Thursday, January 28, 2010

သင်ခန်းစာ



ငွေ့ရည်ဖွဲ့နေခဲ့တဲ့
မီးခိုးရောင်တိမ်တိုက်တွေ....
ငါ့မျက်ဝန်းမှာ ပြိုခဲ့ပြီ....။

ဟိုး... အရင်တုန်းကဆို....
မင်းကို.... နှင်းဆီနီတွေနဲ့အတူ
အရူးအမူးတမ်းမက်ခဲ့ရဖူးတာ
ငါ့အတွက်တော့....
ဘာနဲ့မှ မယှဉ်သာနိုင်ခဲ့တဲ့....
ကြည်ပြာရောင် ‘ရသ’ တစ်ခုပါပဲ....။

ဒါပေမယ့်လည်းလေ....
မှီတွယ်ခဲ့ဖူးတဲ့....
ငါ့.... ပခုံးထက်က မင်းရဲ့အရိပ်လေးတွေ....၊
ပေးအပ်ခဲ့ဖူးတဲ့....
ငါ့.... ရင်ဘတ်ပေါ်က မင်းရဲ့အနမ်းတွေ....၊
နွေးထွေးစေခဲ့ဖူးတဲ့....
ငါ့.... လက်ထဲက မင်းရဲ့လက်ဖ၀ါးလေးတွေ....၊
ရီဝေစွာကြည့်တတ်ခဲ့ဖူးတဲ့....
ငါ့.... နှလုံးသားထက်က မင်းမျက်ဝန်းလေးတွေ....
အားလုံး.... အားလုံးဟာ....
ခဏ... ခဏ... နဲ့ဆိုသလို....
အရောင်ပြောင်းလွယ်တတ်ချင်လွန်းတဲ့
မင်း... ‘ဆန္ဒ’ တစ်ချို့ကြောင့်...
ဆုံးရှုံးခြင်း မြစ်ရေထဲကို
မင်းနဲ့ အတူ ငါရေစုန်မျှောခဲ့လိုက်ရပြီ....။
.........................
ငါ့... နှလုံးသားကိုလည်း....
မင်ဟာ... နာကျင်စေလွန်းခဲ့ပါပြီ....။

အဆုံးသတ်မှာ ငါဖြစ်ခဲ့ရတဲ့ အဖြစ်ဟာ....
တစ်ကိုယ်ရည် အသည်းကွဲသမားတစ်ယောက်ရဲ့ ဘ၀မို့....
မင်းနဲ့ ပတ်သတ်လာရင်....
ယုံကြည်ခြင်းရဲ့ အစွန်တစ်ဖက်မှာ....
စိတ်ချစွာနဲ့ ရပ်နေမိဖို့ရာအတွက်....
ငါ... ဘယ်တော့မှ ကြိုးစားမိမယ် မထင်တော့ပါဘူး...။

နောက်တစ်ခါ....
ငါ့မျက်ဝန်းရဲ့ အခြေမှာ....
မီးခိုးရောင်တိမ်စိုင်တစ်ချို့...
ညို့ကာပြိုကျလာမှာကို....
ငါ.... စိုးရွံ့လို့ပါပဲကွယ်....။         ။

****^^^^****

=====================================
ပုံလေးကို ဒီနေရာလေးမှ ယူသုံပါတယ်ခင်ဗျာ....။
=====================================
စာကြွင်း.... အခုတစ်လော ညီလေးတစ်ချို့ရဲ့ ဘလော့ဂ်မှာတင်ထားတဲ့ ကဗျာလေးတစ်ချို့ကြောင့် တင်ဖြစ်သွားတဲ့ ကဗျာလေးတစ်ပုဒ်ပါဗျာ....။ ခင်မင်ရတဲ့ညီလေး တစ်ချို့အတွက် ကျွန်တော် အမှတ်တရ
ရေးဖြစ်ခဲ့တဲ့ ကဗျာလေးလို့လည်း ပြောရင်ရပါတယ်....။ music player လေးမှာတင်ထားတဲ့သီချင်းလေးနဲ့
ခံစားကြည့်ပါဦးဗျာ...။ အဲ့ဒီအဆိုတော်က အမျိုးသမီးအဆိုတော်တွေထဲမှာ ကျွန်တော်နှစ်သက်ခဲ့ဖူးတဲ့ သူတစ်ယောက်ပါ...။ အခုတော့လည်း... သူ သီချင်းမဆိုတော့တာကြာလှပါပြီ....။
ကဗျာရေးတာ သိပ်မပိုင်လို့ အားနည်းချက်များကို နားလည်ပေးကြပါလို့....း)
=======================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

