တစ်နေ့ထက် တစ်နေ့
မြေ့သထက် မြေ့နေခဲ့တဲ့.....
ဘ၀ရဲ့ ရက်စွဲတွေ......
တိုတောင်းလွန်းခဲ့ရပြီ.....။
ဒီကြားထဲ....
အချို့က.... လိုက်ရင်ပြေးတယ်....
အချို့က.... ဝေးရင်ဆွေးမယ်.....
အချို့က.... ကွယ်ရင်မေ့တယ်.....
အချို့က..... ‘မမိုက်ရင် ဘေးဖယ်’...တဲ့...
ကျွန်တော်ကတော့.....
အရှုပ်တွေကို ဘေးဖယ်...
အားလုံးကို...... ချန်ထားရစ်ချင်နေတယ်......။
အထူးအဆန်း မထင်လိုက်နဲ့....
မိုးပြိုမှာထက်....
မိုးစိုမှာကိုသာ ပိုကြောက်ရွံ့တဲ့.....
ခပ်ရိုးရိုးလူတွေထဲက.....
လူသားတစ်ဦးဟာ.....ကျွန်တော်....။
ဒါပေမယ့်....
ရိုးသားခြင်းကို လာမမျှားနဲ့.....
အိပ်မက်ဆိုတာ ‘ရောင်းရန်ပစ္စည်း’... မဟုတ်.....။
ဘုံဆိုင်မှာ သောက်သူတိုင်း အရက်သမားထင်ရင်တော့မှားမယ်.....။
ဟင့်အင်း.....
ဝတ်ကျေ.....တမ်းကျေ.....တွေတဲ့လား....
ဝေးဝေးမှာသာ.......နေလိုက်ပါတော့ဗျာ......။
ဒီလိုနဲ့ပဲ.....
တွေးရင်း...ငေးရင်း.....
အသုံးချခံရင်း......
လောင်ကျွမ်း၊ ပြာကျရင်း....
တအိအိပဲ့ကြွေနေခဲ့တဲ့.....
ကျွန်တော့်ဘ၀ရဲ့ ရာသီတွေဟာ....
သောက်လက်စ, စီးကရက်တစ်လိပ်လိုမျိုး.......။
စီးကရက်မီးခိုးများကတော့....
လေထဲမှာ ဝေ့ဝေ့၀ဲဝဲ နိုင်လို့......။ ။
~~~~~@@@~~~~~
====================================================================
နေမကောင်းဖြစ်ပြီးတည်းက ကဗျာမရေးနိုင်သေးတာအခုချိန်ထိမို့လို့ ပြန်ရေးကြည့်မိပါတယ်ခင်ဗျာ......။
ခေါင်းစဉ်လေးက ကိုညီထွဋ်ဟိုးတုန်းက ဆိုခဲ့ဖူးတဲ့သီချင်းလေးတစ်ပုဒ်ကနေ အမြတ်တနိုးယူသုံးမိပါတယ်...။
====================================================================
ချစ်ခြင်းအားဖြင့်.......
ဏီလင်းညို
စီးကရက် မီးခိုးများ......
25 comments:
သဘောကျတယ်ဗျာ...။
ဟုတ်တယ်.... ဘဝကြီးက....တဖြည်းဖြည်း...လောင်ကျွမ်း ပဲ့ကြွေကျနေတဲ့ သောက်လက်စဆေးလိပ်တစ်
လိပ်ပါပဲ...။
ဒီလိုနဲ့ပဲ.....
တွေးရင်း...ငေးရင်း.....
အသုံးချခံရင်း......
လောင်ကျွမ်း၊ ပြာကျရင်း....
တအိအိပဲ့ကြွေနေခဲ့တဲ့.....
