Saturday, December 25, 2010

နှုတ်ဆက်ခြင်း......

ကျွန်တော် ပြောချင်တဲ့စကားတချို့ကို....ဒီအသံဖိုင်လေးထဲမှာပြောမိထားပါတယ်......။
အားလုံးကို နှုတ်ဆက်လိုက်ပါတယ်.....။
ဏီလင်းညိုရဲ့ နှုတ်ဆက်စကား





                                            ကျွန်တော် ဏီလင်းညိုပါ......:P


==============================
ချစ်ခြင်းအားဖြင့်......
ဏီလင်းညို

54 comments:

  1. ကိုဏီရေ....
    ............
    ............

    .............


    (ဘာရေးရမှန်းမသိဘူး.. ဆို့နေတယ်)

    ReplyDelete
  2. အဲ အနော် ရေးမလို့ သူကိုယ်တိုင်ရေးသွားတော့ ကောင်းတာပေါ့ အန်တီညိုရယ်..

    နှုတ်ပိတ်ထားလို့သာ မပြောပဲနေတာ... နီးစပ်ရာလူတွေက ခပ်ပါးပါးလွှတ်တာနဲ့ တင်ရိပ်မိနေကြတယ်.. ကဲ အခုတော့ ကိုယ်တိုင် နှုတ်ဆက်ပြီပေါ့.. မေးလ်တော့ အဆက်အသွယ်မပြတ်နဲ့နော်... ဒါဗြဲ လွမ်းတယ်...

    ReplyDelete
  3. ကိုဏီလင်းညိုရေ ရွှေပြည်ရောက်လဲ ဆက်ရေးပေါ့ဗျာ၊
    ဘာပဲဖြစ်ဖြစ်ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့ ကြိုဆုတောင်းပေးလိုက်ပါတယ်၊
    ခင်မင်လျှက်……

    ReplyDelete
  4. ဆွေလေးမွန်December 26, 2010 at 1:24 AM

    အလိုကြီး နှုတ်မဆက်စေချင်ဘူး။ ဘာပဲပြောပြောစာအရေး အသား ကောင်းတဲ့ အစ်ကိုတစ်ယောက် လျှော့သွားပြန်ပြီးပေါ့။
    ဒါပေမယ့် မြန်မာ ပြန်ရောက်လို့ အခြေအနေပေးတယ် ဆိုရင်လဲ ဘလော့တွေ ဆက်ရေးပါ။

    အားပေးနေပါတယ်။ အစ်ကိုဏီလင်းညို ဘ၀ အစစ အရာရာ အဆင်ပြေချောမွေ့လို့ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ ပျော်ရွှင်ပါစေလို့။

    နှုတ်ဆက်လိုက်ပါတယ်။

    ReplyDelete
  5. ဏီလင်းရေ ........
    နားထောင်ရင်း စိတ်မကောင်းဖြစ်ရတယ်။
    ကျန်းမာရေးကြောင့်ဆိုလို့ ပိုပြီး စိတ်ပူမိတယ်။
    ကျန်းမာရေးဂရုစိုက်ပါ ဏီလင်း ...
    မြန်မာပြည်ရောက်ရင်လဲ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်နော် ... ။
    ဏီလင်းက နှုတ်ဆက်တယ် ဆိုပေမဲ့ ဘလော့စာမျက်နှာပေါ် ပြန်လာအုံးမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်။

    အစစ အဆင်ပြေပါစေ ... ။
    မင်္ဂလာရှိသော နေ့ရက်များကို ပိုင်ဆိုင်ရပါစေ ... ။

    ခင်တဲ့
    အမ မေဓာဝီ

    ReplyDelete
  6. “နှုတ်ဆက် လိုက်ပါတယ်”....တဲ့လား ကိုဏီရယ်..
    တကယ်မကြားချင်တဲ့ စကားတခွန်းပဲပါ....
    ညီမလည်း မကြာသော အချိန် ကာလလေးတခုမှာ ကိုညီပြောခဲ့တဲ့ နှုတ်ဆက်စကားလေးကို ထပ်တူပြောရတော့မှာပါ...။
    အဆင်ပြေရင်တော့ စာလေးတွေ သတင်းလေးတွေ တင်နိုင်အောင်ကျိုးစားပါ..။
    ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ..။
    ရန်ကုန်မှာပြန်ဆုံကြမယ်နော်...။
    ဒါပေမယ့်...
    Never say... 'GOOD BYE'

    ReplyDelete
  7. ကျွန်တော် ဏီလင်းညို လို့ခေါ်တဲ့ အန်တီညို ခင်ဗျာ.. အသံနားထောင်လို့ ရသွားပါပြီ.. ရင်ထဲမှာ တစ်မျိုးပဲ....


    ဒါပေမယ့် ဘလော့ဂ်ပေါ်မှာ ပြန်ရောက်လာမယ်လို့ ယုံကြည်ပါတယ်.. ဟိုနေ့က ရှင်းတဲ့ စာလေးတွေ အနော့်ကို ပေးရင် အကောင်းသား... အမှတ်တရာသိမ်းထားလို့ ရဒါပေါ့.. ခုတော့ လွှင့်ပစ်ရတယ်လို့.. လူဇိုး..

    ချွေပီဂျီး ပန်ရောက်ရင်လဲ ကျန်းမာရေးဂုစိုက်..နဂိုက ခင်မင်တတ်သူမို့ ခင်စရာကောင်းတဲ့ အစ်ကိုတစ်ယောက် ဝေးလွှင့်သွားသလိုဂျီးဗျ..

    ကျွန်တော်လဲ စိတ်မကောင်းစွာနှုတ်ဆက်ပါတယ်..

