Friday, January 22, 2010

ဒုတိယဘ၀ထဲက.... လူ




ဟိုး....အရင် ၁၉၉၅-၉၆ ခုနှစ်ဝန်းကျင်လောက်ကပေါ့....။ အဲ့ဒီအချိန်တုန်းက ကျွန်တော်ဆယ်တန်း အောင်ပြီးကာစအချိန်မို့လို့ အတော်လေးကို အားနေခဲ့ဖူးပါတယ်...။ ကျောင်းတွေတက်ရဖို့ကလည်း ပိတ်လို့ ထားခဲ့တာမို့ အိမ်မှာပဲ နေနေခဲ့ရပါတယ်...။ ဘာအလုပ်မှလည်း မလုပ်ဖြစ်ခဲ့၊ သင်တန်းတွေဘာတွေလည်း မတက်ခဲ့ဖြစ်ပါဘူး...။ (ပိုက်ပိုက်မရှိလို့ပါ....။း))

သူငယ်ချင်းတွေနဲ့ လဖက်ရည်ဆိုင်သွားထိုင်လိုက်၊ အချင်းချင်းစုပြီး မတောက်တစ်ခေါက်ဂစ်တာတီးလိုက်နဲ့ မသိတဲ့သူကို မတတ်တဲ့သူက ဆရာကြီးတွေလုပ်လို့ကောင်းခဲ့တဲ့ အချိန်လေးတွေပါပဲ။ ပြီးတော့ အချစ်ဝတ္ထု တွေဘာတွေဖတ်ပြီး စိတ်ကူးယဉ်ကြ၊ ကဗျာတွေဖတ်ပြီး (ရည်းစာလည်းမရှိကြသေးပဲနဲ့) လွမ်းကြ၊ ဆွေးကြနဲ့ ပေါ့...။ အခုချိန်ပြန်တွေးကြည့်ရင် တော်တော်ပျော်စရာ၊ ရယ်စရာကောင်းခဲ့ပါတယ်...။ အဲ့ဒီတုန်းကတော့ ကျွန်တော်တို့တွေက ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေခဲ့ကြတာပါပဲ...။ မှန်တာပြောရရင် အဲ့ဒီတုန်းကဆို ကျွန်တော်ဘ၀သရုပ်ဖော်ဝတ္ထုတွေကို မဖတ်ချင်ခဲ့ပါဘူး....။ ကျွန်တော်ဖတ်ခဲ့တာတွေက စာရေးဆရာတွေ ထဲမှာဆို ဆရာငြိမ်းကျော်၊ လင်းသန့်၊ နေနော်၊ မောင်လှမျိုး(ခြင်းချောင်းခြံ)၊ တို့နဲ့ နောက် ဆရာ တာရာမင်း ဝေ၊ နီကိုရဲ၊ မင်းခိုက်စိုးစံ၊ သွန်းနေစိုး၊ စာရေးဆရာမတွေထဲမှာဆို လွန်းထားထား(ဆေးတက္ကသိုလ်)၊ ရှင်မိုး (ဆေးတက္ကသိုလ်)၊ လမင်းမိုမို၊ ပုဏ္ဍမီ၊ ခင်ဦးခင်ခင်(ဆေးတက္ကသိုလ်)၊ ရှား...စတဲ့စာရေးဆရာ၊ ဆရာမတွေ ရဲ့ အချစ်ခံစားမှုဝတ္ထုလေးတွေ....၊ နောက်တော့မှ ဆရာမဂျူး။ မရှိမဖြစ်မိုးနဲ့ အမှတ်တရဆိုတဲ့ ၀တ္ထုတွေဆို အရမ်းကြိုက်ခဲ့မိတာပါ....။

