Friday, September 21, 2012

ဒုက္ခကိုယ်စီ


 
တစ်ခုသော ညဥ့်နက်ချိန်တွင်ဖြစ်၏။

ထိုညက ရန်ကုန်တစ်မြို့လုံးပေါ်သို့ မိုးရေစက်များ ခပ်သည်းသည်း ရွာသွန်းစွေနေခဲ့သည်။ ကောင်းကင်တစ်ခုလုံးမှာလည်း မည်းမှောင်နေရသည့်ကြားထဲ တိမ်မည်းများကြောင့် မှိုင်းရီနေခဲ့ရ၏။ ရံဖန်ရံခါတွင် လျှပ်စီးများ လက်ဖျာကာ မိုးထစ်ချုန်းနေတတ်သေးသည်။

~~~~~@@@~~~~~
ရန်ကုန်မြို့တွင်းရှိ လူကုံထံများနေထိုင်သော ပလက်တီနမ်တောင်ကြား (ရွှေတောင်ကြားထက် အဆင့်မြင့်ပါ၏။) မှ သိန်းထောင်ပေါင်း၊ သောင်းပေါင်း၊ သိန်းပေါင်းများစွာ ကြွယ်ဝသော ဒိတ်ဒိတ်ကျဲ သူဌေးကြီး ဦးရိုက်စားသည် ညဥ့်နက်လှပြီဖြစ်သော်လည်း အိပ်မပျော်နိုင်ခဲ့သေးပါ။ ပိတ်ထားသော မှန်ပြတင်းပေါက်အား မိုးရေစက်များ လာရောက်ထိမှန်ပြီး ရေစီးကြောင်းများအဖြစ် စီးဆင်းသွားနေတာကို ငေးကြည့်နေပါသည်။ သူတို့တစ်အိမ်လုံး မိုးအေးအေးနှင့် အိပ်မောကျသွားကြပြီဖြစ်သော်လည်း သူဌေးကြီးကတော့ အိပ်မပျော်နိုင်ခဲ့ သေးရှာပါ။

မိုးရေစီးကြောင်းများကို ငေးရင်း သူဌေးကြီး ဦးရိုက်စား တွေးနေမိခြင်းကြောင့်သာ ဖြစ်ပါသည်။ သူ့အတွေးမှာ အောက်ပါအတိုင်းပင် ဖြစ်၏။

“အင်း.... ဒီထက်ပိုပြီးချမ်းသာလာရအောင်... ငါဘယ်လို လုပ်ရင်ကောင်းမလဲ။ ပြီးတော့ ငါ့ရဲ့တတိယမြောက် စမောလေးရော မိုးအေးအေးမှာ ဘယ်သူနဲ့အိပ်နေပြီလဲ”…

~~~~~@@@~~~~~
လော့စ်အိန်ဂျယ်လိစ်တွင်သာ ဟောလီးဝုဒ်ဆိုတာ ရှိသည်မဟုတ်ပါ။ အိန္ဒိယနိုင်ငံတွင်လည်း ဘောလီးဝုဒ်ဆိုတာ ရှိပါသေးသည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံတွင်လည်း ‘ဖောလီးဝုဒ်’ဆိုတာ ရှိ၏။

ထိုဖောလီးဝုဒ်တွင် နေထိုင်သော မြန်မာပြည်မှ ဒိတ်ဒိတ်ကျဲမင်းသမီးတစ်လက်သည် အိမ်အပြင်ဘက်မှ မိုးရွာနေသော ညမြင်ကွင်းကို ငေးကြည့်နေမိသည်။ လက်ထဲမှ ဖတ်လက်စ ဇာတ်ညွှန်းကိုပင် ဆက်မဖတ်ဖြစ်။ နက်ဖြန်မနက် ရိုက်ရတော့မည် ဇာတ်ကားဖြစ်သော်လည်း သူမဂရုမစိုက်ပါ။

ဟုတ်သည်လေ...၊ သူမက အကယ်ဒမီတွေ ဆယ့်ကိုးခုလောက်ရထားသော နာမည်ကြီး မင်းသမီးတစ်လက် ပဲဟာ။ ရိုက်ကွင်းမှာဆိုရင် “မေခလာနှင့် ဖြူဖြူကျော်သိန်း”တို့ဆိုထားသည့်သီချင်းခေါင်းစဉ်အတိုင်း “ငါဘုရင်မ”...ဟုပင် လက်မထောင်ကာ နေနိုင်တဲ့ဟာ။ ပြီးတော့လည်း ဇာတ်ကားတွေ ရိုက်လာတာများလှပြီမို့ ဒီဇာတ် ညွှန်းလောက်တော့ အေးဆေးပေါ့။

