Friday, October 9, 2009

ပြန်လာခဲ့မယ်....




လေပြင်းတွေ...တိုက်ခတ်နေခဲ့ကြတယ်...
ကောင်းကင်ဟာလည်း မည်းမှောင်စွာနဲ့ အုံ့ဆိုင်းနေခဲ့ပေါ့....။
ဘာ့ကြောင့်များ မင်း... ငါ့ကို မျက်နှာလွှဲနေခဲ့ရသလဲကွယ်...
မကြာခင်မှာဆို မိုးတွေရွာတော့မယ်...
အဲ့ဒီအခါကျရင်သာ...
ငါ့ရင်ခွင်တစ်စုံနဲ့ မင်းကိုကာကွယ်ခွင့်ပေးပါတော့...။
မင်း...ဘယ်လိုအမှားတွေပဲ လုပ်ခဲ့ပါစေ....
ငါ... မင်းဆီ...“ပြန်လာခဲ့မယ်”...
ငါ... မင်းဆီ ပြန်လာခဲ့ပါ့မယ်ကွယ်...။

ကြည့်လိုက်စမ်းပါဦးကွယ်...
ကန်ရေပြင်ဟာ ၀ဲဂယက်တွေနဲ့ လူးလွန့်နေခဲ့ရတယ်...
အဲ့ဒါဟာ... ငါ့ရင်ဘတ်တစ်ခုလိုပါပဲလေ....၊
ဘာတွေ.... ဆက်ဖြစ်လာဦးမလဲဆိုတာကိုသာ
အမှန်အတိုင်းပဲ မင်းပြောလိုက်ပါတော့ကွယ်...
ငါ မင်းကြောင့် ဘယ်လိုပဲ စိတ်လှုပ်ရှားခံစားနေရပါစေ...
ငါ... မင်းဆီ...“ပြန်လာခဲ့မယ်”...
ငါ... မင်းဆီ ပြန်လာခဲ့ပါ့မယ်ကွယ်...။

ပျံ့လွင့်နေတဲ့ စိတ်တစ်ခုနဲ့ ငါ့ရှေ့ကမင်းအတွက်...
သက်ပျင်းမောတွေပဲ ငါရှိုက်နေမိတော့တယ်....
ဘာတွေဟာ...မင်းကို ခက်ခဲနေစေခဲ့သလဲ...??
အားလုံးကို အနောက်ဘက်မှာသာမင်းချန်ထားရစ်ခဲ့လိုက်ပါတော့...
မင်းအကြောင်းဟာ...ဘာတွေပဲဖြစ်ဖြစ်...
ငါ... မင်းဆီ...“ပြန်လာခဲ့မယ်”...
ငါ... မင်းဆီ ပြန်လာခဲ့ပါ့မယ်ကွယ်...။

ငါ့လက်အစုံကိုသာ ဖမ်းဆုတ်လိုက်ပါတော့ကွယ်...
အဲ့ဒါဟာ... မင်းအတွက် အကောင်းဆုံးသောနည်းလမ်းတစ်ခုပေါ့....။
နောက်ထပ် အထီးကျန်စရာအချိန်တွေ....
မင်းဆီရောက်မလာနိုင်စေရဘူးလို့.... ငါကတိပေးနိုင်ပါတယ်....
အလင်းပျက်သုန်းတဲ့ ဘ၀တစ်ခုမှာ
မင်း... ငိုမနေပါနဲ့တော့ကွယ်....။
ငါ... မင်းဆီ...“ပြန်လာခဲ့မယ်”...
ငါ... မင်းဆီ ပြန်လာခဲ့ပါ့မယ်ကွယ်...။

5 comments:

အိမ့်ချမ်းမြေ့ said...

ဒီကဗျာရဲ့ သိမ်မွေ့မှုကို ပုံလေးကလည်း ပံ့ပိုးနေတယ်နော်။

~ဏီလင်းညို~ said...

ဟုတ်ကဲ့ မလေး...ကျေးဇူးပါ...။
အဲ့ဒါ.. အိမ်နောက်ဖေးကို မျှော်ကြည့်ရင် မြင်ရတဲ့ မြင်ကွင်းလေးလေ...။ အဲ့သလိုအချိန်ဆိုရင် ကျွန်တော်တော့ ဖုန်းကိုပြေးယူပြီး ဓာတ်ပုံရိုက်မိတာပါပဲဗျာ...။

aye said...

အိပ်မက်က commentပဲ ပြန်ပေးခဲ့ရမလား ဟဲဟဲ

ချစ်တီး said...

အရမ်းကောင်းတဲ့ကဗျာလေးပါ အားပေးနေပါတယ်အကို

ကျွန်တော် said...

သည်ကဗျာလေးကြိုက်တယ်..ကျန်တာတွေလည်းကြိုက်ပေမယ့် ဒါလေးကိုအကြိုက်ဆုံးပါ..