26 comments:

ဒဏ္ဍာရီ said...

ကိုဏီးရေ.. ကဗျာလေးထဲက ငါ ဆိုတဲ့လူကို မြင်ယောက်ကြည့်သွားတယ်။ ချစ်သူကို အရမ်းချစ်တတ်သလို စိတ်ကူးလည်း ယဉ်တတ်တယ်နော်။ ညီတွေကို အားကျပြီး အသည်းကွဲ ကဗျာတွေတော့ မရေးပါနဲ့ ကိုဏီရယ်...။ ဘာပဲ ပြောပြော ဖတ်လို့တကယ်ကောင်းတယ်။ လှပတဲ့ ကြည့်ပြာရောင် ရသတွေ ထပ်ပြီး ရရှိလာနိုင်ပါစေ..။
အိပ်မက်ပမာ သီချင်းလေး နားထောင်သွားတယ်..။ ကြိုက်တယ်..။

ခင်မင်လေးစားလျှက်

Anonymous said...

“ပေးအပ်ခဲ့ဖူးတဲ့....
ငါ့.... ရင်ဘတ်ပေါ်က မင်းရဲ့အနမ်းတွေ.... ”
အဲ့ဒါဘာလုပ်တာလဲဟင်??? :DDD
မဒီ့ကိုမကြိုက်ပါ။ ဒါမယ့် ကဗျာနဲ့တွဲနားထောင်သွားပါသည်။

အဖြူရောင်နတ်သမီး said...

အားလုံး.... အားလုံးဟာ....
ခဏ... ခဏ... နဲ့ဆိုသလို....
အရောင်ပြောင်းလွယ်တတ်ချင်လွန်းတဲ့
မင်း... ‘ဆန္ဒ’ တစ်ချို့ကြောင့်...
ဆုံးရှုံးခြင်း မြစ်ရေထဲကို
မင်းနဲ့ အတူ ငါရေစုန်မျှောခဲ့လိုက်ရပြီ....
--------------------------------------------

ကောင်းမှကောင်း ကိုဏီရေ....

ခရေညို said...

အရောင်ပြောင်းလွယ်တတ်ချင်လွန်း တယ်ဆိုတော့ ပုတ်သင်ညိုထင်တယ်နော်

kiki said...

မင်း နဲ့ ပတ်သက်ပြီး ရလိုက်တဲ့ သင်ခန်းစာ က
****$$$**** တွေ လား ဟင်..
မဒီ မဒီ မောင်ဒီ မောင်ဒီ .. DDDD
သူ့ ကို
ဂျောက်ကမ်းပါးမှာ မထိုင်စေပါနဲ့ ဏလည ရယ်.. ။
ပြုတ်ကျမှ ဒွတ်ခ ဖြစ်နေမယ် ..း))

နေ၀သန် said...

မတည်မြဲတဲ့ လောကမှာ မတည်မြဲခြင်းကို အပြစ်မတင်လိုတော့ပါဘူးဗျာ... ပုံပြင်ဟောင်းကို အဆုံးသတ်လိုက်ကြရင် ကောင်းမယ်.... ကြိုးစားရင်းမေ့.. မေ့အောင်ကြိုးစား.. ကြိုးစားရအောင်လား....

အင်ကြင်းသန့် said...

