Thursday, February 18, 2010

မြစ်ဖျားခံရာ.... နေ့တစ်ရက်


 
ကျွန်တော်စီးဆင်းပျော်ဝင်ခဲ့တဲ့ “ချစ်ခြင်း၊ မုန်းခြင်း”... မြစ်အစင်းစင်းတို့ရဲ့ စတင်မြစ်ဖျားခံ စီးဆင်းရာ....

ကျွန်တော်ရရှိခဲ့တဲ့ “ကြင်နာခြင်း၊ နာကျင်ခြင်း”.... နှင်းစက်၊ မီးပွင့်တွေ စတင်မြစ်ဖျားခံ လင်းလက်ရာ....

ကျွန်တော်ကိုယ်တိုင်စိုက်ထူခဲ့တဲ့ “အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း” မှတ်တိုင်တွေ စတင်မြစ်ဖျားခံ ဖြစ်တည်ရာ..

ကျွန်တော်ဖြတ်သန်းခဲ့ရတဲ့ “ဆုံတွေ့ခြင်း၊ ခွဲခွါခြင်း” လမ်းမတွေ စတင်မြစ်ဖျားခံ လျှောက်လှမ်းခဲ့ရာ....

ကုမ်ရာသီရဲ့ (Aquarius) ရဲ့ နောက်ဆုံးနေ့ရက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ဟာ... ကျွန်တော်ဆိုတဲ့ လူ တစ်ယောက်ရဲ့ မွေးနေ့ရက်လေးတစ်ရက် ဖြစ်နေခဲ့ရတယ်....။

~~~~~~~~~~

နှုတ်ဆက် လက်ပြစွာ ထွက်ခွါသွားတော့မယ့် ဆောင်းနှောင်းရာသီရဲ့ တစ်ခုသော အရုဏ်တက် မနက်ခင်း လေးမှာ ဒီလောကထဲကိုခြေချခွင့်ပေးခဲ့တဲ့ မေမေ.....

အဲ့ဒီအချိန်လေးကနေစ,ပြီး ဒီနေ့ထက်ထိတိုင် ဒီလောကထဲမှာ လူကို လူလို့မြင်တတ်စေဖို့ သွန်သင်ပေးခဲ့တဲ့ ဖေဖေတို့ကို အနှိုင်းမဲ့ ကျေးဇူးတင်စွာနဲ့ ကျွန်တော် ဦးညွှတ်နေမိဆဲပါပဲ..။

~~~~~~~~~~

ပုံလေးကို ဒီနေရာ မှယူသုံးပါတယ်ခင်ဗျာ....။

=============================================================
စာကြွင်း ... မွေးနေ့ပေမယ့်လည်း ကျွန်တော် ဘာအထိမ်းအမှတ်မှ မလုပ်ဖြစ်ပါဘူးခင်ဗျာ...။ သာမန်လက် လုပ်လက်စား ဆင်းရဲသားမို့.... ဘလော့ဂ်ပေါ်မှာလည်း... ဘာမှ မကျွေးနိုင်တာခွင့်လွှတ်ကြပါလို့....:D
=============================================================

ချစ်ခြင်းအားဖြင့်....

ဏီလင်းညို

39 comments:

မိုးစက်အိမ် said...

Happy Birthday ပါကိုဏီရေ မွေးနေ့ ရက်မြတ်မင်္ဂလေးမှသည်
နောင်မွေးနေ့ ပေါင်းများစွာကို စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာယာ
ပျော်ရွှင်သောမိသားစုလေးနဲ့  ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်း
တောင်းပေးပါတယ် အစ်ကိုရေ . . . :)

ညလင်းအိမ် said...

ယနေ့ကျရောက် မွေးနေ့မှသည်
လာမည့်နှစ်ပေါင်း ထောင်သောင်းများစွာ
ကျန်းမာရွှင်လန်း မေတ္တာစွမ်းဖြင့်
ဖြည့်တင်းဖြိုးမောက် ချမ်းသာရောက်၍
စိတ်မှမျှော်မှန်း ပန်းတိုင်မည်သော
အမြဲစိမ်းတော သုခစုံသော
အိမ်တော်လမ်းဆီ လျှောက်လှမ်းနိုင်စေ
တောင်းဆုဝေသည် ချစ်ကိုကြီးတယောက်
စိတ်သွားတိုင်း ရောက်နိုင်ပါစေ...