    ကိုဏီ အစစ အဆင်ပြေပါစေ.. ကျန်းကျန်းမာမာ ရှိပါစေ.. ငြိမ်းချမ်းပါစေ

    မိုးယံ

    ReplyDelete
  8. ပြန်ဖြစ်မယ် ဆိုတာ ဟိုးလွန်ခဲ့တဲ့ ၇ လောက်ကတည်းက ကြိုသိနေတာမို့ ဘာမှ မပြောလိုပါဘူးလေ။ ကံမကုန်ရင် ပြန်ဆုံကြတာပေါ့ဗျာ။
    အဆင်ပြေသလို ဆက်ရေးပေါ့။

    ပျော်ရွှင် အဆင်ပြေပါစေ။

    ReplyDelete
  9. သီချင်းရှိတယ်လေ နှုတ်မဆက်တဲ့ ငိုချင်တယ်တဲ့..
    လူချင်း မခင်မင်ဖူး၊ မမြင်ဖူးကြပေမဲ့ ဘလော့ပေါ်ကနေ စာတွေနဲ့ ခင်မင်ရင်းနှီး လာကြသူတွေမို့ မောင်နှမသံယောဇဉ်သဖွယ် ဖြစ်နေကြပြီဘဲ။
    အညိုရေ.. ညီးအသံနားထောင်ပြီး စိတ်မကောင်းဘူး။ ကိုယ့်မောင်နှမထဲက တစ်ယောက်ယောက် နှုတ်ဆက် ခွဲခွာသွားသလို ခံစားရပါတယ်.. ဘယ်လိုဘဲဖြစ်ဖြစ် ပြန်ရောက်ရင်လဲ စာတွေဆက်ရေးနေဦးမယ်ဆိုတာ ယုံကြည်ပါတယ်.. ပြန်ဆုံကြဦးမှာပါနော်။ အစစ အဆင်ပြေပါစေ။ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်.. ဘလော့ပေါ်မှာတင် မကဘဲ စာပေနယ်ထဲကိုလည်း ခြေချခွင့်ရနိုင်ပါစေလို့.............

    ReplyDelete
  10. နားထောင်ရတာ စိတ်မကောင်းပါ။ ပြန်လည်တေ့ဆုံကြရလိမ့်မယ်လို့မျော်လင့်ပါတယ်။ ကျန်းမာရေးလဲဂရုစိုက်ပါ။ ပြီးခဲ့တာတွေ ပြီးပါစေ. ရန်ဖြစ်ကြတာရှိမယ်။ စိတအခန့်မသင့်တာတွေရှီမယ်။ ဒါပေမဲ့ ချစ်ခင်မှုတွေ ကမပျက်ပြယ်ကြပါဘူး။ ချမ်းမြေ့ပါစေ။

    ReplyDelete
  11. ကောင်းတဲ့ဘက်ကတွေးပြီး စိတ်ချမ်းသာကြည့်စို့.....။
    ဘလော့ဂ်ပေါ်က ငါတို့စာရေးဖော် သူငယ်ချင်းတွေ အတူတူဆုံကြဖို့ ကိုဏီက ရှေ့ခြေတလှမ်းတိုးလိုက်တယ်လို့ပဲ မှတ်ယူမယ်။ တို့တတွေအားလုံး မြန်မာပြည်မှာ ပြန်ဆုံကြမယ်။
    ကိုဏီက အရင်ပြန်နှင့်တဲ့သဘောပါပဲ။ တွေ့ခွင့်ရသည်ဖြစ်စေ မတွေ့ရရင်ဖြစ်စေ ထုတ်မပြောဖြစ်တဲ့ ခင်မင်မှုက ထာဝစဉ်တည်တံ့ နေမှာပါ။
    နှစ်သစ်မှာ ပျော်ရွှင်မှု အဆင်ပြေမှုတွေလည်း ရရှိပါစေကွာ။

    မကြာခင်တနေ့ ငါတို့ ပြန်ဆုံကြတာပေါ့။
    အချိန်အားရတိုင်း ပို့စ်လေးတွေ တင်နိင်အောင်တော့ ကြိုးစားကွာ။

    ReplyDelete
  12. ကို ဏီး . . . .


    ဘာမှ မပြောတော့ပါဘူးး(


    ဗညားး(

    ReplyDelete
  13. ဘာပြောရမှန်းတောင် မသိတော့ဘူး ..း(

    အခါ အခွင့်ကြံတိုင်း
    စာတွေ ဆက်ရေးပါ ...

    အရမ်းခင်တဲ့ သူငယ်ချင်း တစ်ယောက်က
    ဏီလင်းညိုရေးတဲ့စာတွေ သွားဖတ်ကြည့် ..
    ရေးထားတာလေးတွေ ကောင်းတယ် ဆိုတာ နဲ့ ..
    စာတွေ လာ ဖတ် ဖတ်ဖြစ်သွားတယ် ..
    ပို့စ် အသစ်တွေလည်း ဖတ်လို့
    ပို့စ် အဟောင်း ဆိုတာတွေ လည်း ဖတ်ဖြစ်တယ် ..
    အဲ့ဒါနဲ့ သိသွားတယ်ပေါ့ ...

