Thursday, March 22, 2012

ကျွန်တော်နှင့် သရက်သီးသုပ်

         
          တစ်ခုသောမနက် အမေဈေးမှပြန်လာစဉ် ဘာရယ်မဟုတ်ပဲ ဆွဲခြင်းတောင်းထဲသို့ ကျွန်တော်လှမ်းကြည့်မိ၏။ အမေ့ဈေးခြင်းတောင်းထဲမှာ အခြားသောပစ္စည်းများနှင့်အတူ ကျွန်တော်တွေ့လိုက်ရတာကအလုံး သိပ်မကြီးသေးသော သရက် သီးစိမ်းစိမ်းလေးများ....။ ကြည့်ရတာ အထဲမှအစေ့များပင် ရင့်မည့်ပုံမပေါ်တတ် သေး။
         “သရက်သီးတွေ ပေါ်နေပြီလားဗျ”
         “အေးဟဲ့၊ ဒီနေ့ဈေးထဲမှာ တွေ့လို့ အမေ၀ယ်လာတာလေ။ တို့စရာလုပ်ရအောင်လို့”
         အမေက ကျွန်တော့်အမေးကိုဖြေရင်း မီးဖိုချောင်ဘက်သို့ တန်းသွားသည်။ နွေဦးရာသီရောက်ခဲ့ပြီမို့ မြန်မာပြည်မှာ သရက်သီးစိမ်းလေးများကို နောက်ပိုင်းမှာ မကြာမကြာတွေ့ရတော့မည်ဟု ကျွန်တော်တွေးမိပါသည်။ သရက်သီးများအကြောင်းတွေး မိတော့ ၂၀၁၀ခုနှစ်အထိ ကျွန်တော်နေထိုင်ခဲ့ဖူးသော မလေးရှားနိုင်ငံ၊ မလက္ကာမြို့လေးမှ ကြုံခဲ့ဖူးသော အဖြစ်အပျက်တစ်ခု ကို ပြန်သတိရမိလာ၏။ ထိုအခါ ကျွန်တော့်နှုတ်ခမ်းများ ခပ်တွန့်တွန့်ဖြစ်ကာ ပြုံးမိသွားရပါ၏။
         ထိုစဉ်တုန်းက....။

~~~~~@@@~~~~~

         ကျွန်တော့်စိတ်ထင် ၂၀၀၈ခုနှစ်လောက်က ထင်ပါသည်။ တစ်ရက် အလုပ်မှပြန်ချိန်တွင် ထုံးစံအတိုင်း ကျွန်တော်နောက်ကျနေခဲ့၏။ သာမာန်အလုပ်ဆင်းချိန်မှာ ညရှစ်နာရီကျော်ကျော်ဖြစ်သော်လည်း မပြန်ခင် အလုပ်ထဲမှလူများနှင့် အ လုပ်ကိစ္စအကြောင်း မဖြစ်မနေပြောရမြဲမို့ ကျွန်တော့်ရဲ့ပြန်ချိန်က အခြားသူများထက် အမြဲလိုလို နောက်ကျရခြင်းသာ ဖြစ်ပါသည်။ ထို့အတွက် အပြန်တွင် ကျွန်တော်နေသောအိမ်မှ တစ်ဦး မဟုတ်တစ်ဦးက ကျွန်တော့်ကိုစောင့်တတ်မြဲ။
         ထိုနေ့က ကျွန်တော်စက်ရုံအပြင်ဘက်သို့ရောက်ခဲ့တော့ မိုးကလေးက တစ်ဖြောက်နှစ်ဖြောက်ဆိုသလို ကျဆင်းလာခဲ့၏။ စက် ရုံအရှေ့မှာ ဘယ်သူမှမရှိကြတော့။ သို့သော် ထီးတစ်ချောင်းဖြင့် ကျွန်တော့်အား စိတ်ရှည်လက်ရှည်ရပ်စောင့်နေခဲ့သော အိမ်မှာအ တူနေသည့် သူငယ်ချင်းညီလေးတစ်ယောက်ကို တွေ့ရ၏။ သူ့နာမည်က မင်းနိုင်။
         ကျွန်တော့်မှာ ထီးမပါတာမို့ သူ့ထီးအောက်ကိုလှမ်းဝင်ရင်း...
