Wednesday, January 6, 2010

တော်ရာ နေရာ

       ပျော်ရာမှာ မနေရ..၊ တော်ရာမှာ နေနေရတဲ့ဘ၀တွေ ရေတွက်လို့မရနိုင်လောက်အောင်ပဲ အများကြီးရှိနေခဲ့မှာ သေချာပါတယ်...။ ကျွန်တော်လည်း... အပါအ၀င်ပေါ့...။ လောလောဆယ် ကျွန်တော် ရုန်းကန်နေရဆဲဖြစ်တဲ့ နေရာလေးက မြို့လေးရဲ့ ဓါတ်ပုံလေးတွေပါ....။



ဒီပုံလေးကို ကျွန်တော်ကားပေါ်က လှမ်းရိုက်ထားတာပါ...။ (အဝေးပြေးကားဂိတ်နားက နေရာလေးပေါ့....။)



ဝေးပြေးကားဂိတ်လေးပါ...။ စလုံးက သူငယ်ချင်းတွေကားစီးလာရင် အဲ့ဒီမှာရပ်တယ်လေ...။ (ကျွန်တော့်အိမ်နဲ့ သိပ်မဝေးပါဘူး...။)

အဲ့ဒီနေရာလေးကနေ ဘတ်စ်ကားစီးသွားရင် အောက်က ပုံတွေရှိတဲ့နေရာလေးကိုရောက်သွားမှာပါ...။
အဲ့ဒီနေရာကို သမိုင်းဝင်နေရာလို့ပြောပါတယ်...။ ဗြိတိသျှခေတ်က အဆောက်အဦးတွေလို့ ဆိုကြပါတယ်။




ဘုရားရှစ်ခိုးကျောင်းတစ်ခုပါ...။ ၁၇၅၃ ခုနှစ်ကလို့ ရေးထားပါတယ်..။ (ကြာလှပြီနော်...)



နာရီစင်တစ်ခု....(ဘယ်နှစ်နာရီရှိပြီလဲ ဟင်...လို့ လိုက်မေးမနေရအောင်နဲ့တူတယ်...)



နာရီစင်နဲ့ ဘုရားကျောင်းကို အဝေးက လှမ်းရိုက်ထားတာ..။ တော်တယ်နော်...:D



ရေပန်းတစ်ခု ... (ရေဆင်းမချိုးရဘူးနော်ဗျ...)



ပြတိုက်တဲ့လေ..။ နေတာကြာလှပြီ...တစ်ခါမှဝင်မကြည့်ဖြစ်သေးဘူး... (အဲ့သလောက် စိတ်ဝင်စား
တတ်တာလေ...)



ကျွန်တော်ချစ်တဲ့ ပန်းလေးတွေ....။



လေရဟတ်တစ်ခုပါ...။ (ကျွန်တော်ရိုက်တဲ့အချိန်မှာ အဲ့ဒီနေရာမှာ လူများနေတာနဲ့ မအောင့်နိုင်လို့ ရိုက်လိုက်တာပါ...။ အဲ့ဒီကောင်မလေးနှစ်ယောက်က ဘယ်နိုင်ငံသူလည်း မသိပါဘူး။ ကျွန်တော်နဲ့လည်း ဘာမှ မဆိုင်ကြောင်း ကျမ်းကျိန်အပ်ပါသည်...:D.... မျက်နှာတွေကို ၀ါးနေအောင်မလုပ်တတ်လို့ပါဗျာ...။)



အဲ့ဒါလည်း... ဟိုးတုန်းကဟာလို့ပြောကြတယ်...။ (စောစောက ရဟတ်နဲ့ သိပ်မဝေးတော့ပါဘူး...)




ခုနက ဒလက်ကြီးနားမှာ သီချင်းဆိုနေကြတဲ့ လူတွေ...။ (ဆောင်းဘောက်က လာမှလာရဲ့လားမသိဘူး...ဟင်း...)



