Sunday, June 13, 2010

စိမ်းရက်တယ်....


မိုးကသည်းထန်စွာရွာနေတယ်။
မြစ်ရေက တဟည်းဟည်းမြည်ပြီး...
တစ်ဟုန်ထိုး စီးဆင်းနေတယ်....။

မြစ်ဟာ ကျွန်းကလေးကို
လျှာကြီးနဲ့ယက်ပြီး ၀ါးမျိုပစ်လိုက်တယ်....။
ကိုယ်ကတော့
ပြိုကျနေတဲ့ ကမ်းပါးပေါ်မှာ
ကောက်လှိုင်းတစ်စီးကိုကိုင်ပြီး
စောင့်လို့ပေါ့....။

တစ်ဖက်ကမ်းခြေ အရိပ်ထဲက
လှေတစ်စင်းဖြတ်ကူးလာတယ်....။
မိန်းမတစ်ယောက်ပဲ့မှာထိုင်လို့....။
‘ငတ်မွတ်နေတဲ့ ရေတွေရစ်ပတ်နေတဲ့
ကျွန်တော့် ကျွန်းကလေးကိုလှော်ခဲ့ပါ.....၊
ပြီးတော့ မနှစ်က ရိတ်သိမ်းခဲ့တဲ့
ကောက်နှံတွေကို ယူသွားပါ’.... လို့....
ကိုယ်က လှမ်းအော်တယ်......။

သူပေါက်လာပြီး ကိုယ့်မှာရှိတဲ့
နောက်ဆုံးစပါးစေ့အထိ အကုန်ယူသွားတယ်.....။
သည်တော့ ကိုယ့်ကိုပါ
ခေါ်သွားဖို့ ကိုယ်ကပြောတယ်....။

