Tuesday, November 24, 2009

ငြီးငွေ့ခြင်း (တစ်စုံတရာဆီ...သို့...)

မိုးကောင်းကင်ကြီးဟာ...
ထာဝစဉ်... ပြာလွင်မနေနိုင်ဘူး....
မြက်ခင်းတွေဟာလည်း...
အမြဲတမ်း... စိမ်းလန်းမနေနိုင်ပါဘူး....
ဒီလိုပဲ...
ငါတို့ဘ၀တွေဟာလည်း...
အစဉ်အမြဲ... မလှပနိုင်ဘူး....။
ဒါတွေကို...ငါသိထားရက်နဲ့...
ဆန့်ကျင်ဘက်အရာတွေချည်းပဲ...
ထပ်ခါထပ်ခါ... မင်း.. ပြောနေခဲ့လေတာကြာလာတော့...
ငါ..ငြီးငွေ့တတ်လာခဲ့ပြီပေါ့...သူငယ်ချင်းရယ်...။

အပြောနဲ့ အလုပ်...
စိတ်ကူးနဲ့...လက်တွေ့...
ဆန္ဒနဲ့... ဘ၀... စ,တဲ့အရာတွေ...
တစ်ထပ်တည်းမကျနိုင်တာ.... မြင်ရဖန်များနေခဲ့ရတဲ့ ငါ့အတွက်...
မင်းစကားတွေက...
ပျင်းစရာ... ကောင်းလွန်းလှပါတယ်... သူငယ်ချင်းရယ်...။

တစ်ကယ်ဆို....
‘အမှားတစ်ရံ’ ကို....‘အမှန်တရား’... လို့ ထင်နေတတ်တဲ့...
ခပ်ရိုးရိုး... လူသားတွေထဲ...ငါမပါဘူး....။
ထက်ရှရှ... ဓားသွားတစ်လက်ပေါ်က...
ချိုမြမြ...ပျားရည်တစ်စက်ကို...
အရူးအမူး.. တပ်မက်မိလောက်အောင်
ငါ့စိတ်တွေ... မတိမ်းမူးသေးဘူး...။

‘အဟော’ နဲ့.... ‘အကျင်’့... အသွင်မညီမျှတာတွေကိုများဆို...
မကြားချင်....၊ မမြင်ချင်လောက်အောင်...
ငါ့နား..၊ မျက်စိတွေ... ညောင်းညာကိုက်ခဲနေခဲ့ရပြီ...။
မင်းသိတတ်ခဲ့လို့...
မရှက်တမ်း... လှည့်ကြည့်မိခဲ့မယ်ဆို...
ရှေ့နောက်မညီညာလွန်းတဲ့...
မင်းသွားရာ...စွပ်ကြောင်းလမ်းကြီးကို...
ထင်းထင်းကြီး..တွေ့နိုင်ပါတယ်...သူငယ်ချင်းရယ်...။

ထားလိုက်ပါတော့...။
...........................
...............................
......................................
ငါကတော့လေ....
ငါနဲ့ မတော်တဲ့...
ငါဆန္ဒမရှိတဲ့ “ဖိနပ်တစ်ရံ”ကို...
ဇွတ်အတင်း.. ၀တ်စေချင်နေတတ်တဲ့မင်းကို...
ခပ်တိုးတိုးလေး... အားနာနေမိရင်း...
ဖြစ်နိုင်ရင်ခဲ့မယ်ဆိုရင်...
မင်းနဲ့ဝေးရာ...ချောင်လေးတစ်ချောင်မှာ....
ခပ်အေးအေးလေး... တစ်ရေးလောက်တော့...
မှေးစက်နားနေလိုက်ချင်ပါသေးတယ်... သူငယ်ချင်းရယ်...။ ။

ချစ်ခြင်းအားဖြင့်...

ဏီလင်းညို


(အိပ်မက်မှာ...စာလာမရေးဖြစ်တာကြာလို့ ရာဇသံပေးနေကြတဲ့၊ ကျွန်တော်...အမြဲခင်မင်နေမိတဲ့...စာရေးဖော်၊ ရေးဖက်၊ စာဖတ်သူ သူငယ်ချင်းမောင်နှမတစ်ချို့အတွက် အမှတ်တရ..ရေးလိုက်မိတဲ့ကဗျာလေးပါခင်ဗျာ...။ အားမနာတမ်း ဝေဖန်ပေးကြပါဦးခင်ဗျာ...။)
====================================================

ပုံလေးကိုဒီနေရာလေးမှယူသုံးပါတယ်ခင်ဗျာ....။

20 comments:

ကိုလူထွေး said...