နောက်ပြီးတော့......
ကျွန်တော့တို့သူငယ်ချင်းတွေ တစ်အုပ်ကြီးစုံကြပြီဆိုရင် ဂစ်တာတီးပြီးတော့ သီချင်းဆိုတတ်ကြတာများခဲ့ပါ တယ်...။ (ဟိုးအရင်က) ငါးကျပ်တန်ကျွတ်ကျွတ်အိတ်ကြီးထဲမှာအပြည့်ထည့်ထားတဲ့ သီချင်းစာအုပ်တွေထဲ က သီချင်းတွေကို ဆိုရင်းဆိုရင်းနဲ့ အားမရတော့လို့ နောက်ပိုင်းကိုယ့်ဟာကိုယ်ရေးပြီးဆိုဖို့ကို ကျွန်တော်တို့ ကြိုးစားလာခဲ့ကြမိခဲ့တယ်...။ သီချင်းရေးကြတော့ ကိုယ့်နာမည် အရင်းနဲ့မရေးပဲ...တေးရေးနာမည်ကို ကိုယ့်စိတ်ကြိုက် ကိုယ့်ဟာကိုယ် ရွေးကြတော့ နဂိုထဲက စာတွေကဗျာတွေကို အခုလိုမျိုးပဲ မတောက်တစ် ခေါက်ရေးနေတဲ့ ကျွန်တော်က စိတ်ကူးယဉ်ဆန်ဆန်နဲ့ ဏီလင်းညို လို့ပေးလိုက်ပါတယ်...။ ကျွန်တော် အဲ့ ဒီနာမည်လေးကိုလည်းပေးလိုက်ရော ကျွန်တော့်သူငယ်ချင်းတွေက ၀ိုင်းမေးပါတယ်...။ “ဘာအဓိပ္ပာယ်လဲ” ပေါ့လေ...။ သူတို့မမေးခင်ထဲက ကျွန်တော့်မှာ ဖြေစရာအဆင်သင့်ရှိထားပြီးသားပါ...။

“ငါ့နာမည်က ဘ၀တစ်ခုကို အမြဲကိုယ်စားပြုနေတဲ့ နာမည်လေးကွ”...လို့ ကျွန်တော်က ခပ်ကြွားကြွားလေး ပြန်ဖြေခဲ့လိုက်တော့ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို ၀ိုင်းဆဲခဲ့ကြပါသေးတယ်....။း)

ဟုတ်ပါတယ်...။ တစ်ကယ်လည်း အဲ့သလိုတွေးပြီးကျွန်တော် သေချာရွေးချယ်ခဲ့တာပါ...။ နေ့တစ်နေ့ခြင်းစီ ဟာ ကျွန်တော်တို့ဘ၀ပဲဆိုတာကို လက်ခံထားမိတဲ့ ကျွန်တော့်အတွက် နေ့တစ်နေ့ကို ကိုယ်စားပြုတဲ့ ဒီနာ မည်လေးကို သေချာစဉ်းစားပြီးတော့ရွေးချယ်ခဲ့မိတာ အမှန်ပါပဲ...။

ရောင်နီ(ဏီ) လာချိန်ပြီးတဲ့နောက်မှာ...
နေ့အ လင်း ရောင်အောက်ကို ကျွန်တော်တို့ရောက်ခဲ့ကြရတယ်...။
နေ ညို သွားခဲ့ပြီး အမှောင်ရိပ်အောက်ရောက်ခဲ့ရရင်တော့ နောက်ထပ် နေ့သစ်တစ်ခုကို စောင့်မျှော်ရဦး မှာ... ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ “ဏီလင်းညို”  ဆိုတဲ့ နာမည်လေးကို ကျွန်တော်ရွေးချယ်မိခဲ့တဲ့ အကြောင်း ကို သူငယ်ချင်းတွေကို သေချာရှင်းပြတော့မှ သူတို့က ၀ိုင်းအော်ခဲ့ကြတော့တယ်...။

“ခွေးကောင်... မင်းသိပ်စိတ်ကူးကောင်းတာပဲ”တဲ့လေ....။

(မှတ်ချက်- အဲ့ဒီတုန်းက ကျွန်တော်တို့ရေးထားခဲ့သောသီချင်းများကို မည်သူမှ ယူမသုံးခဲ့ကြပါ....း))