         “ဆောရီးကွာ၊ အစ်ကို့ကိုစောင့်နေရတာ ကြာပြီလား”
         “မကြာသေးပါဘူးဗျာ၊ ဆယ့်ငါးမိနစ်လောက်ပဲ ရှိပါသေးတယ်”
         တကယ်တော့ ဆယ့်ငါးမိနစ်မကမှန်း ကျွန်တော်သိပါသည်။ အလုပ်ဆင်းဆင်းခြင်းသာ ဒီကောင်လေး အိမ်တန်းပြန်မည်ဆိုပါ က အခုအချိန်ဆို အိမ်ရောက်လို့ အင်္ကျီတောင် လဲပြီးနေလောက်ပြီ။ မစောင့်ကြပါနဲ့ဟု ကျွန်တော်ကပြောသော်လည်း မရပါ။ လူ ရှင်းသောလမ်းမှာ ညဘက်တစ်ယောက်တည်း ပြန်လာရမည့် ကျွန် တော့်ကို သူတို့စိတ်မချတာကြောင့်သာ ဖြစ်ပါသည်။ (ဟုတ် သည်လေ၊ ကျွန်တော်ဆိုသည့် ကျွန်တော်က လေတိုက်လျှင်တောင် လဲသွားမည့် ခန္ဓာကိုယ်နှင့်ကိုး။)
         “ဒီည မိုးကောင်းကောင်းရွာမယ်ထင်တယ်ကွ”
         “ဟုတ်တယ်... အစ်ကို၊ အိမ်ရောက်ရင် ကျွန်တော်တို့ ကစ်ကြရအောင်”
         မင်းနိုင်က ထီးကိုကိုင်မြှောက်ကာ ကျွန်တော့်ကိုပြန်ပြောရင်း လက်မထောင်ကာ ပါးစပ်ရှေ့တွင် မော့ပြီးသောက်သည့် ပုံစံ လုပ်ပြ၏။ ဒါကလည်း သူတို့အကျင့်များစွာထဲကတစ်ခု။ ဘာလုပ်လုပ် ကျွန်တော့်ကို သေ ဖော်သေဖက် ညှိချင်ကြတာပဲ ဖြစ်၏။ ပြီးတော့ မိုးရွာရင် သောက်ချင်ကြတာကထုံးစံ။ (ကျွန်တော်တို့ကတော့ မိုးမရွာလည်း အကြောင်းမရှိအကြောင်းရှာကာ သောက်ချင်ေ သာက်တတ်ကြပါသေး၏။)
         ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တော့ မင်းနိုင်ရဲ့မျက်လုံးတွေထဲမှာ ပျော်ရွှင်သွားမှုက အထင်းသား။ နှစ် ယောက်သား စကား တပြောပြောဖြင့် တိတ်ဆိတ်နေခဲ့သော လမ်းအတိုင်းခပ်အေးအေး လျှောက်လာခဲ့ကြ၏။ စက်ရုံကနေ အိမ်ကို ဆယ့်ငါးမိနစ်လောက် သာ လမ်းလျှောက်ရပါသည်။
         ကျွန်တော်တို့စက်ရုံမှာ စက်မှုဇုံလိုနေရာမျိုးမှာရှိတာမို့ လမ်းဘေးတစ်ဘဖက်တစ်ချက်စီတွင် စက်ရုံများသာ ရှိပါသည်။ ကျွန်ေ တ်ာတို့စက်ရုံမှထွက်ကာ တစ်ဖက်ကားလမ်းကူးလိုက်လျှင် Panasonic စက်ရုံရှေ့ ရောက်၏။ သူတို့စက်ရုံဝင်းမှာ တော်တော်ကျယ်၏။ Panasonic ပြီးတော့ Maxell စက်ရုံ။ Maxell စက်ရုံပြီးခဲ့ တော့ Omega စက်ရုံ။
         ထို Omega စက်ရုံပြီးနောက် လမ်းသွယ်လေးတစ်ခုကို ချိုးလိုက်လျှင် မီးပွိုင့်တစ်ခုသို့ရောက်မည်။ ထို မီးပွိုင့်ကို ဖြတ်ကျော် လိုက်လျှင်တော့ ကျွန်တော်တို့နေသော တိုက်ခန်းများရှိရာဆီသို့ ရောက်မည်သာဖြစ်၏။ မီးပွိုင့်ရှိသော ထိုကားလမ်းမမှာ မလက္ကာမြို့ တွင်းရှိ အထင်ကရဖြစ်သော လမ်းတစ်လမ်းသာ ဖြစ်ပါသည်။
         စောစောက ပြောပြခဲ့သော Omega စက်ရုံဘေးနားတွင် သံဇကာကွက်များဖြင့် ခြံခတ်ထားသော မြေကွက်သေးသေးလေး တစ်ကွက် ရှိပါသည်။ ထိုမြေကွက်သေးသေးလေးထဲမှာ သရက်ပင်ပျိုလေးတစ်ပင်ရှိ၏။ ပေါက်နေခဲ့တာကလည်း တကယ့်ကိုနေ ရာကောင်း။ ခြံစည်းရိုးနှင့်ကပ်ကာ ပလက်ဖောင်းဘက်နှင့် နီးကပ်စွာပင်ဖြစ်၏။ သရက်ပင်လေး၏အနားတွင်တော့ Omega စက် ရုံကြီး၏ နောက်ဖက်အုတ်တံတိုင်းအမြင့်ကြီးရှိနေခဲ့လေသည်။
         ကျွန်တော်နှင့်မင်းနိုင်တို့နှစ်ယောက်သား ထိုနေရာလေးသို့ရောက်ခါနီးတွင် ဘာရယ်မဟုတ်ပဲ...
