Sunday, April 14, 2013

အတူ... ပျော်...



လုပ်မှအပြန် ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်း ဆူညံသည့်သီချင်းသံများက ကိုဦးနားထဲသို့ ရောက်ရှိလာခဲ့၏။ အသံလာရာဆီ လှမ်းကြည့်လိုက်မိတော့ ဘတ်စ်ကားမှတ်တိုင်နှင့် မလှမ်းမကမ်း၊ သူတို့နေသော လမ်းထိပ်တည့်တည့်ရှိ မဏ္ဍပ်တစ်ခုဆီမှ ဖြစ်နေ သည်။ ဒီမဏ္ဍပ်ကို လွန်ခဲ့သောနှစ်ရက်ခန့်လောက်က စ,ဆောက်နေခဲ့တာ ကိုဦး တွေ့နေရသည်။ အခုတော့ အပြီးသတ် အလှဆင်ေ နကြဟန်တူ၏။  ဖွင့်ထားသော အနောက်တိုင်းတေးသွားထဲမှ ဘေ့စ်သံ တဒုန်းဒုန်းက ဆောင်းဘောက်စ်ကြီးများမှနေတဆင့် ကိုဦး ရင်ကို လာရောက်ရိုက်ခတ်နေကြသလိုပင်။

လမ်းထိပ်ဆီသို့ လျှောက်ရင်း ဘာရယ်မဟုတ်ပဲနှင့် ကိုဦး ရင်ခုန်ချင်လာသည်။ ဟုတ်သည်။ မနက်ဖြန်ဆို သင်္ကြန်ကျပြီ။ အင်္ကြန် အကြိုနေ့။ ထို့ကြောင့် မနက်ဖြန်မှနေစ,ပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ကိုဦးတို့အလုပ်ပိတ်သည်။ သင်္ကြန်အတွင်း ပျော်ရပေတော့ မည်။ စကားမစပ် ပြောပြရမည်ဆိုလျှင် ကိုဦးအလုပ်က ပရိဘောဂများ ပြုလုပ်ရသော အလုပ်။ ဆိုင်က တာမွေဘက်မှာ ဖြစ်၏။ ထိုဆိုင်မှာ အလုပ်လုပ်ကြသော လက်ခ,စားသမားများထဲမှာ ကိုဦးက လက်သမားခေါင်းဆောင် တစ်ယောက်။ အလုပ်ချိန်က မနက် ကိုးနာရီမှ ညနေ ငါးနာရီအထိ။ သို့သော် သူနေသော ရန်ကုန်မြို့စွန်မှ ဆင်ခြေဖုံးရပ်ကွက်လေးထိပ်သို့ ကိုဦးခြေချမိချိန်ကတော့ အမြဲလိုလို ညနေခြောက် နာရီဝန်းကျင်။

ဒီနေ့တော့ ရပ်ကွက်ထိပ်သို့ ကိုဦးပြန်ရောက်ချိန်က ခါတိုင်းနေ့တွေထက်ပိုပြီး နောက်ကျနေခဲ့ရ၏။ လက်မှနာရီလေးကို ငုံ့ကြည့်မိ လိုက်တော့ ညခုနှစ်နာရီထိုးဖို့ ဆယ့်ငါးမိနစ်သာ လိုတော့သည်။ အိမ်မှ ချစ်ဇနီးငြိမ်းကတော့ ခုချိန်လောက်ဆို မျှော်နေလောက်ပြီ ။ နောက်ပြီး အိမ်ရောက်လျှင်ရောက်ချင်း ‘ ဒီနေ့ ဘာဖြစ်လို့ နောက်ကျနေတာလဲ အစ်ကို’ ဟု ဆီးမေးပေလိမ့်ဦးမည်။ ထိုအခါ ကိုဦး တွင် ပြန်ဖြေစရာစကား အဆင်သင့်ရှိပါသည်။