သင်္ဘောကြီး...(အဲ့ဒီအထဲမှာ ပြခန်းတွေရှိတယ်ဗျ...။ ကျွန်တော်တော့ ၀င်မကြည့်ဖြစ်ခဲ့သေးတာ ဒီနေ့ထိပဲ)



ပင်လယ်ကမ်းစပ်နားပါဗျာ...။ (သင်္ဘောကြီးနားက လှမ်းရိုက်ထားတာလေ...)



အမြှောက်ကြီးတွေနဲ့ ချိန်ထားပါသည်။ မလှုပ်နဲ့...:D

 
ကျွန်တော်ချစ်တဲ့ ပန်းတွေပွင့်တဲ့ သစ်ပင်တစ်ပင်ပါ...။ (တရုတ်စကားပန်းလို့ထင်တာပါပဲ...)



အဲ့ဒီနေရာက ဟိုတုန်းက ရန်သူတွေကို မျှော်ကြည့်တဲ့ နေရာလို့ဆိုကြတယ်...။ တောင်ပေါ်မှာပါ...။ ကျွန်တော်ရိုက်တဲ့အချိန်မှာ အဲ့ဒီယင်းဂလိပ် အစ်မကြီး ဘယ့်နှယ်ပါလာတာလဲ မသိပါဘူး...)




အဲ့ဒီ အဆောက်အဦးထဲမှာရှိတဲ့ ကျောက်စာတွေ...။ (မျိုးကြီးဟုတ်ဘူးနော်....:D...)



ဒါက နောက်ထပ် ကျောက်စာတွေပါ...။ (ဘာတွေရေးထားတာလဲ သိဘူးဗျ...။)



အဲ့ဒီ အဆောက်အဦးနားမှာ ရှိတဲ့ ဂူတွေပါ...။ လူသေတွေ မြုပ်ထားတာလေ...။ (ကြောက်စ်စရာကြီးနော်...)



ခုနက နေရာကနေ ဆင်းလာခဲ့တော့ တွေ့ရတဲ့ အဆောက်အဦးပါဗျာ...။ (တွေ့ရတာတွေကတော့ စိတ်ဝင်စားစရာတွေပဲနော်...။)



တယော သင်ကြဦးမလားဗျ...။ (အပေါ်က အဆောက်အဦးထဲမှာလေ....၊ တယောတီးပြရင်း ပိုက်ပိုက်ရှာနေတဲ့ ချစ်စရာ အဖိုးတစ်ယောက်...)



အဲ့ဒီ အဆောက်အဦး ရှေ့က အမြှောက် နောက်တစ်ခု...။ (မလှုပ်နဲ့နော်... ပြောနေတယ်...:D...)



ပန်းဆိုက်ကား...စီးကြဦးမလားဗျာ...။



ဖိုးဖိုးတစ်ယောက်ရဲ့ ရုပ်ထုတစ်ခု... (နာမည်မသိတာ ခွင့်လွှတ်ပါဗျ...။)



ကျွန်တော်ချစ်တဲ့ ပန်းကလေးတွေ....။ (မြင်ရင်မနေနိုင်လို့ ရိုက်ထားမိတာပါ...)