    ခုတော့ နှုတ်ဆက်ပြီပေါ့ ... ကိုသွပ်ပြားရယ် ..:D
    တကယ် စိတ်မကောင်းဘူး ..း(
    (( အသံလေးကြောင့်ပါ ))
    (( ဟီးးဟီးး မနောက်ရရင် မနေနိုင်လို့ပါ ))

    အသံဖိုင် က နောက်က သီချင်းအသံ ပါနေတော့
    အရမ်း အားစိုက်ပြီး နားထောင်ရတယ် ..
    အဲ့ဒါနဲ့ နားထောင်ရင် ငါ ဘယ်နားက အဲ့ဒီ့သီချင်းကို
    ပိတ်ရမလဲ ဆိုပြီး scroll bar ကို အပေါ်နဲ့အောက် ချာလပတ်လည်အောင် ဆွဲပြီး ၇ှာတော့လည်း တွေ့ဘူး ..
    စာဖတ်ရင်း ဒေါသ ထွက်လာသလိုပဲ ..
    ဟီးးဟီးး ..း)
    အဲ့ဒါနဲ့ နောက် တစ်ခေါက် ထပ်နားထောင်ဖို့
    ဏီလင်းညိုရဲ့ နှုတ်ဆက်စကား ဆိုတာကို
    ဒီတစ်ခါ နှိပ်လိုက်တော့ ဘရောက်ဇာနဲ့ ဖွင့်တော့မှ
    သြော် ... လက်စသတ်တော့
    ဆရာသမားက အသံနဲ့သီချင်းနဲ့ ရောသွင်းထားတာ ပါလား ဆိုပြီးး သက်ပြင်းချသွားတယ် ... ;))
    ဟွင်းးး ..
    ဂယ်ပဲ ..
    ဂယ်ပဲ .. !!

    ဒါနဲ့ လည်း အသံတော်တော် ကောင်းတယ် ..
    စာမရေးဘဲ အဆိုတော် လုပ်မယ်ဆိုလည်း
    ဖြစ်နိုင်ချေ ရှိတယ် .. B-)

    ကျန်းမာရေး လည်း အမြန်ဆုံး
    ပြန်လည် ကောင်းမွန်လာလို့
    စာတွေ ဆက်လက်ရေးနိုင်ပါစေ ..

    နှစ်သစ်မှာ စိတ်၏ ချမ်းသာခြင်း
    ကိုယ်၏ ကျန်းမာခြင်း ဖြင့်
    ပြည့်စုံနိုင်ပါစေ လို့
    ဆုတောင်းပေးပါတယ်..(^_^)
    ကိုဏီလင်းညို



    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  14. ကွန့်မန့်က တော်တော် ၇ှည်သွားပါလား ..!

    public comment နှိပ်လိုက်တော့
    comment too large, Error ဆိုပြီး ပြတော့ မှ
    ကွန်မန့် ရှည်သွားမှန်း သိတယ် ..
    ကွန်မန့်ဝင်တောင် မ၀င်သွားဘူး ထင်တာ ..း))

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  15. နုတ်ဆက်လိုက်ပါတယ်ဗျာ..
    ကျန်းမာချမ်းသာပြီး ဘ၀မှာ အဆင်ပြေပါစေ..

    (မိုးခေတ်)

    ReplyDelete
  16. အားလုံးဟာ တစ်နေ့တော့ နှုတ်ဆက်သွားရမယ့် သူတွေချည်းပါဘဲ။ ဟိုမှာ နေခိုက် စာရေးနေကြသူတွေလည်း ရှိပါတယ်။

    facebook မှာ ရေးပြီး blog မှာတင်ခိုင်းလည်း အဆင်ပြေမှာပါ။

    ကျွန်မလည်း စာဆက်မရေးတော့ဘူးလို့ ခဏခဏစဉ်းစားဖူးပါတယ်။ ဘယ်တော့မှ ဆုံးဖြတ်ချက် အတည်ဖြစ်ပါ့မလဲ မသိဘူး။

    လေးစားခင်မင်စွာဖြင့်...

    ReplyDelete
  17. ကိုဏီ.. ကျွန်တော်လိုက်ခဲ့မယ်..
    မကြာမှီလာမည်.. မျှော်..

    ReplyDelete
  18. စာနဲ့ နှုတ်ဆက်တာထက် အသံနဲ့ နှုတ်ဆက်သွားတော့ ပိုပြီး စိတ်မကောင်းဖြစ်ရတယ်...။ အားလုံးထဲမှာ အရေးကြီးတာက ကျန်းမာရေးပါပဲ... ကျန်းမာမှ ကိုယ်ဝါသနာပါရာတွေ လုပ်လို့ရမှာလေ... ဂရုစိုက်ပါ...။

    အဆင်ပြေတဲ့အချိန်မှာ ပြန်တွေ့ကြတာပေါ့...
    စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ လို့ ဆုတောင်းပါတယ်...။

    ReplyDelete
  19. တွေ့ ဆုံကြုံကွဲ မမြဲသော်လည်း
    သိနားလည်လျှက် မေ့ဖို့ခက်သည်
    ဖြတ်မရသော သံယောစဉ်……။
    မမြင်ချင်ယောင် မတွေ့ အောင်လည်း
    ဆောင်၍မရ သဘာဝမယ်
    ပုထုသဘော လူ့မနောကို
    လိုက်၍မညီ ဥာဏ်မမှီသည်
    ဖြတ်၍မရ ဤလောက ……. ။


    အစ်မသက်ဝေပြောသလိုပဲ အသံနဲ့နှုတ်ဆက်မှ ပိုစိတ်မကောင်းဖြစ်ရတယ်ဗျား( ကျနော်တကယ်နှုတ်ဆက်ပါတယ်လို့ ပြီးကာနီးပြောတဲ့စကားလေးကို စိတ်ကောင်းလွန်းလို့ ကျနော် ခပ်မြန်မြန်ပိတ်လိုက်မိတယ် အစ်ကို ။