အခုလောလောဆယ်မှာတော့ မိုးရေစက်များကို ငေးရင်း သူမတွေးနေမိပါသည်။

“အင်း... အကယ်ဒမီဆုတွေ နောက်ထပ် အခုသုံးဆယ်လောက် လိုချင်သေးလိုက်တာ”...

~~~~~@@@~~~~~

ရန်ကုန်မြို့တွင်းမှ သိန်းထောင်ချီတန်သော ကွန်ဒိုမီနီယမ် တိုက်ခန်းကျယ်ကြီးအတွင်းတွင် မြန်မာပြည်တ၀ှမ်း လျှမ်းလျှမ်းတောက် အောင်မြင်နေခဲ့သော အဆိုတော် ငတက်ပြား နေထိုင်ပါသည်။ သူသည် မိုးစက်များ သည်းသည်းမည်းမည်း ရွာနေသော ညဥ့်နက်ချိန်မှာပင် အိပ်မပျော်နိုင်သေးပါ။

အိပ်မပျော်နိုင်ရသေးတာက အလုပ်များနေလို့ပင်ဖြစ်၏။

ဟုတ်သည်။

အခုလောလောဆယ်အချိန်မှာ သူ့ရဲ့အကောင်းစားအိတ်ဆောင်ကွန်ပျူတာဖြင့် အင်တာနက်သုံးနေခဲ့ပါသည်။ သူအင်တာနက် သုံးနေရတာ အခြားကြောင့်တော့ မဟုတ်ရပါ။ အခုလတ်တလော နိုင်ငံခြားတိုင်းပြည်တွေမှာ ဘယ်လိုသီချင်းမျိုးတွေ Hit ဖြစ်နေသလဲဆိုတာကို လိုက်ရှာနေရသောကြောင့် ဖြစ်ပါသည်။

ရှာရင်းဖြင့် သီချင်းလေးတစ်ပုဒ်ကို သူတွေ့သွားသည်။ နားထောင်ကြည့်လိုက်တော့ တော်တော်လေးကိုပင် အဆင်ပြေ၏။ ကောင်း၏။

ထို့ကြောင့် သူ့စိတ်ထဲမှာ တွေးလိုက်မိသည်။
“အင်း.. ဒီသီချင်းလေးကို ဘယ်သူမှပြန်မဆိုသေးခင်၊ လက်မဦးသေးခင် ငါအရင်ဆုံး ကော်ပီလုပ်ပြီးပြန်ဆိုမှ။ အဲ့ဒါဆိုရင် အခုငါထပ်လုပ်မယ့်အခွေတော့ ထပ်ပြီးပေါက်ဦးမှာပဲ”

~~~~~@@@~~~~~

ရန်ကုန်မြို့စွန်မှ ပျံကျဈေးတန်းကလေးမှာ မိုးရေများအောက်တွင် မည်းမှောင်စိုစွတ်နေခဲ့လေ၏။ ကွပ်ပျစ်သဖွယ်ရိုက်ထားသော မလုံ့တစ်လုံ ဈေးဆိုင်လေးတစ်ဆိုင်ပေါ်တွင် သူဖုန်းစားတစ်ယောက် ကွေးကွေးလေး လဲလျှောင်းနေလေ၏။ တစိမ့်စိမ့်ရွာနေသောမိုးကြောင့် အမိုးမလုံသော ဆိုင်ခေါင်မိုးမှ မိုးယိုနေခဲ့သည်။ ထို့အ တွက် သူသည်ကောင်းကောင်း အိပ်မရပါ။

သို့သော် အတင်းကြိုးစားပြီး ကျိတ်မှိတ်အိပ်ဖို့ ကြံစည်နေမိသည်။ ကြံစည်ရင်း တွေးမိ၏။

“ဒီမိုးကြောင့် ငါ့နှယ်ကောင်းကောင်းအိပ်မရပါလား။ မနက်စောစောမနိုးရင်တော့ ကွိုင်ပဲ။ သူ့ဆိုင်ရဲ့အပေါ်မှာ ငါတက်အိပ်နေတာကို ဆိုင်ရှင်တွေ့သွားရင် လာပွားနေဦးမယ်။ ပြီးတော့ ဒီနားက ဘုန်းကြီးကျောင်းမှာ အာရုံ ဆွမ်းကပ်မယ့်အလှူမှာ သွားတောင်းစားဖို့လည်း အိပ်ယာထနောက်ကျရင် လွဲရဦးမယ်။ ဟင်း”

~~~~~@@@~~~~~


ရန်ကုန်မြို့စွန်မှ ဆင်ခြေဖုန်းရပ်ကွက်လေးအတွင်းရှိ အိမ်အိုလေးတစ်လုံးအတွင်းမှ ဏီလင်းညို ဆိုသည့် မတောက်တခေါက်စာလေးများရေးတတ်သော ခပ်ကြောင်ကြောင်လူတစ်ယောက်သည်လည်း မိုးသည်းညဥ့်နက်အချိန်ကြီးမှာ အိပ်မပျော်နိုင်ခဲ့သေးပါ။

သူ့အရှေ့တွင် အိတ်ဆောင်ကွန်ပျူတာအစုတ်လေးတစ်လုံးက ဟောင်းလောင်းပွင့်နေခဲ့၏။ သူကတော့ ထို ကွန်ပျူတာအစုတ်လေးရှေ့မှာ မျောက်မှိုင်မှိုင်ကာ ထိုင်ရင်း တွေးနေမိပါသည်။ သူတွေးနေတာက အခြားအကြောင်းတော့မဟုတ်ပါ။

“အင်း... အခုရေးနေတဲ့ စာလေးတော့ပြီးသွားပြီ။ နောက်ထပ် ငါဘာအကြောင်းလေးများ ရေးရရင် ကောင်းလိမ့်မလဲ”....။     ။

