အတွေးအိပ်မက်ထဲမှာ....
နှင်းမြူတွေဝေနေဆဲပါ....။
သို့ပေမယ့်လည်း
ငါ့ရဲ့ မနက်ခင်းတွေဟာ....
နွေးထွေးစွာ ခါးသက်ခဲ့ရပြီ....။
ဖြတ်သန်းသူ ကင်းမဲ့ခဲ့တဲ့
အဖြူရောင်တံခါးတစ်ချပ်ရဲ့ နောက်ကွယ်မှာ
သေဆုံးနေတဲ့ မျှော်လင့်ခြင်းတွေရှိတယ်.....။
တွန့်ကြေနေတဲ့ ယုံကြည်ခြင်း.... ဆိုတာတွေ ရှိတယ်......။
နောက်ပြီး....
ခဏ ခဏလွမ်းတတ်တဲ့ မီးခိုးရောင် ၀ိညာဉ်တစ်စုံလည်း ရှိသေးရဲ့ .....။
အားလုံးသော အရာတွေနဲ့အတူ....
တစ်ချိန်က မင်းရဲ့  ‘ငါ’....ဆိုတာလည်း ရှိနေခဲ့သေးတယ်.....။
မိုးခေါင်နေခဲ့တဲ့ ရင့်ကျက်မှုတွေဟာ....
နုနယ်တဲ့ နှလုံးခုန်သံများနဲ့အတူ
ငါ့ကို ပင်ပန်းစေတတ်ခဲ့ပြီ.....။
ရံဖန် ရံခါမှာ ကြိတ်ရှိုက်မိတတ်ခဲ့ရတဲ့....
ခိုးကြောင် ခိုးဝှက် ‘သက်ပြင်း’တချို့ ကလည်း.....
မွေးရာပါ ဥာဉ်ဆိုးအမျိုးမျိုးနဲ့
ငါ့ကို... နှိပ်စက်မြဲပါပဲ.....။
အိပ်စက်ခြင်းတွေ မလင်းလက်နိုင်ခဲ့ရတဲ့
ငါ့ရဲ့ ညတာရှည်တွေထဲမှာဆို....
အနားယူခွင့် တောင်းဆိုနေခဲ့တဲ့ မျက်လွှာတစ်စုံအတွက်....
ဘယ်လိုအဖြေမျိုး ငါပေးလို့ရနိုင်ပါ့မလဲ.....???
ဝေဖို့သာ လွယ်ခဲ့ပြီး....
ကြွေဖို့ရာ ခက်ခဲလွန်းလှတဲ့....
မင်းအတွက် ဖြစ်တည်ခဲ့သော တရားလွန်ခံစားချက်တချို့ ဟာ
အခုအချိန်မှာတော့....
ငါ့ကို ၀န်လေးစေခဲ့ပြီ....။
ဦးတည်ရာမဲ့ ခရီးသွားတစ်ယောက်လို....
မင်းနှလုံးသား ရပ်ဝန်းအနီးဆီသို့
‘နောက်ကျခြင်းများစွာ’ .... နှင့် အတူ....
ဖြတ်သန်းကာ စီးဆင်းနိုင်စွမ်းမဲ့ခဲ့ရပြီ....။
ဝေးသွားတော့မလား....? လို့ တွေးနေတုန်းမှာပဲ
ငါဟာ... အဝေးဆုံးကို မျောလွင့်ခဲ့ရပြီ....။
ဒီအဖြစ်တွေကြောင့်ပဲ ထင်ပါရဲ့ ....
တစ်ခါတစ်လေများ
မလှပခဲ့ရတဲ့ ငါ့ရဲ့ နေ့စွဲတွေကို ပြန်လှည့်ကြည့်ရင်း....
တိုးတိုးလေး ဆိုရုံသာပဲ....
ခပ်ဖွဖွ မင်းကို တမ်းတမိလိုက်တိုင်း....
ဟောဒီ ရင်ဘတ်ထဲက
အနှစ်မဲ့ခဲ့ရတဲ့ ချစ်ခြင်းတရားတွေက....
အုံနဲ့ ကျင်းနဲ့ ...ဆိုသလိုမျိုး....