    အစ်ကို ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းရင် တစ်နေ့တော့ ကျနော်တို့ ဒီဘလော့ရွာလေးမှာပြန်ဆုံကြရအောင် ။

    ReplyDelete
  20. ကိုဏီ ဘာရေးရမယ်မှန်းမသိဘူး နားထောင်ပြီးတော့စိတ်မကောင်းဘူး စာဖတ်ရင်းနဲ့ ခင်မင်ခဲ့ရပေမဲ့ ရေးတဲ့စာတွေကိုလည်းကြိုက်တယ် သီချင်းလေးတွေလည်း နားထောင်လို့ကောင်းတယ် ဒေါင်ထားတဲ့ သီးချင်းလေးတွေဘဲ နားထောင်ရတော့မှာပေါ့နော် အချစ်ဝတ္ထုတွေဆက်ရေးနိုင်အောင် ကြိုးစားပါ အားပေးနေမယ်.
    ကျန်းမာရေးလည်းဂရုစိုက်နော်
    ..နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့မူပေါင်းနဲ့ပြည့်စုံပါစေလို့ဆန္ဒပြုလိုက်ပါတယ်...
    ခင်မင်မူများစွာဖြင့်

    ReplyDelete
  21. Hey, bro

    We didn't have a chance to get to know each other well, but, I occasionally visit your blog and I like it. Well...All the best, bro. Please do remember the sayings of "This too shall pass." Hope you gonna be OK soon. You are indeed such a good talker too. :)

    truly,
    lonetone

    ReplyDelete
  22. နှုတ်ဆက်တယ်တဲ့လား.. အဲဒီစကား မကြားချင် တော့ဘုး။ နှုတ်ဆက်ဆက်ရ တာတွေများနေပြီ...။ စိတ်မကောင်းဘူး။ ဆုံဖြစ်ဖို့တော့ တော်တော် ခက်လိမ့်မယ်။ မလေးရှားမှာ တုန်းကတောင် တွေ့ဖို့ မလွယ်ကြတာပဲ။
    ဒါပေမယ့် ကံ ဆိုတာကို တော့ဘယ်ပြော နိုင်မလဲနော့်။ ကံကြုံရင် တော့ ပြန်ဆုံ နိုင်သေးတာပေပဲ။ ကိုမြစ်ကျိုးအင်း ပြောသလို တနေ့မြန်မာပြည်မှာ ပြန်ဆုံကြမယ်။

    ReplyDelete
  23. အသံဖိုင် နားထောင်ပြီးသွားတဲ့အခါ ရင်ထဲမှာ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ ဒီဘလော့ကို စသိကတည်းက ကိုဏီလင်းညိုဟာ စာကို ချစ်တဲ့စိတ် တကယ်ရေးချင်တဲ့စိတ် ရိုးသားတဲ့စိတ်နဲ့ ရေးနေတဲ့... ခင်မင်လေးစားစရာ အစ်ကိုတစ်ယောက်အဖြစ် သတိထားခဲ့မိပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် ပြန်သွားရတယ်ဆိုတော့ ပိုပြီး စိတ်မကောင်း ဖြစ်ရပါတယ်။

    ဒါကို ခဏတာခွဲဖို့အတွက် နှုတ်ဆက်တာလို့ပဲ ညီမကတော့ မှတ်ယူထားပါတယ်။ မြန်မာပြည်ပြန်ရောက်ရင် အမြန်ဆုံး ပြန်ကျန်းမာပြီး ဘလော့ဆက်ရေးနိုင်ဦးမယ်လို့ ညီမ တကယ် မျှော်လင့်နေပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ စာတွေဆက်ရေးနိုင်ပါစေ အစ်ကို။

    ReplyDelete
  24. အစ်ကို .. ကျွန်တော်အစ်ကိုရင်းတယောက်လို ခင်ခဲ့မိတာပါ ...
    ကျွန်တော်ကတော့ အစ်ကို့ဘက်က တွေးပြီးပျော်တယ် ... အစ်ကို မိသားစုနဲ့ ပြန်ဆုံရမယ် .. ဒါ အစ်ကို အဖြစ်ချင်ဆုံး ဆန္ဒပါပဲလေ .. နောက်ပြီး ကျွန်တော်အမြဲတမ်းပြောနေတဲ့ စကားတစ်လုံးကိုပဲ ခုထပ်ပြောပါမယ် ..
    အစ်ကို အမြဲစိမ်းတောလေးမှာ မိသားစုနဲ့ အေးတူပူအမျှ ပျော်ရွှင်စွာ နေနိုင်ပါစေဗျာ ...

    ခင်တဲ့
    ညလင်းအိမ်

    ReplyDelete
  25. ကိုဏီရေ...
    ကျန်းမာရေးကိုတော့ ဂရုစိုက်နော..
    ဒါပေမယ့် ဘယ်နေရာရောက်ရောက် စာရေးကောင်းတဲ့ အကို့ စာပေတွေကို ဖတ်ခွင့်ရချင်ပါသေးတယ်...
    ဇူးတို့အားလုံး တစ်နေ့ ရန်ကုန်မှာ ပြန်ဆုံကြမယ်လေ.. နော်.. နေကောင်းအောင် နေး)

    ReplyDelete
  26. အင်းးးးးးကိုဏီရေ....အစစအဆင်ပြေပါစေဗျာ....။
    နောင်ကြုံတော့ ဆုံကြတာပေါ့ဗျာ...နော့