နောက်ထပ် ကျွန်တော်ချစ်တဲ့ပန်းလေးတွေ....။

@@@@@@@@@@


အဲ့ဒါ ကျွန်တော်နေတဲ့ တော်ရာဆိုတဲ့ နေရာလေးမှာရှိတဲ့ အမှတ်ရစရာနေရာလေးပါဗျာ...။ လာလည်ကြပါဦးနော်...။ ဒါပေမယ့် လာလည်ခဲ့ရင်တော့  ချစ်ခင်ရတဲ့ အစ်ကိုလူထွေးရဲ့ ဒီနေရာလေးမှာဗေဒင်ဟောထားတဲ့ အတိုင်း... တနင်္ဂနွေသားဖြစ်နေခဲ့တာမို့ လိုက်နာမယ့် ယတြာအတိုင်းဆောင်ရွက်မှာပါ...။ စိတ်မဆိုးကြပါနဲ့နော်.:D..။  ပုံတွေအားလုံက မလေးရှားနိုင်ငံ မလက်ကာ မြို့လေးရဲ့ ပင်လယ်ကမ်းစပ်နားမှာရှိတဲ့ မာကိုတာ(makota) လို့ ခေါ်တဲ့ ရှေးဟောင်းနေရာလေးကပါ...။ မာကိုတာဆိုတာ ခံတပ်လို့ အဓိပ္ပာယ်ရတယ်ဆိုလား မသိပါဘူးဗျ...။ ဟိုး..တုန်းက ပေါ်တူဂီတွေလာပြီး နယ်ချဲ့ဝင်ရောက်ခဲ့တဲ့နေရာလေးရဲ့ အစလို့ပြောကြပါတယ်...။
 သူငယ်ချင်းတွေရဲ့ ပြောစကားအရ ကျွန်တော် အပြင်ထွက်ရင် မိုးရွာလိမ့်မယ်လို့ ဆိုခဲ့တဲ့အတိုင်း အဲ့ဒီနေ့က အပြန်မှာ တစ်ကယ်ပဲ မိုးရွာခဲ့ပါတယ်...။ ကျွန်တော့်ပုံပါတဲ့ ဓာတ်ပုံလေးတွေကို တင်ချင်ပေမယ့် နေ့ခင်းဆိုလည်း နေ့ခင်းကြောင်တောင်...၊ ညဆိုလည်း ညကြီးမင်းကြီး... ဘလော့ပေါ်မှာ သရဲထခြောက်တယ် ထင်နေမှာစိုးလို့ မတင်လိုက်တော့တာကို ချစ်ခင်ရတဲ့ မောင်နှမတွေကတော့ ကြိတ်  ၀မ်းသာနေမယ်ထင်ပါတယ်....:D
@@@@@@@@@@

P.S ဓာတ်ပုံတွေက ဖုန်းမှာပါတဲ့ ကင်မရာလေးနဲ့ ရိုက်ထားတာမို့ အရည်အသွေးသိပ်မကောင်းတာ ခွင့်လွှတ်ပါခင်ဗျ...။ နောက်မို့ဆို မြန်မာပြည်က နာမည်ကြီးဓာတ်ပုံဆရာ ၀ဏ္ဍခွါညို (စာလုံးပေါင်း မှားသွားလားမသိ) နဲ့ နင်လားငါလားဖြစ်နေမှာ စိုးလို့ပါခင်ဗျ....)

========================================================
အမှန်ကတော့ အမ၀ါရဲ့ တက်ပို့စ်လေးကိုရေးနေခဲ့တာပါ...။ ရေးရင်းနဲ့ ကိုယ့်ကိုယ်ကို သနားလာလို့ ဒီပို့စ်လေးကို တင်လိုက်တာပါ...း))
အားလုံးပဲ ပျော်ရွှင် ချမ်းမြေ့သော နှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ....။)
========================================================
ချစ်ခြင်းအားဖြင့်..............
ဏီလင်းညို



28 comments:

ညီညီ said...

အစ်ကို ဏီလင်းညို ရေ.. ဓါတ်ပုံလေးတွေ လာငေးသွားပါတယ် ခင်ဗျာ။
ကျွန်တော်လည်းလာလည်ချင်ပါတယ်. ပုန်းမနေနဲ့နော် ")

ခင်မင်တဲ့

ညီညီ

မျှော်လင့်သူ said...

