Friday, January 21, 2011

ကောင်းကင်များရဲ့အထုပ္ပတ္တိ (ငြိတွယ်...)

အဲ့ဒီညက...
အိမ်အပြင်ဘက်မှာ လ,မသာခဲ့ဘူး......
မြူနှင်းတွေကတော့....ဝေ့ဝေ့၀ဲဝဲနိုင်လို့ရယ်....။

အိမ်အတွင်းမှာတော့.....
ဆောင်းညရဲ့ အေးစက်တဲ့လက်တံတွေ...
ပြိုလဲကာ....ယိုင်နဲ့နေခဲ့ကြရတယ်....
နွေးထွေးမှုတွေက အသင်္ချေနဲ့မို့....။

အဝေးကပြန်ရောက်လာတဲ့ ငါ့သား...
ရေအရင်ချိုးမလား......၊ ထမင်းအရင်စားမလား...
တက်ကြွနေခဲ့တဲ့ အမေ့ရဲ့အသံ.....
ကျွန်တော်သိတယ်....အမေ....
အမေသိပ်ပျော်နေခဲ့တယ်.....။
အမေ့မျက်လုံးလေးတွေက....
ကောင်းကင်က ကြယ်ပွင့်လေးတွေလို......
တဖျတ်ဖျတ်နဲ့ လင်းလက်နေခဲ့လို့....။

ဟိုမှာ ရာသီဥတုဘယ်လိုတုန်း.....။
ငါ့သားလေးက ပင်ပန်းလာခဲ့တာ...
သူ့ကို မနှောက်ယှက်ကြနဲ့.....။
ဒီည သားကြိုက်တဲ့ငါးရံ့ဆီပြန်ဟင်းချက်ထားတယ်....။
သြော် ဒါက အမေ့အတွက်ဝယ်လာတာတဲ့လား.......
ဒီလိုဆိုတော့လည်း ငါ့သားက အမေ့အကြိုက်သိသားပဲ....။
အမေနေကောင်းတယ် စိတ်မပူနဲ့..
မင့်ကိုသာ အမေကစိတ်ပူနေတာ...။
စကားမစပ်လေ....
အဲ့ဒီမင်းသားအသစ်က ငါ့သားလေးလောက်တောင်မချောဘူး.....။
သားသိအောင် အမေပြောပြရဦးမယ်....
သားပြန်လာအောင်ရည်မှန်းပြီး အမေခဏခဏအဓိဌာန်ဝင်တယ်.... ။
အမေ့စကားသံတွေက ရွှန်းရွှန်းဝေ....
သို့ပေမယ့်.....
အမေ့ရဲ့ ဟန်ပန်ကချည့်နဲ့နေ....။

ဒီည အမေသိပ်စကားများနေတယ်ရယ်...လို့....
မိသားစုက ၀ိုင်းကျီစယ်စကားဆိုကြတော့.....
အမေက အပြုံးမျက်စောင်းနဲ့တုန့်ပြန်တယ်...။
ပြီးတော့ပြောတယ်....
ငါ့သားလေး.....ပြန်ရောက်လာတာကိုးဟဲ့....တဲ့...။

ရှင်သန်နေထိုင်ခဲ့ရာ......
မြို့ကြီးပြကြီးနဲ့....
အဆောင်အယောင်အားလုံးကို.....
လွှတ်ချ၊ ကျောခိုင်းပစ်ခဲ့တဲ့ ကျွန်တော်.....
အမေ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံတဲ့ခဏမှာ....
အမေ့အနားနားကပ်ပြီး.....
ကျွန်တော့်ကို သိပ်ချစ်တာပဲလားအမေရယ်...လို့....
ခပ်တိုးတိုးမေးလိုက်မိတော့....
အမေက ငိုတယ်.....။