    ReplyDelete
  27. နှုတ်ဆက်ပါတယ်။ ဂရုစိုက်ပါ။

    ReplyDelete
  28. အသံဖိုင်းလေးကို နားထောင်ရင်း စိတ်မကောင်း အမှန်တကယ်ဖြစ်မိပါတယ်. ကျွန်တော်တို့ ဘလော့ကာတွေဟာ မထင်မှတ်ပဲ တွေဆုံခဲ့ကြတာ ထူးဆန်းတဲ့ ရေစက်တစ်မျိုး ဖြစ်ပေမယ့် တစ်နေ့ တိုက်တိုက်ဆိုင်ဆိုင် နှုတ်ဆက်ကြရမယ်ဆိုတာ သိစိတ်ကကော မသိစိတ်ကကော ကြိုသိထားကြမှာပါ။ တကယ်တန်း နှုတ်ဆက်ရမယ့် အချိန်ကိုတော့ ဘယ်သူမှ ရောက်ချင်မှာ မဟုတ်လောက်ပါဘူး။ ဒါပေမယ့် ခွဲခွာ နှုတ်ဆက်ကြရမှာပါပဲ။ ခွဲခွာခဲ့ရသည့်တိုင်အောင် ကိုယ်ရောက်ခဲ့တဲ့ နေရာလေး ဆုံမှတ်ကလေးတွေကိုတော့ စိတ်ထဲမှာ အမြဲရှိနေကြမှာပါ။
    ကိုဏီးရေ ကောင်းသော နှုတ်ဆက်ခြင်း ဖြစ်ပါစေ။
    ကျန်းမာရေး ဂရုစိုက်ပါနော်။ အရာရာအဆင်ပြေပါစေဗျာ ...
    ခင်တဲ့
    ဆင်တဲကဖေး ကိုယ်စား
    ပေါ့ဆိမ့်

    ReplyDelete
  29. စိတ်ကောက်ရမဲ့ အကိုတစ်ယောက် လျော့ပြန်ပြီဆိုပြီး စိတ်မကောင်းတောင် ဖြစ်မိသေးတယ်.... ပြည်တော်ကြီးမှာ ပြန်ဆုံကြမည်..... နှုတ်ဆက်ပါတယ် အကို... ဂရုစိုက်နော်... ကြားလား... (ကြားမှာမဟုတ်ပါဘူးလေ.. စာနဲ့ရေးတာကိုး...နော်.. ကြားအောင်ဖုန်းဆက်ပြီး လှမ်းကောမှ.. အဲလေ.. လှမ်းအော်မှ... :P) အဆင်ပြေပျော်ရွှင်ပါစေအကို....

    ReplyDelete
  30. ကိုဏီလင်းညိုရေ... ညီမကို အမြဲအားပေးတဲ့ အစ်ကိုတစ်ယောက် လျော့သွားပြီပေါ့လေ။ ဘာပဲဖြစ်ဖြစ် ဒီဘလော့လေးဆီကို လာလည်ရင်း အသစ်တွေဖတ်ရနိုးနိုး ဆက်မျှော်နေမိဦးမှာပါ။ ကျန်းမာရေးကို အထူးဂရုစိုက်ပြီး အခွင့်သင့်ရင်လည်း ဆက်ပြီးရေးပါဦးလို့ တောင်းဆိုချင်ပါတယ်။ နှုတ်ဆက်တယ်ဆိုတာကတော့ ခင်မင်သူတိုင်းကို မပြောချင်ဆုံးတော့ စကားတစ်ခွန်းပါ....။ ကိုဏီလင်းညို ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာပါစေ။ အစစအရာရာ အဆင်ပြေချမ်းမြေ့ပါစေလို့ မေတ္တာပို့သပါတယ်နော်။ ခင်တတ်တဲ့ ညီမ သံယောဇဉ်။

    ReplyDelete
  31. စိတ်ကောင်းရှိတဲ့ ဏီဏီရေ.... အထူး(အထူး)မှာချင်တာကတော့ ကျမ်းမာရေး အမြန်ကောင်းအောင် ဂရုစိုက်ပါဟေ့.....

    ဆုတောင်းပေးချင်တာကတော့ စော်ကြည်ကြွေးကျေသန်းဆုကြီးလဲပေါက်ပါစေ(ဒေါ်လှသန်းဆု ဆိုပိုကောင်း..):P

    ကံရှိရင် တွေ့ကြဦးမှာပေါ့ကွာ... virtual world မှာခင်ခဲ့ကြပေမယ့်... မိတ်ဆွေ မဟုတ်ဘူးလို့ သတ်မှတ်လို့ မရဘူးလေနော်.....

    ခုမှတွေ့လို့ မျက်ကလူးဆန်ပြာ ပြေးလွှားပြီး လာနှုတ်ဆက်ပါတယ်... ဏီဏီရေ....

    တာ့တာ.....



    ခင်မင်လျှက်

    ReplyDelete
  32. စိတ်ကောင်းရှိတဲ့ ဏီဏီရေ.... အထူး(အထူး)မှာချင်တာကတော့ ကျမ်းမာရေး အမြန်ကောင်းအောင် ဂရုစိုက်ပါဟေ့.....

    ဆုတောင်းပေးချင်တာကတော့ စော်ကြည်ကြွေးကျေသန်းဆုကြီးလဲပေါက်ပါစေ(ဒေါ်လှသန်းဆု ဆိုပိုကောင်း..):P

    ကံရှိရင် တွေ့ကြဦးမှာပေါ့ကွာ... virtual world မှာခင်ခဲ့ကြပေမယ့်... မိတ်ဆွေ မဟုတ်ဘူးလို့ သတ်မှတ်လို့ မရဘူးလေနော်.....

    ခုမှတွေ့လို့ မျက်ကလူးဆန်ပြာ ပြေးလွှားပြီး လာနှုတ်ဆက်ပါတယ်... ဏီဏီရေ....