++++++++++

ကျွန်တော် ပြည်ပရောက်ခဲ့ပြီးတော့ တော်တော်လေးကြာမှ အင်တာနက်ကို သုံးဖြစ်ပါတယ်...။ အဲ့ဒါ တောင်မှ မသုံးတတ်သုံးတတ်နဲ့သုံးရတာပါ...။ နည်းပညာနဲ့ပတ်သတ်ရင် ကျွန်တော်ဘာမှမသိပါဘူး။ မြန်မာ စာတွေကို အင်တာနက်ထဲမှာမြင်ရရင် ဘာမှန်းမသိဘူး ကျွန်တော့်ရင်ထဲမှာဝမ်းသာမိတတ်တာပါ...။ တစ် နေ့ ကျွန်တော် နက်ထဲမှာ မြန်မာစာအုပ်တွေရှိတဲ့ဆိုက်ဒ်ကို လိုက်ရှာရင်းနဲ့ အိပ်မက်များဆိုတဲ့နေရာလေးကို ရောက်သွားပါတယ်...။ အဲ့ဒီမှာ ကျွန်တော့်ရင်ထဲမှာ တော်တော်ကြာကြာငုပ်လျှိုးနေခဲ့ရတဲ့ ၀ါသနာက ခေါင်း ထောင်ထလာပါတော့တယ်...။ စာရေးချင်တဲ့ ခံစားမှုပါ...။ အဲ့ဒါနဲ့ ကျွန်တော် အိပ်မက်များမှာ ၂၀၀၉ခုနှစ် ၈ လပိုင်းလောက်မှာ စရေးဖြစ်ခဲ့တယ်...။ ဒီမတိုင်ခင်ကတော့ လောကအလှ အွန်လိုင်းမဂ္ဂဇင်းမှာလည်း နည်း နည်းသွားရေးဖြစ်ခဲ့ပါသေးတယ်...။

နောက်ပိုင်းဘလော့တွေ လိုက်ဖတ်ရင်းနဲ့ ကိုယ်လည်း ကိုယ်ပိုင်ဘလော့လေးတစ်ခုလောက်လိုချင်လာမိခဲ့ပါ တယ်...။ အဲ့ဒါနဲ့ အခုဒီစမ်းတစ်ဝါးဝါးရပ်ဝန်းလေးကို မဖြစ်စလောက် ဥာဏ်လေးတစ်ထွာတစ်မိုက်နဲ့ ဖြစ်ညှစ် ပြီးလုပ်ခဲ့မိတယ်...။ ပြီးတော့ ကျွန်တော် တတ်သလောက်အစွမ်းလေးနဲ့ ရသလောက် အချိန်လေးတွေထဲမှာ စာလေးတွေရေးပြီး...ဒီဘလော့လေးပေါ်တင်ခဲ့မိတယ်....။ အဲ့ဒါကို သူငယ်ချင်း မောင်နှမတွေက စိတ်ရှည် လက်ရှည် လာလာဖတ်ရင်းအားပေးခဲ့ကြတယ်...။ (များသောအားဖြင့် ကျွန်တော့်ပို့စ်တွေက ကုလားကားလို အရှည်ကြီးတွေဖြစ်နေတတ်လို့ပါ...) အဲ့ဒီအတွက်လည်း ကျွန်တော် အမြဲတမ်းကျေးဇူးတင်နေမိခဲ့သလို ကျွန် တော်ပိုင်တဲ့ ဘလော့ဂ်စာမျက်နှာလေးကိုလည်း ပိုတွယ်တာလာခဲ့မိပါတယ်...။ ဒီဘလော့လေးထဲမှာ ကျွန် တော်နဲ့ ထိတွေ့ခွင့်ရတဲ့ ညီအစ်ကိုမောင်နှမ သူငယ်ချင်းတွေက ကျွန်တော့်ကို အမျိုးမျိုးခေါ်ကြပါတယ်...။ ကျွန်တော့်ဘလော့လေးရဲ့နာမည်နဲ့ စာရေးနေတဲ့ ကျွန်တော့်ရဲ့နာမည်အလိုက်ပေါ့....။