~~~~~@@@~~~~~


ချစ်ခြင်းအားဖြင့်.....
~ဏီလင်းညို~
၂၈၊ ၀၅၊ ၂၀၁၂
တနင်္လာနေ့
(00:22 a:m)
(ဒုက္ခကိုယ်စီ)
(ရန်ကုန်-မြန်မာပြည်)

16 comments:

  1. အင်း ဒုက္ခ ဒုက္ခ ဒုက္ခ ...
    ကြီးမားလှစွာသော ဒုက္ခကိုယ်စီနှင့်ပါတကား ...

    မတွေ့တာကြာပြီ ဏီလင်းရေ ... မြန်မာပြည်ရဲ့ ဒုက္ခ ဖြစ်စဉ်ထဲ စီးမျောနေတယ်လား ... :)

    ReplyDelete
  2. ဘာရေးရမလဲဆိုတော့
    သက်တံ့ဆယ်စင်းထွက်လာတဲ့ခံစားချက်လေးရေးသင့်ပါတယ်။
    Congratulations ကိုဏီလင်းညို။

    ReplyDelete
  3. မိုးအေးအေးမှာ အတွေးတယ်ကောင်းပါ့လား ဏီဏီ..ဟင်။

    ReplyDelete
  4. ဟုတ်ပအေ ဒုက္ခ ကိုယ်စီပါဘဲ...
    ဒါနဲ့ သက်တံဆယ်စင်းထွက်ပြီးတဲ့နောက် နောက်ထပ် အစင်း သုံးဆယ်ရော ထွက်ချင်တဲ့စိတ်မဖြစ်ဘူးလား အေ :))

    ReplyDelete
  5. ဆွေလေးမွန်September 22, 2012 at 5:40 AM

    မတွေ့ တာကြာပြီ ကိုဏီ.
    ဒုက္ခကိုယ်စီ လေးဖတ်ပြီး သဘောကျသွားတယ်.

    ReplyDelete
  6. "ဘာအကြောင်းရေးရမလဲ.."
    ချိုမြိန်ဒုက္ခလေးပါ ကိုဏီရာ။ ;)

    ReplyDelete
  7. မလေး နံနက်စီးစီးစောစော ဖတ်သွားတယ်..း))
    စာပြန်ရေးလို့ ကျေးဇူးတင်ပါတယ်။
    ဖတ်ချင်နေတာကြာပါပြီ။

    ReplyDelete
  8. ကိုဏီလင်းညိုရေ ..
    လည်လည် လာပြီး ဖတ်သွားတယ်ဗျို့ ..း))


    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  9. လူတိုင်း ဒုက္ခကိုယ်စီပါလားနော် :D

    လာလည်သွားပါတယ် ကိုလင်းရေ :)

    ReplyDelete
  10. အကိုရေ..စာလာဖတ်သွားတယ်
    မရှိတော့လည်းတဒုက္ခ
    ရှိတော့လည်းတဒုက္ခ
    ဆိုတာပါလားနော်..
    အကိုအွန်လိုင်းလေးတက်ပါဦး

    ReplyDelete
  11. ဒုက္ခကိုယ်စီတွေကို ဒုက္ခတွေရှိသူတယောက်က ဖတ်သွားကြောင်းဗျား..ကိုဏီ နေကောင်းတယ်မလားဗျ..

    ReplyDelete
  12. ခင်ဗျားရဲ့ ဒုက္ခကို အခုမှာလာကြည့်ဖြစ်တယ် ဗျာ့
    မတွေ့တာကြာပီ ဘလော့မှာပြောပါတယ်း)


    မောင်ဘကြိုင်

    ReplyDelete
  13. လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေတဲ့..
    ဒါလေးများ ပါးပါးလေးပါ... :)
    နေကောင်းကျန်းမာစွာ စာတွေ ဆက်ရေးပေးပါ ကိုဏီ..

    ReplyDelete
  14. အမှန်တွေ ဘာလို့ ချပြရတာလဲအကို...:)

    ReplyDelete
  15. အင်း ဘာ​ရေးရမလဲ

    ReplyDelete

သူငယ်ချင်း... ညီအစ်ကိုမောင်နှမတွေရဲ့ အမှတ်တရစကားလေးတွေက...ကျွန်တော့်အတွက် ထာဝရဖြစ်စေမယ့် လက်ဆောင်လေးတွေပါခင်ဗျာ...။