ပထမဆုံး ကားဂိတ်နဲ့ ပုံမှာလေ မိုးအုံ့ပြီး မှောင်နေတယ်နော်..
ကျွန်တော်အဲလို ရာသီဥတုမျိုးကို အရမ်းကြောက်တယ်...
ဘာဖြစ်လို့လဲမသိဘူး. အရင်ဘ၀က ၀ဋ်ကြွေးလားမသိ...
ဘုရင့်သမီးတော်လေးနဲ့ အဲလိုရာသီမှာခွဲခဲ့ရလို့လားမသိ...
း).. နောက်တာ.. ဖတ်လို့ကောင်းတယ်.. ကိုယ်တကယ်ရောက်သလိုပဲ.

ဒဏ္ဍာရီ said...

အော် ငါ့အကို လက်စပ်သတ်တော့ ပုံတွေနဲ့ ဆားချက်လိုက်တာပေါ့နော်။း)
အဲဒီနားကို ရောက်ခဲ့တယ်။ အကိုက ဘယ်နားနေမှန်းမှ မသိတာ။ နောက်ရောက်မှ သံချောင်းခေါက်လိုက်မယ်။
ဟို ဓါတ်ပုံထဲက ကောင်မလေး ၂ ယောက်က ဘာတုန်း???? ရိုက်တုန်းကရိုက်လာပြီး အခုမှ ကြောက်ပြီး ဖြေရှင်းမနေနဲ့နော်။ ယုံဘူးးးးးးး

ခင်မင်လေးစားလျှက်

Anonymous said...

ိုအစ်ကိုရေ.. မလက်ကာဆိုတော့ ပင်လယ်စာပေါမှာပေါ့...မလေးရှားရဲ့ ပင်လယ်စာတအားကြိုက်တယ်ဗျာ... ကျွန်တော်တော့ ရောက်ရင် ပင်လယ်စာကြီးခွစားလို့ ၂ ကီလိုလောက်အလေးချိန်တက်သဗျ... ကောင်းမှကောင်း.. ဟင်း.. စားချင်လာပြန်ပြီ.. ဟိဟိ

ဂျပန်ကောင်လေး

ကာရံမဲ့ said...

အစ်ကိုရေ မလေးကိုတော့ ရောက်ဖူးသွားပြီ.. အစ်ကိုပြောတယ်နော် ကားဂိတ်နဲ့ အစ်ကိုအိမ်နဲ့ နီးနီးလေးလို့ .. ဒါတောင် အစ်ကိုအိမ်က ဒါလေး ပါလို့တောင် ဓာတ်ပုံမှာ ပြမထားဘူး.။ လာလည်မှာ စိုးလို့လားဗျ.. မရဘူး လာလည်မှာပဲ...။ ဂူဂယ်မက်ကနေ ရှာပြီးတော့ကို လာမှာ. :)

ခင်မင်လျက်...

ခရေညို said...

အမ လာလည်ရင်လည်း ငါ့မောင်တို့အိမ်နားက
ကားမှတ်တိုင် မှာပဲဆင်းပြီး လာခဲ့မယ်နော်။

ရွှေရတုမှတ်တမ်း said...

ဩ...ဂျလန်းဂျလန်း လုပ်သပေါ့လေ

မောင်မိုး said...

ကောင်းတယ်ဗျာ.။ အိုင်အိုဒင်းဆားအတိုင်းပဲ။ ဒီလိုပုံတွေများများတင်ဗျာ။ ကိုယ်က မရောက်ဖူးတော့ ဗဟုသုတရတယ်။

အင်ကြင်း said...

သြော်....ဓာတ်ပုံ ဏိုဠင်းငြီ ရဲ့ ရိုက်ချက်ပေါ့လေ.... :D
မရောက်ဘူးတဲ့နေရာကဓာတ်ပုံလေးတွေ ကြည့်ရလို့ ကျေးဇူး...

ခင်မင်လေးစားတဲ့
အင်ကြင်း

ရီမိုးပြည့်  said...

အစ်ကိုရေ...
နဂိုထဲက အဲဒီ့ နေရာကို သွားချင်နေတာ.. ဒီနှစ် တရုတ်နှစ်ကူး လာဖြစ်မလား မသိဘူး။ ဓာတ်ပုံလေးတွေကြည့် ရင်း အခုတော့ ပိုသွားချင်လာပြီ။ လာနိုင်အောင်တော့ ကြိုးစားရမယ်....