ဟုတ်သည်။ ဒီနေ့ သူအိမ်ပြန်နောက်ကျရတာ အခြားအကြောင်းကြောင့် မဟုတ်ရ။ သူတို့ဇနီးမောင်နှံ၏ ရှားရှားပါးပါး တစ်ဦး တည်းသော သားလေးဖိုးသားအတွက် စတီးရေပြွတ် အသစ်စက်စက်လေးတစ်ချောင်းကို အလုပ်ဆင်းချိန်တွင် သိမ်ကြီးဈေးမှာ သွားဝယ်နေမိသောကြောင့်သာ ဖြစ်ပါသည်။ ဖိုးသားလေးက အခုမှ လေးနှစ်သားအရွယ်လေးသာ ရှိပေမယ့် သင်္ကြန်ဆို သူမတူေ အာင် ပျော်ချင်လှတာ နှစ်တိုင်းပင်။  နှစ်နှစ်သားအရွယ်လောက်မှ စတင်ပြီး သင်္ကြန်ဆို အိမ်ရှေ့မှာ ရေထွက်ပက်ချင်နေပြီ။ မပက်ရ လျှင် အာခေါင်ခြစ်ကာ ငိုမည်။ ထို့ကြောင့် သင်္ကြန် အကြိုနေ့မှစပြီး အတက်နေ့အထိ  ရေဇလားတစ်လုံး၊ ပလတ်စတစ် ရေခွက်တစ် ခွက်၊ ရေပြွတ်တစ်ချောင်းနှင့် တစ်ကိုယ်လုံး ရေတွေစိုရွဲနေသော ဖိုးသားလေးအား ကိုဦးတို့အိမ်ရှေ့တွင် တွေ့နိုင်ပါသည်။ လမ်းထဲရှိ အုန်းလက် မဏ္ဍပ်သေးသေးလေးများမှနေ ဖွင့်ကြသော အနောက်တိုင်းသံစဉ်တေးသွားများအတိုင်း ဖိုးသားလေးက သူ့ခန္ဓာကိုယ်ေ လးအား လှုပ်လီလှုပ်လဲ့ဖြင့် စည်းချက်လိုက်ပြီး ရေကစားရင်း ကတတ်ပါသေး၏။

သားလေးအကြောင်းတွေးရင်း ကိုဦးမျက်နှာက ပြုံးမြမြ ဖြစ်လာရသည်။ ထို့ကြောင့် ပခုံးထက်မှ အလုပ်သွားဖော် ကျောပိုးအိတ် အနွမ်းလေးကိုပြင်လွယ်လိုက်ပြီး အိမ်ဆီသို့ ခပ်သွက်သွက်လေး ခြေလှမ်းပြင်မိ၏။ လက်ထဲရှိ ကျွတ်ကျွတ်အိတ်ထဲမှ စတီးရေပြွတ် အသစ်လေးကို ဖိုးသားလေးအား မြင်စေချင်လှပြီ၊ ပေးချင်လှပြီ။ သင်္ကြန်မကျခင်က တည်းက နေ့စဉ် တဖွဖွပူဆာနေခဲ့သော ဒီရေ ပြွတ်အသစ်လေးအား သူပေးလိုက်လျှင် ပျော်မြူးသွားလိမ့်မည့် သားလေး၏မျက်နှာလေးကိုလည်း ကိုဦးမြင်ချင်လှပါပြီ။

အတွေးနှင့် ငိုက်စိုက်ငိုက်စိုက် လျှောက်လာရင်း စောစောက မဏ္ဍပ်ရှေ့မှအဖြတ်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခ,နဲဖြစ်သွားရ၏ ။ ရေတွေ။  ကြောင်တက်တက်နိုင်စွာ မဏ္ဍပ်ဆီသို့ လှမ်းကြည့်မိတော့ တစ်ရပ်ကွက်တည်းနေသော ကိုသန်းမောင်တို့အုပ်စုကို ရေ ပိုက်ကိုယ်စီဖြင့် မဏ္ဍပ်ပေါ်မှာ တွေ့လိုက်ရသည်။ သူတို့က ကိုဦး၏အပေါင်းအသင်း၊ ရောင်းရင်းများဖြစ်ကြ၏။ သို့သော် အထိတ်တ လန့်ဖြင့် ရေလွတ်ရာသို့ပြေးရင်း မဏ္ဍပ်အောက်မှနေ ကိုဦး အော်လိုက်မိသည်။

“ဟေ့လူတွေ၊ ဒါဘာလုပ်ကြတာလဲဗျ...။ သင်္ကြန်က မနက်ဖြန်မှ အကြိုနေ့ဟာကို”

“ဟား...ဟား။ ကျုပ်တို့က ဒီညထဲက ရေပိုက်တွေစမ်းရင်း စ,ကြိုတာ။ ဘာဖြစ်သလဲဗျာ။ ခုမှ သင်္ကြန်ရေကို ကြောက်သလိုလို ဘာလိုလို လုပ်မနေစမ်းပါနဲ့”

“အေးလေ။ ဟေ့လူ ကိုဦး။ ခင်ဗျားနက်ဖြန်ကျရင် မဏ္ဍပ်လာခဲ့ဦး။ ဒီမှာ ကျုပ်တို့တွေရေပက်ရင်း သောက်မယ်၊ စားမယ်၊ ပြီးရင် မူးကြမယ်ဗျာ။ အရင်နှစ်တွေအတိုင်းပေါ့”