ပြီးတော့.....
ကျွန်တော့်ကို ခပ်တင်းတင်းဖက်တွယ်ပြီး...
တုန်ယင်တဲ့လေသံနဲ့ ဆိုလေတယ်....။
“သားရယ်......
သိပ်လွမ်းခဲ့ရတယ်......
နောက်တစ်ခါ အဝေးကြီးမသွားပါနဲ့တော့နော်...
အမေတို့က အသက်ကြီးခဲ့ပြီ”.......တဲ့လေ....။ ။

===================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို
၎၊ ဇန်န၀ါရီလ၊ ၂၀၁၁
ကြာသာပတေးနေ့ (လွပ်လပ်ရေးနေ့)
နံနက် ၀၀း၄၅ နာရီ။
(မြန်မာပြည်)
ငြိတွယ်....

===================================================

ကိုရင်ညိန်းစီစဉ်တဲ့ ၁၉၊ ၀၁၊ ၂၀၁၁ ရက်နေ့(ပြာသိုလပြသိုလပြည့်နေ့)မှာကျရောက်ခဲ့သော အမေများနေ့အတွက် ကဗျာစာအုပ်လေးထဲက ကျွန်တော်ရေးထားတဲ့ ကဗျာလေးပါ..။ ပုံတွေနဲ့ လင့်ခ်တွေနဲ့ တင်ချင်ပေမယ့်လည်း...အဆင်မပြေဖြစ်နေလို့....ဒီအတိုင်းပဲ အလွမ်းပြေတင်မိလိုက်ပါတယ်...။

ပါဝင်.. ရေးသားသူများ ကတော့...

ကောင်းကင်ကို၊ ကျော်ညိုသွေး၊ ခန့်နေ၊ ငြိမ်းစိုးဦး၊ ဆောင်းယွန်းလ၊ ညိမ်းညို၊ တောကျောင်းဆရာ၊ တင့်ထူးရွှေ၊ ထွန်းတောက်နေ၊ ဏီလင်းညို၊ ပန်ဒိုရာ၊ ဗသားချော၊ ဗညားရှိန် (ခ) လင်းခေတ်ဒီနို၊ မိုးမြင့်တိမ်၊ မိုးလှိုင်ည၊ မင်းယွန်း၊ မင်းသုခ၊ မောင်ခင်လေး၊ မောင်ဖုန်းမြင့်၊ ရွှေပြည်သူ၊ ရွှန်းမီ၊ သင်ကာ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင်၊ အမရာ၊ ဧဏီမင်း၊ အိုင်လွယ်ပန်၊ အိန္ဒြာ တို့ပဲဖြစ်ပါတယ်။

ကျွန်တော်ရေးတဲ့ ကဗျာလေးကို သရုပ်ဖော်ပုံဆွဲထားပေးတဲ့ မပန်နဲ့ စီစဉ်ခဲ့တဲ့ ကျေးဇူးတင်ထိုက်သူအားလုံးအား...ခင်မင်လေးစားစွာကျေးဇူးတင်လျှက်ပါ။

အောက်ကလင့်ခ်ကလေးကိုသွားပြီး တစ်အုပ်လုံးကို...ဒေါင်းဖတ်နိုင်ပါတယ်.။
ကျွန်တော်တင်ဖို့ အခက်အခဲဖြစ်နေပါ၍........:P
http://www.lynnkhitdeno.net/2011/01/blog-post_19.html


=========================================================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို....
၂၂ရက်၊ ဇန်န၀ါရီလ၊ ၂၀၁၁ခုနှစ်။
စနေနေ့။
နံနက် ၁၁နာရီ ၅၀မိနစ်။
(မြန်မာပြည်)

18 comments:

မေဓာဝီ said...

မြန်မာပြည်ပြန်ရောက်နေပြီလား
ဝမ်းသာတယ် ဏီလင်းရေ
မိသားစုတွေလဲ ပျော်နေမှာပေါ့ ...
စာတွေပြန်ရေးဖို့ မျှော်နေမယ်နော် ...

သဒ္ဓါလှိုင်း said...