Welcome said...

မလေးကို ရောက်နေသလိုပါပဲ။ မျှဝေပေးလို့ ကျေးဇူး ...

မြတ်မွန် said...

ကိုဏီး မရိုးသားဝူး..
အဖြူရောင်နဲ့အရပ်ရှည်တဲ့ တစ်ယောက်က ကိုဏီးကိုကြည့်နေတယ်..
မညာနဲ့ တမင်ရိုက်တာမဟုတ်လား..:P
သီချင်းဆိုနေတာ ကိုဏီးလား သိဝူးနော်..
ဓာတ်ပုံလေးတွေ ကောင်းတယ် ကိုဏီးရ..ဒါတောင်
ဖုန်းကင်မရာနဲ့မို့နော်....

ညလင်းအိမ် said...

တို့ အစ်ကိုကြီးက တော်လိုက်တာ ဓာတ်ပုံရိုက်တာမှာလည်း ပရောဖက်ရှင်နယ်ပဲ...
မမြတ်မွန်ပြောတာ ဟုတ်တယ်နော်... အစ်ကိုမညာနဲ့ အဖြူရောင်နဲ့ ကောင်မလေးက တို့အစ်ကိုကြီးကို ကြည့်နေတာ...း)
အစ်ကိုရေ တနေ့တော့ လာခဲ့မယ် အစ်ကိုနေတဲ့ နေရာလေးကို ... အဲဒီတော့မှ ရှောင်ဖယ်ပြေးဖို့တော့ ကြံစည်မတွေးပါနဲ့ အမြှောက်နဲ့ (အစ်ကို့ပုံတွေမှာပါတယ်) ပစ်မှာနော်...း)

ခင်မင်လျက်
ညရဲ့ကောင်းကင်

lovelessguiter said...

အစ်ကိုရေ... နှစ်ယောက်တောင်ဆိုရင်တော့ တစ်ယောက်ခွဲ... အဟ... ဓါတ်ပုံတွေကြည့်ရတာ စိတ်ချမ်းသာလိုက်တာ..

မြစ်ကျိုးအင်း said...

အမျိုးသမီးတွေကိုပဲ ဓါတ်ပုံလိုက်ရိုက်နေတယ်ပေါ့ :)

မရောက်ဖူးသေးတဲ့နေရာကို မြင်ဖူးသွားလို့ ကျေးဇူးပါဗျာ

~ဏီလင်းညို~ said...