နောက်ဆုံး ၃ပိုဒ်ကို အရမ်းကြိုက်တယ် ကိုဏီး...
တော်တဲ့သူတွေများ ကဗျာစပ်လိုက်တော့လည်း ဖတ်လို့ကောင်းနေပြန်ရော (ကိုယ့်ကဗျာတွေကို ပြန်ဖတ်ကြည့်ပြီး ရှက်တောင်ရှက်တယ်...ဟီးးးးးးးးးးးးး)

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

Welcome said...

nice :)

မြတ်မွန် said...

အချစ်ဆိုတာ ပူလောင်ခြင်း..
ချစ်ရင် ချစ်သလောက် ပူလောင်စေပါတယ်။
ခဏ ခဏ ဆိုသလိုပဲ..လူ့ဘဝကိုက ခဏတာ ရောက်လာခဲ့တာပါ။
ခဏတာဆိုတဲ့ အချိန်လေးတွေမှာ ပျော်ရွှင်စွာနေထိုင်ကြပါစို့။

စိတ်ထဲရှိတာ ရေးပြစ်လိုက်တယ် ကိုဏီးရေ..။
ခင်မင်လေးစားစွာဖြင့်။

စိတ်၏ဖြေရာ said...

ကဗျာလေးခံစားသွားပါတယ်။ဂျင်းစိမ်းနဲ့မိတ်သလင်သူကြင်မှ
ကိုယ်ကြင်ပေါ့။အရောင်ပြောင်းလွယ်သူအတွက်အသည်းကွဲစရာ
မလိုဘူးထင်ပါတယ်နော်။

ရွှေရတုမှတ်တမ်း said...

သင်္ခန်းစာ(၂) ရှိသေးရင်တော့..သနားတယ်....

Anonymous said...

အားလုံး.... အားလုံးဟာ....
ခဏ... ခဏ... နဲ့ဆိုသလို....
အရောင်ပြောင်းလွယ်တတ်ချင်လွန်းတဲ့
မင်း... ‘ဆန္ဒ’ တစ်ချို့ကြောင့်...
ဆုံးရှုံးခြင်း မြစ်ရေထဲကို
မင်းနဲ့ အတူ ငါရေစုန်မျှောခဲ့လိုက်ရပြီ....။
.........................
ငါ့... နှလုံးသားကိုလည်း....
မင်ဟာ... နာကျင်စေလွန်းခဲ့ပါပြီ....။

အဆုံးသတ်မှာ ငါဖြစ်ခဲ့ရတဲ့ အဖြစ်ဟာ....
တစ်ကိုယ်ရည် အသည်းကွဲသမားတစ်ယောက်ရဲ့ ဘ၀မို့....
မင်းနဲ့ ပတ်သတ်လာရင်....
ယုံကြည်ခြင်းရဲ့ အစွန်တစ်ဖက်မှာ....
စိတ်ချစွာနဲ့ ရပ်နေမိဖို့ရာအတွက်....
ငါ... ဘယ်တော့မှ ကြိုးစားမိမယ် မထင်တော့ပါဘူး...။


အကို ဒီစာသားရေ ကျွန်တော် ကူးသွားပါရစေ ထိလွန်းတယ်

သဒ္ဓါလှိုင်း said...

ကိုဏီလင်းညိုရေ...
ကဗျာလေးကိုဖတ်သွားပါတယ်..သဒ္ဓါ့ဆီကိုလည်း မှတ်မှတ်ရရ လာဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်.. လင့်လေးယူသွားတယ်နော်...

ခင်တဲ့
သဒ္ဓါ

An Asian Tour Operator said...

မှတ်ပီလား...။

နှင်းဟေမာ said...

အလွမ်းဓါတ်ခံတွေ ပွင့်အံထွက်လာတယ်ပေါ့ အစ်ကိုရေ...
ကဗျာလေးကို လာရောက်မျှဝေ ခံစားသွားတယ်နော်
အဆင်ပြေ ပျော်ရွှင်ပါစေနော် ...းD
ခင်မင်စွာဖြင့်
နှင်းဟေမာ

ချစ်ကြည်အေး said...