ဖိနပ်တရံထဲမှာတင် အပြာတဖက် အစိမ်းတဖက် ဖြစ်နေပါ့လား...

းဝ)

ဂျပန်ကောင်လေး said...

ကဗျာလေးကိုဖတ်တယ်.. ဆိုလိုရင်းကိုတွေးရင်းတွေးရင်းနဲ့ တွေးသွားတယ်...း)... ဆိုလိုချင်တာများနေတာလားလို့.. ကဗျာစာသားလေးတွေကိုကြိုက်တယ်....

မောင်သီဟ said...

း) ဝေဖန်စရာဘာမှရှိဖူးဗျ
ဖတ်ရတာ အတွေးပွားစရာလေးတွေပါတယ်

Beauty Studio USA Branded Store said...

အပြော-အလုပ်
စိတ်ကူး-လက်တွေ့
ဆန္ဒ-ဘဝ
အနားသတ်တွေညီပါစေဗျာ။

ဒဏ္ဍာရီ said...

ဒို့ အကိုက ကဗျာစပ်တာလည် တော်လိုက်တာ။ မှန်တယ်အကိုရေ ... စိတ်ကူးတွေယဉ်ပြီး ဘ၀ကို ထပ်တူမကျနိုင်မှန်း သိရက်နဲ့တော့ အဲဒီလမ်းကို ဆက်မလျှောက်ဘူး။ ဆန္ဒနဲ့ ဘ၀ဆိုတာလည်း ဘယ်တော့မှ အမြဲတမ်း ထပ်တူမကျနိုင်ဘူး။ အကိုပြောသလိုပဲ ဆန္ဒမရှိတဲ့ ဖိနပ်တရံကို ဇွတ်အတင်း စီးခိုင်းရေရင်တော့ အဲဒီဖိနပ်နဲ့ အဝေးဆုံးမှာ နေတာ အကောင်းဆုံးပါပဲ။

ခင်မင်လေးစားလျှက်

စည်းရိုး said...

အတော်ကောင်းတာပဲ အဲ့လို ကဗျာမျိုးတွေ ဖတ်ရတိုင်း ကိုယ့်ဘာသာကိုယ် ကဗျာရေးရမှာ လက်တွန့်တယ် ။
ဘာတဲ့
တကယ်ဆို
“အမှားတရံ”ကို အမှန်တရား“ထင်နေတဲ့
ခပ်ရိုးရိုး လူသားထဲမှာ ငါမပါဘူးတဲ့ လား
ကောင်းတယ်ဗျာ
ဆက်လက်အားပေးနေလျှက်
စည်းရိုး

busymozzee said...

ဒါ... ခံစားချက် အရင်းကြီး မှန်း သိသာတယ်.... ဘသူအတင်း တုတ်ထားတာလဲကွ...... ဒုန်းးးးးးးးးးးးးးးးးးးးး....


အဲလေ....... အဲလေ... မှားလို့....ကဗျာက တဂယ်ကောင်း..... အဆုံးထိအောင် ဖတ်သွားတယ်..... ဟီး..... ခြင်က ကဗျာ ဖတ်ပျင်းတယ်လေ.... ဒါပေသိ ခုတလော ဘော်ဘော်တွေက ကဗျာလေးတွေ ရေးတာ ကြိုက်ရင်းနဲ့ ကဗျာ ဖတ်တတ်လာပြီဗျို့.....

ဆွေလေးမွန် said...

နှစ်ခြိုက်စရာကောင်းတဲ့ ကဗျာလေးပါ။

kiki said...

ဘာဖိနပ်မျိုးမှ ဆန္ဒရှိမှာလဲ ဟင်...
မတော်ရင် မကြိုက်ရင် ဆိုင်မှာ အချိန်မှီ ပြန်သွားလဲ လိုက်လေ..
packing တံဆိပ်တွေတော့ မခွာ လိုက် နဲ့ အုံး နော် ..
တော်ကြာနေ လဲမရ မှ ပြသနာ ပဲ ..

