Wednesday, November 18, 2009

“အလင်းတိုင်တစ်ခုရဲ့ ဘ၀”...(နတ်သမီးအတွက်...မွေးနေ့ကဗျာ...)

“အလင်းတိုင်တစ်ခုရဲ့ ဘ၀”...

ရောင်စဉ်ဖြာ လင်းလဲ့မှုတစ်ချို့နဲ့....
ဖြူစင်စွာ ကျွမ်းလောင်ခဲ့မိတဲ့နောက်....
နွေးထွေးတဲ့ ‘အလင်းတိုင်’တစ်ခုရဲ့ဘ၀....
ငါ... ရရှိခဲ့မိတယ်...။

ပျံသန်းလာခဲ့မယ်...
အလင်းမဲ့ ရပ်ဝန်းများဆီသို့....
နုနယ်တဲ့ အတောင်ပံတစ်စုံကို ဖြန့်ကျက်ရင်း....
ငါ... ပျံသန်းလာခဲ့မယ်....။

နေခြည် နွေးဖျာတဲ့...
ရောင်စဉ်နဲ့ မနက်ခင်းတွေမှာ...
မလိုအပ်သေးရင် ချောင်မှာ ထိုးထားခဲ့...။
ဒါပေမယ့်...
မိုးချုပ်ညဥ့်နက်.. ၀ိုးတစ်ဝါးလမ်းမတွေထက်...
လမ်းပျောက်နေမယ့်သူ တချို့အတွက်....
ကူညီဖို့ ငါအမြဲ အသင့်ရှိနေခဲ့တယ်...၊
မင်း... ထွန်းညှိတတ်ဖို့ပဲလိုပါတယ်...။

တစ်ကယ်လို့များ...
လိုချင်နေခဲ့တယ်... လိုအပ်နေခဲ့တယ်ဆို...
ငါ့... အလင်းစက်တွေကို...ကူးယူသွားလိုက်စမ်းပါ...
အမိုက်မှောင်ထုကို ခွင်းဖို့ အတွက်သာဆို...
ထာဝရကြည်ဖြူစွာနဲ့
ဘယ်သောခါမဆို...ငါ... ပေးလိုက်ချင်ပါရဲ့....။

ငါ .... ကျင်လည်ခဲ့ရာ ၀န်းကျင်ငယ်လေးတွေမှာ
ပြင်းတစ်လှည့်.... ညှင်းတစ်လှည့် တိုက်ခတ်နေတဲ့....
ကံကြမ္မာ လေလှိုင်းတွေရဲ့ကြား...
ကြိုးစား၊ ရပ်တည်၊ ရှင်သန်ရင်းနဲ့...
ဘ၀ရဲ့ အဓိပ္ပါယ်တစ်ခု...
ထုဆစ်ကာ...သွန်းလောင်းမိခဲ့ပြီ...။

ဒီလိုနဲ့ပဲ...
တငွေ့ငွေ့ကျွမ်းလောင်ရင်း....
တဆစ်ဆစ် တိုတောင်းနေခဲ့ရတဲ့...
ဘ၀တစ်ခုမှန်ပေမယ့်လည်း...
တတ်အားသမျှ အလင်းငယ်လေး..ဖြန့်ကျက်ပေးရင်း...
အလင်းမဲ့ ရပ်ဝန်းလေးတွေအတွက်....
ငါလေ....
သက်တမ်း မကုန်ဆုံးသေးသရွေ့
စွမ်းသလောက်...လဲ့ဖျာနေခဲ့ဦးမယ်...။ ။





ဏီလင်းညို
၁၇၊ ၁၁၊ ၂၀၀၉
အင်္ဂါနေ့
ည ၁၀နာရီ... ၄၀မိနစ်
(အလင်းတိုင် တစ်ခုရဲ့ ဘ၀)

နတ်သမီးရေ....
ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေလို့လည်း...ကြိုပြီး..ဆုတောင်းပေးလိုက်ပါတယ်ဗျာ...။
ဒီလို ကဗျာလေးတွေ...မရေးဖူးလို့ မရေးတတ်ရေးတတ်နဲ့ ရေးလိုက်ပါတယ်ဗျာ...။
အားနည်းချက်များရှိရင် တောင်းရော...၊ ဇကောရော ပန်အပ်ပါ၏။

ခင်မင်တဲ့
ဏီလင်းညို

10 comments:

အဖြူရောင်နတ်သမီး said...