မဏ္ဍပ်ပေါ်ကနေ တစ်ယောက်တစ်ပေါက် ၀ိုင်းပြောနေကြသော အပေါင်းအသင်းများအား လက်သာပြခဲ့ရင်း ကိုဦး ရှေ့ဆက်ေ လျှာက်ခဲ့၏။ ကြည့်ရတာ ဒီညကတည်းက ရေပိုက်စမ်းရင်း သူတို့တွေ ကောင်းနေကြပြီထင်သည်။ သူ့ ကို လှမ်းပြောကြသော အသံတွေက ပုံမှန်မဟုတ်၊ အာလေး လျှာလေးဖြစ်နေကြတာမို့ပင်။ ဖြစ်နိုင်လျှင် ဒီညတော့ သူမသောက်ချင်သေး။ သားလေးကို ရေ ပြွတ်လေးပေးရင်း ပျော်မြူးသွားမည့် သားလေး၏ပုံရိပ်လေးကို ကိုဦး တစိမ့်စိမ့် ထိုင်ကြည့်နေမိချင်းကြောင့်သာ ဖြစ်ပါသည် ။ နောက်ပြီး ကိုဦးက နေ့စဉ်ပုံမှန်သောက်နေတတ်သော လူတစ်ယောက်မဟုတ်။ သင်္ကြန်အပါအ၀င် ပျော်ပွဲရွှင်ပွဲ နေ့ရက်တချို့တွင် သာ အပျော်အနေဖြင့် သောက်တတ်သူ။

သို့သော် မဏ္ဍပ်ကို ကျောခိုင်းလျှောက်လာရင်း ကြားနေရဆဲဖြစ်သော သီချင်းသံများနှင့်အတူ ရေအနည်းငယ်စိုသွားသော ခန္ဓာ ကိုယ်ကြောင့် ကိုဦးစိတ်တို့ မြူးကြွလာသလိုလို ဖြစ်လာရ၏။ ထိုအခိုက် တန်ခူးညဦးလေပြေက သူ့ကိုယ်ပေါ် ဝေ့ခနဲတိုက်ခတ်လာ ခဲ့ကြတော့ ကိုဦး စိမ့်ခနဲဖြစ်သွားမိ၏။ ထို့ကြောင့် လမ်းမကြီးပေါ်မှနေ အိမ်ရှိရာ လမ်းသွယ်လေးဆီသို့ဖဲ့ဆင်းလျှောက်ရင်း ခြေ လှမ်းတွေကို ခပ်သွက်သွက် လှမ်းနေမိလိုက်သည်။ ခြေလှမ်းကသာ ခပ်သွက်သွက်လှမ်းနေမိသော်လည်း ကိုဦးစိတ်က စောစောက မဏ္ဍပ်ဆီမှာ ကျန်ရစ်ခဲ့ရသလိုပင်။

ဟုတ်သည်။ သင်္ကြန်ကို သူချစ်သည်။ အိမ်ထောင်မကျခင် လူပျိုလူလွတ်အရွယ်တုန်းကဆို သင်္ကြန်ရက်ကုန်မှ အိမ်ပြန်ဖြစ်သည့်အ ထိ ကိုဦး အလည်ကျူး၊ အပျော်ကျူးခဲ့ဖူးသည်။ ဒါက တစ်နှစ်တည်းမဟုတ်၊ နှစ်စဉ်နှစ်တိုင်းဆိုသလိုပင် ဖြစ်ခဲ့၏။ ကားဖြင့်လည်၊ သူငယ်ချင်းတွေနှင့် မဏ္ဍပ်ထိုင်၊ သောက်စား၊ ခုန်ပေါက်က၊ ရေကစားရင်း ည ကျလျှင် ကြုံရာမဏ္ဍပ်၊ သူငယ်ချင်းအိမ်တွေမှာအိပ် လိုက်တာချည်းသာ ဖြစ်သည်။ အိမ်ထောင်သည်ဘ၀ရောက်ခဲ့ရတော့ သင်္ကြန်ဆိုလျှင် လူပျိုဘ၀တုန်းကလောက် မကဲမိတော့သော် လည်း၊ နှစ်စဉ်နှစ်တိုင်း အိမ်တွင် မိန်းမနှင့် ကလေးကိုထားရစ်ခဲ့ပြီး လမ်းထိပ်မဏ္ဍပ်မှာ အပေါင်းအသင်းအသင်းများဖြင့် အတူ တူသောက်ရင်း သင်္ကြန်၏အရသာကို မူးမူးမေ့မေ့ ခံစားတတ်သေးမြဲ။ ကုန်ကုန်ပြောရလျှင် အိမ်မှ ဖိုးသားလေးအမေ၊ ချစ်ဇနီးငြိမ်း သည်ပင် ကိုဦးနှင့် သင်္ကြန်တွင်းမှာတွေ့ပြီး  ဖူးစာစုံ အကြောင်းပါခဲ့တာ ဖြစ်၏။

