Monday, August 31, 2009

နားလည်တတ်ခဲ့စွာ....

ဝိုးတစ်ဝါး အလင်းရောင်ကိုအားကိုးလို့.....
မင်းအတွက်....
ထာဝရအလင်းဖျာပေးမယ့် ငါ့ကို
ဥပက္ခာပြုလို့ မင်းထားခဲ့လေတော့......။

ဒီမှာ....
မင်းရဲ့ လက်နှစ်ဖက်နဲ့ ထုဆစ်ထားခဲ့တဲ့ငါ့ရဲ့ ဘဝ
ပြာကျမသွားသေးခင်.....
တစ်ချက်လောက်တော့....ငဲ့ကြည့်လှည့်.....။

ကမ္ဘာကြီးက....
ဘယ်သူ့မျက်နှာကိုမှ မလိုက်ဘဲ....
သူ့ဘာသာသူ တိမ်းစောင်းနေခဲ့တာပါ....။
ငါ့ရဲ့ ကမ္ဘာငယ်လေးကတော့...
မင်းဘက်ကို အဆမတန်တိမ်းစောင်းနေခဲ့တာ....
ဒါတွေကို မင်းမသိတတ်တော့....
ဒီကောင်ဟာ ... ရူးသွပ်သွားတော့မတတ်ပေါ့....။

ဘာပဲဖြစ်ဖြစ်ပါ....
အခုတော့လည်း....
ရင်ခွင်သစ်ရဲ့  ရဲရင့်မှုကို.....
မင်း.....
နှစ်ခြိုက်တတ်နေခဲ့ပြီမဟုတ်လား.....?

~ ဏီလင်းညို ~
07th August 2009
09:07 a:m
(In Malaysia)
နားလည်တတ်ခဲ့စွာ....

No comments: