....။


ဒါပေမယ့်...
မင်းနာမည်တည်ရှိတဲ့....
ဒီရက်စွဲငယ်လေးတစ်ခုရဲ့အောက်မှာ....
အထီးကျန်ဆန်....သိမ်ငယ်မှုများစွာနဲ့....
အချစ်ရှုံးခဲ့ရတဲ့ အရှုံးသမားတချို့အတွက်....
နှစ်သိမ့်စေမယ့် အပြုံးတစ်ပွင့်တော့....
မင်း... ချွေချခဲ့စမ်းစေချင်တယ်.... Valentine's day ရယ်....။ ။

===========================
ပုံကလေးကို ဒီနေရာလေးမှ ယူသုံးပါတယ်ခင်ဗျာ...။
===========================

ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

24 comments:

အဖြူရောင်နတ်သမီး said...

ဒီနေ့ သူငယ်ချင်းတယောက် လက်ထပ်တယ်..။
သူတို့ပျော်ရွှင်နေတာ....ကြည်နူးစရာလေးပါပဲ...
Valentine Day မှာ ပျော်ရွှင်နေတဲ့သူတွေ ....ရှိနေသလို...
ဝမ်းနည်းကြေကွဲနေတဲ့သူတွေ...လည်းရှိနေကြပါတယ်...။
နတ်သမီးကတော့ အလုပ်တွေနဲ့နပမ်းလုံးရင်း Valentine Day ဆိုတာကို ကျော်ဖြတ်ခဲ့ရတယ်...။
ဘဝဆိုတာ ဒီလိုပါပဲ..။

ညလင်းအိမ် said...

ချစ်တတ်သူတွေအတွက် ချစ်သူများနေ့တဲ့ ...

အစ်ကိုရယ်...
ဒီနေ့ တည်ရှိခြင်းက အထီးကျန်ခြင်းကို ပိုပြီးတပ်လှန့်လိုက်သလိုပဲ ....
အစ်ကိုပြောသလိုပဲပေါ့ ...

ဒီရက်စွဲငယ်လေးတစ်ခုရဲ့အောက်မှာ....
အထီးကျန်ဆန်....သိမ်ငယ်မှုများစွာနဲ့....
အချစ်ရှုံးခဲ့ရတဲ့ အရှုံးသမားတချို့အတွက်....
နှစ်သိမ့်စေမယ့် အပြုံးတစ်ပွင့်တော့....
မင်း... ချွေချခဲ့စမ်းစေချင်တယ်.... Valentine's day ရယ်....။ ။

အစ်ကိုပျော်ရွှင်ပါစေ...

ခင်တဲ့ညီ
ညရဲ့ကောင်းကင်

မောင်မိုး said...

ချစ်တဲ့သူတွေ အမြန်ဆုံးပြန်ဆုံတွေ့ကြပြီး ဘ၀တစ်ခုကိုတည်ထောင်နိုင်ကြပါစေဗျာ။

ခင်မင်စွာဖြင့်

IDIOT-Ki said...

နောက်ကနေ ပစ်လိုက်တဲ့ မြှားချက် နဲ့ မှောက်ရက် အသက်ထွက် ရတာလား ...
ဪ... ဘယ်သူများပါလိမ့် ..
ဂလောက်တောင်ရက်စက်တာ ....

နာ သာဆို ရှေ့ တည့်တည့်ကနေ ပစ်ပါတယ် ကွယ် ..
ဟိဟိ .. ပျော်ရွှင်ပါစေ လေ...

မင်းအိမ်ဖြူ Minn Eain Phyu said...

same to IDIot
haha


စိတ်မညစ်ပါနဲ့

ပျော်ရွှင်ပါစေဗျာ

မင်းအိမ်

ဆောင်းယွန်းလ said...

ညီလေးရေ
အကိုလည်း ချစ်တတ်သူတွေထဲက ချစ်တတ်သူတယောက်မို့
ညီလေးရဲ့ Valentine's Day အမှတ်တရကဗျာလေးကို လာရောက်အားပေးသွားခဲ့ပါတယ်။

ဒဏ္ဍာရီ said...

ဖွင့်ဖွင့်ချင်း ပုံးလေးကို စတွေ့တော့ လန့်သွားတာပဲ.. ကိုဏီး ဘာများဖြစ်ပြီလဲလို့။း)
ကဗျာလေးက ချစ်သူတွေအတွက် ဆိုတာထက် Valentine's အတွက် ရေးထားတဲ့ ကဗျာလေးလိုပဲနော်။ ဟုတ်ပါတယ်...... သူကြောင့် ပေါင်းဖက်ခဲ့ရတဲ့ ချစ်သူတွေအတွက်တော့ သူဟာ တကယ့်ကို ကျေးဇူးရှိတဲ့ သူတစ်ဦးပါ။

ခင်မင်လေးစားလျှက်

ဘရာဗို said...

ဟုတ်တာပေါ့ အစ်ကိုရ...


ညီလေး-ဇာဏီ

မြစ်ကျိုးအင်း said...

ဒီနေ့မှာက အိမ်တွင်းပုန်းတဲ့သူတွေနဲ့ အပြင်မှာ လန်းနေတဲ့သူ တွေ နှစ်စုကွဲနေတယ်လေ။ ချစ်တတ်တာတော့ ချစ်တတ်တာပေါ့
ဒါပေမယ့် အိမ်ထဲမှာပဲ စာထိုင်ရေးနေလိုက်တော့တယ် ...။

Waing said...