         “အိမ်မှာ သရက်သီးသုပ်နဲ့ မြည်းရရင်ကောင်းမယ်ကွနော်။ သရက်သီးသုပ် မစားရတာကြာပြီ”
         “ဟာ.. ဟုတ်တယ်.. အစ်ကို၊ ဒါဆို ရှေ့နားကအပင်ရောက်ရင် ခူးရအောင်။ မနက်အလုပ်လာတုန်းက ကျွန်တော် တွေ့ထား တယ်”
         “အေး... ဒါဆိုပြီးရော”
         မလေးရှားနိုင်ငံမှာ တစ်နှစ်ပတ်လုံး မိုးရွာလိုက်၊ နေပူလိုက်ဖြင့် ပူအိုက်စွတ်စိုသော ရာသီဥတုမို့လား မ ပြောတတ်၊ သရက်သီး များ အမြဲလိုလိုသီးတတ်ပါသည်။ ထိုသရက်ပင်လေးမှာလည်း တော်တော်လေးသီး၏။ သီးသမျှ အလုံးများသည်လည်း ကျွန်တော် တို့မြန်မာတစ်သိုက်၏လက်ချက်ဖြင့် ဘယ်တော့မှ ကြီးရင့်သည့်အထိ မနေရရှာပါ။ ငယ်နုစဉ် ဘ၀မှာပင် အာခံတွင်းထဲ သက်ဆင်းကြ ရရှာသည်သာ။
         သရက်ပင်နားရောက်တော့ မင်းနိုင်က သူ့လက်ထဲမှထီးကို ကျွန်တော့်အား ကမ်းပေး၏။ ကျွန်တော် လှမ်းယူလိုက်ရသည်။ သူက သရက်သီးခူးမည့်သူကိုး.....။ ထိုကဲ့သို့နေရာမျိုးတွေမှာ အဖြစ်မရှိလှသော ကျွန် တော်က ဒါလောက်တော့ လုပ်ပေးသင့်သည် မဟုတ်ပါလားလေ။
         မိုးကလေးက တဖြောက်ဖြောက်။
        အလင်းသိပ်မရှိသော ထိုနေရာလေးမှာ သူနှင့်ကျွန်တော် နှစ်ယောက်ထဲ။ ပြီးတော့ သံဇကာ ခြံဝင်းအတွင်းမှ သရက်ပင်လေး ရယ်၊ သူ့ဘေးနားက Omega စက်ရုံရဲ့ အုတ်တံတိုင်းမြင့်မြင့်ကြီးရယ်။
        “ဟာဗျာ။ မနက်တုန်းက ကျွန်တော်တွေ့ထားတဲ့ အလုံးတွေ ဘယ်ခွေးသူတောင်းစားတွေ လက်ဦးသွား ပြီလဲမသိဘူး။ မတွေ့ေ တာ့ဘူး အစ်ကိုရ”
         “ဟေ... ဟုတ်လားကွ”
         “ဟုတ်တယ်အစ်ကို၊ မနက်တုန်းက ကျွန်တော်တွေ့တာ သိပ်မမြင့်တဲ့ ဒီအကိုင်းလေးမှာ၊ သုံးလုံးဗျ”
         သူပြသည့်နေရာလေးက ထီးကောက်ဖြင့် လှမ်းဆွဲလို့ရသည့်နေရာမှ အကိုင်းလေး။ အေးလေ။ အခြားခန်းမှာလည်း ကျွန်တော် တို့ ကိုရွှေမြန်မာများက ရှိသေးသကိုး။ သူတို့လည်း စားချင်ရှာလို့ ဦးအောင်အလစ် သုတ်သွားတာနေမှာပေါ့ဟု..... စိတ်ထဲ မှ ဖြေတွေးတွေးမိသည်။
         ကျွန်တော်ကသာ ဖြေတွေးတွေးမိသော်လည်း မင်းနိုင်က ဖြေနိုင်ဟန်မတူပါ။ ကြည့်ရတာ သရက်သီးသုပ်ကို အမြည်းလုပ် ပြီး သောက်ဖို့ တော်တော်လေး စိတ်ကူးယဉ်ထားပုံတောင် ရသည်။ ကြိတ်မနိုင် ခဲမရ လေသံဖြင့် ကျွန်တော့်ကိုပြော၏။
         “အပေါ်မှာ ရှိသေးတယ်အစ်ကိုရ၊ ဒါပေမယ့် တက်လို့မရတော့ အောက်ကနေပြီး ဖိနပ်နဲ့ပစ်မယ်”
         “ဒါဆိုလည်း ချကွာ”