ညီညီရေ.... လာခဲ့ စိတ်ချပုန်းနေမယ်...း)
သြော်... မျှော်လင့်သူက ရာဇ၀င်ထဲက မင်းသားလေးပေါ့လေ..ဟုတ်လား...း)
ဒဏ္ဍာရီ ညီမရေ... ကျမ်းရော ၀ါးရောကျိန်ပါတယ်ကွယ်...။ မသိပါဘူး..အဲ့ဒီကောင်မလေးတွေကို...း) (နောက်တစ်ခါလာရင် သံချောင်းအကျယ်ကြီးခေါက်နော်...မီးလန့်တယ်ထင်အောင်လို့လေ...းD...)
ညီလေးဂျပန်ရေ... ဟုတ်တယ်... ကမ်းနားက ဆိုင်တွေမှာ ပုစွန်တွေ ငါးတွေ ကို ကိုယ်တိုင်ရွေးပြီးတော့ ကြိုက်တဲ့ပုံစံနဲ့ ချက်ခိုင်းကြော်ခိုင်းလို့ရတယ်လေ...။ ကောင်းမှကောင်း...း)
ညီလေးကာရံမဲ့ရေ... လာလည်ပါခင်ဗျာ ဖိတ်ခေါ်ပါတယ်...(တစ်ကယ်မလာမှန်းသိလို့...:D...)
အစ်မခရေညိုရေ... တစ်ခါတစ်လေဆို အဲ့ဒီလိုဘတ်စ်ကြီးတွေက ကျွန်တော်တို့ တိုက်ခန်းတွေရှေ့လမ်းမကနေဖြတ်သွားတတ်သေးတာ...။ စောင့်နေမယ်...လာခဲ့ပါဗျာ...။
ဟုတ်တယ်...ကိုကြီးကျောက်ရေ... နှစ်ခါနှစ်လေ... လုပ်ရတာပါ..ဟီးးးး
ညီမ..အင်ကြင်းနော်... နှစ်ရားရုံးကိုသာ လာခဲ့တော့.. နာမည် ဖျက်မှုနဲ့...ဒါပဲ...း)
ညီမရီမိုးပြည့်ရေ... လာခဲ့ပါဗျာ... KLကဆို ကားနှစ်နာရီလောက်ပဲ စီးရတာပါ... နီးနီးလေးနော့...း)
ကိုဝင်းဇော်ရေ... လာလည်လေဗျာ...။ လိုက်ပို့ပေးမယ်...စိတ်ချ...း)
မြတ်မွန်ရေ...ကိုဏီးက တစ်ကယ်ရိုးသားပါတယ်ကွယ်...း) မဟုတ်ရပါဘူးတစ်ကယ်...။ သူတို့တွေရိုက်နေတာ မစောင့်နိုင်တာနဲ့ ရိုက်ထည့်လိုက်မိတာပါဗျာ...။ သူငယ်ချင်းတွေက အစ်ကိုဓာတ်ပုံရိုက်နေတာကို မစောင့်ချင်ကြလို့လေ...း((
ကိုတူးရေ... မင်းကပါ ညီမမြတ်မွန့်သံယောင်လိုက်ပြီးတော့...ဟွန်းးးး...း) လာခဲ့...စိတ်ချ..(ပုန်းနေမှာ...။ အဲ့ဒီအမြှောက်တွေက ပစ်မရတဲ့ဟာတွေလေ... ရီတာပေါ့...း))
ကိုဂစ်တာ... ကျွန်တော်လည်းမသိပါဘူး ကိုဂစ်တာရယ်...။ သူတို့တော်တော် စန်းပွင့်သွားကြတယ်နော်...ကျွန်တော့် အိမ်လေးမှာ...း))
ကိုမြစ်ရေ... မထင်ပါနဲ့နော်...။ ဟုတ်ပါဘူးဗျာ...း) လာလည်ပါလားဗျ...
အားလုံးကို ခင်မင်နေတဲ့....
ဏီလင်းညို

ချစ်ကြည်အေး said...

ဖြစ်ရလေဟယ်...ပြီးခဲ့တဲ့နှစ် မတ်လတုန်းက ရောက်ခဲ့တယ်...Port Dicksonလဲရောက်တယ်...။ အဲဒီတုန်းက မသိသေးလို့...ဏီလင်းတို့ ကံကောင်းသွားတယ်...နောက်လာချင်လာအုံးမှာ, မလက္ကာ မြို့ကွက်လေးချ ထားတာ ကြိုက်လို့....။ အဲ့ဒီနေရာတွေ မအေးတို့ ခြေရာတွေတောင် ကျန်ရှိနေအုံးမှာ....:D

စံလင်းထွန်း said...

ပုံတွေကို မြင်လိုက်ရတော့ ရင်ထဲမှာ တမျိုးကြီးပဲဗျာ။

ဟုတ်ပါတယ်လေ ...
ပျော်ရာမှာမနေရ တော်ရာနေရတာပေါ့ဗျာ။

ခင်မင်စွာဖြင့်
စံလင်းထွန်း

WWKM said...