လွန်ခဲ့သော ခြောက်နှစ်ခန့်က သူငယ်ချင်းတစ်ယောက်အိမ်ရှေ့မှ မဏ္ဍပ်တစ်ခုတွင် သူငယ်ချင်းများနှင့်အတူ ရေကစားရင်း ကိုဦး ဆေးလိပ်သောက်ချင်လာခဲ့မိ၏။ သူငယ်ချင်းများအား အဖော်ညှိဖို့ရာအတွက်လည်း ခေါ်သံပင် မကြားရလောက်အောင် ဆူညံနေသော သီချင်းသံများအောက်တွင် ခုန်ပေါက်ကခုန်နေကြတာမို့ မဏ္ဍပ်အနောက်ဘက်သို့ သူတစ်ယောက်တည်း ထွက်လာခဲ့ လိုက်သည်။ မဏ္ဍပ်အနောက်ဘက်မှ သူငယ်ချင်း၏ ခြံထောင့်တွင် တစ်ယောက်တည်း အေးအေးဆေးဆေး ဆေးလိပ်ထိုင်သောက် ဖို့ရာ ဂျာကင်အိတ်ထဲမှ ပလတ်စတစ်ဖြင့် သေသေချာချာ အထပ်ထပ်ရစ်ပတ်ထားသော စီးကရက်ဘူးနှင့် မီးခြစ်ကိုထုတ်မိ၏။ သို့သော် လက်က ရေစိုနေတာမို့ မီးခြစ်က တော်တော်နှင့်မတောက်။ ခေါင်းငုံ့ကာ မီးတောက်စေဖို့ သည်းကြီးမည်းကြီး သူကြိုး စားနေဆဲ ရေတွေ ဗွမ်းခ,နဲ သူ့ခေါင်းပေါ်မှနေ ကျဆင်းလာခဲ့၏။ လက်ထဲမှ စီးကရက်လည်း ရေစိုသွားရသလို၊ မီးခြစ်သည် လည်း ရေတွေ ရွဲနစ်သွားရလေတော့သည်။

ဆေးလိပ်အရမ်းသောက်ချင်နေသည့်အချိန်ကျမှ အနောက်ကနေ တိတ်တိတ်ခိုး၍ ရေလာလောင်းတာ ခံလိုက်ရတာမို့ ကိုဦး ဒေါ သဖြစ်စွာ အနောက်ဘက်သို့လှည့်ကြည့်မိတော့...

“သင်္ကြန်ကျလို့ ရေပက်တာ စိတ်မဆိုးရဘူးနော်”

ကိုဦး ဘာပြန်ပြောရမှန်းမသိပဲ နှုတ်ဆွံ့သွားခဲ့ရ၏။ ရေစိုစို အ၀တ်အစားလေးများဖြင့် ပိတောက်ပန်းလေးတစ်ခက်နားမှာ ညှပ်ပန် ထားသော မိန်းမလှလေးတစ်ယောက်က အသံသာသာ အပြုံးမျက်နှာလေးဖြင့် သူ့ကိုကြည့်ရင်း ပြောလိုက်သောကြောင့်ပင်။