Happy Valentines Day !!!

Anonymous said...

အင်း.. မြင်ရသလောက်တော့ ဒီနေ့မှာ သည်းကြေပျက် ခံစားရတာ ပိုများသလားလို့....း((...


ခင်မင်တဲ့
ဂျပန်ကောင်လေး

Khyl said...

ရက်စက်လိုက်တဲ့အပုံလေး.... ဘယ်လူပျိုကြီးတွေကများ စိတ်နာနာနဲ့ ပစ်ထဲ့လိုက်လဲ မသိ....
တို့တော့ ဘဲလဒိုင်းဒေးဆိုတာ ၁၂လား ၁၃လားခုထိကို မသဲကွဲဘူးဟ... ဂယ်ပြောတာ....
ငါ့တငယ်ဂျင်းကတော့ ဘဲလဒိုင်းဒေးမှာ ပျော်ရွှင်ပါဈေ.... ဟဲဟဲ...
ဘိုင်ဒဝေး... သီချင်းလေး ကြိုက်တယ်....

rose of sharon said...

ကဗျာလေးဖတ်သွားတယ်... ငယ်တုန်းရွယ်တုန်းပျော်ရွှင်နိုင်ပါစေ :)

what is good things said...

Valentine မှာ အသည်းကွဲနေတာလား။
မကြားချင်ဘူးနော် အဲဒါမျိုးတွေ ..
ဏီလင်းရေ အဆင်ပြေပျော်ရွှင်ပါစေ။

Unknown said...

valentine's လက်ဆောင်ဆိုတော့ ကောမန့်ပေးရမှာတောင် ကိုယ်နဲ့မဆိုင်သလိုဖြစ်မိတယ်..။ မပတ်သက်ချင်လို့ မေ့ဖြစ်အောင် ကြိုးစားပါတယ်ဆိုမှာ အပြင်ထွက်လည်မိတော့ မတွေ့ချင်မမြင်ချင်တာတွေ မနာလိုချင်စရာကောင်းအောင် မြင်ခဲ့ရသေးတယ်... ကျွန်တော်လိုမဖြစ်စေဖို့ ဆုတောင်းပါတယ်အစ်ကိုရေ...

ရွှေရတုမှတ်တမ်း said...

ဖြစ်မှဖြစ်ရပလေ..ကိုဏီးရယ်..
ဖင်ပြောင်လေးနဲ့ မြှားတန်းလန်းစိုက်လို့ပါလား

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ...
မြှားကြီးစိုက်ဝင်နေတဲ့ပုံက မမြင်ရက်စရာပဲနော်...။ ကဗျာလေးဖတ်ပြီးခံစားသွားပါတယ်နော်...။

ခင်တဲ့
သဒ္ဓါ

မြတ်မွန် said...

အဟင့် နိုချင်ရယ်..
ပျော်ဘူး..

လိုင် said...

ပျော်နိုင်ပါစေ

စံလင်းထွန်း said...

ဒါပေမယ့်...
မင်းနာမည်တည်ရှိတဲ့....
ဒီရက်စွဲငယ်လေးတစ်ခုရဲ့အောက်မှာ....
အထီးကျန်ဆန်....သိမ်ငယ်မှုများစွာနဲ့....
အချစ်ရှုံးခဲ့ရတဲ့ အရှုံးသမားတချို့အတွက်....
နှစ်သိမ့်စေမယ့် အပြုံးတစ်ပွင့်တော့....
မင်း... ချွေချခဲ့စမ်းစေချင်တယ်.... Valentine's day ရယ်....။ ။

စာသားတွေအရမ်းကို နူးညံ့အိစက် ချောမွေ့လှပလွန်းလှပါပေတယ်ဗျာ...။

TYZ said...

ကိုဏီလင်းညိုရေ အကြံပေးတဲ့အတွက်ကော အလည်လာတဲ့အတွက်ပါ ကျေးဇူး။ အစ်ကို့ကဗျာလေးလည်း အရမ်းကောင်းတာပဲ။ ပုံလေးကလည်း မပျော်နိုင်သူတွေအတွက် အသဲမှာမြားစိုက်နေသလိုပဲလေ။ ခံရခက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။။ ပျော်ရွှင်ပါစေလို့ နော်။

အင်ကြင်းသန့် said...

အမျှ..အမျှ...အမျှ (အယ်....တော်ပါသေးရဲ့ ကိုဏီးများလားလို့ ...သေချာကြည့်မှ ဟုတ်ဘူးကိုးးးးးးးးးးးDD

မောင်သီဟ said...

ဟားဟား ကဗျာလေးကောင်းတယ်ကိုဏီရေ
ကိုကိုကျောက်ပြောသွားတာ ကြည့်အုံး
း)
း) ခံစားလို့ကောင်းတုန်း သူမန့်မှပဲထရီရတယ်

Anonymous said...

ဟာ
အဲ့လောက်တောင်အဖြစ်ဆိုးသွားတာလား
ကိုဏီ၇ဲ့
အီးဟီးဟီ
ဗြဲဟဲဟဲ
စတာနော်