ဝိုင်းပြီး မျက်စောင်းထိုးကာ
ငါ့ကို .... မျက်မာန်ရှကြတော့တယ်.....။
အဲ့ဒီအချိန်တွေများမှာဆို ....
အလည်လွန်နေခဲ့ကြတဲ့ ‘နားလည်မှုတွေ’ နဲ့အတူ
အဝေးက မင်းလည်း...
ရောင်နီလာချိန်တိုင်အောင်
ငါ့ထံပါး မရောက်လာနိုင်ခဲ့ကြသေးဘူး....။
ဒါပေမယ့်လည်း .....
ငါ့ရဲ့ ရင်ခုန်ခြင်းတွေကလည်း .... မသေနိုင်ခဲ့သေးဘူး....။
စဉ်းစားတတ်တဲ့ ဦးနှောက်တစ်စုံကတော့
ဒီအဖြစ်တွေအတွက် ဆင်ခြင်၊ သုံးသပ်ရင်းနဲ့ ....
ငါ့အတွက် ‘နာမည်’ တစ်ခု နှင်းအပ်တော့တယ်....။
‘မိုက်မဲလွန်းသူ’ .... တဲ့လေ....။ ။
~~~~~@@@~~~~~
====================================
ပုံလေးကို ဒီနေရာလေးကနေ ယူသုံးခဲ့တာပါခင်ဗျာ....။
====================================
ချစ်ခြင်းအားဖြင့်........
~ ဏီလင်းညို ~
26th March 2009.
02: 25 a:m, Wednesday.
22 comments:
နှစ်ချို့တဲ့ သက်ပြင်းတွေပေမယ့်
သတိရမှုက အစီအစဉ်ကျတယ် ...
မလင်းကျင်းခဲ့ရတဲ့ နံနက်ခင်းတွေတိုင်း
နှင်းဝေဖို့လည်း မတောင်းဆိုနိုင်ခဲ့ဘူး ...။
မင်းနေဖို့လည်း မဆုတောင်းနိုင်ခဲ့ဘူး ...။
ဒီလိုနဲ့ ...
ဆိုနင့် အက်ကွဲသံတွေလည်း
ရင်ထဲက ထွက်မလာခဲ့ဘူး
မကျက်တကျက် အနာကပဲ
အပ်ကြောင်းတွေနဲ့ ရင့်ကျက်လာခဲ့ရတယ် ...။
...
အစ်ကိုရေ ထပ်တူထပ်မျှ ခံစားသွားပါတယ် ....
ခင်တဲ့
ညလင်းအိမ်
မိုက်မဲလွန်းသူရဲ့ ရင်တွင်းဖြစ်တွေကို ဖတ်ပြီးသကာလ
နားလည်ပေးလိုက်ပါတယ်လေ ...
သူလဲလေ လောကီသားပေမို့ ဆိုပြီး ...
ဘောလုံးပွဲ မကြည့်ပဲ အိပ်ပျက်နေသူ ဆိုတော့ ... :P
အင်း ... အခြေအနေ မကောင်းရှာဘူးပဲ ...
ခင်မင်စွာဖြင့်
လင်း
စဉ်းစားတတ်တဲ့ ဦးနှောက်တစ်စုံကတော့
ဒီအဖြစ်တွေအတွက် ဆင်ခြင်၊ သုံးသပ်ရင်းနဲ့ ....
ငါ့အတွက် ‘နာမည်’ တစ်ခု နှင်းအပ်တော့တယ်....။
‘မိုက်မဲလွန်းသူ’ .... တဲ့လေ....။ ။
အသက်အရွယ် အချိန်အခါမရွေး
ဒီလို မိုက်မဲခြင်းတွေက ရှိနေဦးမှာပါပဲလေ....