ကျွန်တော့်ဘ၀ရဲ့ ရာသီတွေ.... ဒီစအရေးအဖွဲ့လေး အရမ်းကြိုက်တယ်။အားပေးလျှက်ပါ။
ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွာစွာထိခိုက်စေပါသည်တဲ့း)
နေမကောင်းဘူးဆိုလို့ သတိပေးကြည့်တာ အစ်ကိုရေ ကဗျာကတော့ မေ၇းတာကြာလို့လားမသိ အောင်းထားတာတွေထွက်လာတယ် မာန်တွေနဲ့ ဖတ်ရတာ အားရှိတယ်
မောင်မျိုး
ကိုဏီး လက်နဲ့တူတယ်။
ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကို ထိခိုက်တတ်တယ်နော် ကိုဏီး။
နေသာမကောင်းတာ ဆေးလိပ်တွေ သောက်နေတယ်ဟုတ်လား။ နောက် တစ်နာ တိုးနေအုံးမယ် သတိထား.. လျှော့သောက်၊ ပြီးရင် ရောင်းရန် မဟုတ်လို့ ပြန်ပြင်ပေးဦး။ ဖတ်ရတာ တစ်မျိုးဂျီးဖြစ်နေသလားလို့
ဆေးလိပ်သောက်ခဲ့သော အချိန်များကို ပြန်သတိရမိသွားတယ်
ဦးဏီ
စီးကရက်နံ့ကတော့ အချိန်အတိုင်းအတာ တစ်ခုထိတော့ စွဲကျန်ခဲ့မှာ သေချာတယ်.....
ကြေကြေကွဲကွဲ ကဗျာလေးက တိုက်ဆိုင်သွားသလိုပဲဗျာ။ နှစ်သက်မိပါရဲ့။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
စီးကရက်ပဲသောက်သောက်...
အရက်ပဲသောက်သောက်...
လက်ထဲက နာရီကိုတော့ ရောင်းမစားနဲ့နော်...
ဟိ
ဝတ်ကျေ တမ်းကျေတွေတဲ့လား..
ဗျာ....
ဝေးဝေးမှာ သွားနေဖို့ ပြောလိုက်မယ်နော်
(မေပယ်လ်)
အိပ်မက် ဆိုတာ ရောင်းရန်ပစ္စည်းမဟုတ် ....
ဟုတ်ကဲ့ ..
ကုတ်ကုတ်လေးပဲပြန်သွားပါတယ်ဗျာ ..
ဒီလက်က ပိန်တဲ့သူ ဟုတ်ပါဝူးကွာ.......
ဆြာခြင်
အရှုပ်တွေကို ဘေးဖယ်.....
အားလုံးကို ချန်ထားရစ်ချင်နေတယ် .....
မလုပ်ပါနဲ့ အားလုံးကို ချန်ထားခဲ့လိုက်ပါ
ပိုပြီးစိတ်ချမ်းသာတယ်.....
ဒါနဲ့ လက်ပုံနှစ်ခုက မတူသလိုဘဲ
ခရေပန်းတွေ ကိုင်ပြထားတဲ့ လက်က ကဗျာပိုဆန်တယ်.....
ခင်တဲ့
သစ်သစ်
အချစ်မရှိရင်.. ဘ၀ဆိုတာ.. စီးကရက် မီးခိုးများ.....
အချစ်ရှိရင်.. ဘ၀ဆိုတာ.. နေ၀င်တိုင်းမှာ အိပ်တန်းပြန်ခွင့်ရတဲ့ ငှက်.....
ဟုတ်တယ်.. အကိုရာ.. ကျွန်တော်တို့ မီးအရှို့ခံနေရတာ..
လက္ခဏာ အရတော့.....
အင်းး...
ဆေးလိပ်တွေ သောက်နေတယ်ပေါ့.. မသောက်ဘဲကိုင်ထားတာလား.. တကယ်သောက်နေတာလား..
ဒါကြောင့်လည်း မူးတာဖြစ်မယ်.. ဆရာဝန်မလေးရှိတယ်ဆိုပြီး အားကိုးနဲ့ မိုက်မနေနဲ့ . ကျန်းမာရေးလည်း ဂရုစိုက်..
