Saturday, February 27, 2010

ယာယီခွင့်


















လောလောဆယ်.... ရုတ်တရက်ချွတ်ယွင်းသွားသော ကျန်းမာရေးကြောင့် ကျွန်တော်ဘလော့ဂ်ရေး
တာကို ခဏနားပါမယ်...။
အမြဲတမ်း... အရက်တစ်ပုလင်းလောက် သောက်ထားရသလို ခေါင်းတွေမူးနေတာမို့လည်း.... စာတွေဖတ်
လို့မရပါဘူး....။ (ဆေးတွေသောက်ထားရလို့ပါ...။)
အဲ့ဒီအတွက် ဘလော့ဂ်လည်ပြီး စာမဖတ်နိုင်တာကို ခင်မင်လေးစားရတဲ့ အစ်ကို၊ အစ်မ၊ ညီ၊ ညီမများ နား လည်ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ပါတယ်...။
ဝိုင်းပြီး စိတ်ပူပေးကြတဲ့ မောင်နှမများနဲ့ မအားလို့ မမေးဖြစ်တဲ့ မောင်နှမများ၊ တိတ်တိတ်လေး စာလာဖတ် ပြီး လှည့်ပြန်သွားကြတဲ့ မောင်နှမများ အားလုံးကိုလည်း... ရင်ထဲက လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်နေမိခဲ့ ပါတယ်..။
မကြာခင်ပြန်လာနိုင်ဖို့ကိုလည်း... ကျွန်တော်ကိုယ်တိုင်မျှော်လင့်ရင်း... အကောင်းဆုံးကြိုးစားနေပါတယ်...။
ကျွန်တော့်ဘလော့လေးထဲမှာလာပြီး ကျွန်တော်နဲ့အတူ ပျော်ရွှင်မှု၊ လွမ်းဆွတ် ၀မ်းနည်းမှုတွေကို ဝေမျှစွာ ခံစားပေးခဲ့ကြတဲ့ မောင်နှမများအားလုံးကို ရင်ထဲက သတိရနေမှာပါ...။
မကြာခင်ပြန်လာခဲ့ပါ့မယ်...။

=============================
ပုံလေးကို ဒီက ယူသုံးတယ်...။
=============================

ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို

35 comments:

Anonymous said...

ဘယ်တွားမှာဒုန်းးးးး.. ဘာဒွေဖစ်..
ဒီက ညီသေးသေးလေးလည်း မူးနောက်ပြီး အိပ်ပျက်စားပျက်ဖြစ်နေ၏.. ဘဝတူဒွေ........

မမသီရိ said...

ဘာတွေဖြစ်လို့လဲ မောင်လေးရေ
ကျန်းမာရေး ဂရုစိုက်ပါ

ကိုလူထွေး said...

ကျန်းမာရေးက အဓိကကျတာမို့ ဂရုစိုက်သာ နေပါတော့ ကိုဏီရေ...
နေကောင်းသွားတဲ့ အခါကျတော့ ပြန်ရေးပေါ့...

းဝ)

မေဓာဝီ said...

ဏီလင်းရေ ကျန်းမာရေး ဂရုစိုက်နော်။ ကျန်းမာရေးက အရေးကြီးပါတယ်။
အစစ အဆင်ပြေပါစေ

စံလင်းထွန်း said...

မကြာခင် နေကောင်ကျန်းမာလာပါစေ ...။

စာတွေထပ်မံရေးနိုင်ပါစေလို့ ...။

ပိုစ့်တွေမွှေနှောက်ဖတ်ရှုသွားပါတယ်။

အချိန်ရမှ လာမန့်ပါဦးမယ်။

ဒဏ္ဍာရီ said...

ကိုဏီးရေ...... ကျန်းမာရေး ဂရုစိုက်ပါ.။ နေကောင်းရင် စာတွေပြန်ရေးပြီး ဘလော့တွေ ပြန်လည်လို့ ရတာပဲလေ..။
အမြန်ဆုံး ကျန်းမာပါစေ..။

ခင်မင်လေးစားလျှက်

မြတ်မွန် said...

ကိုဏီးရေ..မြန်မြန်နေပြန်ကောင်းပါစေလို့ ဆိုတောင်းပေးတယ်နော်..။
ညန်ညန် ပြန်လာနော်........

ချစ်ကြည်အေး said...

မောင်လေးဏီလင်းရေ...စိတ်မကောင်းဘူး အမြဲပျော်ပျော်နေတတ်တဲ့မောင်လေး တယောက် နေမကောင်းဘူးဆိုလို့၊ ကျန်းမာရေးက အရေးကြီးဆုံးပဲ...ဘလော့ဂ်လေးကို ခဏတော့ သံယောဇဉ် ဖြတ်ထားပါအုံးလေ...။ နေမြန်မြန် ပြန်ကောင်းပါစေ...မောင်လေးရေ...:(

မောင်မိုး said...