    တာ့တာ.....



    ခင်မင်လျှက်

    ReplyDelete
  33. သာမီးဏီး...
    မာမီလဲ..သာမီးအကြောင်းကြားလို့..ခု နေမကောင်းရက်က လာတာ..မာမီလဲ..မကြာတော့တော့ပါဘူး..ခုကထဲက မာမီ..သာမီး ကို ပြန်နှုတ်ဆက်တယ်နော်.....

    ReplyDelete
  34. ကိုဏီးးးးး....

    ညီမလေးဘာပြောရမှန်းမသိလို့ သိပ်အများကြီးမပြောတော့ဘူးနော်။

    ကိုဏီးအမြန်ဆုံးနေကောင်းကျန်းမာပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ဘ၀မှာလုပ်ချင်တာတွေလုပ်ခွင့်ရပါစေ....
    ဖြစ်ချင်တာတွေဖြစ်ခွင့်ရပါစေ။

    ကံပါရင်တော့ညီမလေးတို့မောင်နှမတစ်တွေ
    မြန်မာပြည်မှာဆုံဖြစ်ကြမှာပေါ့....။
    (အဲဒီကျမှ မုန့်ဝယ်ကျွေးမယ်ဆိုတာ မေ့ချင်ယောင်ဆောင်မနေပါနဲ့ နာ့အစ်ကိုဂျီးးးးးးးးးးး)))

    အမြဲတမ်းခင်မင်လေးစားလျက်
    ညီမလေး
    အင်ဂျင်း

    ReplyDelete
  35. ခင်မင်၊ လေးစားရသော၊ ချစ်ခင်ရသော.....မောင်နှမများအားလုံး....။

    ကျွန်တော်.....လောလောဆယ်.....နေကောင်းပါတယ်ခင်ဗျာ....။ စိတ်ရှင်းရှင်းနဲ့ ဒီကိုပြန်လာဖို့မလိုတော့ပဲ ဇူလိုင်လလယ်လောက်ကမှစတင်ခံစားခဲ့ရတဲ့ meniere's diseases ဆိုတဲ့ရောဂါတစ်မျိုးကို အခုချိန်မှာ သက်သာလာခဲ့ပေမယ့် အိမ်မှာ ကောင်းကောင်းအနားယူနိုင်ဖို့အတွက် အပြီးပြန်ဖို့ ကြိုးစားလိုက်တာပါ....။

    စိတ်ပူစွာ၊ စိတ်မကောင်းစွာနဲ့ လာလည်မှတ်ချက်ရေးပေးသွားကြသော၊ စီပုံးမှာ နှုတ်ဆက်သွားကြသော၊ မေးလ်ပို့ကြသော၊ ဖုန်းဆက်ပေးသော....မောင်နှမများအားလုံး...ကျေးဇူးအထူးပါခင်ဗျာ......။

    ဘလော့ဂ်ပြန်ရေးနိုင်အောင်လည်း ကြိုးစားမိမယ်ထင်ပါတယ်....။

    အားလုံးပဲ ပျော်ရွှင်အဆင်ပြေသော၊ အောင်မြင်သော နှစ်သစ်ဖြစ်ကြပါစေလို့.....ကြိုတင်ဆုတောင်းပေးခဲ့ပါရစေခင်ဗျား.......း)
    =======================
    ချစ်ခြင်းအားဖြင့်.....
    ဏီလင်းညို

    ReplyDelete
  36. ကျန်းမာရေးဂရုစိုက်ပါ.... အဆင်ပြေရင်စာဆက်ရေးပါ...
    အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

    ReplyDelete
  37. ခေါင်းစဉ်လေးကိုစဖတ်မိလိုက်ကတည်းက တကယ်စိတ်မကောင်းဖြစ်သွားတယ် ဏီဏီရယ်...။ ကျန်းမာရေးဂရုစိုက်ပါနော်...ပြန်ရောက်လဲ အဆက်သွယ်လုပ်ပါဦး ဆုံကြတာပေါ့....။ အားတဲ့အချိန် အပျင်းပြေလေးဖြစ်ဖြစ် ပို့စ်တော့တင်ဖြစ်အောင်တင်ပါလေ..။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  38. အချိန်တန်ရင်အိမ်ပြန်ကြရမဲ့သူတွေချည်းပါ။
    မိသားစုဆွေမျိုးအပေါင်းသင်းတွေနဲ့ပြန်တွေ့ရမှာ
    ပျော်စရာဘဲ။blogစရေးထဲကခင်မင်ခဲ့ရတဲ့မိတ်ဆွေ
    မို့အမြဲသတိရနေမှာပါ။နေကောင်းအောင်အနားယူ
    ပြီးblogတွေဆက်ရေးပါအုန်း။
    ပျော်ရွှင်တဲ့နှစ်သစ်ဖြစ်ပါစေကိုဏီရေ..

    ReplyDelete
  39. သူငယ်ချင်း ဏီလင်းညို ရေ ...
    ကျန်းမာရေးက အရေးကြီးဆုံးပါ ...
    အဲဒါကြောင့် အမြန်ဆုံး ကျန်းမာပျော်ရွှင်စွာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် ...
    ခင်မင်စွာဖြင့် ...
    လင်း

    ReplyDelete
  40. စာတွေ ဆက်ရေးမယ်လို့ မျှော်လင့်ပါတယ်..
    Happy New Year နော်...