         ကျွန်တော်ကလည်း ကျွန်တော်။ အမြောက်အပင့်မှာ ဆရာတစ်ဆူပင် တင်ထိုက်သူမဟုတ်ပါလား။
       ပြီးတော့ ကိုယ်တိုင်ကလည်း သရက်သီးကို ငံပြာရည်လေး၊ ငရုပ်သီးမှုန့်လေးနှင့်သုပ်ပြီး မိုးအေးအေးမှာ ခပ်စပ်စပ်လေး စား ချင်နေတာက အမှန်ပင်။
         မင်းနိုင်က သူ့ကွင်းထိုးဖိနပ်တစ်ဖက်ကို ချွတ်၏။ ပြီးတော့ ခပ်မြင့်မြင့်မှာရှိသည့် သရက်သီးတွဲဆီသို့ မျက်စိတစ်ဖက်မှိတ်ပြီး အမှန်အကန်ချိန်ကာ ၀ှီးခ,နဲ လှမ်းပစ်သည်။
         ဖုတ်ခ,နဲ ပြန်ပြုတ်ကျလာသည်။ သရက်သီးတော့ မဟုတ်၊ သူ့ဖိနပ်သာ ဖြစ်၏။ သေချာချိန်ပြီးပစ်တာ တောင်မှ မထိတာမို့ မင်းနိုင်ခမြာ တင်းသွားရှာသည်။ ပါးစပ်မှဆဲရင်း သူ့ဖိနပ်ကို သွားပြန်ကောက်ကာ ထိုနေရာသို့ပင်ချိန်ပြီး ထပ်ပစ်သည်။ ဒီတစ်ခါတော့ ထိသွားတာ ကျွန်တော်တွေ့လိုက်ရ၏။ သရက်သီးအခိုင်လေး လှုပ်ယမ်းသွားတာမို့ ဖြစ်၏။ သို့သော်............ အားပျော့သွားတာေ ကြာင့် ကြွေကျမလာခဲ့။ သူ့ဖိနပ်သာ ဖုတ်ခ,နဲမြည် သံဖြင့် မြေပေါ်ပြန်ကျလာပြန်လေသည်။
         ဒါကို မင်းနိုင်က ပိုပြီးတင်းသွားဟန်တူ၏။ ‘အောင်မာ... ငါ့ကိုများ ဘာမှတ်နေလို့တုန်း’..ဟု သရက်သီး အခိုင်လေးအား လူတစ်ယောက်ကိုပြောသည့်နှယ် အံကြိတ်ရင်း ကြိမ်းမောင်းကာ ဖိနပ်ကိုသွားပြန်ကောက်ပြီး တော့ ထပ်ပစ်ပြန်၏။ ကျွန်တော် ကေ တာ့ ပြန်ကျလာမည့် ဖိနပ်ရန်၊ ပြုတ်ကျလာမည့် သရက်သီးဒဏ်ကို ထီး ဖြင့် ကာဗာယူထားပြီး မင်းနိုင်ရဲ့အနားမှာ ခပ်ကုပ်ကုပ်ရပ် လို့။
         ဒီတစ်ခါမှာတော့ အောင်မြင်သွား၏။ ဖုတ်ခနဲ၊ ဖုတ်ခနဲကြွေကျလာသော သရက်သီးအသံများကိုကြား လိုက်ရတာမို့ ထီး ကလေးဆောင်းရင်း သရက်သီးကြွေများအား ၀မ်းသာအားရစွာဖြင့် အူယားဖားယား ကျွန် တော်လိုက်ကောက်မိသည်။ သုံးလုံးေ တာင်မို့ ထက်မပစ်တော့ဖို့ ကျွန်တော်ပြောရန်ပြင်ဆဲခဏ...
         “အစ်ကို”
         “ဟေ... ဘာတုန်းဟ”
         “ကျွန်တော့်ဖိနပ်လေ... Omega ၀င်းထဲကို ကျသွားပြီ”
         “ဟေ”
         ရုတ်တရက် ကျွန်တော်ဘာပြန်ပြောရမှန်းတောင် မသိတော့။ ‘ဟေ’တစ်လုံးသာ ထွက်နိုင်တော့၏။
        မင်းနိုင်ခမြာမှာလည်း သူကိုယ်တိုင်လုပ်လိုက်တာမို့ ဘယ်သူ့ကိုမှလဲ အပြစ်တင်လို့မရ၊ ဒေါသကလည်း ထွက်ဆိုသည့် မျက်နှာထားမျိုးဖြင့် ခပ်အိုအို။
         ပြီးတော့မှ တစ်ခုခုကို ဆုံးဖြတ်လိုက်သလို လေသံမျိုးဖြင့်....