ခင်တဲ့ ညီ
ညရဲ့ကောင်းကင်

ဂျပန်ကောင်လေး said...

ဟက်ပီးဘဒ်ဒေးပါ ကိုဏီးရေ..... အခုမှ သိရတယ်ဗျာ... ညတောင်ရောက်နေပြီ.....း))).... အသက်ဘယ်လောက်လဲ... ဟိဟိ

အင်ကြင်းသန့် said...

အယ်...တစ်နှစ်သားပဲ ရှိသေးတာလား...ဖယောင်းတိုင်က တစ်တိုင်ပဲတွေ့လို့လေ :)))
ဆုတောင်းပေးပြီးသွားပြီမို့လို့ ထပ်ရေးမပေးတော့ဘူးနော်...

ခင်မင်လေးစားစွာ
ညီမလေး
အင်ကြင်း

မောင်မိုး said...

မန်မီဏီ...လူဇိုးးး ခုမှသိရတယ်။ ရေလေးတောင်မတိုက်ဘူးလား။ မနက်က တစ်ခေါက်လာသေးတယ်။ ခုမှ ပို့စ်တင်လိုက်တာထင်တယ်။
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေဗျာ။
ဘ၀မှာ အောင်မြင်မှုပေါင်းများစွာနဲ့ အရာရာကို ကျော်ဖြတ်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ၃၁ နှစ်ပြည့်တာထင်တယ်။ ဒါမှမဟုတ် ၁၃ နှစ်လား။

မြတ်မွန် said...

အဟမ်း အဟမ်းး..
happybrithday to u ....happybirthday to u ....
happy happy happybirthday to u ..
သီချင်းဆို သွားပါတယ် ကိုဏီးရေ..ဟူးးးးးး ကိတ်မုန့်ဖယောင်းတိုင်မှုတ်လိုက်ပြီး ..
ကိုယ့်ဘာသာ ခွဲစားသွားတယ်။
ဦးကပ်စီး ကိုဏီး

မျက်မှန်လေး said...

ံHappy Birthday naw///

pls accept my belate birthday wish

:P)

ဒဏ္ဍာရီ said...

ပျော်ရွှင်ဖွယ် မွေးနေ့ရက်လေး ဖြစ်ပါစေ ကိုဏီး..။ ယနေ့ကျရောက်တဲ့ မွေးနေ့လေးမှ စပြီး ဘ၀တစ်လျှောက်လုံး ဆန္ဒနဲ့ ဘ၀ ထပ်တူကျပြီး စိတ်အေးချမ်းသာစွာနဲ့ မိဘကျေးဇူး သိတတ်တဲ့ သားကောင်း တစ်ယောက် ဖြစ်ပါစေ....။

ခင်မင်လေးစားလျှက်

Anonymous said...

ကပ်စေးနဲမွေးနေ့ ရှင်ကြီး..
ယနေ့ ကြရောက်သောသင့်မွေးနေ့ မှစပြီး
နောက်နှစ်ပေါင်းများစွာသောမွေးနေ့ များအထိ
ပျော်ပျော်ရွင်ရွင်ကျန်းကျန်းမာမာဖြတ်သန်ျးွှိုင်ပါစေလို့ 
ဆုတောင်းပေးပါတယ်...

ဘလော့ဂင်းသူတစ်ဦး

ဆောင်းနှင်းရွက် said...

H@PPY B!RtHd@Y ....!
အကျယ်ကြီး အော်သွားတယ် ...
မွေးနေ့မှသည်
နေ့ရက်တိုင်း
စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း နှင့်
ပျော်ရွှင်သော မိသားစု လေးမှာ
လိုအင် ဆန္ဒ မှန်သမျှ
အမြန်ဆုံး ပြည့်စုံ နိုင်ပါစေ ...

အဖြူရောင်နတ်သမီး said...

ကိုဏီ လူဆိုးကြီး...
ဘာမှလည်း ကြိုပြီးမပြောဘူး..
ဘယ်လိုပဲဖြစ်ဖြစ်ပါ....HAPPY BIRTHDAY ပါ ကိုဏီရေ....
ယနေ့မှ“စ”၍ နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်ချမ်းမြေ့ပါစေရှင်...။
ကျူနီရှိုင်းနီခွိုင်းလာ....(တရုတ်လို HAPPY BIRTHDAY ) လုပ်သွားတယ်နော်...

မီးငယ် said...

Happy Birthday ပါ ကိုလင်း

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေနော်။ မီးငယ်လေးရဲ့ အိမ်ကို ပထမဆုံးလာလည်တဲ့နေ့က ကိုလင်းရဲ့ မွေးနေ့ဖြစ်နေခဲ့တယ်။ မှတ်ထားမယ်နော်။ အမြဲထာဝရ ပျော်ရွှင်ပါစေ။

မီးငယ်

ayesnake said...

တိုက်တိုက်ဆိုင်ဆိုင်ပါလားဟေ
လာလည်တဲ့နေ့မှ မွေးနေ့တဲ့
အနာရောဂါကင်းပြီး
သက်တော်ရာကျော်ရှည်ပါစေ လူကလေး

Anonymous said...

အဲ.. ညီသေးသေးလေး မစိမ်းကားရပါ..
နည်းနည်းလေးနောက်ကျသွားတာပါ (ရှေ့မှာ ၁၄တည်းရယ်) :P
မသိလိုက်လို့ပါဂျာ.. ချိတ်အချိုးပါနဲ့.. အိမ်ပြောင်းလိုက်တာလည်း ဖြူပြီးရှင်းနေတာပဲ။ ကဲ ကဲ.. ပိုတွေပြောတော့ဝူး နောက်ကျ ဆုတောင်းလေးပေးဦးမှ...

ဘယ်နှစ်နှစ်ပြည့်တာလည်းတော့မသိပေမယ့်
ယခုနှစ်မွေးနေ့ကစပြီး နောင်နှစ်တိုင်းရဲ့ နေ့ရက်တစ်ရက်စီတိုင်းမှာ ကျန်းကျန်းမာမာ ပျော်ရွှင်စွာနဲ့ ဘ၀ခရီးလမ်းကို အမောအပန်းမရှိဘဲ ဆက်လက်လျှောက်လှမ်းနိုင်ပါစေလို့...........

ချိတ်မချိုးဝူး ၀ုတ် အတိုဂျီးစ်စ်စ်စ်? :)))

အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ..
အသက်ရှည်၊ အနာကင်း၊ ကျန်းမာ ချမ်းသာ လိုရာဆန္ဒပြည့်ပါစေ :D

Unknown said...

အစ်ကိုရာကြိုတော့မပြောဘူး.. ကျွန်တော်ကလည်း ကျောင်းပြန်ဖွင့်နေတော့ ခုမှရောက်ဖြစ်တာနဲ့ နောက်ကျသွားတယ်။ အမှန်က အစ်ကို့မွေးနေ့မှာ ညီက ပထမဆုံးဆုတောင်းပေးသင့်တာ..ချစ်ကိုကြီးတွက်။ ခုတော့ နောက်ကျတာမှတော်တော်နောက်ကျသွားပြီ.. ခွင့်လွတ်နော်အစ်ကို.. မွေးနေ့မှာ ပျော်ရွှင်ခဲ့မယ်လို့ယုံကြည်ပါတယ်.. ဘာပဲဖြစ်ဖြစ် ဆုတောင်းနောက်ကျပေမယ့် စေတနာကတော့ နောက်မကျဘူးလို့ ယုံကြည်ပါတယ်.. ကျွန်တော့်အစ်ကို ရှေ့လျှောက် ပျော်ရွှင်မှုတွေနဲ့ ပြည့်လျမ်းနေပါစေလို့ ဆုတောင်းပေးပါတယ်..

ခရေညို said...

မွေးနေ့ရှင်ကစိတ်ပုတ်ပေမဲ့ မွေးနေ့ကိုလာတဲ့သူတွေကစိတ်မပုတ်ပါဘူး
ကြွေးကြွေး မကြွေးကြွေး ဖိတ်ဖိတ် မဖိတ်ဖိတ်လာမှာပဲ
ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကျရောက်သော မောင်လေး ဏီလင်းညို ရဲ့
ဘယ်နှစ် နှစ်မြောက် မှန်းမသိရတဲ့မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း
များနဲ့အတူ လိုအင်များစွာပြည့်စုံပါစေ။
ပျော်ရွှင်သောမွေးနေ့လေးဖြစ်ပါစေနော်

ချစ်သူမောင် said...

တစ်ရက်နောက်ကျသွားတယ်ကိုဏီ
ထိုထိုမွေးနေ့မှသည်စိတ်ချမ်းသာကိုယ်ကျန်မာပြီးလိုရာဆန္ဒပြည့်ဝပါစေ

ရွှေရတုမှတ်တမ်း said...

အို.....မာမီ သမီးကိုမွေးတုန်းက ဗိုက်တောင်မနာလိုက်ဘူး...

ahphyulay said...

မွေးနေ့  လေး ဆိုတော့ လဲ အမှတ်တရ လေး ဖြစ်အောင် ကောင်းသော
ပြည့်  စုံလွန်းသော အနာဂတ် ခရီးကို ဆက်လက် လျှောက်လှန်း သွား
နိုင် ပါစေလို့  ဆန္ဒ ပြု လိုက်ရင်းက
အဖြူလေး

Khyl said...

ဟေး.... နာ့တငယ်ဂျီး ဘတ်ဒေးကိုးးးးးးးးး

ခုမှ သိရတယ်.. ဆောတီးသူငယ်ချင်းရေ.....

HAPPY BIRTHDAYYYYYYYY............


(ဇဂါး မစပ်... အပုံဆွဲဘေးရမလား... ညှဲညှဲ)

kiki said...

ဟက်ပီး ဘွတ်ဒေး ပါ ဏလည ရေ..
ကျန်းမာ ပျော်ရွှင် ပြီး အောင်မြင်မှုများ နဲ့  ပြည့်စုံ ပါစေ ယနေ့ မှစ နှစ် ၁၂၀ တိုင်အောင် ပေါ့..
(တထုထု တော့ ကျွေးမှ ပေါ့ ။ ချုတောင်းပေးရတာ မောတယ် .. )

ခင်တဲ့ ကိကီ

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ..
အခုမှသိရတဲ့အတွက် မွေးနေ့ဆုတောင်း နောက်ကျသွားပါတယ်..
အခုမကျွေးနိုင်ပေမဲ့ တနေ့နေ့မှာ ဘလော့မောင်နှမတွေကို စိတ်တိုင်းကျ ကျွေးနိုင်ပါစေလို့...
မွေးနေ့စပြီး တနှစ်ထက်တနှစ် ပိုလို့ပိုလို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာလို့ သာသနာ အကျိုးကို ဆောင်ရွက်နိုင်ပါစေ.မိဘကိုလုပ်ကျွေးနိုင်တဲ့ သားကောင်း ဖြစ်နိုင်ပါစေ..
ခင်တဲ့
သဒ္ဓါ

ရီမိုးပြည့်  said...

သူများတွေက မွေးနေ့ ဆုတောင်းကို နောက်ကျတယ်နောက်ကျတယ်နဲ့ အော်နေကြလို့  ဘယ်ရက်လဲလို့ ကြည့် လိုက်တာ ၁၈ရက်နေ့ တွေကြီးပဲ ရီမိုးကအားလုံးထက်ပိုနောက်ကျနေပြီ အစ်ကိုရေ....
နောက်ကျမှ သိပေမယ့် လည်း ဆုတောင်းပေးပါတယ်....
နောင်နှစ်ပေါင်းများစွာ စာတွေအများကြီးရေးနိုင်ပြီးတော့  စိတ်ကူးကောင်းလေးတွေ အမြဲရနေပါစေလို့ ..... နောက်ကျသွားတဲ့ အတွက် ခွင့် လွှတ်စေချင်ပါသည်။

ဇာဏီ said...