တစ်ချို့က.... ညီလေး၊ မောင်လေး၊ အစ်ကို စတဲ့အသုံးအနှုန်းလေးတွေနဲ့ နွေးနွေးထွေးထွေး....
တစ်ချို့ က ကျွန်တော့်နာမည် အပြည့်အစုံ ဏီလင်းညို၊ ကိုဏီလင်းညို လို့ ခင်ခင်မင်မင်....
တစ်ချို့က... ကျွန်တော်နာမည် သုံးလုံးထဲက သူတို့သဘောတစ်ကျခေါ်ချင်တဲ့အတိုင်း....
ကိုဏီ....
ဏီလင်း....၊ ကိုဏီလင်း....
ကိုလင်း...
ကိုလင်းညို....
ကိုညို (ဦးစိတ်တို မပါလို့နော်... နို့မို့ဆို.....း))
ကိုဏီး....
ဏီဏီ....
ဏီလေး....
ဏလည...
ဏိုလင်းငီ...(သူငယ်ချင်း ခြင်ရဲ့ အခေါ်....း))
..... ဆိုပြီးရင်းရင်းနှီးနှီးခေါ်ခဲ့ကြပါတယ်....။

ဘယ်လိုပဲခေါ်ခေါ်... အလုပ်ကနေ အိမ်ပြန်ရောက်လာလို့ ဘလော့ဂ်လေးကိုဖွင့်ကြည့်ရင်း... အဲ့ဒီခေါ်သံ လေးတွေကို နားထဲမှာ ကြားယောင်လာမိနေတတ်တဲ့သူက... ကျွန်တော်ပါပဲ...။ စိတ်ထဲမှာလည်း... ကိုယ့် ဘေးနားမှာ မမြင်နိုင်တဲ့ ရင်းနှီးနွေးထွေးမှုတွေ ကျွန်တော့်ဘေးနားမှာ ၀န်းရံနေခဲ့ရသလိုပါပဲ...။


++++++++++

မေမေကကျွန်တော့်ကို ဟိုးငယ်ငယ်လေးထဲက နာမည်အရင်းပေးထားခဲ့ပြီးသားပါ...။ ကျွန်တော့် ဘ၀အစစ် ထဲမှာ အဲ့ဒီနာမည်လေးနဲ့ ရှင်သန်ရုန်းကန်နေရဆဲဖြစ်သလို...၊ ကျွန်တော်ကိုယ်တိုင်ဖန်တီးထားတဲ့ ဘလော့ဂ် လေးထဲက ဏီလင်းညို ဆိုတဲ့ နာမည်လေးနဲ့ ဒုတိယဘ၀လေးထဲမှာလည်း.... အခုအချိန်ထိ တော့ ပျော်နေဆဲဖြစ်တဲ့ လူတစ်ယောက်အဖြစ် ရှိနေခဲ့တုန်းပါပဲ...။               ။


++++++++++


ပုံလေးကို ဒီနေရာလေး မှယူသုံးပါတယ်ဗျာ....။
============================================================

စာကြွင်း - ဒီပို့စ်လေးကို ကျွန်တော်ရေးဖြစ်သွားတာ.... ညီမလေးနေ့အိပ်မက်က စီဘောက်မှာ လာပြီး
29 Dec 09, 12:33 PM
နေ့အိပ်မက်: ကတည်းက ဟိုမစန္ဒာရဲ့ အရိပ်ထဲက ညီလင်းညိုကိုပဲ သွားသွားသတိရနေလို့

29 Dec 09, 12:33 PM
နေ့အိပ်မက်: သြော် ဒါနဲ့ မေးမယ်မေးမယ်နဲ့ မေ့နေတာ ဏီလင်းညိုဆိုတဲ့နာမည်က ဘယ်လိုရွေးထားတာလဲဟင်.. ဒီဘလော့ဂ်ကိုစရောက်တ......