ကိုဦး ရင်ခုန်သွားရ၏။ သောက်ထားသော အရှိန်ဖြင့် ရီဝေေ၀နိုင်နေသော ခံစားချက်များလည်း ရင်ခုန်သံများအောက် ကြက်ပျောက် ငှက်ပျောက် ဖြစ်သွားခဲ့ရလေသည်။ ထိုမှစ၍ ကိုဦးနှင့် ငြိမ်းတို့၏ ဇာတ်လမ်းစတင်ခဲ့တာ ဖြစ်သည်။ သင်္ကြန်အပြီး နှစ်လလောက် အကြာတွင် ချစ်သူတွေ ဖြစ်ခဲ့ကြပြီး တစ်နှစ်လောက်နေတော့ လက်ထပ်ဖြစ်ခဲ့ကြလေတော့တာ။ အခုဆိုရင် သားလေးဖိုးသား ပင် လေးနှစ်ပြည့်ခဲ့ပြီ။

~~~@~~~

င်္ကြန်အကြိုနေ့....။
အိမ်ရှေ့လမ်းမပေါ်တွင် ရေတွေ ရွှဲရွှဲစိုနေခဲ့၏။ ဖိုးသားလေးသည်လည်း ရေဇလားအကြီးကြီးထဲတွင် ပိုက်ကလေးကိုနှစ်လျှက် အသစ်စက်စက်ရေပြွတ်လေးဖြင့် ဖြတ်သွားဖြတ်လာမှန်သမျှကို မလွတ်တမ်း လိုက်ပက်နေခဲ့လေတော့၏။ တစ်ချက်တစ်ချက် လမ်းထဲရှိ အုန်းလက်မဏ္ဍပ်လေးများဆီမှဖွင့်နေသော သီချင်းသံများနှင့်အတူ လှုပ်လီလှုပ်လဲ့ ကနေတတ်သေး၏။ ကိုဦးနှင့် ငြိမ်းတို့က သင်္ကြန်မှာ ဖူးစာဆုံပြီး ပေါင်းဖက်ခဲ့ကြသော စုံတွဲမို့ ဖိုးသားလေးက အခြားကလေးများထက် သင်္ကြန်ကို ပိုပျော်တတ်၊ စွဲလမ်းတတ်နေခဲ့သလားတော့ မပြောတတ်တော့ပါ။

ဒါကို အနောက်မှနေထိုင်ကြည့်ရင်း ဖိုးသားလေး၏အပျော်က ကိုဦးတို့ ဇနီးမောင်နှံထံသို့ ကူးစက်လာသလို ဖြစ်လာရသည်။ နှစ်ဦး သားမျက်နှာမှာ အပြုံးတွေဝေနေမိကြ၏။ သို့သော် သားလေးကိုထိုင်ကြည့်ရင်း ကိုဦး စိတ်ထဲမှာ တစ်စုံတစ်ရာကို စောင့်စားနေမိခဲ့ ၏။ ထိုစဉ် အင်္ကျီအိတ်ကပ်ထဲ ထည့်ထားမိသော ကိုဦး၏ လက်ကိုင် ဖုန်းလေးက မြည်လာသည်။ ကိုဦးစိတ်ထဲ ထိတ်ခ,နဲ ပျော်သွား မိရင်း ဖုန်းလေးကို ထုတ်ကြည့်မိတော့ ခေါ်သူက ကိုသန်းမောင် ဖြစ်နေတာတွေ့ရ၏။ တစ်မနက်လုံး သူစောင့်နေရသော ဖုန်း လာလေပြီ။ အိမ်ကနေ ဒီအတိုင်းထွက် သွားရတာထက် သူငယ်ချင်းတွေခေါ်လို့ ထွက်သွားရတာ ပိုပြီး ကြည့်ကောင်းမည်ဟု ကိုဦးေ တွးထားခဲ့မိတာမို့ပင်။

“ဟဲလို”...

“ဟေ့လူ... ကိုဦး။ လမ်းထိပ်ထွက်ခဲ့တော့လေ။ သောက်ကြမယ်၊ ကဲကြမယ်”

အာလေးလျှာလေးဖြင့် ကိုသန်းမောင်၏ အသံကို ဖုန်းထဲမှနေကြားလိုက်ရ၏။ ဆူညံစွာဖွင့်ထားဟန်တူသော သီချင်းသံကျယ်ကျယ် ကိုလည်း ဖုန်းထဲမှနေ ကြားနေရသေးသည်။ ကိုသန်းမောင်တို့ကိုကြည့်ရတာ မနက် ရှစ်နာရီ လောက်ပဲရှိသေးပေမယ့် ကောင်းနေပြီ လားမသိ။ ကိုဦးစိတ်ထဲ မရိုးမရွ ဖြစ်လာရ၏။ ဖုန်းနားထောင်ရင်း ဘေးသို့ ကိုဦး ငဲ့ကြည့်လိုက်မိတော့ ငြိမ်းက စူးစမ်းသလိုမျိုး သူ့ကို ကြည့်နေတာ တွေ့လိုက်ရသည်။