ဒီတော့ သူက “ဟင့်အင်း”....တဲ့......။
လှေပေါ်မှာ ကိုယ်ပေးလိုက်တဲ့
လက်ဆောင်တွေနဲ့ပြည့်နေပြီလေ......။
ကိုယ့်အတွက် နေရာမရှိတော့ဘူး.....။        ။

~~~~~@@@~~~~

=========================================================
ကျွန်တော်သိပ်မြတ်နိုးတဲ့ တဂိုးရဲ့ ကဗျာလေးတစ်ပုဒ်ပါခင်ဗျာ....။ ဆရာကြီးမြသန်းတင့် ဘာသာပြန်ရေးထားခဲ့တဲ့ တိမ်းရှောင်သူ....ဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ...။ ပုံလေးကိုတော့ ဒီနေရာလေးက ယူသုံးထာတာပါ.....။
=========================================================

ချစ်ခြင်းအားဖြင့်........
ဏီလင်းညို

26 comments:

ခရေညို said...

ဏီးလင်း ရေ ကဗျာလေးကိုခံစားသွားပါတယ်

ခိုင်နုငယ် said...

ကဗျာကိုလာရောက်ခံစားသွားပါတယ်။
ဂွတ်အိ..စိမ်းရက်ဒယ်..
ပျော်ရွှင်ပါစေဗျာ။

သိင်္ဂါကျော် said...

ကိုယ့်မှာ ဘာမှမရှိတဲ့ အချိန်မှာ ကိုယ့်ကို နေရာပေးမယ့် သူ တစ်ယောက်ယောက်တော့ လာဦးမှာပါ.. :)

သော်ဇင်စိုး said...

အကိုရေ.. တနေရာရာမှာပဲ ရပ်စောင့်နေလိုက်ပါအကို သူပြန်လာရင်မလွဲတော့ဘုးပေါ့.. တနေ့နေ့ပေါ့ ပြန်လာမှာပါ...
ပျော်ရွှင်ပါစေဗျာ..........

သဒ္ဓါလှိုင်း said...

တချို့သောလူတွေရဲ့မွေးရာပါဗီဇထင်တယ်..။ ကိုယ်ရဖို့အရေးကြီးတယ်..
ကိုယ်လိုချင်တာရပြီးရင် တခြားသူကိုလှည့်မကြည့်တောဘူးနော်..။ကိုယ့်
အတွက်နေရာမရှိတော့တာလား.. မခေါ်တော့တာလားဟင်...ကိုဏီလင်း.
ခင်တဲ့
သဒ္ဓါ

အင်ကြင်းသန့် said...

သြော်....ဒီတစ်ခေါက်က လှေပေါ်မှာ ပြည့်နေလို့ မခေါ်သွားသေးတာ နေမှာပါ။ နောက်တစ်ခေါက် လူကို လာခေါ်လိမ့်မပေါ့။ စိတ်မပျက်ပါနဲ့ စောင့်သာစောင့်နေလိုက်ပါ အစ်ကိုဂျီးရေ....။

ဆောင်းနှင်းရွက် said...

ရက်စက်ပါ့ ....

ကူးလွေ့ said...

"မနှစ်က ရိတ်သိမ်းခဲ့တဲ့ ကောက်နှံတွေကို ယူသွားပါ....."
"မနှစ်က ရိတ်သိမ်းခဲ့တဲ့ ကောက်နှံတွေကို ယူသွားပါ....."
"မနှစ်က ရိတ်သိမ်းခဲ့တဲ့ ကောက်နှံတွေကို ယူသွားပါ....."

ကျွန်တော်...တွေးနေမိတယ်...။

စစ်စစ်ပေါက်ပေါက် ခံစားသွားပါတယ်
ရွှင်လန်းချမ်းမြေ့ပါစေဗျာ။

SHWE ZIN U said...

ကိုဏီ ရေ

ညီမ အင်ကြင်းသန့် ပြောသလိုဘဲ နောက်တခေါက်လာခေါ်ပါလိမ့်မယ် လိုက်ဖို့ အသင့်ပြင့်ထားပါ

ရွှေစင်ဦး

Cameron said...

တဂိုးကဗျာတွေကို အရမ်းကြိုက်တာ...။
ဆရာမြသန်းတင့်ဘာသာပြန်တဲ့ ဒီတစ်ပုဒ်ကိုတော့ ခုမှဖတ်ဖူးတာပါ..။
ဒါနဲ့ စကားမစပ်မနေ့က ဆိတ်သားဟင်းလေးကောင်းလား...ကောင်းရင် ချက်ကျွေးခိုင်းမလို့ ဏီဏီ ပြန်လာရင်....။

ခင်မင်စွာဖြင့်
မိုးငွေ့

ahphyulay said...

အခု မှ တဂိုး ရဲ့  ကဗျာ ကို ဖတ် ဘူး ပါတယ်၊
ပေး ထား တဲ့  ဒိုင်ယာလော့ ကလေး ကောင်းပါတယ်နော်..။

ရွှေရတုမှတ်တမ်း said...

နောက်ထပ်ကျောက်တုံးကြီးကြီး ၂ လုံးကို လက်ဆောင်ပုံးထဲထည့်ပြီး..
လှေပေါ်တင်ပေးလိုက်ပါ..လှေမြုတ်ရင် ကိုယ့်ဆီကူးလာပါလိမ့်မယ်...

မြတ်မွန် said...

ကိုဏီးရေ..
ကဗျာလေး ခံစားသွားတယ်။

ရေသန့်  said...

အကြင်နာစစ်ရင် တစ်နေရာတော့ ရှိရမှာပေါ့ 

Angel Shaper said...

ဂွတ်ထ... ဦးဏီ....
သနားပါတယ်... တို့ဦးဏီ နေရာမရပြန်ဘူးလားးးးးးးးဟင်.. ခစ်

linn said...

ဏီလင်းညိုရေ ...
ကဗျာလေး လာဖတ်ကြည့်သွားတယ် ...
သူ့အဓိပ္ပါယ်လေးကိုလဲ အမျိုးမျိုးတွေးကြည့်တယ် ။။
ခင်မင်စွာဖြင့်
လင်း

Maung Myo said...

ခံစားချက်တွေတိုက်ဆိုင်နေလို့လား အစ်ကိုး) ရင်တွင်းဖြစ်တွေ ဖတ်ချင်သေးတယ် လုပ်စမ်းပါ ခပ်စပ်စပ်လေး စောင့်နေမယ် ။

rose of sharon said...

အင်း.. ဖြစ်တတ်ပါတယ်... ရတာဘဲလိုချင်ပြီး ပြန်ပေးဖို့မစဉ်းစားတဲ့သူတွေ လောကမှာ အများကြီးပါ

မိုးခါး said...

ကဗျာကိုဖတ်ပြီး ခံစားမိတာကတော့ မသီတာလိုပဲ .. လိုချင်တာပဲ သိတဲ့ သူတွေ အကြောင်း ..း))

နေ၀သန် said...

အပွင့်လင်းဆုံးဝန်ခံရရင် ကျွန်တော်တော့ ဥာဏ်မမီဘူးဗျာ... သေချာပြန်ဖတ်ပြီး ပြန်တွေးမှ ဖြစ်မယ်....

ခင်မင်တဲ့
နေ၀သန်

sosegado1 said...

တဂိုး ရဲ့  ကဗျာ တစ်ချို့ကိုကြိုက်ခဲ့ပါတယ်၊ လူ့သဘာဝကို ပေါ်စေလို့၊

မြစ်ကျိုးအင်း said...

ဒါကိုက သဘာဝ နဲ့တူတယ်နော်။
လူကလွဲရင် ချစ်ကြင်နာတဲ့ ခံစားချက်တွေ စုပ်ယူသွားကြတယ်။
နောက်ဆုံးတော့ ရင်ခွင်ဗလာနဲ့ ကျန်ခဲ့ကြရတာပါပဲ။
(အသဲကွဲသူများ အတွက်သာ)

လုလင်ပျို said...

အချစ်က ကော်ဖီတစ်ခွက်နဲ့ တူပါရဲ့ သောက်နေတုန်းအချိန်မှာတော့ အရသာရှိတယ် ကောင်းတယ် ထင်ရတယ် နည်းနည်းလေးကြာသွားလို့ ကင်းကွာ သွားတာနဲ့ ခံတွင်းချဉ်လာရော
ဆေးလိပ်တစ်ဖွာလောက်တိုက်ဗျာ ကိုဏီ(ခင်မင်စွာဖြင့်ခေါ်သည် စိတ်မဆိုးရ) ဆေးလိပ်မီးခိုးငွေ့ထဲမှာ ဘ၀ ကိုအဓိပ္ပါယ်ရှာကြည့်ချင်လို့

လုလင်ပျို said...

ဘကြီးကျောက် (သူများတွေအခေါ်) မာမီကျောက် (ကြာဖူးတာကိုပြောတား)))

ပြောသလို ကျောက်တုံးနှစ်တုံး ပါကင်ထုတ်ပြီးသား ထည့်ပေးလိုက် အဟီး ကိုယ့်ဆီ ပြန်လှည့်ကိုကူးလာလိမ့်မယ် အဲ... တစ်ခုပဲ အဲ့လိုကူးလာခဲ့ရင်
ကိုယ့်ဆရာက လက်ကမ်းမှာလားး)

ညလင်းအိမ် said...

ကဗျာလေးကို သေချာခံစားသွားတယ် အကိုရေ ....

ွှ့Thwin said...

ဆရာ.. မင်းသမီး လေးက အရမ်းစိမ်းလွန်းတယ်နော်။ ကဗျာထဲက မင်းသမီးကို ပြောတာပါ။