......လို့ မေးထားလို့ ရေးဖြစ်သွားတာပါ...။ နောက်ပိုင်း ဘ၀သရုပ်ဖော်ဝတ္ထုတွေဖတ်ဖြစ်ခဲ့ပေမယ့် အဲ့ဒီဝတ္ထု ကို ညီမလေးပြောမှပဲ ရှာဖတ်ကြည့်မိခဲ့ရတယ်...။ ဟုတ်ပါတယ်၊ အဲ့ဒီဝတ္ထုထဲမှာပါတဲ့ မောင်နှမသုံးယောက် ထဲက အငယ်ဆုံး ဇတ်ကောင်လေးရဲ့နာမည်ပါ...။ ဒါပေမယ့် ညီလင်းညိုနဲ့ ဏီလင်းညို ဆိုတာ အဓိပ္ပာယ် ခြင်းလုံဝမတူပါဘူး...။ နောက်ပြီးတော့လည်း... ဒီနာမည်လေးနဲ့ပဲ ခုလို မတောက်တစ်ခေါက်စာတွေ ကဗျာ လေးတွေကို ဟိုးအရင်ကတည်းက (မသိခင်တုန်းကတည်းက) ရေးခဲ့တာမို့ ပြောင်းဖို့အစီအစဉ် လုံးဝလည်း မရှိခဲ့တဲ့အတွက် ဒီနာမည်လေးနဲ့ပဲ ဒီစာမျက်နှာပေါ်မှာ တတ်သလောက်၊ မှတ်သလောက်စာလေးတွေ ရေး နေဦးမှာပါ...။ ဒီပို့စ်လေးကို ညီမလေးလာမေးသွားတဲ့က ရေးသင့်မရေးသင့် ချိန်ဆနေခဲ့ရတာရယ်...၊ အစ်မ ၀ါရဲ့ တက်ဂ်ပို့စ်လေးကို ကီးသွင်းပြီးရေးနေရတာရယ်...း) နောက်ပြီး အခုတစ်လော စက်ရုံမှာ လူတွေအ ရမ်းလျှော့သွားလို့ အလုပ်တွေပိုလာခဲ့လို့ မအားနိုင်တာရယ်တွေကြောင့် အခုမှ တင်ဖြစ်လိုက်တာပါ...။

နောက်ပြီးတော့ တစ်လက်စတည်းပြောချင်တာက.. အားလပ်ချိန်အရမ်းနည်းလွန်းလှတဲ့ ကျွန်တော့်အတွက်
ကျွန်တော့်ရဲ့ ဘလော့မှာတင်ထားတဲ့ မောင်နှမတွေရဲ့ ဘလော့လေးတွေကိုတောင် အလျှင်မှီအောင် မနည်း လိုက်ဖတ်နေရတာနဲ့...၊ စာရေးနေရတာနဲ့ တစ်ခြား ဘယ်နေရာကိုမှ မရောက်ဖြစ်သေးတာ ဒီနေ့ အထိဆိုတဲ့ စကားလေးပါပဲခင်ဗျာ....း)

ဒီပို့စ်လေးရေးဖြစ်ခဲ့တဲ့အတွက် ညီမလေးနေ့အိပ်မက်ကိုလည်း...ကျေးဇူးပါဗျာ....း)

===========================================================

ချစ်ခြင်းအားဖြင့်.....
ဏီလင်းညို

28 comments:

မြတ်မွန် said...

မှတ်မိတယ်နော် ကိုဏီး.....
အမှတ်ရအောင် တမင်ခေါ်တာ ကိုဏီးလို့....။
ဏီကို ဏီးလို့ခေါ်တာ စိတ်ချိုးဘူးလို့ထင်ပါတယ်။
ဆိုးဆိုး မဆိုးဆိုး ကိုဏီဆိုပြီ (း ) ထည့်ခေါ်တယ်ဗျို့။
ခင်မင်လေးစားတဲ့။

Khyl said...

နာမည် အရင်း က ဘာပါလဲ ခညာ... အဟဲ နှာစေးသွားတာကြောင့် တမင်မေးလိုက်တာ... မဖြေလဲရပါဒယ်... ဟဲဟဲ

ကိုလူထွေး said...

ဒီလိုဆို ပိုပြည့်စုံသွားမယ် ထင်တယ်..း)

ဏီလင်းညိုမှောင်မိုက်

... စိတ်မဆိုးကြေး...

းဝ)

ရွှေရတုမှတ်တမ်း said...