“ဟေ့လူ... ကိုဦး မကြားဘူးလား။ လမ်းထိပ်ထွက်ခဲ့လို့”

“ဟုတ်ပြီ...ဟုတ်ပြီ။ ကျုပ် ခဏနေ ထွက်လာမယ်”

“ဒါဆို... ကျုပ်တို့ စောင့်နေမယ်နော်...။ ခင်ဗျား မြန်မြန်ထွက်ခဲ့။ အိမ်က အတွယ်အတာတွေကို သင်္ကြန်တွင်းမှာ ခဏခေါက်သိမ်းထားလိုက်စမ်းပါဗျာ”

ပြောပြောဆိုဆိုဖြင့် ကိုသန်းမောင်က ဖုန်းချသွား၏။ ဘေးက ငြိမ်နေသော ငြိမ်းက ကိုဦးကို မေးလာသည်။

“ဘယ်သူဆက်တာလဲ အစ်ကို”

“အော်... ကိုသန်းမောင်တို့ပါ”

ငြိမ်းမျက်နှာလေးက အနည်းငယ်စူပုတ်ပုတ် ဖြစ်သွား၏။

“ဘာလဲ...၊ လမ်းထိပ်မှာ သွားသောက်ဦးမလို့လား”

“မပြောတတ်သေးပါဘူးကွာ”

ရေရေရာရာမရှိသော ကိုဦး၏အဖြေကြောင့်ငြိမ်းက မျက်စောင်းသဲ့သဲ့ထိုး၏။ ထို့ကြောင့် ကိုဦးက ငြိမ်း၏ လက်ဖမိုးလေးကို ခပ်ဖွဖွ တစ်ချက်လှမ်းပုတ်လိုက်ကာ...

“ကိုယ့်ကို မသွားစေချင်ဘူးလား ငြိမ်းရယ်။ ကိုယ်က သင်္ကြန်ဆို ပျော်ချင်တာ ငြိမ်းလည်း သိရဲ့သားနဲ့”

“ငြိမ်းသိပါတယ် အစ်ကိုရယ်။ ဒါပေမယ့် ပြဿနာဖြစ်လာရင် ဘယ့်နှယ့်လုပ်မလဲ။ ကိုယ်က လူပျိုလူလွတ်လည်း မဟုတ်။ တစ်ခုခုဆို သားလေးမျက်နှာငယ်ရမှာ။ နောက်ပြီး အစ်ကိုပြန်မလာမချင်း အိမ်မှာ ငြိမ်းနေရတာ စိတ်မဖြောင့်ဘူး။ စိတ်ပူနေရတယ်။ ပြီးတော့ မနှစ်တုန်းကလည်း”...

ငြိမ်းစကားကြောင့် ကိုဦးငဲ့ကြည့်လိုက်သည်။ သူမမျက်နှာလေးက ခပ်နွမ်းနွမ်းဖြင့်ရှိနေခဲ့၏။ ငြိမ်းပြောသော မနှစ်တုန်းကဆိုတာ သူတို့အုပ်စုသောက်ရင်း ပြဿနာ နည်းနည်းတက်ကြခြင်းသာဖြစ်၏။ ရေပက်ခံလာသော ဂျစ်ကန် ကန်လူတစ်စုနှင့် ဖြစ်ကြခြင်း သာ။ ဘေးနားမှ ၀င်ဆွဲကြသော လူများကြောင့်မို့သာ ပြဿနာအကြီးအကျယ်တော့ မတက်ခဲ့ရ။ ဘာပဲဖြစ်ဖြစ် သင်္ကြန်ရောက်တိုင်း သင်္ကြန်၏အရသာကို သူခံစားချင်နေမိသေးပါသည်။ ရုတ်တရက် ဆိုသလို လူငယ်ဘ၀မှ သင်္ကြန်ပုံရိပ်တွေက ကိုဦး၏အနားသို့ ရိုးရိုးရိပ်ရိပ် ပျံသန်းလာကြသလိုပင်။ ကိုဦး၏စိတ် တစ်ဝက်က လမ်းထိပ်မှ ကိုသန်းမောင်တို့ထံ ရောက်နေနှင့်ခဲ့မိ၏။

ထိုစဉ် ဖိုးသားလေးက ကိုဦးတို့အနားသို့ ရောက်လာပြီး နှုတ်ခမ်းလေးထော်ရင်း ပြောသည်။

“ဖေကြီး...၊ သားလမ်းထဲမှာ ပက်ရတာ အားမရဘူး။ အပြင်မှာ လျှောက်ပြီး ပက်ချင်တယ်”

“ဟာ... သားကလည်း အပြင်မှာ ဘယ်လိုပက်မလဲ။ ဘယ်က ရေရမလဲသားရဲ့”

ကိုဦးက ပြောတော့ ဖိုးသားလေးက ထွန့်ထွန့်လူးရင်း ကြူကြူပါအောင် အော်ငိုလေတော့သည်။