ဏီလင်းရေ...ကဗျာလေးက သနားစရာလေးပါလား....ဏီလင်းက အလွမ်းပိုင်တယ်ကွာ...:))

SHWE ZIN U said...

နောက်တစ်ခါ....
ငါ့မျက်ဝန်းရဲ့ အခြေမှာ....
မီးခိုးရောင်တိမ်စိုင်တစ်ချို့...
ညို့ကာပြိုကျလာမှာကို....
ငါ.... စိုးရွံ့လို့ပါပဲကွယ်....။ ။

ကိုဏီရေ မိုက်တယ်ဗျာ

ညလင်းအိမ် said...

အားလုံး.... အားလုံးဟာ....
ခဏ... ခဏ... နဲ့ဆိုသလို....
အရောင်ပြောင်းလွယ်တတ်ချင်လွန်းတဲ့
မင်း... ‘ဆန္ဒ’ တစ်ချို့ကြောင့်...
ဆုံးရှုံးခြင်း မြစ်ရေထဲကို
မင်းနဲ့ အတူ ငါရေစုန်မျှောခဲ့လိုက်ရပြီ....။
.........................
ငါ့... နှလုံးသားကိုလည်း....
မင်ဟာ... နာကျင်စေလွန်းခဲ့ပါပြီ....။

အဆုံးသတ်မှာ ငါဖြစ်ခဲ့ရတဲ့ အဖြစ်ဟာ....
တစ်ကိုယ်ရည် အသည်းကွဲသမားတစ်ယောက်ရဲ့ ဘ၀မို့....
မင်းနဲ့ ပတ်သတ်လာရင်....
ယုံကြည်ခြင်းရဲ့ အစွန်တစ်ဖက်မှာ....
စိတ်ချစွာနဲ့ ရပ်နေမိဖို့ရာအတွက်....
ငါ... ဘယ်တော့မှ ကြိုးစားမိမယ် မထင်တော့ပါဘူး...။

ဗညားလိုပဲ ကျွန်တော်လည်း အဲဒီစာသားကို ကြိုက်တယ်...
ကျွန်တော် အတွက် အရမ်းကို ထိစေလို့ပါဗျာ...
ခုရက်ပိုင်း ကျွန်တော် ဘလော့ဂ် မတက်ဖြစ်တာ စာမေးပွဲလည်း ရှိလို့ ..
နောက်ပြီး ကဗျာတွေကို ဖတ်ရရင် ရင်ထဲမှာ ခံစားရလွန်းလို့...

အသည်းကွဲသမား အမည်ခံဟာ ကြားလို့မကောင်းပါဘူး..
ဒါပေမယ့် စိတ်ထဲမှာတော့ ကြေနပ်စွာ ခံယူနေမိတယ် အစ်ကိုရယ်...
ပုံလေးထဲက အတိုင်း ခေါင်းငိုက်စိုက် လှည့်ပြန်ခဲ့ရတဲ့ ညတွေထဲမှာ
ကျွန်တော်တော့ အခါခါ ကျဆုံးလို့ပေါ့...

ခံစားချက်ဖြစ်ပေါ်နေချိန်မို့ လွန်ကျွံစွာ ခံစားသွားပါတယ် အစ်ကို...

Cameron said...

ငါ့.... ပခုံးထက်က မင်းရဲ့အရိပ်လေးတွေ....၊
ပေးအပ်ခဲ့ဖူးတဲ့....
ငါ့.... ရင်ဘတ်ပေါ်က မင်းရဲ့အနမ်းတွေ....၊
နွေးထွေးစေခဲ့ဖူးတဲ့....
ငါ့.... လက်ထဲက မင်းရဲ့လက်ဖ၀ါးလေးတွေ....၊
ရီဝေစွာကြည့်တတ်ခဲ့ဖူးတဲ့....
ငါ့.... နှလုံးသားထက်က မင်းမျက်ဝန်းလေးတွေ....