မွေးနေ့ကို နောက်ကျမှ ရောက်လို့ ဆောရီးပါအစ်ကို

မွေးနေ့မှာ ပျော်ခဲ့ရမယ်လို့ မျှော်လင့်မိပါရဲ့ဗျာ..
နောက်နှစ်ပေါင်းများစွာ..ဒီလိုပျော်ရွှင်စွာ ဖြတ်သန်းနိင်ပါစေဗျာ..

မွေးနေ့ပွဲမှာ.... မုန့်လိုက်ရှာတာ မတွေ့ဘူး ဂိ..

နွေဆူးလင်္ကာ said...

ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေဗျာ။ ကပ်စေးနဲပြီး ဘာမှ မကျွေးတဲ့ မွေးနေ့ပွဲကို ကိုယ့်ကိတ်မုန့် ကိုယ်ကိုင်ရင်း တက်ရောက်လာပါတယ်။

မြစ်ကျိုးအင်း said...

ပျော်ရွှင်ဖွယ်ရာ မွေးနေ့လေး ဖြစ်ခဲ့မှာပါ။ အနာဂါတ် နေ့ရက်တွေ မှာလည်း အဆင်ပြေပျော်ရွှင်ခြင်းတွေနဲ့သာ ဆုံဆည်းနိင်ပါစေဗျာ။
ကျန်းမာ ရွှင်လန်းပါစေ။

နောက်ကျပြီးမှ ရောက်ခဲ့တာတော့ ခွင့်လွှတ်ဗျာ။

Angel Shaper said...

မန့်လို့ရတွားပီ။ အဟီးးးးးးးးးးးး
နီးနီးနဲ့ဝေးးးးးးးဆိုတာ ဒါမျိုးပြောတာနေမယ် အကိုရေ....
နောက်ကျသွားလို့ ဆောတီးပါနော်။
မုန့်မကျွေးချင်လို့ လျှိုထားတာ။ လုံးးးးးးးးဝကျေနပ်ဖူးနော်။
လူစုံရင်တော့ ပြောင်ပြီသာမှတ်...လစာပြောပါတယ်။ အဟဲ...
မုန့်အဝ ဝယ်ကျွေးဖို့သာပြင်ဗျိုးးးးးးးးးးးးးးးး ဟိုးးဟိုးးးးး
မွေးနေ့ဆုတောင်းဖို့ မေ့သွားတယ်။
အစားပဲ မက်နေတယ် ဒီအိန်ဂျယ် အဟဲ....
ကိုဏီကြီးးးးးးးးးးးးးး ဒီမွေးနေ့မှ လာမဲ့နေ့ရက် မနက်ဖြန်တိုင်းမှာ လိုရာတွေပြည့်လို့ အဆင်ပြေပျော်ရွှင်ပါစေဗျာာာာာာာာ
ဟက်ပီဘတ်ဒေးးးးးးးးးးးးးးနော်။

ကိုဇော် said...

ဟက်ပီး ဘက်ဒေး ဖြစ်ပါစေဗျာ.။

ကိစ္စတွေ နည်းနည်းရှုပ်နေတာနဲ့ မလာဖြစ်ဘူး ဖြစ်သွားတယ်ဗျာ။
ဆောရီး...မွေးနေ့မှအစပြု၍ အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ..။

ခင်မင်စွာဖြင့်
ကိုဇော်

ဆောင်းယွန်းလ said...

ကုမ်ရာသီရဲ့ နောက်ဆုံးနာရီမှာမွေးခဲ့တဲ့ ညီလေးတယောက်
အလှဆုံးနာရီလက်တံတွေရဲ့ ငြင်သာစွာ လှုပ်ခတ်မှုအောက်မှာ
ပျော်ရွှင်စရာ ကမ္ဘာငယ်တခုကို တည်ဆောက်ပိုင်ဆိုင်နိုင်သူဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။

SHWE ZIN U said...

