Friday, October 23, 2009

ရီဝေ...ည

လောကအလှအွန်လိုင်းမဂ္ဂဇင်းမှာ အရင်တုန်းကကျွန်တော်ရေးခဲ့တဲ့ ၀ထ္တုတိုလေးတစ်ပုဒ်ပါ။ ဖတ်ကြည့်ပေးကြပါဦးခင်ဗျာ...။


သန်းခေါင်ယံအချိန်လွန်ကာစ ညဥ့်ကောင်းကင်တစ်ခုရဲ့အရောင်က အနီရောင်လဲ့လဲ့ သန်းနေခဲ့သည်။ ထိုအထက်တွင် တစ်ရိပ်ရိပ် လွင့်မျော၍နေလေခဲ့သော တိမ်အုပ်စုများကို ဟို...ဒီပြန့်ကျဲစွာတွေ့နေရလေ၏။ မြေပြင် အထက်တွင်အဆက်မပြတ် တိုက်ခတ်နေသော လေထုထဲမှာ အေးစက်စက်ဖြင့် မိုး ရနံ့များ ကပ်ငြိနေတာကို “သူ”ခံစားမိသည်။ စောစောကထက် ပိုအေးလာသလိုရှိတာကြောင့် ကိုယ်ပေါ်တွင်ဝ တ်ထားသော ဂျင်းဂျက်ကတ် အဟောင်းလေးကို ရင်ဘတ် ဆွဲစေ့လိုက်သည်။ နောက်လက်နှစ်ဖက်ဖြင့်လည်း လက်ပိုက်ကာ ကိုယ့်ကိုယ်ကိုပြန်ပြီး သိုင်းဖက်ထားမိသေး၏။


မကြာခင် မိုးရွာတော့မည်ထင်ပါသည်။

 
ဆက်ဖတ်ချင်သေးရင် ဒီကိုသွားပါခင်ဗျာ...။

9 comments:

ဒဏ္ဍာရီ said...

ဝထ္ထုတိုလေးကို ဖတ်ပြီး လွမ်းသွားတယ် အကိုရေ ... ဒီလိုပါပဲ အကိုရယ် အချစ်ဆိုတာ တခါတလေမှာ အနီးဆုံးမှာရှိပြီး အဝေးဆုံး ရောက်နေတတ်တယ်။ ပေးဆပ်ခြင်းတွေ ရယူခြင်းတွေကိုတော့ နားမလည်ပါဘူး။ ဒါပေမယ့် အချစ်ဆိုတာကတော့ အလွမ်းတွေနဲ့ ပြည့်နေတဲ့ တေးသွားတပုဒ်လို့ပဲ လက်ခံထားမိတယ်။ တီးခတ်နေရင်း တချိန်ချိန်မှာ ပြတ်သွားတော့မယ့် သံယောဇဉ်ကြိုးလေးပါ အကိုရယ်။

ခင်မင်လေးစားလျှက်

အိမ့်ချမ်းမြေ့ said...

ဖတ်ပြီး သက်ပြင်းအရှည်ကြီး ချသွားပါတယ်။

အဖြူရောင်နတ်သမီး said...

“ရီဝေ...ည”...တဲ့
စာဖတ်ပြီးသွားတဲ့အချိန်မှာ...
အမြင်အာရုံတွေတောင်..
တကယ်ပဲ..ရီဝေသွားခဲ့ရတယ်...

ညီညီ said...

အစ်ကိုရယ်. တစ်ကယ်ဆွေးသွားတယ်. တိုက်ဆိုက်လိုက်တာဗျာ.။ ပိုင်ဆိုင်ချင်ရဲ့နဲ့ အဖြူရောင်စည်းတစ်ခုကို သစ္စာတရား တစ်ခုအနေနဲ့ ထိမ်းသိမ်းနေပေမဲ့ ရင်ထဲက ချစ်တဲ့စိတ်ကတော့ အမြဲတမ်းရှင်သန်နေတယ်.။ ပိုင်ဆိုင်ရမှ အချစ်မဟုတ်ဘူးဆိုပေမဲ့ တစ်ပါးသူပိုင်ဆိုင်သွားမှ ပူပန်မိပြန်သေးတာပဲ.။ အချစ်ကို အချစ်လို့ပဲမြင်ပြီး လိုချင်တာကို ရယူလိုက်တာ အကောင်းဆုံးလို့ထင်ပါတယ်.။ အချိန်လွန်တဲ့နောင်တ တွေက ဘာအကျိုးမှ ရှိမလာနိုင်တဲ့ အပြင် တစ်သက်စာဆွေးသွားနိုင်တယ်.။

ဒီပိုစ့်လေးကိုကြိုက်တယ် အစ်ကိုရေ.။

ခင်မင်လေးစားလျှက်

ညီညီ(အနာဂါတ်သံစဉ်)

မောင်ဘကြိုင် said...

ရင်ဘတ်ကြီးအောင့်သွားတယ်ဗျ
း) မလေးမှာရောက်နေတဲ့သူငယ်ချင်းဏီလင်းညိုရေ
လင့်လိုက်ပြီဗျို့
း)

ခရေညို said...

ဝထ္ထုတိုလေးကို ဖတ်ပြီ်းဆွေးသွားတယ်.

~ဏီလင်းညို~ said...

ဒဏ္ဏာရီ >> ညီမရဲ့ အယူအဆလေးကို သဘောကျတယ်...
အိမ့်ချမ်းမြေ့>> သက်ပြင်းအရှည်ကြီးချအောင်လုပ်မိတာ ဆောတီးနော်.. မလေး
အဖြူရောင်နတ်သမီး>> တစ်ကယ်ပဲရီဝေသွားတာလားခင်ဗျ...။ အဟဲ..
ညီညီ >> ဟုတ်တယ်နော်...ကိုညီ...ဆွေးရတယ်...အဟဲ...
မောင်ဘကြိုင် >> လာ...ကိုဘကြိုင်...ဆေးခန်းလိုက်ပို့ပေးမယ်...အဟဲ...
ခရေညို >> ဟုတ်ကဲ့..မခရေညို... လာဖတ်တာကျေးဇူးပါ...(နောက်လည်း ဆွေးအောင်လုပ်မှာနော်...)

Angel Shaper said...

ဝတ္ထုတိုလေး ကောင်းတယ်အကို...
အချစ်ဆိုတာ အဆွေးလေး၊ အလွမ်းလေးတွေကြောင့်ပဲ ပိုခံစားတတ်လာကြသလား၊ ပိုပြီး ပီပင်သွားသလားလို့တောင် ထင်ယောင်ထင်မှားဖြစ်မိပါတယ်။
အရမ်းကောင်းတယ်ဗျိုးးးးးးးးးးးးး

ကျွန်တော် said...

အဟဲဟဲ.. ကျွန်တော်လာပြန်ပါပြီ.. ထပ်မန့်ပါဦးမယ်..ကိုယ်တွေ့လားဟင်.ဟဲဟဲ.. ခံစားချက်တွေအရမ်းပေါ်လွန်းတယ်..ခွိခွိ