ဘယ်သူတွေကများ အရက်သမားလို့ ပြောနေကြပါလိမ့်.. ဘုံဆိုင်မှာ သွားမသောက်နဲ့ အရက်သမားလို့ထင်လိမ့်မယ် ကိုယ့်အိမ်မှာကိုယ်သောက် ဟုတ်ပြီလား ဒါဆို ဘယ်သူမှ မမြင်တော့ဘူးး)
စီးကရက်သောက်တာမကြိုက်ဘူး အနံ့လဲ မခံနိုင်ဘူး သူငယ်ချင်းတယောက်က အရမ်းသောက်တယ် တနေ့ သူကပြောတယ် ခဏ စီးကရက်ထွက်သောက်မလို့တဲ့ ကိုယ်က သူ့ကိုပြောလိုက်တယ် ငါ က မသောက်နဲ့လို့ပြောရင်ရော ငါ့စကားနားထောင်မလားဆိုတော့ အင်း ဆိုတာနဲ့ ကိုယ် တခါ တောင်းဆိုဖူးတယ် သူကလဲ ဈေးဆစ်တယ် တဝက်တဲ့ တဝက်တော့ ကိုယ်လဲ ပေးသောက်လိုက်ပါတယ်
ကိုဏီလဲ ဝက်ဝံလေးကို လိုက်လျောပေးပါ့လား
ကဗျာလေးကောင်းတယ် ဏီလင်းရေ....။ နေမကောင်းသေးဘဲ ဆေးလိပ်တွေ သောက်နေရသလား....။ ဆက်မပြောတော့ဘူး ကိုမိကျောင်းမင်းရေ.....
ဘယ်လိုပါလိမ့်......
ဆေးလိပ်သောက်ချင်တိုင်း စီးကရက်မီးခိုးတွေဘာတွေ လုပ်နေတာမလား.။
မီးအရှို့ခံနေရတယ်တဲ့...(ပြောတဲ့သူရှိသေးးးးးးးးးး)
ခင်မင်စွာ
သဒ္ဓါ
ဘုံဆိုင်မှာသောက်သူတိုင်း ဂေါ်ရင်ဂျီကုလားထင်ရင်တော့ မှန်ပါသည်...
သာမီးရဲ့ အလိပ်ကြီး တငွေ့ငွေ့ လောင်နေတာမြင်ရတာ..မာမီရင်တွေ တုန်တယ်ကွယ်
ကဗျာလေးလာဖတ်ပေးတဲ့ အစ်ကို အစ်မ၊ ညီလေး၊ ညီမလေးတွေနဲ့ သူငယ်ချင်းမောင်နှမအားလုံး.......ကျေးဇူးပါခင်ဗျာ.....။
(ဆေးလိပ်တွေ အများကြီးသောက်မနေပါကြောင်း.....ယုံကြည်ပေးကြပါခင်ဗျာ.....း))
ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို
မိုးပြိုမှာထက် ပိုးစိုမှာ ပိုကြောက်သတဲ့....
ဝတ်ကျေတန်းကျေတွေလား..ဝေးဝေးမှာသွားနေပါမပြောခင်..
ဆေးလိပ်ငွေ့ တွေနဲ့ ခပ်ကင်းကင်းနေနိုင်ပါစေရှင်။ :)
...ခင်မင်လျှက်...ခင်မာလာအောင်..:)
မီးခိုးတွေ လို ပျောက် သွား ရမှာ ပါ
့ပြာ အစ တွေ လို ပျက် စီး သွား ရ ဦးမှာ ပါ
အစီခံ လေး သမိုင်း တွင် စေ
အချိ့က ကွယ်ရင်မေ့တယ်.....
ဝတ်ကျေ တန်းကျေတွေတဲ့လား....
ကဗျာလေးကိုခံစားသွားတယ် ကိုဏီး
အချို့နေရာတွေအတွက်
အချို့ရင်ခွင်တွေအတွက်
စစ်မှန်ခြင်းတွေက အလဟက်သက်
ခြွေချ ခံလိုက်ရတယ် ကျွန်တော်လည်း ဆေးလိပ်ပြာပေါ့ ။
အသုံးချခံရင်း ...
စီးကရက်ကိစ္စမှာတော့ ကျွန်တော်တို့က စိတ်ရဲ့ ရသ တစ်ခုအဖြစ်နှင့် အသုံးချခံတယ်လို့ပဲ သက်မှတ်ခဲ့ပေမယ့် ကျွန်တော့အမြင်တော့ ကျွန်တော့ကို စီးကရက်က အသုံးချသွားတာ မည်းညစ်နေတဲ့ အထိပဲ ...
ဘိုင်သဝေး ခုချိန်ထိ စီးကရက်ကို သောက်နေတုန်းပဲ ကိုညို
Post a Comment