ကိုဏီလင်းရေ...
အနှိုင်းမဲ့မေတ္တာရှင်အမေရဲ့မေတ္တာကို ထပ်တူခံစားမိပါတယ်။ အဝေးရောက်နေတဲ့သား
ပြန်လာတာ ဘယ်လောက်ဝမ်းသာမလဲဆိုတာ
ခံစားမိပါတယ်.။ ကိုဏီလင်းလည်း အမေရဲ့မေတ္တာရိပ်
အောက်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ အတူ
နေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
ကျန်းမာရေးဂရုစိုက်နော်။
ခင်မင်တဲ့
သဒ္ဓါ

အဖြူရောင်နတ်သမီး said...

ကိုဏီကြီး
နေကောင်းတယ်ဟုတ်...
အမေ့ရင်ခွင်ထဲ တိုးဝင်ပြီး အလွမ်းသယ်နေတယ်ပေါ့လေ..
အားကျတယ်...
အမေ့ရဲ့ နွေးထွေးတဲ့ ရင်ခွင်ထဲက ကိုဏီကြီး တယောက် ကျန်းမာပျော်ရွှင်ပြီး အစစ အရာရာ အဆင်ပြေပါစေရှင်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

တကယ်လဲ အမေ့ရင်ခွင်ကို ပြန်ရောက်ချိန်ဆိုတော့ ခံစားချက်အစစ်အမှန်တွေမို့လို့ အမေနဲ့သားရဲ့ ငြိတွယ်မှုက အထင်းသားကလားနော်... ကောင်းလိုက်တဲ့ ကဗျာလေး
ပျော်စရာကောင်းတဲ့ မိသားစုလေး ပြန်ဆုံကြတာ ၀မ်းသာပါတယ်ကိုဏီ..
အစစ ပျော်ရွှင် အဆင်ပြေပါစေ

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလေး ..

ကဗျာဖတ်ရင်း
အိမ်ကို ပိုသတိရတယ် ...


ခင်မင်လျှက်
ဆောင်းနှင်းရွက်

လင်းခေတ်ဒီနို said...

ဟာ လူဇိုးကြီး သူများလင့်ကြီး ချပေးထားတယ်ပါလားး))) စောစောစီးစီးပြောပါလား လုပ်ပေးတာပေါ့ အဲဒါပေါ့ ညီအကို စိတ်ကို မရှိဘူး လုပ်ပေးမယ်လို့ ပြောတာာတေင် အားကနာနေသေးး)))))


ကတိတည်နော် ကတိတည် စားမရေးလို့က မိုးကောင်းဘုရားနားမှာ လာအော်မှာ ( ဟောဒီက ဏီလင်းညို)))))) အယ် ဟောဒီက ပဲပြုတ်)))) ဆိုပြီး လာအော်မှား)

ဆွေလေးမွန် said...

အိမ်ကိုလွမ်းတယ်..
ကဗျာလေးဖတ်နေရင်း တစ်ကယ်ကိုလွမ်းတယ်။

Cameron said...

ဏီဏီ့ပို့စ်လေးကိုဖတ်ပြီး မျက်ရည်ဝဲမိတယ်...။ အိမ်ပြန်ရောက်လာတဲ့သားတစ်ယောက်နဲ့ အမေတို့ရဲ့ အပြန်အလှန်အလွမ်းသယ်ခန်းလေးကို ရိုးစင်းစွာရေးချထားပုံလေးကလဲ ချစ်စရာကောင်းတယ်..။ ကောင်းတယ်အမေများနေ့မှာ အမေ့ကို ကျေးဇူးဆပ်လိုက်တဲ့ ပို့စ်တစ်ပုဒ်ပါပဲ...။

ခင်တဲ့
မိုးငွေ့

Anonymous said...