အဲဒီအပိုဒ်လေးကို အရမ်းကြိုက်တယ်....ဘယ်သူပြောလဲ ကဗျာရေးမပိုင်ဘူးလို့....။ ဒီကဗျာလေးဖြစ်လာအောင် တိုက်တွန်းပေးကြတဲ့မောင်ငယ်လေးတွေရယ်...မဒီရဲ့အိပ်မက်ပမာသီချင်းလေးကြောင့် ဖြစ်ပေါ်လာတဲ့ခံစားမှုတွေကြောင့် ဏီဏီရဲ့ ရင်ဘတ်ထဲက ရသမြောက်တဲ့ အနုပညာတွေထွက်ပေါ်လာတယ်...။ ကဗျာလေးသိပ်ကောင်းပါတယ်...။ အားပေးနေမယ်..ဏီဏီ..။

စာကြွင်း။ ။ မဒီက ကျမတို့နဲ့ကျောင်းတုန်းကအတူတူပဲ RC3မှာတက်ခဲ့ကြတာ သူက Phys က ကျမက zool.


ခင်မင်စွာဖြင့်
မိုးငွေ့

မောင်မိုး said...

ဘာပဲဖြစ်ဖြစ် လန်းနေတာပဲဗျာ။ လမ်းပေါ်ကနေပြီးပဲ ခံစားလိုက်ပါတယ်။ သင်ခန်းစာတွေ ဆက်ရှိနေဦးမယ်ထင်တယ်နှော။

ခင်မင်စွာဖြင့်

Khyl said...

ကဗျာက ကောင်းတော့ ဘာကော်မန့်မှမရေးတတ်လို့ပြန်သွားတာ ၃ ခါရှိပြီ... တိတယ် မလား... ခြင်ဆိုတာ... မဟုတ်တရုတ်ပဲ ရေးနေကြ ဆိုတော့.. ဟင်းဟင်းဟင်း....
အလာကားနောက်တာ သူငယ်ချင်းရေ... ကြာလေ ဖတ်လို့ကောင်းလာလေပဲ....
ဟီး.... မုန့်ကြွေးခြင်ရင် လက်တို့လိုက်....

အိမ့်ချမ်းမြေ့ said...

ကဗျာကလှတယ်..

Kyawnaingsoe said...

ကဗျာလေးက အရမ်းခံစားရတယ်ဗျာ....

ဆောင်းယွန်းလ said...

ညီလေးတချို့အတွက် အမှတ်တရရေးဖွဲ့တဲ့ကဗျာလေးဆိုတော့
ကိုယ်တွေ့သင်ခန်းစာတော့မဟုတ်ဘူးပေါ့ ညီလေး ဟုတ်လား...

နောက်တစ်ခါ....
ငါ့မျက်ဝန်းရဲ့ အခြေမှာ....
မီးခိုးရောင်တိမ်စိုင်တစ်ချို့...
ညို့ကာပြိုကျလာမှာကို....
ငါ.... စိုးရွံ့လို့ပါပဲကွယ်...

ကဗျာပိုင်ပိုင်နိုင်နိုင်မရေးတတ်ဘူးဆိုပေမယ့် ညီလေးရဲ့ကလောင်ဖျားမှာ ကဗျာဝိညာဉ်လေးတခု ရှင်သန်နိုးကြားနေတာကို တွေ့မိတယ်ညီလေးရေ....

ကိုလူထွေး said...

ကဗျာဖတ်ပြီး ကောင်မလေးကတော့ တော်တော် သနားသွားမှာပဲ...

(တချို့ကို တစ်တစ်ချို့ချို့ဖတ်ရတဲ့အခါမျိုးမှာတော့ တ(စ်)မျိုးပဲ ခံစားလိုက်ရတယ်...း)

မိုးဇက် said...

ဒါလေးလဲကောင်းတယ် ကိုညို ဆက်ရေးပါလား ကဗျာလေးတွေကို