နားလည်ရင်း ခံစားသွားပါတယ် ကိုဏီ။
ခင်မင်စွာဖြင့်
ကိုရီး{ကိုကြီး}
အချစ်ဆိုတာကလည်း တခါခါတော့ မိုက်မဲဖို့လိုတယ်ထင်ပါတယ် အစ်ကိုရေ ကိုယ့်ကိုယ်ကိုတော့ မိုက်မဲတယ် ဘယ်တော့မှမထင်ဘူးလေနော့်
အဆင်ပြေပါစေ ။
ကဗျာ အရှည်ကြီး ကို လာအာပေးသွား ပါတယ်။ နားမလည်တဲ့ နေရာလေး တွေ ကို ထပ်ထပ် ဖတ်သွား ပါတယ် ...
မနက်ခင်းတွေဟာ....
နွေးထွေးစွာ ခါးသက်ခဲ့ရပြီ... ဆိုတော့ ဘယ်သူကများ ခါးအောင် လုပ်သွားခဲ့ပါလိမ့်
ကျုပ်တို့ဘောလုံးပွဲ ကြိုက်သူတွေက
အအိပ်ပျက်တာ မငြီးတွားရဘဲ သူက ငြီးပြနေပြန်ပြီ..
ကဲကဲ အိပ်ဆေးသောက်ပြီးသာ အိပ်ပေတော့
အိပ်ပျက်တော့မခံနဲ့..
ငယ်ချစ်ဟောင်းကိုလဲ မေ့ဖို့ကြိုးစားတော့.........
ခုတစ်လော ဘာတွေဖစ်နေတုန်း
ပျောက်လှချည့်..
ဝေဖို့သာ လွယ်ခဲ့ပြီး....
ကြွေဖို့ရာ ခက်ခဲလွန်းလှတဲ့....
မင်းအတွက် ဖြစ်တည်ခဲ့သော တရားလွန်ခံစားချက်တချို့ ဟာ
အခုအချိန်မှာတော့....
ငါ့ကို ၀န်လေးစေခဲ့ပြီ....။
ဟုတ်တယ်အကိုရေ....
တခါတခါခံစားမှု့ပိနေတဲ့နှလုံးသားကတော်တော်လေးလံ
လှပါတယ်လေ...
ဏီလင်း
ခံစားချက်တွေ ပြင်းထန်နေပါလား။
"အခုအချိန်မှာတော့....
ငါ့ကို ၀န်လေးစေခဲ့ပြီ....။" ဆိုတာကို ကမန်းကတန်း ဖတ်လိုက်တာ
"ငါ့ကိုယ်ဝန် လေးစေခဲ့ပြီ" လို့ ဖတ်လိုက်မိလို့။
ဏီလင်းဘယ်တုန်းက ကိုဝင်းကြည်နဲ့ ဖြစ်သွားပါလိမ့်လို့။ ဟီးဟီး။
နောက်တာပါ ဏီလင်းရေ ... သိပ်မခံစားနဲ့နော် ... အေးဆေးပေါ့ ... ။
ကဗျာလေးဖတ်ပြီး စိတ်မကောင်းဘူးလို့ ပြောမလို့ လုပ်နေတုန်း အပေါ်က ကွန်မန့်ကို တွေ့မှ ထရီမိတယ် ဟဟဟဟ.....ငါ့အစ်ကိုကြီး ကိုယ်ဝန်ဘယ်နှစ်လ ရှိနေပြီတုန်းအေ့....း)))
ဦးတည်ရာမဲ့ ခရီးသွားတစ်ယောက်လို....
မင်းနှလုံးသား ရပ်ဝန်းအနီးဆီသို့
‘နောက်ကျခြင်းများစွာ’ .... နှင့် အတူ....
ဖြတ်သန်းကာ စီးဆင်းနိုင်စွမ်းမဲ့ခဲ့ရပြီ....။
ဝေးသွားတော့မလား....? လို့ တွေးနေတုန်းမှာပဲ
ငါဟာ... အဝေးဆုံးကို မျောလွင့်ခဲ့ရပြီ....။
ကိုဏီး ကဗျာကြီးက ကောင်းနေတာလာ ကိုဝင်းကြည်က ကောင်းနေတာလား အယ် ကိုဝန်ကြီးက လေးစေခဲ့တာလားး)))
ဟားဟား
ကိုယ့်အကိုရေးချက်ကတော့ လန်ထွတ်နေတာပဲဗျ အားပေးလျှက်
ညီငယ်
ဗညားရှိန်
လှတ ပတ ကဗျာလေး ကို ဖတ်ရှု့သွားပါကြောင်း အစီရင်ခံပါသည်
ခင်မင်စွာဖြင့်
ရွှေစင်ဦး
နောက်ပြီး....