တော်ပါသေးရဲ့..jan 15 ရက်နေ့မှဒီနာမည်မှည့်ဖြစ်ရင်...
ဏီလင်းကြတ်မှောင်ညို..ဖြစ်သွားမှာ

ဒဏ္ဍာရီ said...

ကိုဏီးရဲ့ အမှတ်တရ နာမည် ရွေးချယ်ထားပုံလေးက အဓပ္ပါယ်ရှိလိုက်တာ။ လက်တွေ့ဘ၀နဲ့ ကိုယ်ဝါသနာပါတဲ့ စိတ်ကူးယဉ်ထဲက ဇတ်ကောင်နာမည်လေးပေါ့။ ကံကောင်းခြင်းတွေနဲ့ ဆုံတွေ့နိုင်ပါစေ ကိုဏီးရေ...။
ညက ခွင့်စေ့ပြီလို့ လာအော်ရကျိုးနပ်သွားတာပေါ့။ နို့မို့ရင် ဘယ်အချိန်အထိ နေအုံးမလဲ မသိ....း)

ခင်မင်လေးစားလျှက်

ညလင်းအိမ် said...

ကောင်းမွန်တဲ့ အမည်ရွေးချယ်မှုလေးပါ အစ်ကို...
အဓိပ္ပါယ်ရှိတဲ့ အမည်လေးနဲ့အတူ အစ်ကိုရဲ့ ဒုတိယ ဘ၀လေးမှာ
အမြဲ ပျော်ရွှင်နိုင်ပါစေ...
ကျွန်တော်ကတော့ အစ်ကိုပဲခေါ်တယ်နော် ...

ခင်တဲ့ ညီ
ညရဲ့ကောင်းကင်

Anonymous said...

ကျွန်တော်ကတော့ အစ်ကိုပဲ ခေါ်တော့ နိုးပရော်ပလုံ... နာမည်က လှတယ်ဗျ...း))

ဂျပန်ကောင်လေး

ကိုဇော် said...

ဟုတ်တယ် ကိုဏီရေ..
စာဖတ်သူတွေက ဘာလို့ ဒီနာမည်ရွေးရတာလဲ ခဏခဏ စိတ်ဝင်တစား
သူတို့ မေးတတ်ကြတယ်။ ဒါကလည်း ရှင်းပြသင့်တဲ့ အရာပါ။
ပျော်ရွှင်ပါစေ..။

Anonymous said...

ကိုလင်းရေ လင်းတာတော့လင်းပေါ့နော် ဟိဟိ နောက်မီးတော့ မလင်းစေနဲ့ ရှေ့မီးက ကျွမ်းသွားမှာ စိုးလို့လေ ဟိဟိ . . .

ခင်မင်စွာဖြင့်

ကိုဏီ ကိုလင်း ကိုညို ကိုဏီလင်းညို ကိုညိုလင်းဏီ

သို့

မှ

ဗညား

မောင်မိုး said...

ကိုဏီရေ..အိုးသူကြီးလုပ်နေရလို့ နောက်ကျသွားတယ်ဗျာ။ မောလိုက်တာ။
ကျွန်တော်လဲ ၉၆ မှာ ၁၀ တန်းအောင်ဗျ။ ၁၀၉-၁၁၀ အလုပ်တွေကတော့
တူပါ့ဗျာ။ ဒါနဲ့ ညိုလင်းဏီလို့ ဘာလို့ မမှည့်ခဲ့တာလဲ။ ညိုလင်းဏီ ဆိုတဲ့ နာမည်ကို ၁ မိနစ်မှာ အကြိမ် ၂၀၀၀ လောက်ရအောင် အဆက်မပြတ်ရွတ်ကြည့်စမ်းပါဗျာ။ ဟဲ..ဟဲ။

ခင်တဲ့
မောင်မိုး

ရီမိုးပြည့်  said...

အစ်ကိုရေ.. နာမည်ကို အဲလိုအဓိပ္ပာယ်ရှိရှိ ပေးတက်လိုက်တာနော်။ စိတ်ကူး လေးကတော့ ကောင်းတယ်။

Anonymous said...