         “မထူးတော့ပါဘူး အစ်ကိုရာ”
         ဟုပြောပြီး ကျန်သည့် ဖိနပ်တစ်ဖက်ကိုပါ ကုန်းချွတ်၏။ နောက် သရက်ပင်ကိုပစ်တာ မဟုတ်ပဲ Omega ၀င်းအတွင်းသို့ ဒီအတိုင်း(ဘလိုင်းကြီး) လွှင့်ပစ်ထည့်လိုက်လေတော့သည်။ ကျွန်တော့်မှာတော့ ပါး စပ်အဟောင်းသားရယ်နှင့်.....။
         နောက်... မင်းနိုင်ခမြာ ခြေဗလာကြီးနှင့် အိမ်သို့ပြန်ခဲ့ရတော့၏။ ကျွန်တော်တို့နေသော တိုက်ခန်းများ အောက်ရှိနေရာ တစ်ဝိုက်မှာ လူစည်ကားလှသောနေရာတစ်ခုဖြစ်တာမို့ သူ့ရဲ့မျက်နှာထားက ရှက်ရွံ့စိတ် ကြောင့်လားတော့မသိ၊ ခပ်နီနီဖြင့်။
         ကျွန်တော်ကတော့ သရက်သီးသုပ် စားချင်သည်ဟု... အစဖော်မိသူမို့ သူအပြစ်မတင်သော်လည်း အ နေရခက်စွာဖြင့် မသိချင်ယောင်ပဲ ဆောင်ရနိုးနိုး မျက်နှာထားဖြင့်။

~~~~~@@@~~~~~

         အိမ်ပြန်ရောက်တော့ သရက်သီးစိမ်းကို ဓားဖြင့် ခပ်ပါးပါးလေးတွေလှီး၏။ နောက်ပန်းကန်တစ်ခု ထဲမှာ လှီးပြီးသားသရက်သီးတွေထည့်၊ အပေါ်က ငံပြာရည်နည်းနည်းထည့်၊ သကြားလေးနည်းနည်းထည့်၊ ဘုတ်ဆုံမလား၊ အိမ်ရှင်မလား ကျွန်တော်မမှတ်မိတော့သည့်တံဆိပ်နှင့် ငရုပ်သီးကြတ်မှုန့်လေးနည်းနည်းဖြူး၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီးတော့နယ်သည်။
         နောက်တော့ ကျွန်တော်တို့ရဲ့သောက်တဲ့ဝိုင်းအလယ်မှာ သရက်သီးသုပ်ပန်းကန်လေးက မွှေးပျံ့စွာ ဖြင့် စားချင်စဖွယ်။ ထို့ကြောင့် အိမ်ရှိလူအကုန်လုံးက သောက်ရင်း အခြားအမြည်းများထက် သရက်သီးသုပ်ကို ပိုပြီးအားပေးကြ၏။ သရက်သီး သုပ်ပန်းကန်မှာ လက်တွေအဖြတ်အသန်းများလွန်းတာမို့ မီးပွိုင့်တောင် တပ်ပေးထားရမလိုပင်။
         ဒါကို မင်းနိုင်ကကြည့်ပြီး အောက်သိုးသိုးလေသံဖြင့်....
         “စားကြ၊ စားကြ...၊ အဲ့ဒီသရက်သီးတွေက သုံးဆယ့်ခြောက်ကျပ်တောင်တန်တယ်”
         ဟုပြော၏။ ကျွန်တော်က အကြောင်းသိတာမို့ ရယ်ကျဲကျဲမျက်နှာထားဖြင့် ရှိနေခဲ့သော်လည်း အရိပ်သုံးပါးနှင့် အကြောင်းအ ရင်းကိုမသိသော အိမ်မှလူများက...
        “မင်းဟာကလည်းကွာ၊ သရက်သီးများ သုံးဆယ့်ခြောက်ကျပ်ပေးရတယ်လို့ မကြားဖူးပေါင်၊ နှစ်ကျပ်ဖိုး လောက်ဆို စား ပါလေ့”
        “ဟေ့ယောင်... မင်းနိုင်ရာ...လာဖောမနေစမ်းပါနဲ့။ သုံးခါဖောရင် ရှောတတ်တယ်ကွ”...