ဦးကပ်စေး အမေနားပြန်ရောက်တော့ ကပ်ချွှဲလေးတွေ လုပ်နေပုံရတယ် ဒီကဗျာလေးက
ဖတ်ပြီးတာ
ကြာလှပေါ့ စာအုပ် အွန်လိုင်းပေါ် ရောက်ကထဲက ကဗျာလေးက ခံစားချက်တွေပေါ်လွင်အောင် ရေးထားတာလေး ကောင်းပါ၏။ စာတွေပြန်ရေးပါဦးနော် ကိုးနတ်ရှင်တွေလည်း နောက်ကောင်းတော့မှာပါလေ
ကျန်းမာရေးတော့ ဂရုစိုက်နော်
ခင်မင်စွာဖြင့်
မေ

kiki said...

ဏလည ရေ..
အမေ့ အနားမှာ အမေ့သား ပြန်လုပ်နေရတာ သိပ်ကောင်းတာပေါ့ ...( အစ်မ အိမ် ခန ပြန်တုံးက အမေ ပျော်နေတဲ့ ပုံလေး ပြန်မြင်ယောင်မိသွားတယ် ....ခုတော့လည်း အဝေးကနေပဲ လွမ်းနေရ ပြန်တယ်လေ )
မိသားတစု လုံး ကျန်းမာ ရွှင်လန်း စွာနဲ့  အဆင်ပြေ ပျော်ရွှင် ကြပါစေ နော် ..

ခင်တဲ့
မကိ

မောင်သီဟ said...

တို့ရွာမှာ ဘလော့ဂင်းနေပြီပေါ့လေ ကိုဏီ
ကျွန်တော်က နေပြည်တော်ရောက်နေတယ်ဗျာ

ညလင်းအိမ် said...

အစ်ကိုရေ ၀မ်းသာမိတယ် .. အခုလို ကြားရတာ ပျော်လည်း ပျော်တယ် ... အစ်ကို အမြဲ ဖြစ်ချင်တဲ့ အမြဲစိမ်းတောလေးမှာ ခုတော့ ပျော်နေပြီပေါ့ ...

ကျွန်တော်လည်း ပျော်တယ် ....

အစ်ကို ကျန်းမာပါစေ ..

ခင်တဲ့ ညီလေး
ကိုတူး

တောက်ပကြယ်စင် said...

အမေ့မေတ္တာ ကဗျာလေးကို ဖတ်သွားပါတယ်။ သိပ်ကောင်းတဲ့ ကဗျာလေးပဲ။ ဦဇင်းအမေလည်း လောကမှာ ရှိနေဦးမယ်ဆိုရင် ဦးဇင်းကို ချစ်နေဦးမှာပဲ သေချာပါတယ်။

ခြင် said...

ဏီဏီရေ..... နာတော့ ဦးဆုံးဆုတောင်းခွင့်ရလိုက်ပီဟေ့.... ဟတ်ပီးဘသ်ဒေးးးးးးးးးးးးးးးးးးးးးးးးးးးး

မလေးအိမ့်ချမ်းမြေ့ said...

ကိုဏီရေ...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေရှင်း)

မောင်သီဟ said...

သင်္ကြန်တွင်း ရေလောင်းရင်း ကဗျာလာဖတ်သွားတယ်ဗျာ့
ကိုဏီး) မင်္ဂလာနှစ်သစ်ပါး)

သဒ္ဓါလှိုင်း said...

ကိုဏီလင်း
သတိရလို့ စာတွေလာဖတ်တယ်။
ကျန်းမာရေးလည်း ဂရုစိုက်အုံးနော်.။
အဆင်ပြေပါစေလို့။။။
ခင်မင်လျက်
သဒ္ဓါ

စံပယ်ချို said...

အမေ အကြောင်းဆိုတော့
ကျွန်မလဲ အမေကိုလွမ်းပြီးငိုမိပါတယ်
ရင်ထဲထိအောင်ရောက်သွားတယ်
အရမ်းကောင်းတဲ့ကဗျာလေးပါ။
ချမ်းမြေ့ပါစေရှင်။