သိချင်နေတာကြာပါပြီ။ ဂလိုကိုးးးး

SHWE ZIN U said...

နာမည်လေး က သိပ် စိတ်ကူးကောင်းတယ်

ကိုဏီးရေ

ဟို ကိုကျီးကြောက် ကြီးကတော့ မနာလိုဝန်တိုဖြစ်နေလေရဲ့

အင်ကြင်းသန့် said...

ကိုဏီးက စာတင်အရေးတော်တာမဟုတ်ပဲ နာမည်လည်းအရွေးတော်တာပါပဲလား
တကယ်ကို အဓိပ္ပာယ်ရှိပါတယ်
ဒီ့ထက်ပိုပြီးတော့လည်း ဘ၀တစ်လျှောက် အောင်မြင်ပျော်ရွှင်မှုတွေ ရပါစေ...

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

စံလင်းထွန်း said...

ရောင်နီ(ဏီ) လာချိန်ပြီးတဲ့နောက်မှာ...
နေ့အ လင်း ရောင်အောက်ကို ကျွန်တော်တို့ရောက်ခဲ့ကြရတယ်...။
နေ ညို သွားခဲ့ပြီး အမှောင်ရိပ်အောက်ရောက်ခဲ့ရရင်တော့ နောက်ထပ် နေ့သစ်တစ်ခုကို စောင့်မျှော်ရဦး မှာ...

အဓိပ္ပါယ်ဖွင့်ဆိုချက်လေးကောင်းတယ်။ ကိုဏီးရေ..

စာအရေးအသားတွေကို အရမ်းသဘောကျတယ်။

ခင်မင်တဲ့
စံလင်းထွန်း

နေ့အိပ်မက် said...

နာမည်တောင် ဒီလောက်ရွေးတတ်မှတော့ စာရေးကောင်းတာက ပျော်စရာမလိုတော့ဘူးနော်။ နေ့အိပ်မက်သိချင်တာကို ပို့စ်ကောင်းကောင်းလေး ရေးပြီးဖြေပေးတဲ့အတွက် ကျေးဇူးအများကြီး အများကြီးတင်ပါတယ် ကိုဏိုလင်းညီ.. အဲလေ.. ကိုဏီလင်းညို... :P
အရိပ်ထဲက ညီလင်းညိုကို နေ့အိပ်မက် တအားကြိုက်တာလေ.. အဲဒါကြောင့် မေးကြည့်တာ.. :D

kiki said...

ဪ.. “ဏလည” “ဏလည ”
အစက ထင်မိတာ “ကလည” နဲ့  ညီ အစ်ကို တော်သလား လို့ 
ခုမှ သိတယ်
ညည မှာ နီညိုရောင်တွေ လင်း နေတာ ကိုးးးး

ဆက်ပြီး လင်း နိုင် ပါစေ ..
( ဂူဂယ် ခရုမ်းကြီး နဲ့ ဝင်တာ ဘယ်လိုမှ စာတွေမမြင်ရ လို့  မြေခွေးအားကိုးနဲ့  တိုးဝင်လာရတယ် .. နောက်ကျသွားပါတယ်..ဆောတီး ဆရာ .. )

ခရေညို said...

ဪ ဏီလင်းညို ရဲ့ ဖြစ်တည်ခြင်းအစက ဂလိုကိုး

မနောဖြူ said...

နံမည်ပေးထားပုံ စိတ်ကူးရော စာအရေးအသားရော အရမ်းကောင်းပါတယ်။
အမြဲတမ်းအားပေးနေပါတယ် နော်။

နှင်းဟေမာ said...

ရောက်လာတယ် အစ်ကို စာတွေ တ၀ကြီး ဖတ်သွားတယ် ...
ဝါသနာအရ စာကောင်းပေမွန်တွေ အကျိုးပြုရသစာပေတွေ အများကြီး ဆက်လက်ရေးသားသွားနိုင်ပါစေ ... ခင်မင်လေးစားလျှက်

သိင်္ဂါကျော် said...