         “အေးလေကွာ... မင်းနိုင်ကလဲ”
         “မင်းတို့မသိပဲ ဘာမှ လာပြီးအီးပေါက်မနေနဲ့၊ သုံးဆယ့်ခြောက်ကျပ်ဆို၊ သုံးဆယ့်ခြောက်ကျပ်ပဲ”
         မင်းနိုင်က ခပ်တင်းတင်းလေသံဖြင့် ပြန်ပြောလေ၏။ (အီးပေါက်သည်ဆိုသောစကားမှာ... သူတို့တွေ ကြားထဲတွင် တော်ေ တ်ာလေးခေတ်စားပါသည်။)
         တစ်ယောက်တစ်ပေါက်ဖြင့် အရက်ဝိုင်းက နည်းနည်းဆူညံချင်လာ၏။ ထို့ကြောင့် ကျွန်တော်ကထ,ပြီး အားလုံး ကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်ရလေတော့သည်။ ကျွန်တော့်စကားအဆုံးမှာတော့ အားလုံးရယ် လိုက်ကြတာ တော်တော်နှင့်မ ရပ်ကြ။ မင်းနိုင်လည်း အောင့်သီးအောင့်သက်ဟန်မျိုးဖြင့် တဟိဟိ လိုက်ရယ် လေတော့၏။ သို့သော် မျက်နှာကတော့ သရက်သီး သုံးလုံးအတွက် စွန့်လွှတ်လိုက်ရသော သူ့ဖိနပ်အပေါ် နှ မြောတသ, သုံးကြိမ်ရွတ်ဆိုနေဟန်က အထင်းသားပင်။
        အေးလေ၊ မင်းနိုင်ဆိုတာ ကျွန်တော်တို့တစ်အိမ်လုံးမှာ ကပ်စေးအနည်းဆုံး ချာတိတ်ကိုး။ အသုံးအစွဲ ကလည်း ဘာချွေတာ သလဲမမေးနဲ့။ ပြီးတော့ သရက်သီးပစ်ရင်း Omega စက်ရုံဝင်းထဲ ကျသွားရသည့်သူ့ရဲ့ ကွင်းထိုးဖိနပ်က ၀ယ်တာနှစ်ရက်လောက်ပဲ ရှိသေးတဲ့ အသစ်စက်စက်နီးပါးကြီး။ ကော်ဖီတစ်ခွက်မှ ရင်းဂစ် တစ်ကျပ်လောက်ပဲပေးရတဲ့မလေးရှားမှာ ရင်းဂစ် သုံးဆယ့်ခြောက် ကျပ်တန်ဖိနပ်အသစ်ကြီး သရက်သီးပစ်ရင်းဆုံးသွားတယ်ဆိုတော့ သူ့ခမြာ တော်တော်နဲ့ကို မဖြေနိုင်တော့တာ အဆန်းတ ကြယ် ဖြစ်ရပ်မှမဟုတ် ခဲ့လေတာဟု... ကျွန်တော်တွေးမိလိုက်ပါတော့သည်။

~~~~~@@@~~~~~

         ဒီအဖြစ်အပျက်လေးကို အခု မြန်မာပြည်သို့ပြန်ရောက်နေခဲ့ပြီဖြစ်သော်လည်း သရက်သီးလေးများကို မြင်ခိုက် ကျွန်တော် သတိရမိသွားတာ အမှန်ပင်။  နောင်တွင်လည်း ဘယ်နေရာ ဘယ်ဒေသကိုပဲရောက်နေ၊ ရောက်နေ ... သရက်သီးကလေးများကိုမြင် ခိုက် ကျွန်တော်သတိရနေမိဦးမလား....ဟူ၍ တွေးရင်းဖြင့်သာ...။           ။

====================================================
ဘ၀တစ်ကွေ့မှာ ခဏဆုံဖူးခဲ့တဲ့ Hostel No. C. 2-2 မှ သူငယ်ချင်းများအတွက် အမှတ်တရ။
====================================================

ချစ်ခြင်းအားဖြင့်...
~ဏီလင်းညို~

25 comments:

မိုးငွေ့...... said...

ဏီဏီရေးတဲ့ စာအသစ်လေးတက်လာတာမြင်လို့ အရမ်းဝမ်းသာသွားတယ် တဆက်တည်း သရက်သီးသုပ်လို့မြင်လိုက်လို့ စာမဖတ်ခင် သရေကျချင်သွားတယ်...မသိမသာမြိုချပြီး စာကိုဝင်ဖတ်ရတယ်...။ သရက်သီးသုပ်ဇာတ်လမ်းလေးကိုဖတ်ပြီးတော့လဲ ငယ်တုန်းက အဖွားရဲ့ သရက်ခြံကိုသတိရလွမ်းတမိသွားတယ်ဗျာ...။ အိုခေ ဏီဏီ မချစ်ကြီးရဲ့ ဆုံတွေ့ပွဲမှာ ပြန်တွေ့ကြမယ်...း)

ခင်တဲ့
မိုးငွေ့

jasmine(တောင်ကြီး) said...

သရက်သီးခူးချင်တာလေ ဖိနပ်ပါဆုံးရော
မြန်မာပြည်က သေးသေးကျွတ်ကျွတ်လေးတွေစားချင်မိတယ်

ချစ်ကြည်အေး said...