ဘယ်လိုဖြစ်ရတာလဲ ကိုဏီရယ်.။ နေမကောင်းဘူးဆိုတာ သိရတော့ စိတ်မကောင်းပါဘူးဗျာ။ အမြန်ဆုံးနေကောင်းအောင်ကြိုးစားပေါ့။ နားနားနေနေ
အပန်းဖြေလိုက်ပါဗျာ။ ဂရုစိုက်ဗျာ။ မိဝေးဖဝေးနဲ့နေရတာ။ နေမြန်မြန်ကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Khyl said...

ဏီဏီရေ.... နေကောင်းအောင် ဂရုစိုက်ပါအူး..... အိပ်ရေးဝအောင် အိပ်ပြီးမှ ပြန်လာခဲ့ တပတ်လောက် ဆက်တိုက် အ၀အိပ်ပြီးရင် တနှစ်လောက် အေးဆေး ဘလော့ဂင်းနိုင်တယ် သူငယ်ချင်း.... ဟဲဟဲ.. မယုံ မရှိနဲ့...... အလာဂါးနောက်တာ.... အာလောချံ ပရမန် လာဘံ.... ကျန်းမာခြင်းသည်... လက်နှစ်ချောင်း နဲ့ ကီးဘုတ်တလုံးလို့ အဆိုရှိတယ်လေ.... အဟဲ

zox.netmaze said...

အစ်ကိုရေ.. ကျွန်တော်တို့ အားလုံး မျှော်နေပါ့မယ်။ အမြန်နေကောင်းပါစေ။

မိုးခါး said...

နေကောင်းအောင် အရင် ဂရုစိုက်လိုက်ပါဦး
ပြီးရင်တော့ အတိုးချပြီး ပြန်ရေးပေတော့ :D
အမြန်ဆုံး ဝေဒနာ ပျောက်ကင်းပါစေး)

အင်ကြင်းသန့် said...

ကိုဏီး...
အရာအားလုံးထက် ကျန်းမာရေးက အရေးအကြီးဆုံးပါ...ဘလော့ဂ်ကို စိတ်ထဲကနေ ခဏထုတ်ထားလိုက်ပါဦး...

ငါ့အစ်ကိုကြီး မြန်မြန်ပြန်နေကောင်းပါစေ...


ခင်မင်လေးစားစွာ
ညီမလေး
အင်ကြင်း

ဆောင်းယွန်းလ said...

ကျန်းမာရေးဂရုစိုက်ပါညီလေးရေ..
နေပြန်ကောင်းတဲ့အခါကျရင် အရင်လိုပဲ စာတွေကဗျာတွေဆက်လက်ရေးဖွဲ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။

အကိုဆောင်းယွန်းလ

ရွှေပြည်သူ (ShwePyiThu) said...

ကိုဏီလင်းညိုရေ... ကျန်းမာရေး မကောင်းဘူးဖြစ်နေတယ်ဆိုလို့ စိတ်မကောင်း ဖြစ်မိပါတယ်။ ခေါင်းမူးတဲ့ဝေဒနာက ကျွန်မလည်း မကြာခဏ ခံစားရတော့ ကိုယ်ချင်းစာမိပါတယ်။ အမြန်ဆုံး ပြန်ကျန်းမာ ရွှင်လန်းလာပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

Anonymous said...

ဒီလောက်လည်နေတာတောင် ပို့စ်က တင်နိုင်သေးတယ် ဟုတ်လား ချစ်ကိုကြီး . . . . ဟိဟိ ဆက်လည်ပါ ဆက်လည်ပါ

ရွှေရတုမှတ်တမ်း said...

ကိုဏီးကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။ အကျွန်ုပ်ပို့သသောမေတ္တာကိုရိုးရိုးကြီးခံယူပါလေ....

kiki said...

နေမြန်မြန်ကောင်းပြီး ကျန်းမာစွာဖြင့် ဘလော့ဂင်း နိုင်ပါစေ ..မသောက်ပဲတအားမူးနေတယ် ဆိုတော့ အကြောင်း ရှိမယ် ။ ဆရာဝန်ပြသေးလား ။ ပေတေ မနေနဲ့အုံး ။ အအိပ်အနေ အစားအသောက် အစစ ဂရုစိုက် နော် ..

ခရေညို said...

ဏီလင်း ရေဆရာဝန်ပြဖို့ မပျင်းပါနဲ့။ အမြန်ဆုံးနေကောင်းပါစေလို့ နော်

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ
ဒါဆိုအခြေအနေသိပ်မကောင်းဘူးထင်တယ်..။ ကျန်းမာရေးသာအဓိကကျတာမို့ ဂရုစိုက်ပါ။ ကျန်းမာရေးမကောင်းရင်ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလေ။ အမြန်ဆုံးကျန်းမာလာပါစေနော်...။

ခင်တဲ့
သဒ္ဓါ

SHWE ZIN U said...