    ReplyDelete
  41. ကိုဏီ...၂၀၁၁ မှာ ကျန်းမာရေးကောင်ပြီး စာဆက်ရေး နိုင်ပါစေလို့ သာ......။

    ကိုဏီ....မျှော်လင့်နေတယ်ဗျာ..စာဆက်ရေးဖို့..အမြန်ဆုံးနေကောင်းပါစေဗျာ..

    ReplyDelete
  42. ကိုဏီရေ

    ခဏတာအတွက် နှုတ်ဆက်မယ်...
    ပြီးရင် တနေ့နေ့မှာ ပြန်တွေ့မယ်နော်.....
    အစစအရာရာ အဆင်ပြေပါစေ...


    နှင်းနဲ့မာယာ

    ReplyDelete
  43. ဘယ်တုန်းက ဘယ်လို ဘယ်ပုံ ဖြစ် နှုတ်ဆက်သွားတယ်ဆိုတာ မသိဖူး ကိုဏီ
    ဘာဖြစ်ဖြစ် အားလုံးအဆင်ပြေပါစေဗျာ
    ရန်ကုန်မှာဆို တွေ့ကြတာပေါ့နော့
    အားတင်းထား
    ဘလော့ပြန်ခွနိုင်ပါစေ ဒီမှာက ခွရမှာလေး)း)

    ReplyDelete
  44. ကိုဏီးးး
    ဘာပြောရမှန်းတောင် မသိတော့ဘူး..
    နာတို့ အစ်ကိုကြီး အမြန်ဆုံး ကျန်းမာပျော်ရွှင်ပြီး အစစအရာရာ အဆင်ပြေပါစေလို့ 
    ဆုတောင်းပါတယ်..

    ReplyDelete
  45. ကျန်းမာ ပျော်ရွှင် အဆင်ပြေပါစေလို့ ဆန္ဒပြုပါတယ် ..း))

    အစစ အဆင်ပြေနေမယ်လို့လည်း မျှော်လင့်ပါတယ် .. စာတွေ ပြန်ရေးတာ ဖတ်ချင်ပါသေးတယ် ..း))

    မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ

    ReplyDelete
  46. ကျနော် အကို့ကို သိနေခဲ့တာကြာပါပြီ ၊
    တစ်ခါတစ်လေ အားရင်စာလာဖတ်ဖြစ်တော့ အကို့ရဲ့လက်ရာလေးတွေကို နှစ်သက်မိတယ်။
    ကျွန်တော်ခုစာစရေးပြီး အကို့ကို အက်မယ်လုပ်တော့ ဘလော့ကို အလာ အကို့ အသံဖိုင်လေးကိုဘဲ နားထောင်ခဲ့ရတယ်။
    စိတ်မကောင်းဖြစ်ရပါတယ်။
    နေမြန်မြန်ကောင်းအောင်ဆုတောင်းပေးနေမယ်။
    အမြန်ဆုံးပြန်လာနိုင်ပါစေ။

    ReplyDelete
  47. ကိုဏီးရေ.. ကျွန်တော်အရောက်နောက်ကျသွားတယ်ဗျာ... ကျန်းမာရေးအတွက်ဆိုလို့ ကိုဏီးရေ... ကျန်းမာရေးဂရုစိုက်ပါ...လို့ပဲ ကျွန်တော်မှာချင်ပါတယ်... အသက်အရွယ်အရပါ၊ ပညာဗဟုသုတအရပါ ကျွန်တော့်ထက်ဝါကြီးတဲ့ ကိုဏီးကို ညီငယ်တစ်ယောက်အနေနဲ့ ဘယ်နေရာမှာပဲရောက်ရောက် အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ....

    ခင်မင်တဲ့
    နေ၀သန်

    ReplyDelete
  48. ဏလည ရေ..
    ဘွားလည်း ခုမှ အပြင်လောကကြီး ပြန်ရောက်သကွဲ့  ။ အဝင် နဲ့ အထွက်လေး ကပ်လွဲ သွားတာကိုး ..ညီး အသံလေး နားထောင်ရင်း ညီးမျက်စိ တဖက်က ပြန်ကြည့်နေတာ လန့် ထှာ အေ ..

    တို့  ပြည်ကြီးထဲ မှာ လဲ ဘလော့ဆက်ဂင်း လို့  ရပါတယ် တော် ။
    နေကောင်းအောင်တော့ နေပေါ့ ။ meniere's diseases ဆိုတော့ကာ နဲနဲ တော်ပါသေးတယ် .။ မသောက်ရပဲ မူး ရတာ နဲတဲ့ကုသိုလ် လားလို့  .. ဟေးဟေး .. ဒါပေမဲ့ လမ်းထွက်ရင် တော့ သတိထား.. ကားကို တယောက်ထဲ မမောင်းနဲ့ပေါ့ ။ အစရှိသဖြင့် ပါ .. မတော် ..ရုတ်တရက် ကြီး မူးးလာမှ ဖြင့် ၊

    တနေ့ သော်.. ပြန်လည်ဆုံတွေ့ ကြပါဦးစို့ .. လို့ ပေါ့ ။

    ခင်တဲ့
    ဘွား ကွိစ်
    ( ခုမှ ဖတ်ဖြစ် ရေးဖြစ်တယ် ဆောတီး ပါနော် ..)