ကဗျာလေးဖတ်ပြီး အားတွေတက်လာတယ်...
နတ်သမီးအတွက် ကဗျာလေးရေးပေးခဲ့တဲ့ ကိုဏီလင်းညို ကို ကျေးဇူးအထူးတင်ပါတယ်ရှင့်...

မောင်သီဟ said...

နတ်သမီးအတွက်မွေးနေ့လက်ဆောင်ကဗျာလေးရေးထားတာဂွတ်တယ်ဗျ
း) ကျွန်တော်လဲလာဖတ်သွားတယ်
း) ပျော်ရွင်ပါစေ
း)

ညလင်းအိမ် said...

ကောင်းလိုက်တာဗျာ....
ဖယောင်းတိုင်လေးတတိုင်ရဲ့ ရသနဲ့အလှကို
ပေါ်လွင်အောင် ရေးနိုင်တယ်နော်...

ဒါ့မှ ငါ့အစ်ကိုကြီးကွ...း)

အဖြူရောင်နတ်သမီး said...

အမိုက်မှောင်ထုကို ခွင်းဖို့ အတွက်သာဆို...

ထာဝရကြည်ဖြူစွာနဲ့

ဘယ်သောခါမဆို...ငါ... ပေးလိုက်ချင်ပါရဲ့....

Anonymous said...

ငါ .... ကျင်လည်ခဲ့ရာ ၀န်းကျင်ငယ်လေးတွေမှာ

ပြင်းတစ်လှည့်.... ညှင်းတစ်လှည့် တိုက်ခတ်နေတဲ့....

ကံကြမ္မာ လေလှိုင်းတွေရဲ့ကြား...

ကြိုးစား၊ ရပ်တည်၊ ရှင်သန်ရင်းနဲ့...

ဘ၀ရဲ့ အဓိပ္ပါယ်တစ်ခု...

ထုဆစ်ကာ...သွန်းလောင်းမိခဲ့ပြီ...။



ကောင်းလိုက်တဲ့ကဗျာလေးပါ အကို

ဒဏ္ဍာရီ said...

မွေးနေ့လက်ဆောင် အတွက် ကဗျာလေး လာဖတ်သွားတယ် အကို...။ ကဗျာ မစပ်တတ်တဲ့ ညီမအတွက်တော့ ကဗျာလေးက အရမ်းကောင်းတယ်။

"ရောင်စဉ်ဖြာ လင်းလဲ့မှုတစ်ချို့နဲ့....

ဖြူစင်စွာ ကျွမ်းလောင်ခဲ့မိတဲ့နောက်....

နွေးထွေးတဲ့ ‘အလင်းတိုင်’တစ်ခုရဲ့ဘ၀....

ငါ... ရရှိခဲ့မိတယ်...။ "

ဒီအပိုဒ်လေးက အဓိပ္ပါယ် အပြည့်ရှိတယ် အကို။

ခင်မင်လေးစားလျှက်

Beauty Studio USA Branded Store said...

ဒီမှာလဲ အဖြူရောင်နတ်သမီးအတွက်ကဗျာလေးကိုး။ မရေးတတ်လိုသာဗျာ ကောင်းလိုက်တာ။နတ်သမီးလေးအတွက်လဲ Happy Birthdayပါလို့........။

Khyl said...

ကဗျာလေးကကောင်းလိုက်တာနော်.... ညီမနတ်သမီးလေးတော့ ပျော်မှာပဲဗျို့...

မင်းအိမ်ဖြူ Minn Eain Phyu said...

ကိုညိုနဲ့ ထပ်တူ ခံစားပေးသွားပါတယ်

နတ်သမီးလေး ပျော်ပါစေ

မင်းအိမ်ဖြူ

~ဏီလင်းညို~ said...

စာရေး၊ စာဖတ်ဖော်..သူငယ်ချင်းဖြစ်တဲ့ “အဖြူရောင်နတ်သမီး”အတွက် တစ်ကယ့်ကို မရေးတတ်ရေးတတ်နဲ့ရေးထားတဲ့ ကဗျာလေးကို လာဖတ်ပေးသွားကြတဲ့ သူငယ်ချင်း မောင်နှမတွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်ဗျ...။

အားလုံးကို...လေးစားခင်မင်နေတတ်တဲ့...

ဏီလင်းညို