ဒီလို ရေးပြတော့လည်း ဒီနာမည်လေးက လှသလို အဓိပ္ပါယ်လည်း ရှိတာကိုး...

Cameron said...

အမလေး မောလိုက်တာ...ဏီဏီကိုကွန်မန့်ပေးနေတာ တစ်ရက်တောင်ကြာသွားတယ် လိုင်းမကောင်းလို့...။
နာမည်လေးရဲ့ အဓိပ္ပါယ်ကို သေချာသိရတော့ တော်တော်ကောင်းတဲ့ နာမည်လေးပဲ...။

ခင်မင်စွာဖြင့်
မိုးငွေ့

အနမ်း said...

ရောင်နီ(ဏီ) လာချိန်ပြီးတဲ့နောက်မှာ...
နေ့အ လင်း ရောင်အောက်ကို ကျွန်တော်တို့ရောက်ခဲ့ကြရတယ်...။
နေ ညို သွားခဲ့ပြီး အမှောင်ရိပ်အောက်ရောက်ခဲ့ရရင်တော့ နောက်ထပ် နေ့သစ်တစ်ခုကို စောင့်မျှော်ရဦး မှာ... ဆိုတဲ့ အဓိပ္ပာယ်လေးနဲ့ “ဏီလင်းညို” ဆိုတဲ့ နာမည်လေးကို ကျွန်တော်ရွေးချယ်မိခဲ့တဲ့ အကြောင်းးး
သြော် ဂလိုကိုးးး
ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ်ပေါ့နော်။း))

ယောနက်သန် said...

စိတ်ကူးကောင်းတယ်...။ စာတွေဖတ်သွားပါတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေ။

ချစ်သူမောင် said...

ကဲရေးပါ့မယ် ကိုဏီရေ အချိန်မအားလပ်တဲ့ ထဲမှာကျွန်တော်လည်းပါတယ်
တခါတရံ ကာရံထပ်သွားတဲ့ကဗျာတွေ ဖတ်ပေးသွားတဲ့ အတွက်လည်းကျေး ဇူးတင်ပါတယ် အင်းပို့စ်ရှည်တာကတော့တတ်နိုင်ဘူးဗျာ ကိုယ်ပေးချင်တဲ့ message ကိုရဖို့ပဲအရေးကြီးပါတယ်
ဥပမာ-မြတ်နိုးတွယ်တာချသ်ရပါသောနှင်း(ကျွန်တော့ရဲ့ပို့စ်) အဲဒီမှာကိုယ့်ကိုထိန်းသိမ်းနိုင်စွမ်းရှိတဲ့ ယောက်ျား လေးတွေ(ရှိသင့်ရှိထိုက်တဲ့အရည်ချင်းမျိုး) နောက်စောင့်ထိန်းအပ်တဲ့ကျင့်ဝတ်သိက္ခာ အဲတာမျိုးလေးတွေ နားလည်ခံစားပေးနိုင်ယင်တော့ ရေးရကျိုးနပ်ပါတယ်
ကိုဏီလည်း စာအရေးအသားကောင်းတယ်ဗျာ

ခင်မင်လျှက်
ချစ်သူမောင်

မောင်သီဟ said...

စိတ်ကူးကောင်းလေးဗျ
နာမည်ပေးတော်တယ်
ဘကြိုင်နဲ့တော့တခြားဆီလေ
ကျွန်တော့်သားလေး သမီးလေးမွေးရင် နာမည်မှည့်ပေးစမ်းပါအုံးး)း)x

မြသွေးနီ said...

အဓိပါယ်ရှိတဲ့ နာမည်လေးတွေပေးရတာ တကယ့်ကို စိတ်ဝင်စားစရာပါနော်။

ရွှေနတ်သား said...

ကိုဏီလို့ ခေါ်တာမမှားပေါ့ နော်..ဒါဆို...ကျွန်တော်က ၉၇ မှာကျ
၉၈ မှအောင်တယ်လေ...
နာမည်ကိုဆန်းလို့ စိတ်ဝင်စားမိတာ...(နာမည်နော်)
ဟိဟိ.....
အခုတော့ ကျွန်မသိပြီ၇ှင်