    ReplyDelete
  49. ကိုဏီလင်းညို နှုတ်ဆက်စကား စကားသံဖိုင်ကို အခုမှဖွင့်လို့ရလို့...ဘာကြောင့်နှုတ်ဆက်တယ်မသိခဲ့ဘူး
    မြန်မာပြည်ပြန်ရောက်တော့မာဆိုတော့...ကျန်းမာရေးဂရုစိုက်ပါ...အစစ အရာရာ အဆင်ပြေပါစေ...အမြန်ဆုံးနေကောင်းပြီး စာပြန်ရေးနိုင်ပါစေဆုတောင်းပေးပါတယ်.....
    ကူးကူး မြန်မာ font မရှိလို့ စာရိုက်ပေးမဲ့သူကို မျက်နှာငယ်နဲ့ ခိုင်းနေရလို့...နောက်ကျသွားတာ..ပြန်တောင်ပြန်သွားပီလားမသိပါဘူး....ဒါပေမဲ့ .com ဆိုတော့ မြန်မာမှာ ဖွင့်လို့ရမှာပါ
    အမြန်ဆုံးကျန်းမာပါစေ
    ကူးကူး blog မှာ comment လေးတွေလာလာရေးနေတာတွေ မှတ်မိနေမှာပါ...အမြဲဆုတောင်းနေမဲ့ ညီမ ကူးကူး

    ReplyDelete
  50. ကိုဏီရေ ...
    မနေ့ကတည်းက ရောက်လာပြီး ဒီမှာ ကွန်မန့်နေတုန်း ဆိုင်က ကွန်ပျူတာပိုက်ဆံကုန်ပြီး ပိတ်သွားတာနဲ့ အပြီးမသတ်ခဲ့ရဘူး။

    ပြန်မယ်လို့ကြားရတဲ့အတွက် ကျွန်တော်ကတော့ ဝမ်းသာပါတယ်ဗျာ။ မခင်လို့ ဒီလိုပြောတာမဟုတ်ပါ။

    ဘာကြောင့်လဲလို့ဆိုရင်တော့ မြန်မာနိုင်ငံသားတစ်ယောက်ဟာ အချိန်တန်တော့ သူ့နိုင်ငံသူ့ဌာနေမှာပဲ ပြန်ပြီးတော့ အသက်မွေးဝမ်းကျောင်းစေချင်တယ်ဗျာ။ လူတိုင်းစေ့ကိုမဆိုလိုပါဘူး။ (ဖြစ်နိုင်ရင်ပေါ့)

    ကျန်းမာရေးဂရုစိုက်ဖို့ကလွဲလို့ ကျန်တာတွေတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။

    ကံမကုန်ရင်ပြန်ဆုံကြဦးမှာပါ။

    အမြဲထာဝရ ခင်နေမယ့်
    စံလင်းထွန်း

    ReplyDelete
  51. ကိုဏီလင်းရေ..
    သဒ္ဓါလည်း ခရီးထွက်ဘာထွက်နဲ့ပဲ ဘလော့နဲ့ တော်တော်အဆက်ပြတ်
    သွားခဲ့ရတယ်.။ ပြန်ရောက်ပြန်တော့လည်း ကိုဏီလင်းရဲ့ဘလော့ကဖွင့်လို့မရပြန်ဘူးလေ။ ဒီနေ့မှ အားတဲ့အချိန်လေး ဖွင့်ကြည့်လိုက်တော့ ဖွင့်လို့ရသွားတယ်။ ကိုဏီလင်းရဲ့
    နှုတ်ဆက်အသံလေးကို နားထောင်ရင်းပေါ့.။ ကျန်းမာရေး ကိုအထူးဂရုစိုက်ပါလို့ ပြောချင်ပါတယ်။ မိသားစုနဲ့အတူ ပြန်ဆုံတာဆိုတော့ ပျော်ရွှင်စရာလေး ပဲလေ။ ကျန်းမာရေးကောင်းပြီး စိတ်ပျော်ရွှင်တဲ့ အဆင်ပြေမယ့်အချိန်မှာစာကောင်းလေးတွေ
    ရေးနေမယ်လို့ မျှော်လင့် ပါတယ်နော်။ အားလုံး အဆင်ပြေချောမွေ့ပြီး လိုအပ်သောဆန္ဒတွေ အကောင်အထည်ဖေါ်နိုင်ပါစေ။

    ReplyDelete
  52. ကိုဏီး

    အခုမှ ပိုစ့်လေးဖတ်ပြီး နှုတ်ဆက်သံကို နားထောင်မိတာ။ စိတ်မကောင်း ပေမယ့် အိမ်အပြန်လမ်း ဖြစ်လို့ ပျောရွှင်လိမ့်မယ်လို့ ထင်ပါတယ်။
    အမေ့ရင်ခွင်မှာ ကိုဏီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။

    ခင်မင်လျှက်
    ဒဏ္ဍာရီ

    ReplyDelete
  53. စိတ်မကောင်းလိုက်တာအကိုရာ
    အကိုနှုတ်ဆက်စကားသံကို
    ညီမတနှစ်ကျော်ကြာမှလာနားထောင်မိတာ...
    ဒီနေ့အကိုဘလော့ကိုလာတဲ့
    သူနှစ်ယောက်ရှိတယ်သိလား
    အခု Online မှာ တယောက်ရှိတယ်တဲ့
    ဒီနေ့က February 10 ရက်..
    ညီမမရေးခင်နောက်ဆုံးကောမက်က
    င်္Febrauary 7 2011 တဲ့
    အခုဆိုတနှစ်တောင်ကြာပေါ့...
    အခြေအနေပေးရင်
    စာပြန်ေ၇းပါဦးအကိုရေ
    သတိရနေပါတယ်

    ReplyDelete

သူငယ်ချင်း... ညီအစ်ကိုမောင်နှမတွေရဲ့ အမှတ်တရစကားလေးတွေက...ကျွန်တော့်အတွက် ထာဝရဖြစ်စေမယ့် လက်ဆောင်လေးတွေပါခင်ဗျာ...။