အင်း ကိုဏီ လေး နေမကောင်းရင် ပူပင်နေတဲ့ သူတွေကို သနားစရာ မြန်မြန်လေး နေကောင်းလုပ်နော် ကျမ်းမာရေး ဂရုစိုက်ပါဗျာ

Anonymous said...

အမြန်ဆုံး ပြန်ပြီး နေကောင်းကျန်းမာ လို့ အမြဲတမ်း ရွှင်လန်းချမ်းမြေ့ ရှိပါစေ ဗျာ။

ကူးလွေ့

မောင်သီဟ said...

sakit la
မြန်မြန်ကျန်းမာပါစေဗျာ
ဆေးခန်းတော့ပြဗျ
ဂရုစိုက်အုံးနော့
ကေအယ်မှာတော့ ဘူတာကြီးနားမှာ တန်လင်းဆိုတဲ့အစိုးရဆေးရုံရှိရင် အလုပ်ပါမစ်ကတ်ဖြစ်ဖြစ်ပြရင် ဆေးသက်သာတယ်နိုင်ငံသား တစ်ကျပ် နိုင်ငံခြားသား ၂၅ မဆိုးဖူး
ဂရုစိုက်ပါအစ်ကို

TYZ said...

မြန်မြန်နေကောင်းပါစေ. ဆေးလည်းမှန်မှန်သောက်ဦး။ နောက်ပြီး နေကောင်းတဲ့အခါ လာလည်ပေါ့ကို ဏီလင်းညို

ခင်တတ်သော
TYZ

Ko Toe Gyi ( Multiply Boo Boo Gyi ) said...

မြန်မြန်နေကောင်းပါစေလို့ မေတ္တာပို့ လျက်

ကိုဇော် said...

ကျန်းမာရေး ဂရုစိုက်ဗျို့...
ဒီလိုပဲ ကျနော်တို့က လေလိုင်းကပဲ သတိပေး အားပေးရပါ။

မြန်မြန်ပြန်လည် ကျန်းမာ နေကောင်းပါစေ။

ကိုဇော်

မနောဖြူ said...

ကျန်းမာရေးက အရေးကြီးဆုံးမို. ဂရုစိုက်ပါနော်။ အမြန်ဆုံးနေကောင်းပါစေလို. ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

စိတ်၏ဖြေရာ said...

အမြန်ဆုံးပြန်လည်ကျန်းမာပြီးစာတွေရေးနိုင်ပါစေလို့
ဆုတောင်းလိုက်ပါတယ်။
နောင်းကေ အေနောင် နော်။

Unknown said...

အစ်ကိုရေ.. မြန်မြန်နေကောင်းအောင်လုပ်ပါဗျ..
အစ်ကို့စာလေးတွေဖတ်ချင်လှပြီ..

အဖြူရောင်နတ်သမီး said...

အဲ...........တော့
ဖြစ်မှဖြစ်ရလေ ကိုဏီရယ်...
ကိုဏီ နေမကောင်းဖြစ်နေတာ မသိဘူး...အခုမှ (ကိုဏီပျောက်နေလို့ လာကြည့်ရင်း တွေ့တာ) သိရတာ...
အမြန်နေကောင်းအောင် လုပ်နော်..
အရမ်းလည်း သောက်မနေနဲ့အုံး...
မြန်မြန်နေကောင်းအောင် ဆုတောင်းပေးခဲ့တယ်နော်...
ကိုဏီ မြန်မြန်နေကောင်းပါစေ.....

မြစ်ကျိုးအင်း said...

ဂရုတစိုက်နဲ့ ကျန်းမာအောင် နေပါဗျာ
မကြာခင် ဘလော့ဂ်ပေါ်မှာ ပြန်တွေ့ရမယ်လို့ မျော်လင့်ပါတယ် သူငယ်ချင်းရေ။ အဆင်ပြေပါစေနော်

မြသွေးနီ said...

ကိုဏီ..

အဝေးမှာ နေနေရချိန်မှာ အာရောဂျံပရမံလာဘံ မှ ဖြစ်မှာ..။
ဂရုစိုက်ပါ။ အမြန်ဆုံးနေကောင်းပါစေနော် ။

An Asian Tour Operator said...

ကေအယ် လာခဲ့ပါဆို..

လိုင် said...

ကျန်းမာခြင်းသည်လာဒ်တပါး
ဂရုစိုက်ပါ

what is good things said...

ဒီကလည်း ကျန်းမာရေးက ယိုင်နဲ့နဲ့ ဘလော့ရေးပါတယ်ဆို။
သူကလည်း ရုတ်တရက်ချွတ်ယွင်းသွားရတယ်လို့း)) ဘလော့မလည်ဖြစ်တာကြာလို့ သိဘူးရယ်..
ဏီလင်းရေ မြန်မြန်နေကောင်းအောင် ကြိုးစားပါ။ ဆရာဝန်ညွှန်တဲ့အတိုင်း ဆေးမှန်မှန်သောက်ပေါ့။