ဓါတ်ပုံလေးတွေက လှလိုက်တာ.. ကောင်မလေးနှစ်ယောက်က အလှဆုံးပါပဲ..တော်တော်ချောတာနော်..ယုံပါတယ် ဏီလင်းညိုနဲ့ ဘာမှမပတ်သက်ဖူးဆိုတာ.. ပတ်သက်နေရင် တက်ဂ်ပို့စ်ရေးပြီးနေတာကြာပေါ့.း)))

ဓါတ်ပုံလေးတွေကြည့်ပြီး မလေးရှာကို အလည်တစ်ခေါက်ရောက်ရှိသွားပါတယ်..ကျေးဇူးပါ ဏီလင်းညိုရေ.
အစ်မတို့ စလုံးလာတုန်းက မလေးကိုလာဦးမလို့ပဲ အချိန်မရတာနဲ့ မရောက်တော့တာလေ..

စောင့်နေတယ်နော်..တက်ဂ်ပို့စ်.း)

ခင်မင်စွာနဲ့

အစ်မ၀ါ

အိမ့်ချမ်းမြေ့ said...

ကျွန်တော်ချစ်တဲ့ ပန်းတွေပွင့်တဲ့ သစ်ပင်တစ်ပင်ပါ...ဆိုပြီး တရုတ်စကားပန်းလို့ထင်တာပါပဲ..ဆိုတော့ :D

အိမ်းး ငါ့မောင်လည်း အဘိုးကြီးကတောင် ချစ်စရာကောင်းနေပါလား...

ဓာတ်ပုံလေးတွေကြိုက်တယ်။ ကားဂိတ်ကိုလွမ်းသွားပြီ။ အဲဒီက မလေးရှားအုန်းနို့ခေါက်ဆွဲကိုလည်း လွမ်းသွားတယ်။

ကိုလူထွေး said...

ပုံတွေအားလုံး သူ့အဓိပ္ပာယ်နဲ့သူ စိတ်ဝင်စားစရာကောင်းတယ်...

နာရီစင်နဲ့ ဘုရာကျောင်းကို အဝေးကနေ ရိုက်ထားတာ အကြိုက်ဆုံးပဲ..း)

ကျောက်စာက အရိုးခေါင်းနဲ့ ဆိုတော့ ကျိန်စာတွေလည်း ဖြစ်လောက်တယ်...

သရဲကားဘယ်တော့ပြမလဲ ဆိုတာကိုလည်း သိချင်ပါတယ်...

းဝ)

စိတ်၏ဖြေရာ said...

သာယာလှပတဲ့ရှေးဟောင်းမြို့လေးပါဘဲ။ပန်းတွေကလဲလှမှလှ။
အလည်တစ်ခေါက်ရောက်ချင်စမ်းပါဘိ။

အနမ်း said...

ဓါတ်ပုံဝေေ၀ဆာဆာပိုစ့်လေးကြည့်သွားပါတယ်။
မလေးကိုရောက်သွားသလိုပေါ့။ ကျေးဇူးပါ။
ကောင်မလေး၂ယောက်နဲ့ ဘိုမ ခမျာတော့ သနားပါတယ်နော်။ ဏီလင်းညို ဓါတ်ပုံထဲပါလာကြတာ မသိရှာဘူး။း))

ခြင် said...

ဟေးရောင်... ဒီကိုမျန်း အမြဲရောက်ပါတယ်ဟ... ကိုယ့်ဘလော့သာ မရောက်ရင်နေမယ်... ပြေးလွှားပြီးတော့တော့ရအောင်ဖတ်သွားပါဒယ်ဟ...
နာ့ကိုမျန်း ဗြောက်ကြီးနဲ့ ပစ်သွားလိုက်တာ.... တေမယ်... ညင်..

ကိုဇော် said...