သွားးးးး သွားးးး မြန်မြန် ပြန်သွားလဲ လိုက် ...
တိန် ... တိန်...

ညလင်းအိမ် said...

အားပါးပါး... ကောင်းလိုက်တဲ့ “ကဗျာ” ဗျာ

‘အမှားတစ်ရံ’ ကို....‘အမှန်တရား’... လို့ ထင်နေတတ်တဲ့...
ခပ်ရိုးရိုး... လူသားတွေထဲ...ငါမပါဘူး....။
ထက်ရှရှ... ဓားသွားတစ်လက်ပေါ်က...
ချိုမြမြ...ပျားရည်တစ်စက်ကို...
အရူးအမူး.. တပ်မက်မိလောက်အောင်
ငါ့စိတ်တွေ... မတိမ်းမူးသေးဘူး...။


တို့ အစ်ကိုကြီး ကျွန်တော့်ကို စောင်းပြောသွားသလိုပဲ...
မှန်တယ်အစ်ကို...

အပြော နဲ့ အလုပ်
စိတ်ကူး နဲ့ လက်တွေ့
ဆန္ဒ နဲ့ ဘဝ
ဒါတွေဟာ ကြုံရဖန်များတော့
ငြီးငွေ့လာပါပြီ...
ဒါပေမယ့် ယုံကြည်ချက်တွေနဲ့တော့
ကိုယ့်စိတ်ကိုအားတင်း
ကိုယ့်အရိပ်ကိုယ်နင်းပြီး
ဘ၀ခရီးကို
လျှောက်လှမ်းရအုန်းမှာပါလား....


ခင်မင်လေးစားလျက်...
အမှားတွေများနေတတ်တဲ့
“ညရဲ့ကောင်းကင်”

linn said...

ခုတလော မအားတာနဲ့ အိမ်လည်မရောက်နေဘူး ..ခုမှ ဖတ်ရတယ် .. အင်း .. ကဗျာလေးကို ဖတ်ရင်း တွေးသွားတယ် ... ဟိုတလောက လင်းတစ်ယောက် ဓါးသွားထက်က ပျားရည်စက်တွေ အဟုတ်မှတ်နေမိတဲ့ အကြောင်း ကဗျာလေး ရေးမိဖူးတော့ အဟဲ .. ဒီကဗျာလေး ဖတ်ရတာ ကိုယ့်ကိုများ စောင်း ပြောနေသလားပဲ .. ဒါပေမဲ့ အားမငယ်ပါဘူး .. ကိုယ့်လိုပဲ သူလိုလို ကိုယ်လိုလို ထင်နေတဲ့ ဘောဘော်တွေ ရှိနေတယ်ဆိုတော့ “ နာ့ ကို ပြောတာ ဟုတ်လောက်ဘူးကွ ” လို့ တွေးရင်း ပြန်သွားတယ် ...
ခင်မင်စွာဖြင့်
လင်း

rose of sharon said...

ကောင်းတယ် ... နားအေးပါးအေး အဲလိုလေးသာ သွားမှေးနေလိုက်.... ကိုယ်ဆိုဒါမျိုးတွေ သည်းခံနိုင်မှာမဟုတ်ဘူး :)

မင်းအိမ်ဖြူ Minn Eain Phyu said...

စာလှလှ လေးတွေ ဖွဲတက်ပါတယ်


ပျော်ရွှင်ပါစေ

မင်းအိမ်ဖြူ

မင်းအိမ်ဖြူ Minn Eain Phyu said...

လောကမှာ ဖြစ်တက်တာတွေပါ ၊၊ အဆင်ပြေအောင် နေရမှာပေါ့

ဒါမှ အဆင်ပြေမှာလေ

ခွင့်လွှတ်ခြင်း နဲ့ အတူပေါ့ နောက် နားလည်ခြင်း

မွန်း said...

ကဗျာလေးက ကောင်းလိုက်တာ။
ပင်ပန်းနေပြီထင်တယ်နော်။
ခဏလောက်တော့ ခပ်အေးအေးလေး... တစ်ရေးလောက်တော့...
မှေးစက်နားနေလိုက်ချင်ပါ... သူငယ်ချင်းရယ်...။ ။

မြစ်ကျိုးအင်း said...