“ဟီး... လမ်းထဲမှာ ပက်ချင်ဘူး။ အပြင်ကလူတွေကို လိုက်ပက်ချင်တယ်...ဟီး...ဟီး”

“ဟဲ့...သားလေးရယ်။ သင်္ကြန်တွင်းကြီး ငိုရဘူးကွဲ”

ငြိမ်းက ပြာပြာသလဲ ချော့၏။ သို့သော် ဖိုးသားလေးက လက်မခံ။

“ရဘူး...ရဘူး။ အပြင်မှာ ပက်ချင်တယ်...ဟီး ဟီး”

ပြောရင်း ငိုရင်း ဖိုးသားလေးက မြေကြီးပေါ်ထိုင်ချလိုက်ပြီး ထွန့်ထွန့် လူးနေလေတော့၏။ အချစ်ဆုံးသားလေးကို ကြည့်ရင်း ကိုဦး သက်ပြင်းချမိသည်။ ဒီသားလေးသည် သူ့ဗီဇအတိုင်းပါပဲလား...။ သူ့လိုပဲ သင်္ကြန်ကို အရူးအမူး စွဲလမ်းတတ်တာ။

အိတ်ထဲမှ ဖုန်းလေးကိုထုတ်၊ ဖုန်းပါဝါခလုတ်ကို အပြီးပိတ်လိုက်ရင်း ငြိမ်းအား ကိုဦးပြောလိုက်မိသည်။

“ကဲပါ ငြိမ်းရယ်။ ကိုယ်တို့မှာ ဂါလံပုံးလွတ်ကြီးတစ်ခုရှိတယ်မှတ်လား။ အဲ့ဒါသွားယူကွာ။ ပြီးရင် အဲ့ဒီထဲကို ရေ ထည့်ပြီး ကျောပိုး အိတ်အဟောင်းတစ်ခုထဲကိုထည့်။ ကိုယ်လွယ်မယ်။ ပြီးရင် သားကို စက်ဘီးရှေ့ခုံမှာ ထိုင်ခိုင်းပြီး တွေ့သမျှလူကို သူ့ရေပြွတ်လေးနဲ့ လိုက်ပက်လို့ရအောင် ရပ်ကွက်ထဲနဲ့ လမ်းထိပ်ပိုင်းကို  ခဏပတ်ပေးလိုက် ကြတာပေါ့ကွာ။ ငြိမ်းလည်း နောက်ခုံကနေလိုက်ခဲ့။ ကိုယ်တို့မိသားစုလိုက် ဟိုနား ဒီနားလေးလျှောက်ကြည့်ရင်း သင်္ကြန်လည်ကြတာပေါ့ကွာနော့်၊ အိမ်ထောင်ကျပြီးကတည်းက သင်္ကြန်ဆို ငြိမ်းလည်း အပြင်မရောက်တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ”...

ကိုဦးစကားကြောင့် ငြိမ်းမျက်နှာက အပြုံးတွေ ဝေသွားသည်။ နေရာမှ သွက်လက်စွာထပြီး အိမ်နောက်ဘက်သို့ သုတ်သီးသုတ်ပြာ ၀င်သွားလေတော့၏။ ကိုဦးသိပါသည်။ ငြိမ်းလည်း သင်္ကြန်အတွင်းမှာ အပြင်ထွက်ချင်နေမိ မယ်ဆိုတာကို။ အဝေးကြီးမဟုတ် ရင်တောင်မှ ကိုယ့်မြို့နယ်တွင်း ခြေဆန့်ချင်နေခဲ့လေမှာ။

မြေကြီးပေါ်မှ ဖိုးသားလေးအား ကိုဦးကောက်ချီလိုက်ရင်း ရေစိုရွှဲနေခဲ့သော သားလေး၏ကိုယ်ခန္ဓာလေးကို ခပ်ကျစ်ကျစ်လေး ဖက်ထားလိုက်သည်။ ဆန္ဒပြည့်ဝတော့မှာမို့ သားလေးကတော့ အငိုတိတ်သွားလေပြီ။ သို့သော် တစ်ချက်တစ်ချက် ခန္ဓာကိုယ်လေး တုန်တုန်သွားကာ ရှိုက်ချင်တုန်း။ သားလေး၏ အေးစက်စက်နှဖူးပြင်လေးအား ငုံ့နမ်းလိုက်ရင်း ကိုဦးစိတ်တွင်းမှ တွေးလိုက်မိ၏။

ဒီနှစ်သင်္ကြရက်တွေအကုန်လုံး လမ်းထိပ်မဏ္ဍပ်မှ အပေါင်းအသင်းများဆီသို့သွားပြီး ခါတိုင်းနှစ်တွေလိုမျိုး တစ် ကိုယ်ကောင်းဆန် စွာ မူးရူးမနေတော့ပဲ မိသားစုလိုက် စက်ဘီးလေးတစ်စင်းဖြင့်...။     