တော်ရာမှာ နေနေရတဲ့ ကျနော်တို့ မပျော်တာတွေလည်း မများကြီးပါဗျာ။ အရင်က ကျနော်လည်း ဒီလိုပဲ ဓါတ်ပုံတွေ လိုက်ရိုက်ပြီး စိတ်ဖြေလေ့ရှိတယ်ဗျ။ သူများကို ဓါတ်ပုံရိုက်ရတာ အရမ်းဝါသနာပါတယ်။
ရောက်ရင် လာခဲ့ပါဦးမယ်ဗျာ။
KL ရောက်ရင်လည်း ဖုန်းဆက်လိုက်ဦးလေဗျာ။
(017 300 4238 )

ပျော်ရွှင်ပါစေဗျာ။

rose of sharon said...

တော်ရာနေရာလေးက နေချင်စရာလေးပါကွယ်.... အမှတ်မထင်ရိုက်မိသွားတဲ့ ကောင်မလေးနှစ်ယောက်က အမိုက်စားလေးတွေဘဲ...

~ဏီလင်းညို~ said...

ကိုမိုးရေ... အရင်ကော်မန့်ပြန်တာ ဘယ့်နှယ်ကျန်ခဲ့သလဲသိဘူးဗျာ...း(( ဟုတ်..တင်ပေးမယ်... လူက အပြင်ဆိုသိပ်မထွက်ဖြစ်တာများနေလို့...း))
မကြီးအေးရေ... နေဦး နောက်အပြင်ထွက်မှ ခြေရာရှာကြည့်ရဦးမယ်...။ ဒါနဲ့ စကားမစပ် ဆိုက်ဒ်ဘယ်လောက်စီးသလဲဟင်... ဖိနပ်လေ...း))
စံလင်းရေ... အနီးကပ်ကြည့်ရင် ပိုဆိုးသွားမယ်ထင်တယ်...။ တော်ရာနေရာလေ...း((
အစ်မ၀ါရေ... အဲ့ဒီကောင်မလေးတွေ တော်တော်စန်းပွင့်တယ်နော်...း))
မလေးရေ... နှစ်ရုပ်စကားလား တရုပ်စကားလား...မသေချာလို့ဘာဗျားးဟီးး
အစ်ကိုလူထွေးရေ... အစ်ကိုပြောသလို ကျိန်စာဖြစ်နိုင်တယ်...ဟုတ်တယ်နော်...။ သရဲကားတော့ ပြတော့ပါဘူးဗျာ...တော်ကြာ ဘယ်သူမှ လာရဲတော့မယ်မထင်လို့...း))
စိတ်၏ဖြေရာရေ... လာလည်ပါလားဗျာ...။ ဈေးသိပ်မကြီးဘူးထင်တယ်လေ...
မအနမ်းရေ...ဟုတ်တယ်နော်... သူတို့သိရင် ကျွန်တော့်ကို နှစ်ရားတောင်စွဲမလားမသိဘူးး.....း))
ခြင်ရေ...သယ်ချင်း... အခုမှလာပြီး... ဘာဖြေရှင်းချက်တွေ ပေးနေတာဒုန်း...း))
ကိုဇော်ရေ... ကျွန်တော်တို့တွေက ၀ါသနာအတူတူပဲနော်..။ ဖုန်းဆက်လိုက်မယ်သိလား..ရောက်ရင်...း))
မရိုစ့်ရေ... မင်္ဂလာပါဗျာ.. လာလည်ပါလား တစ်ခေါက်လောက်လေ...း))
ညီမလေးရေ..ပျောက်နေတယ်နော်...။ အဲ့ဒီနေရာက ဂန်း(န်)သီးဟိုင်းလန်း လို့ဆိုတဲ့နေရာနဲ့တူတယ်...။ အစ်ကို မရောက်သေးဘူး...(နေတာ ကြာလှပြီလေ...း)) စိတ်ချ ...ရောက်ဖြစ်ခဲ့ရင် ရိုက်ခဲ့ဦးမှာ...း))
အားလုံကို ခင်မင်နေတဲ့
ဏီလင်းညို

စလတ said...

မရဘူးလို့ ပြောရင်လိုချင်တယ်၊ ဟိုရောက်ရင် ခိုးချိုးမယ်။ :D