ဘ၀ကို သေသေချာချာ ဂရုတစိုက် ဖြတ်သန်းခဲ့ရင် အများကြီး တွေးချင် စိတ်လျော့သွားတာပါပဲ။ တွေးသမျှတိုင်းမှ မဖြစ်ခဲ့တာ...။

မဖြစ်တာတွေအများကြီး သိပြီးမှတော့ ထပ်ကြားရတဲ့ စကားလုံးတွေ ငြီးငွေ့နေမိပြီ

ကျွန်တော် said...

အဟမ်း.. ကိုဏီလင်းညိုကြီး.. ခင်ညားကြီးမကောင်းဘူးကွယ်.. တွေးစရာတွေတအားပေးတယ်.. ဟိဟိ

သိင်္ဂါကျော် said...

ဟုတ်တာပေါ့ မတော်တဲ့ ဖိနပ်တော့ မဝတ်ချင်ပါဘူး... လမ်းလျှောက်လို့ လည်း ကောင်းမှာ မဟုတ်ဘူးလေ..

ဏီ(န်)ကင်း said...

ရဲလေးသီချင်းတောင်သွားသတိရတယ်... .မတော်တဲ့ဖိနပ်ကို ဒုက္ခခံပြီးစီးလဲ.. ကျွတ်ထွက်တော့မှာ.... ကောင်းမွန်တဲ့အရေးအသားပါ အကိုဆိုလိုတာကို ကျွန်တော်လွတ်လွတ်လပ်လပ်ခံစားသွားပါတယ်

~ဏီလင်းညို~ said...

ကိုလူထွေး>> ဟုတ်တယ်အစ်ကိုရေ... အစကတည်းက အဲ့ဒါမျိုးကြီးဗျ...:)
ဂျပန်ကောင်လေး>>ဟုတ်မယ်ထင်တယ်..ညီလေးရေ..ကျေးဇူးးးး
ကိုဘကြိုင်>> ဘာတွေတွေးသွားတုန်း..ပြောပြဗျာ....
ချမ်းလင်းနေ>> ကိုချမ်းရေ... ဆုတောင်းပေးတာ..ကျေးဇူးပါဗျာ...။
ဒဏ္ဏာရီ>> ညီမရေ... အစ်ကိုလည်း..တစ်ကယ်ညည်းငွေ့လွန်းနေလို့...
စည်းရိုး>>စည်းရိုးရေ.. ရေးပါဗျာ... လက်မတွန့်ပါနဲ့ ကျွန်တော်လည်း..အားပေးနေမှာပါ...။
busymozze>> ဟယ်...တူဘယ်လို တိတွားဘာလိမ့်း)
ဆွေလေးမွန်>> ကျေးဇူးနော်ဗျ....
ki ki>> ကွိကွိစ်ရေ..ရရင်လဲချင်မိသေးတယ်... တံဆိပ်ခွါပြီးတွားဘီ:(
ညရဲ့ကောင်းကင်>> အစ်ကို့ညီလေးကိုများ... တစ်သက်လုံး စောင်းမပြောဘူး... (ဒဲ့ပဲပြောမှာ...:)...)
ူlinn>> လင်းရေ... ဘယ်သူ့ကိုမှ မစောင်းပါဘူးဗျာ....။ (ဒဲ့ပဲလေ...အဟီး...)
rose of sharon>> ဟုတ်တယ်....မရိုစ်ရေ... တစ်ခါတစ်လေ...အဲ့သလိုမှေးနေချင်မိတာ..တစ်ကယ်...။
မင်းအိမ်ဖြူ>>ကိုမင်းအိမ်ဖြူရေ..ခွင့်လွှတ်နေဆဲပါဗျာ...။
မွန်း>> မြတ်မွန်ရေ...ဟုတ်တယ်... တစ်ကယ်နားချင်မိတာ...
မြစ်ကျိုးအင်း>> ဟုတ်တယ်ဗျာ ကိုမြစ်ရေ့...။ တစ်ကယ်နားညည်းမိတာဗျ....
ကျွန်တော်>> ညီလေးရေ... ဆောတီးနော်....း)
သိင်္ဂါကျော်>> ဟုတ်တယ်ဗျ...။ အဲ့ဒါအမှန်ပဲလေနော့်....။
ဏီ(န်)ကင်း>> လွတ်လွတ်လပ်လပ် ခံစားပေးသွားတာကျေးဇူးပဲဗျာ...။