ခဏ ခဏလွမ်းတတ်တဲ့ မီးခိုးရောင် ၀ိညာဉ်တစ်စုံလည်း ရှိသေးရဲ့ .....။
ကဗျာတစ်ပုဒ်လုံးလှတယ်ဗျာ...။ ဏီဏီတို့ ရေးချက်ကတော့ ထိမိနေတာပဲ..။ ထပ်တူခံစား ဖတ်ရှုသွားပါကြောင်း...။
ခင်မင်စွာဖြင့်
မိုးငွေ့
ဖတ်ရသူတွက် အလွန်လှပသော သိင်္ဂါရ ရသမြောက်သော ကဗျာဖြစ်လင့်ကစား၊ ကာယကံရှင်တွက်တော့ ခံစားရင့်နင့်ဖွယ်ဖြစ်တဲ့ ဒီကဗျာလေးကို နှစ်သက်စွာ ဖတ်ရှုသွားကြောင်းး...
မိုးခေါင်နေတဲ့  ရင့် ကြက်မှု တွေ ဟာ နုနယ်နေတဲ့ 
နှလုံး ခုံသံ များ နှင့် အတူု တဲ့  .. အဲ့ ဒါ
အကြိုက်ဆုံးပဲ။
ကိုဏီ..အရင်ရက်တွေကလာတာ ၄ထောင့်တုံးတွေဘဲမြင်ရတယ်..။ အခုမှ စာဖတ်လို့ရတော့တယ်..။
“ငါ့ရဲ့ ရင်ခုန်ခြင်းတွေလည်း မသေနိုင်ခဲ့သေးဘူး” ဆိုတဲ့နေရာမှာ ရင်ခုန်သံမြန်တယ်..။
စဉ်းစားတတ်တဲ့ ဦးနှောက်တစ်စုံကတော့
ဒီအဖြစ်တွေအတွက် ဆင်ခြင်၊ သုံးသပ်ရင်းနဲ့ ....
ငါ့အတွက် ‘နာမည်’ တစ်ခု နှင်းအပ်တော့တယ်....။
‘မိုက်မဲလွန်းသူ’ .... တဲ့လေ....။
အဲဒီနာမည်လေးကို သံယောဇဉ်လည်း ကြိုက်တယ်။ ကဗျာလေးကို ရင်နှင့်အမျှ ခံစားသွားပါတယ်။
အင်း..တစ်ခါတစ်လေ တော့ မိုက်မဲ လိုက်တာက ...ပိုကောင်းတယ်..
ဒီလိုမှမဟုတ်ရင်....
ခိုးကြောင်ခိုးဝှက် သက်ပြင်းတစ်ချို့ လဲ ကြွေစရာမလိုသလို..
ခပ်ဖွဖွတမ်းတတဲ့ စိတ်တွေလဲ ရှိလာမယ်မထင်ဘူး..
ခံစားချက်တွေ တနင့်တပိုးနဲ့ကဗျာလေးကို ဖတ်သွားသလို
သီချင်းလေးကိုလည်း ခံစားနားထောင်သွားပါတယ်ရှင်..
အဝေးကတစ်ယောက်သောသူ ရောင်နီနဲ့အတူအမြန်ဆုံး ရောက်လာပါစေလို့
ခင်မင်စွာ
မိုက်တာကြာလို့ ဘဝက မဲ မှောင်နေခဲ့ပေါ့...။
ဏီဏီရေ... လက်သည်လာပြီ... ညှုပ်လိုရင်လဲ ဆွဲပေးမယ်... ဟိဟိ...
အဲလေ.... နင့်ကဗျာဖတ်ရတာ ငါ့တောင် နိုချင်လာပြီ... အဟင့်
ဂွတ်တယ် ကိုဏီးရေ..
နေကောင်းပါစ..။
Post a Comment