ကိုဏီလေး...ငါ့မောင်လေး စာလေးဖတ်ရတာ ၀မ်းသာတယ်။ ဘယ်တော့ရေးရေး၊ ဘာလေးပဲရေးရေး လက်ရာလေးက ကောင်းနေတာပဲး)))
ကျန်းမာအောင်လည်း နေဦး....

TYZ said...

အပြေးလာပြီး သရက်သီးသုတ်လာလုစားပါတယ်။ :D ဒီအရပ်ဒေသမှာတော့ အိမ်တော်တော်များမှာ သရက်ပင်တွေစိုက်ထားကြာပေမဲ့ အသီးတွေ မခူးပဲ အလှထားကြလို့လေ.. ကျောင်းဆင်းကျောင်းတက် သရက်သီးတွေကို လိုက်ငေးရင်း တခါတလေ အကုသိုလ်စိတ်တောင်ဝင်မိတယ် :D မနေ့ကတောင် စားချင်လွန်းလို့ ၀ယ်လာသေးတယ် စားမကုန်တာကိုလည်း ဆားရည်စိမ်ထားတယ်။:)ကိုဏီလင်းညို ကိုယ်ကျန်းမာစိတ်ချမ်းသာပြီး စာများများရေးနိုင်ပါစေ.......။

Anonymous said...

ခင်ဗျားပျောက်နေတာကြာပြီနော်
း)
သွားရည်ကျတယ်
ငါးပိထောင်းနဲ့တို့မြုပ်စားရတာကြိုက်တယ်
နေထိုင်ကောင်းတယ်ဟုတ်

မောင်ဘကြိုင်

ချော(အစိမ်းရောင်လွင်ပြင်) said...

အမလေးဟယ်
သရက်သီးမြင်မှဘဲ စာရေးဖို့သတိရတော့တယ် ထင်ပါရဲ့
ဒီသရက်သီးသာ မတွေ့လို့ကတော့ မိညိုတို့ စာရေးဦးတော့မယ် မထင်ဘူး။
သရက်သီးကိုဘဲ ကျေးဇူးတင်လိုက်ပါတယ်အေ.
စာလေးဘာလေး ရေးလာလို့ ..
ဟိုနေ့က သီချင်းလာတင်တာ စာရေးဖို့ ကီသွင်းတာထင်တယ် ဟုတ်လားး)
ပျော်ပျော်ရွှင်ရွှင်နဲ့ နောက်များမှာလဲ စာတွေ ရေးဦးပေါ့အေ။

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ.
စာလေးဖတ်ရတာ ဝမ်းသာလိုက်တာ။ အမှတ်တရတွေထဲက အမှတ်တရလေးတစ်ခုပေါ့။ အရှိန်ရလာပြီမို့ စာတွေဖတ်ရတော့မှာကို တွေးမိပါရဲ့။
ခင်မင်လျက်
သဒ္ဓါ

ဆင်တဲကဖေး said...

ကိုဏီးစာတွေ မဖတ်ရတာ ကြာပြီ။ ကျွန်တော်တို့လည်း ဘီးစီးတွေ ပြနေလို့ဗျို့ ။ မြန်မာပြည်ကို လွမ်းတယ်။

blackroze said...

အကို..
နေကောင်းတယ်မဟုတ်လား
အကို့ဘလော့လေးဆိုက်ဘားမှာ
တက်လာတာတွေ့ရတော့ဝမ်းသာတယ်..
စာတွေရေးဦးနော် အကို..
ညီမတောင် သရက်သီးစားချင်သွားတယ်.

စိတ်၏ဖြေရာ said...

စာတွေပြန်ရေးတာဝမ်းသာပါတယ်ကိုဏီရေ။
သရက်သီးသုတ်လေးသွားရေကျသွားပါတယ်။

ချစ်သူမောင် said...

ကိုဏီ
ပို့စ်တက်လာတာတွေ့တော့ဝမ်းသာရပါတယ်
ကျန်းခံသာလို့မာပါစခင်ဗျား မတွေ့တာကြာလို့ဟိုးတလောက
ဒေါ်အေးကိုလည်းမေးမိပါတယ်သူကတစ်ခါလားတွေ့တယ်ဆိုတာနဲ့.....ရန်ကုန်မှာဆိုယင်ဆုံချင်ပါတယ်ဗျာဖုံးနံပါတ်
မေးလ်ပို့လိုက်မယ်နော်

ခင်မင်လေးစားလျှက်
ချစ်သူမောင်

Anonymous said...

သရက်သီးသုတ်လေး ၀င်စားသွားပါတရ်နော်..နဲနဲလေး ပါ. :).အကို့ စာတွေ အမြဲဖတ်ပါတယ်. ပြန်တွေ့ ၇လို့ဝမ်းသာပါတယ် နော်. :)

rose of sharon said...

စားလို့ကောင်းလိုက်မယ့်သရက်သီးသုတ်... :D

ညိမ်းနိုင် said...