~~~@~~~

--------------------------------------------------------------------------------------------------------------------------------
အွန်လိုင်းမှ စာရေးဖော်ရေးဖက်မိတ်ဆွေများ၊ စာဖတ်သူ သူငယ်ချင်းမောင်နှမများ၊ ဖဘမှ မိတ်ဆွေများအားလုံး သင်္ကြန်တွင်းမှာ အပြစ်ကင်းသော ပျော်ရွှင်မှုများစွာဖြင့် ပျော်မွေ့ရင်း အောင်မြင်ပျော်ရွှင်သော မြန်မာနှစ်သစ်ကို ကြိုဆိုနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါရစေခင်ဗျာ...။
-------------------------------------------------------------------------------------------------------------------------------

ချစ်ခြင်းအားဖြင့်...
ဏီလင်းညို
၁၄၊ ၀၄၊ ၂၀၁၃။
(တနင်္ဂနွေ- မဟာသင်္ကြန်အကျနေ့)
ည(၁၈း ၅၁)နာရီ
(အတူ... ပျော်)
(ရန်ကုန်- မြန်မာပြည်)






10 comments:

Anonymous said...

ဖတ်ရတာ အရမ်းလှတယ်ဗျာ ...
ကိုဏီ အရေးအသားတွေက အရမ်းချစ်ဖို့ ကောင်းတယ် ...
ကြည်နူးစရာလေးဗျ ...

ခင်မင်စွာဖြင့်
ညလင်းအိမ်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

ကြည်နှုးစရာမြင်ကွင်းလေးကို ခံစားရတယ်ကိုဏီ

ညလင်းအိမ်ကိုတူးက ကိုဏီကိုခြစ်ခြာလေးတဲ့ဗျ

ဟိ လစ်မှ ဝှစ်စ်စ်စ်

TYZ said...

ဟုတ်ပ ကိုဏီလင်းညိုရေ… ကိုဦးတို့မိသားစု ရေထွက်ဆော့တဲ့ မြင်ကွင်းလေးက
တကယ့်ကိုချစ်စရာကောင်းပြီ အပျော်တွေ ဒီအထိ ကူးစက်လာတာအမှန်ပါပဲ။ ရေးထားတဲ့ပုံရိပ်ကို မျက်စိထဲတောင် မြင်ယောင်မိတယ်။ စာရေးသူလည်း ကိုဦးတို့မိသားစုလို ပျော်ပါစေနှစ်သစ်မှာ…။

အိမ့်ချမ်းမြေ့ said...

ကြည်နူးစွာဖြင့် တပြု့းပြုံးဖြင့် ဖတ်သွားပါတယ်ရှင်...

ကိုဏီ့ကိုလည်း မလေး ခေါင်းကနေကို ရေလောင်းချသွားတယ်။
း)))

ရွှေအိမ်စည် said...

ကြည်ကြည်နူးနူး ဖတ်ဖြစ်ခဲ့တဲ့ ဝတ္တုလေး။
သားလေးနဲ့ ငြိမ်းဘယ်လောက်ပျော်လိုက်မလဲ။
ကိုဏီ့ အရေးအသားက ညက်နေတာပဲ။
အေးချမ်းသော နှစ်သစ်ပါ ကိုဏီ :))))

Anonymous said...

အရေးအသားက ချစ်ဖို့ကောင်းတယ်ဆိုတာ ဟုတ်ပါတယ်ဗျာ
ဖတ်ရတာ ခံစားမှုတစ်မျိုး ပေးတယ်
ကြည်နူးစွာ ဖတ်ရှုခဲ့ပါတယ် အစ်ကိုရေ

နွေလ

Anonymous said...

ကြည်နူးစရာမိသားစုလေးပါပဲ။ ပျော်စရာကောင်းတဲ့ သင်္ကြန်မှာ စိတ်ချမ်းမြေ့စရာ ဇတ်လမ်းလေးကို ဖတ်ရတော့ပိုပြီးမင်္ဂလာရှိသွားတယ်။
စာဖတ်သူများကို စိတ်ကြည်နူးစေတဲ့ ကိုဏီ နှစ်သစ်မှာ ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး မိသားစုနှင့်အတူ ပျော်ရွှင်ပါစေ။
ခင်မင်စွာဖြငိ့
SMT

orchidgirl222@gmail.com said...
This comment has been removed by the author.
Thwin said...

ကြည်နူးဖို့ ကောင်းတဲ့မြင်ကွင်းလေးကို မြင်လာမိပါတယ်။

Theingi Shwe Sin said...

ဏီ​လေးညို စာ​တွေဖတ်​ရတာ စိတာ်​ညစ်​စရာ​တွေမပါဘူး အ​ပျော်​​တွေရတယ်