ဘလော့ဂ်ပေါ် မှာ တောင် မကျွေးဘူး ဆိုတော့ ကပ်စီး နဲလွန်းပါတယ် တီတီဏီ ရယ်.. ကျနော်ဆို ခဏခဏ ကျွေးတယ်

happy birthday ပါ

linn said...

နောက်ကျနေပေမဲ့လဲ တွေ့တဲ့ အချိန်
HAPPY BIRTHDAY ! လုပ်ရတော့မှာပဲ ...
ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ ဘယ်မှ မလည်အားဖြစ်သွားတယ်... မွေးနေ့ရှင်လေး လင်းဘလော့ဂ်လာလည်ရင်း စိတ်ပိန်သွားတယ်..ဟုတ် ...
ဘာမှမဟုတ်ဘူး ..အေးဆေးနော ...
မွေးနေ့မှသည် ဖြတ်သန်းရာ ဘ၀တစ်လျှောက် အောင်မြင်မှုတွေ ၊ ပျော်ရွှင်မှုတွေ ရရှိ ခံစား ၊ စံစားနိုင်ပါစေ ...
ခင်မင်စွာဖြင့်...
လင်း...

zox.netmaze said...

happy :) Birthday... Bro

အခုမှ သိလို့ပါဗျာ။ တောင်းပန်ပါတယ်။ ကိတ်မုန့်လေး ဘာလေး စားရမယ် ဆိုရင် ဂွတ်မယ်ဗျာ။

မောင်သီဟ said...

မွေးနေ့ ကိုနောက်ကျမှရောက်လာတာဆောရီးပဲဗျာ
တောင်ကြီးရောက်နေလို့ အခုမှရောက်ဖြစ်တယ်
သက်ရာကျော်ရှည်ပါစေဗျာ
ချစ်သူနဲ့လက်တွဲနိုင်ပါစေနော့း)

လိုင် said...

မွေးနေ့မကျွေးသော်လည်းစားရသလိုသဘောထားပါတယ်

မိုးခါး said...

အိမ်လည် နောက်ကျပါတယ်
ဆုတောင်းနောက်ကျပါတယ်
ဒါပေမယ့် သိပ်တော့ ကိစ္စမရှိပါ
ဘာမှ မှ မကျွေးတာပဲ
အဟဲ :P
ဘာပဲဖြစ်ဖြစ် ခုကျရောက်တဲ့ မွေးနေ့ကစပြီး ကံကောင်းခြင်း ပျော်ရွှင်ခြင်းတွေနဲ့ တွေ့ကြုံ ဆုံဆည်းနိုင်ပါစေ
ဆန္ဒတွေ လက်တွေ့ အကောင်အထည်ဖော်နိုင်ပါစေ

~ဏီလင်းညို~ said...

ကျွန်တော့်ရဲ့ မွေးနေ့အတွက် သတိတရနဲ့ လာပြီးဆုတောင်းပေးကြတဲ့ မောင်နှမတွေအားလုံကို ရင်ထဲကနေပြီး... ကျေးဇူးလှိုက်လှိုက်လှဲလှဲတင်နေမိပါတယ်....။ မအားလို့ မရောက်ဖြစ်ခဲ့တဲ့ မောင်နှမတွေကိုလည်း... အမြဲတမ်းနားလည်နေလျှက်ပါလို့ခင်ဗျာ.....း))
(နောက်နှစ်ကျရင် ရေခဲရေတိုက်မည်....း))
အားလုံးကို ခင်မင်နေခဲ့တဲ့
ဏီလင်းညို

ရင်လှိုင်းခတ်သံ said...
This comment has been removed by the author.
Thwin said...

ကိုလင်း မွေးနေ့ လေးကို သိခွင့်ရလိုက်တယ်..။ ကိုလင်းပျော်ပါစေ..။