ကိုဏီရေ...စာလေးတွေပြန်ဖတ်ရတာဝမ်းသာပါတယ်။
မလေးမြေကိုရောက်တုန်းက သတိတရရှိမိသေးရဲ့..။
ခုလို လုပ်ဖော်ကိုင်ဘက်မြန်မာတွေ စုစုစည်းစည်းနဲ့
နေထိုင်စားသောက်ကြပုံလေးက ကိုယ်တွေလိုလူမျိုးတွေ
အတွက်တော့ တကယ့် ပျော်စရာ၊ကြည်နူးစရာလေး..။

စန္ဒကူး said...

ဖြစ်ရလေ.. သရက်သီးစားချင်ပြော..ပို့ပေးမယ်..
ဒီမှာများကြီးးးး

မနောဖြူ said...

ကိုလင်းရေ စာတွေပြန်ရေးလို. ၀မ်းသာပါတယ်။ ဆက်ရေးပါအုံးနော်။ ကျန်းမာရေးလည်း ဂရုစိုက်ပါနော်။
:)

ညလင်းအိမ် said...

အစ်ကို စာတွေကို ပြန်ဖတ်ရတာ ၀မ်းသာလိုက်တာဗျာ ...
ကျန်းကျန်းမာမာနဲ့ စာတွေထပ်ရေးအုန်းဗျ ...

phung bella said...

hi impressive blog.
We have a big website to sale cars online throughout Myanmar. Please visit us back at: http://motors.com.mm/?utm_campaign=mot_mm_lb_blog_phung&utm_source=mot_lb_blog&utm_medium=lb_blog

Mary Grace said...

Hi your blogs looks so impormative and interesting.would you come and visit us back too
http://ads.com.mm/?cid=4fd9a687e4b0fa6db841e34f&utm_campaign=ads_mm_lb_blog_mgesc&utm_source=ads_lb_blog&utm_medium=lb_blog

An Asian Tour Operator said...

တချို့ ဆို လျက်ဆား နဲ့တဲ့..။ ;)

orchidgirl222@gmail.com said...

ဆရာ အားလုံးက ဆရာကို နေကောင်းလား ပြောပြောနေတော့ စိတ်ထဲမှာ တစ်မျိုးပဲ။ သူတို့ ပြောသလို ပြောတာမဟုတ်ဘူးနော်။ ဆရာ နေကောင်းလား။ ဆရာတို့ သုပ်တဲ့ သရက်သီးသုပ် လေး စားချင်လိုက်တာ။ ကျွန်တော် က ဆရာရဲ့သရက်သီးသုပ်လေး ကို အခုမှဖက်ရတဲ့အတွက် စိတ်မကောင်းဘူး။ ဒါပေမယ့် ကျွန်တော် ဖက်နေတဲ့အချိန်မှာ ပဲ ဆရာတို့ တစ်တွေစားနေတာကို မြင်နေမိပါတယ်။

San Htun said...

ဖေ့ဘွတ်မှာတွေ့ လို့  ...ဒီသရက်သီးသုပ်လေးကတော့ ပြောစမှတ်ကို တွင်ရော...အင်း ဘာလိုလိုနဲ့  သရက်သီးသုပ် မစားရတာတောင် ကြာပြီကောလား..ကိုဏီပို့ စ်ဖတ်ပြီး သရက်သီးသုပ် စားချင်သွားတယ်...း)

ထရီဆာ said...

တခါတလေ ...ဘ၀မှာ ဆုံခဲ့ဖူးတာလေး၊ ဖြစ်ပျက်ခဲ့ဖူး တာလေးကို ရေးနေတဲ့အချိန် ခံစားရတဲ့ ပီတိက ဘယ်အရာနဲ့မှ မတူဘူးနော်၊ ကိုယ်တိုင်လဲ တလောကမှ တောင်ပေါ်ပူတာအိုမြို့လေးမှာ နေထိုင်ဖူးခဲ့တာကိုရေးရင်း ပီတိတွေဖြစ်ခဲ့ဖူးတယ်၊ ကိုဏီလင်းလဲ ဒီလိုပဲဖြစ်နေမှာ :)
နောက်..အဝေးရောက်သူတွေရဲ့ ခံစားမှုလေးတွေကိုပါ တွေ့လိုက်ရတယ်

Thu said...

သရက်သီးသုတ်လေးတောင်စားချင်လာပြီ။ရှလွတ်
ဖိနပ်တစ်ဖက်ကျသွားလို့နောက်တစ်ဖက်ပါလှမ်းပစ်လိုက်တဲ့မင်းနိုင်အကြောင်းဖတ်မိတော့ ဂန္ဒီကြီးအကြောင်းတောင်သတိရသွားတယ် :)
@Areal Thu

Thu said...
This comment has been removed by the author.